လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php
Followers
ကိုယ်ပိုင် Icon များကို ဖန်တီးချင်သူများအတွက် IcoFX 2.5
အိုင်တီသားလေး
Download IcoFX | Create Icons and Cursors
Download IcoFX | Create Icons and Cursors
Programming လေ့လာနေသူများအတွက် Java developerguide (မြန်မာလို)
  အိုင်တီသားလေး
Programming လေ့လာနေသူများအတွက် Java developerguide (မြန်မာလို) စာအုပ်လေးတင်ပေးလိုက် ပါတယ်။  Programming လေ့လာနေသူများအကြိုက်ဖြစ်မှာပါ။ စာမျက်နှပေါင်း ၂၂၅ မျက်နှာပါဝင်ပါတယ်။
 ကွန်ပျူတာဂျာနယ်ရဲ့ စုစည်းမှုလေးပါခင်ဗျာ။ Programming လေ့လာနေသူများ ဆောင်ထားသင့်တဲ့ စာအုပ်လေးဖြစ်ပါတယ်။ 
အားလုံးကိုခင်မင်လျှက်.........
Download=>> Link 1, Link 2
အဆိုတော်စိုင်းထီးဆိုင်ရဲ့ ပုံတူကောက်ကြောင်း အတ္ထုပတ္တိစာအုပ်
  အိုင်တီသားလေး
ကျွန်တော်တို့ငယ်စဉ်ကတည်းက စွဲလမ်းနှစ်သက်ခဲ့ရတဲ့ အဆိုတော်စိုင်းထီးဆိုင်ရဲ့ ပုံတူကောက်ကြောင်း စာအုပ်လေးဖြစ်ပါတယ်။ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေနားထောင်မိတိုင်း ၊ ချယ်ရီ၊ ထင်းရှုးနဲ့ ရိုးမရဲ့ မြေနီလမ်း
လေးတွေကို အိပ်မက်မက်ချိန်တိုင်း၊ ချယ်ရီပင်အောက်ကို နောက်တစ်ခေါက်တော့သွားဦးမှပဲလို့ စိတ်ကူး
ယဉ်မိကြပါတယ်။ ၁၉၇၀ မြန်မာပြည်စတူရီယို ခေတ်ဦးမှစပြီး ယခုမျက်မှောက် ခေတ်လူငယ်များစွာတို့ရဲ့ ရင်ဘတ်ထဲမှာ သဘာဝရဲ့ ရင်သွေးငယ်များပျော်ဝင်စီးမြောခဲ့ကြဖူးတယ်။ မြန်မာပြည်ရဲ့ ကိုယ်ပိုင်သံစဉ် စတူရီယိုတေးဂီတလောက အကြောင်းပြောရရင် ဆရာစိုင်းခမ်းလိတ်နဲ့ စိုင်းထီးဆိုင်၊ သဘာဝရင်သွေးငယ် များဟာမပါမဖြစ်ပါ။ ကြွေလွင့်သွားတဲ့ အနုပညာကြယ်တစ်ပွင့်ရဲ့ ဘ၀အကြောင်းကို နှမြောတသ၊ လွမ်းဆွတ်ဖွယ်ဖတ်ရှုရမှာဖြစ်ပါတယ်။
 အားလုံးကိုခင်မင်လျှက်........
Download=>> Link 1, Link 2 
ဝက်ဆိုဒ်ဒီဇိုင်နာလုပ်ချင်သူများနဲ့ ဆော့ဝဲရေးဆွဲတတ်ချင်သူအတွက်စာအုပ်
 ဘလော့ခရီးသည်
ဒီစာအုပ်လေးက အထက်တန်းကျောင်းသား ၉တန်း ဆယ်တန်း သမားအဆင့်အထိ
အခြေခံကျကျ အသေးစိတ်ရေးထားတာမို့ ပရိုဂရမ်ဆွဲတာ ၀ါသနာပါသူများအတွက်
အလွန်အဆင်ပြေစေမယ့်စာအုပ်ပါ ။ သဘောတရားတွေ ရေးဆွဲနည်းနဲ့  ကုဒ်တွေရဲ့
ရည်ညွှန်းချက် တွေကို သဘောပေါက်အောင်  လေ့လာသင့်တယ် ။ အခြေခံကစပီး
အားလုံးအတွက် အသုံးဝင်တဲ့ ဆော့ဝဲတွေ ၊ ၀က်ဆိုဒ်ဒီဇိုင်းတွေ  ရေးဆွဲနိုင်ကြစေဖို့ 
ထပ်ဆင့်မျှဝေလိုက်ပါတယ် ဆော့ဝဲရေးနည်းစာအုပ် အရင်ယူဖတ် ရေးနည်းလေ့လာ
မကြာခင် ဆော့ဝဲရေးတဲ့ C+ တင်ပေးပါ့မယ် ။ အမှန်ဆိုရင် ပရိုဂမ်ရေးဆွဲနည်းတွေနဲ့ 
ဝက်ဆိုဒ် ဒီဇိုင်း ကိုယ်ပိုင်ဆွဲဖို့  HTML အပိုင်းကို  အခြေခံကျကျ  လေ့လာလို့ ရပါပြီ
အခြေခံပညာသင်များ လေ့လာမယ်ဆို အောက်ကလင့်မှာ ယူဖတ်လိုက်ပါ.........
Dreamweaver နဲ့လုပ်ထားတဲ့ဝဘ်ဆိုဒ်တွေရဲ့ ဒီဇိုင်းကို hack ကြစို့ (Part-2)
  YGNBlogger
မင်္ဂလာပါ။ ဒီနေ့ Tech in Blogging မှာတင်မှာက Dreamweaver နဲ့လုပ်ထားတဲ့ဝဘ်ဆိုဒ်တွေရဲ့ ဒီဇိုင်းကို hack ကြစို့ (Part-2) ပါ။ Myanmars.net မှာ စီးပွားရေးအဖြစ်လုပ်ထားတဲ့ design ဆိုဒ်တွေရဲ့ css ကို hack ကြရဦးမယ်။ အဲ့ဒါက ကိုယ် ပါးနပ်ရင် မခက်ပါဘူး။ ဒါပေမယ့် ၀ဘ်ဆိုဒ်အားလုံးဟာ Dreamweaver နဲ့လုပ်ထားတာမဟုတ်ဘူး။ တချို့က Jooစိတ်ဝင်စားရင် ဆက်ဖတ်ပါ။ အရင်တစ်ခေါက်ကနည်း နဲ့ခပ်ဆင်ဆင်ဆိုပေမယ့် ဟာကွက်ရှိပါတယ်။ Mozilla Firefox ဖြင့်သာသုံးပါ။
ကဲ။ Myanmars.net က ဒီဇိုင်းတာဝန်ယူတဲ့ဆိုဒ်တစ်ခု ပြမယ်ဗျာ။ http://www.lightyeareducation.com ရဲ့ css ကိုဖောက်ပြမယ်ဗျာ။ အောက်ပါပုံလေးက Light Year Education Center ဆိုတဲ့ ကျူရှင် တစ်ခုရဲ့ page လေးပဲဆိုပါလေတော့ဗျာ
Dreamweaver နဲ့လုပ်ထားတဲ့ဝဘ်ဆိုဒ်တွေရဲ့ ဒီဇိုင်းကို hack ကြစို့
YGNBlogger
မင်္ဂလာပါ။ ကျွန်တော်ခု Tech in Blogging မှာ hacking ပိုစ့်တစ်ခုတင်မယ်။ Blogspot အတွက်တော့မဟုတ်ပါဘူး။ Hosting နဲ့ဝင်လုပ်ထားတဲ့ ၀ဘ်ဆိုဒ်တွေရဲ့ ဒီဇိုင်းတွေကို ခုဟက်ပြမယ်ဗျာ။ ဘာမှမခက်ပါဘူး။ ဥပမာ သင် ၀ဘ်ဆိုဒ်တစ်ခုရဲ့ဒီဇိုင်းကိုကြိုက်တယ်ဆိုရင် hack လို့ရအောင်လို့ပါ။ ဒါလေးက CSS ခိုးနည်းလေးပါ။
တခြားပေ့ login page စသဖြင့် တွေကိုတော့ Access Denied ပေးထားပေမယ့် css ဒီဇိုင်းကို လုံးဝ မပိတ်ထားဘူးဆိုတာကို ကျွန်တော်သိရပါတယ်။ ၉၄% လောက်တော့ ဒီဇိုင်းကို hack လို့ရမယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်။ ဒီ page တွေအများစုက Dreamweaver နဲ့လုပ်ခဲ့တာဖြစ်တယ်။ ဟိုးအရင်က website တွေဆိုရင်css , html တွေနဲ့ပါ။ ကျွန်တော်တို့ခုကိုင်နေတဲ့ Blogger, Wordpress တွေမထွက်သေးပါဘူး။
ကဲကဲ။ Tutorial အနေနဲ့ ဗဟုသုတပြဦးမယ်ဗျာ။ Mozilla Firefox နဲ့သုံးဖို့အကြံပေးချင်ပါတယ်
ပုံလေးတွေနဲ့ လင့်ညွှန်နည်းလေးပါ
  ဘလော့ခရီးသည်
ဒါလေးကတော့ ညီလေးတယောက် တောင်းဆိုထားလို့ တင်ပေးလိုက်ပါတယ်နော်...
 လူမိုက်: အကိုရေ ... အကိုစာတွေဖတ်ပြီး လိုက်လုပ်တာတော်တော်လေးအဆင်ပြေတယ်။တစ်ခု ကျနော်သိချင်တာလေးက ဘေးမှာ လင့်ခ်ချိန်တဲ့အခါ logo တွေနဲ့တွဲချိတ်တာလေး တင်ပေးပါဦး
မသိသူများလဲ ယူပြီးသုံးကြပါ..
 <div style="text-align: center;">
<a href="သည် နေရာမှာ ကိုယ်ညွှန်မဲ့ဆိုဒ်ရဲ့လိပ်စာURL ထည့်ပေးပါ" style="background-color: white;"
 target="_blank"><img style="width: 263px; height: 207px;"
 src="သည်နေရာကတော့ ကိုယ်ထည့်တဲ့ ပုံရဲ့ လင့်ကိုထည့်ပေးပါ" /></a></div>
 အဲကုဒ်လေးပါဘဲဗျာ  လွယ်ပါတယ်.. ပုံတွေကိုတော့ စိတ်ကြိုက် လုပ်နိုင်ပါတယ်..
ပုံ ရဲ့လင့် နဲ့ ကိုယ်သွားစေလိုတဲ့ ညွှန်လိုတဲ့ နေရာရဲ့လင့်လေး နှစ်ခုကိုဘဲ အသုံးပြုလိုက်ပါ..
ဥပမာ  ။     ။ ကျနော်ဆိုဒ်ကို ပုံလေးနဲ့ လမ်းပြမယ်ဆိုပါတော့..
သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀)-နန္ဒာမိုးကြယ်
နန္ဒာမိုးကြယ် ရေးသားတဲ့ သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀) စာအုပ်ဖြစ်ပါတယ်.. စာအုပ်ကို ပင်ပန်းခံပြီး PDF ထုတ်ပေးသူကိုကျေးဇူးတင်ပါတယ်.. စာအုပ်ထုတ်ဝေသူကို နစ်နာစေဖို့ရည်ရွယ်ချက်မရှိဘဲ စာအုပ်ဝယ်ဖို့ အဆင်မပြေသူတွေနဲ့ နိုင်ငံရပ်ခြားရောက်နေသူတွေအတွက် pdf တွေကို တင်ပေးနေရတာဖြစ်ပါတယ်.. ဒီစာအုပ်ထဲက လျှို့ဝှက်ချက် (၁၀၀) ကဘာတွေလဲ ? .. သိချင်ရင် ဒေါင်းပြီး ဖတ်လိုက်ပါခင်ဗျ...
အဆင့်မြင့် Photoshop မှတ်စုများ (မြန်မာလို စာအုပ်)
PhotoShop လေ့လာနေသူများအတွက်ဒီစာအုပ်မှာ သင်ခန်းစာတွေကလည်း အတော်ကိုမြင့်တယ်၊ အခန်းပေါင်းလည်း အမျာကြီးပါဝင်တယ်။ ဖိုင်ဆိုဒ်ကကို 21MB ရှိတယ်။ အခန်းကြီး ၅ ခန်းကိုမှ အခွဲပေါင်းများစွာနဲ့ သင်ပြထားပါတယ်။ Photoshop ၀ါသနာရှင်များ Download ရယူနိုင်ကြပါပြီ
Download=> Link 1 / Link 2 
Download လုပ်လို့မရသူများ အရင်ဒီမှာဖတ်ပါ...
အမျိုးသား ဆီးလမ်းကြောင်း စနစ်နှင့် မျိုးဆက်ပွားစနစ် ကျန်းမာရေး
အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးလမ်းကြောင်း ပြဿနာတွေနဲ့ မျိုးပွားစနစ် ပြဿနာတွေ အကြောင်းကို သိ နားလည် ကာကွယ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ဆီးလမ်းကြောင်း ပြဿနာများ
ဆီးလမ်းကြောင်းစနစ်မှာ ကျောက်ကပ်နဲ့ ဆီးအိတ်တို့ အဓိက ပါဝင်နေပါတယ်။ အဖြစ်များတဲ့ ဆီးလမ်း ကြောင်း ပြဿနာတွေကတော့ ဆီးမကြာခဏ သွားလိုတာ၊ ညမှာ ဆီးသွားများတာ၊ ဆီး သွားစဉ် နာကျင်တာ၊ ပူစပ်ပူလောင် ဖြစ်တာ၊ ဆီးမသွားနိုင်တာ၊ ဆီးထဲ သွေးပါတာနဲ့ ဆီးမထိန်းနိုင်တာ စတဲ့ အချက်တွေပဲ ဖြစ်ကြပါတယ်။ 
* လိင်ကနေ တစ်ဆင့် ကူးစက်ရရှိတဲ့ ရောဂါတွေ အနက် အဓိက ခံစားရတဲ့ ရောဂါလက္ခဏာ တစ်ရပ်ဟာ ဆီးပြွန် ရောင်ရမ်းတာပဲ ဖြစ်ပါတယ်။ 
* ကျောက်ကပ် ကျောက်တည်တာကလည်း
ငယ်ရွယ်နုပျိုစွာ နေစေနိုင်သောလျှို့ဝှက်ချက်များ
~ငယ်ရွယ်နုပျိုစွာ နေစေနိုင်သောလျှို့ဝှက်ချက်များ~
၁။ ပက်လက်လှန်အိပ်ပါ...
ခန္ဓာကိုယ်ကို ပုံစံတစ်မျိုးမျိုးသို့ စောင်း၍ ညပေါင်းများစွာ အိပ်စက် ခြင်းက မျက်နှာပေါ်တွင် အရေးအ ကြောင်းများပေါ်စေနိုင်ပါတယ်။
၂။ ဆယ်လ်မွန်ကဲ့သို့ ငါးများများစားပါ...
ဆယ်လ်မွန်နဲ့ အခြားသော ရေ အေးဒေသနေ ငါးအများစုမှာ ပရို တင်းပမာဏများစွာပါဝင်ပြီး၊ အရေ ပြားကို တင်းရင်းစေရာမှ အကူအညီ ဖြစ်စေပါတယ်။ ဒါ့အပြင် Omega 3 fatty အက်စစ်ပမာဏများစွာပါ ၀င်တဲ့အတွက် အရေပြားကို အား ဖြည့်ပေးပြီး အရေးအကြောင်းများကို လျော့ နည်းစေပါတယ်။
၃။ မျက်မှန်သုံးဖို့လိုလျှင်သုံးပါ...
အလုပ်လုပ်ရာ၌ သဲကွဲစွာမမြင် ရလျှင် ခဏခဏမျက်မှောင်ကျုံ့၍ မကြည့်ဘဲ လိုအပ်ပါက မျက်မှန်၊ မျက်ကပ်မှန်စသဖြင့် သုံးပေးသင့်ပါ တယ်။ နေကာမျက်မှန်သုံးခြင်းအား ဖြင့်လည်း မျက်လုံးတစ်ဝိုက်ရှိ အရေ ပြား အားနေလောင်ပျက်စီးခြင်းမှကာ ကွယ်ပေးနိုင်သည့်အပြင် မျက်စိစွေ ခြင်းမှလည်းကာကွယ်ပေးနိုင်ပါ တယ်။
၎။ Alpha Hydroxy Acids ကဲ့သို့ သဘာဝအက်စစ်များက အရေပြား အပေါ်ဆုံးက ဆဲလ်အသေများကို ဖယ်ရှားနိုင်ရုံသာမက ချွေးပေါက်များ ကို ကျဉ်းစေပြီး မျက်စိတစ်ဝိုက်ရှိ အရေးအကြောင်းများကို လျော့နည်း စေပါတယ်။
၅။ မျက်နှာကို ခဏခဏမသစ်ပါနဲ့...
မျက်နှာခဏခဏသစ်ခြင်းက သဘာဝအဆီဓာတ်များကို ဆုံးရှုံးစေ ပြီး အရေးကြောင်း ပိုမိုဖြစ်ပေါ်စေပါ တယ်။
၆။ ဗီတာမင် စီ ပါဝင်သော ခရင်မ် များများသုံးပါ...
posted by နှင်းဆီဖူးလေးများ-Love BUDS(May3,2013)
https://www.facebook.com/loveBUDS.6
အေးချမ်းမွန် Credit To > နှင်းဆီဖူးလေးများ-Love BUDS < Thanks
Re-posted By ACM 26-8-2013 
https://www.facebook.com/excellencemedia
~ငယ်ရွယ်နုပျိုစွာ နေစေနိုင်သောလျှို့ဝှက်ချက်များ~
၁။ ပက်လက်လှန်အိပ်ပါ...
ခန္ဓာကိုယ်ကို ပုံစံတစ်မျိုးမျိုးသို့ စောင်း၍ ညပေါင်းများစွာ အိပ်စက် ခြင်းက မျက်နှာပေါ်တွင် အရေးအ ကြောင်းများပေါ်စေနိုင်ပါတယ်။
၂။ ဆယ်လ်မွန်ကဲ့သို့ ငါးများများစားပါ...
ဆယ်လ်မွန်နဲ့ အခြားသော ရေ အေးဒေသနေ ငါးအများစုမှာ ပရို တင်းပမာဏများစွာပါဝင်ပြီး၊ အရေ ပြားကို တင်းရင်းစေရာမှ အကူအညီ ဖြစ်စေပါတယ်။ ဒါ့အပြင် Omega 3 fatty အက်စစ်ပမာဏများစွာပါ ၀င်တဲ့အတွက် အရေပြားကို အား ဖြည့်ပေးပြီး အရေးအကြောင်းများကို လျော့ နည်းစေပါတယ်။
၃။ မျက်မှန်သုံးဖို့လိုလျှင်သုံးပါ...
အလုပ်လုပ်ရာ၌ သဲကွဲစွာမမြင် ရလျှင် ခဏခဏမျက်မှောင်ကျုံ့၍ မကြည့်ဘဲ လိုအပ်ပါက မျက်မှန်၊ မျက်ကပ်မှန်စသဖြင့်
ကင်ဆာမဖြစ်အောင်နေထိုင်စားသောက်နည်း
၁။ ဆေးလိပ်၊ ဆေးတံ မသောက်ပါနဲ့။ ပြီးတော့ ဆေးလိပ်သောက်သူတွေနဲ့ ဝေးဝေးနေပါ။
၂။ အဆီပေါတဲ့ ၊ အဆီများတဲ့ အစားအသောက်တွေကိုရှောင်ပါ တတ်နိုင်ရင် မစားတာ
အကောင်းဆုံးပါ..။
ဥပမာ-၀က်သားlမလှိုင်lမြေပဲlသီဟိုလ်စေ့
၃။ အသားတွေကို တတ်နိုင်သလောက် လျှော့စားပါ
၎။ အသီးအရွက် အစိမ်း (မချက်မပြုတ်ဘဲ စားလိုရတာ)တွေ အများကြီးစားပါ။
မစားခင်မှာ အသီးအရွက်တွေကို ရေနဲ့ စင်ကြယ်အောင် သေချာ ဆေးကြောပါ..။
၅။ အမျှင်ပါတဲ့ Fiber အစားအသောက် နဲ့ လုံးတီးဆန် ၊ လုံးတီး ဂျုံတို့နဲ့
လုပ်တဲ့ အစားအစာတွေ အများကြီးစားပါ။
၆။ မလိုအပ်ဘဲ ဓာတ်မှန်တွေမရိုက်ပါနှင့်။
ကား ရေဆေးနည်း
ကားရေဆေးတာကို အပြင်ပန်းကြည့်ရင် လွယ်ကူတယ်လို့ ထင်ရပေမဲ့ သူ့မှာလည်း ပညာသားပါပါတယ်။
KIA fans တွေ ကို ဒီတစ်ခါ ကားကိုယ်ထည် နှင့် ကားဘီး ရေဆေးတာကို ဘယ်လိုဆေးကြောတယ်ဆိုတဲ့ အကြောင်းနှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကိုလည်း ဝေမျှပေးလိုက်ပါတယ်။
ကားကိုယ်ထည်ဆေးရာတွင်
၁) ကားကို ရေဆေးရင် အရိပ်ကောင်းတဲ့ နေရာမှာထားပြီး ဆေးသင့်ပါတယ်။
၂) ကားရေဆေးဆပ်ပြာထည့်ထားတဲ့ရေပုံး (၁)ပုံး၊ ရေသန့်သန့်ထည့်ထားတဲ့ရေပုံး (၁) ပုံးရယ် အနည်းဆုံးထားရှိရပါမယ်။
ကားကိုဆပ်ပြာနဲ့တိုက်ပြီးတဲ့အခါတိုင်း အဝတ် သို့ Sponge မှာ အညစ်အကြေးတွေကပ်ပါနေတဲ့အတွက် ဆပ်ပြာရေပုံးထဲကို ပြန်မထည့်ဘဲ ရေသန့်ပုံးထဲမှာ စိမ်၊ရေညှစ်ပြီးတော့မှသာ ပြန်လည်သုံးရပါမယ်။
၃) ကိုယ်ထည်ကိုဆေးပြီးပြီဆိုတာနဲ့ အဝတ်သန့်သန့်နဲ့ ရေခြောက်အောင်သုတ်ပေးရပါမယ်။ သို့မှသာ
တားဆေး မသောက်ချင်သော အမျိုးသမီးများ အတွက်
Photo: တားဆေးမသောက်ချင်သောအမျိုးသမီးများအတွက် ၂
 Sunday, August 25, 2013
၁။အပြင်မှာသုတ်လွတ်ခြင်း
အပြင်မှာသုတ်လွတ်ခြင်းနဲ.လဲကလေးမရအောင်တားလို.ရပါတယ်။ကာမဆန္ဒ
အထွတ်အထိပ်ရောက်ပြီး သုတ်မလွတ်ခင် အမျိုးသားရဲ. ကျင်ချောင်းကိုအမျိုး
သမီးရဲ.မိန်းမကိုယ်ထဲကနေ အချိန်မှီ ထုတ်လွတ်လိုကိတာပါပဲ။ရှေးအကျဆုံး
ကလေးတားနည်းဆိုလည်းမမှားပါဘူး။တကမ္ဘာလုံးမှာစုံတွဲပေါင်း ၃၅သန်း
လောက်သုံးနေကြပါတယ်။
၁-၁။ဘယ်လိုလုပ်ရမှာလဲ။
ကိုယ်ဝန်ဆိုတာယောက်ျားရဲ.သုတ်ပိုးနဲ.မိန်းမရဲ.မျိုးဥဆုံတွေ.မှဖြစ်ပေါ်လာတာ
ပါ။အပြင်မှာသုတ်လွတ်ခြင်းကြောင်. မိန်းမကိုယ်ထဲကိုသုတ်ပိုးတွေမ၀င်နိုင်
တော.တဲ.အတွက်ကိုယ်ဝန်ကိုတားဆီးနိုင်တာဖြစ်ပါတယ်။
၁-၂။ဘယ်လောက်ထိစိတ်ချရလဲ။
အမျိုးသားတွေကပြင်မှသုတ်လွတ်တဲ.နည်းကိုမှန်မှန်ကန်ကန်သုံးရင်တစ်နှစ်
အတွင်းမှာ အမျိုးသမီး ၁၀၀ ကို ၄ ယောက်လောက်ပဲကိုယ်ဝန်ရှိနိုင်ပါတယ်။
မှန်မှန်ကန်ကန်မသုံးရင်တော. အမျိုးသမီး ၁၀၀ မှာ ၂၇ ယောက်လောက် ၁
နှစ်အတွင်းကိုယ်ဝန်ရှိနိုင်ပါတယ်။
တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုရှိပြီး ထိန်းချုပ်နိုင်တဲ. လိင်ဆက်ဆံ
ဖူးတဲ.အတွေ.အကြုံကောင်းရှိတဲ. စုံတွဲတွေကတော.ထိထိရောက်ရောက်သုံး
တတ်ပါတယ်။ကိုယ်ဘယ်တော.ပြီးမယ်(သုတ်ထွက်မယ်)၊ထိန်းလို.ရနိုင်မရနိုင်
ဆိုတာကိုကောင်းကောင်းသိတဲ.ယောက်ျားတွေပဲသုံးသင်.ပါတယ်။
ပညာရှင်အချို.အမြင်မှာတော.ကျင်ချေင်းကိုမပြီးခင်မှာအချိန်မှီထုတ်နိုင်ပေ
မယ်.ကိုယ်ဝန်ရှိနိုင်ပါသေးတယ်။ဒါကတော.မပြီးခင်မှာအကြိုထွက်တဲ.အရည်
ကြောင်.ပါ။အရင်တစ်ခေါက်လိင်ဆက်ဆံပြီးတော.ထွက်ထားတဲ.သုတ်ပိုးအ
ကျွင်းအကျန်တွေဟာ ဆီးပြွန်ထဲမှာကျန်နေနိုင်ပြီးမပြီးခင်အကြိုထွက်တဲ.အ
ရည်နဲ.အတူမိန်းမကိုယ်ထဲရောက်သွားနိုင်တယ်ဆိုပြီးယူဆကြလို.ပါ။ဒါကြောင်.လိင်ဆက်ဆံမှုတစ်ခုနဲ.တစ်ခုကြားမှာဆီးသွားထားရင်ဆီးပြွန်ထဲမှာကပ်ကျန်နေနိုင်တဲ.သုတ်ပိုးတွေကိုရှင်းနိုင်တာမို.အပြင်မှာသုတ်လွတ်တဲ.နည်း
ကိုပိုပြီးထိရောက်မှုရှိစေပါတယ်။
သုတ်ပိုးဒါမှမဟုတ်အကြိုထွက်တဲ.အရည်တွေမိန်းမကိုယ်နှုတ်ခမ်းသားပေါ်ကျရင်လဲကိုယ်ဝန်ရှိနိုင်တာကိုကိုယ်ဝန်ရှိနိုင်တာကိုသတိပြုရပါမယ်။ဒါ.အပြင်ကာ
လသားရောဂါကူးစက်မှာကိုဒီနည်းနဲ.မကာကွယ်နိုင်ပါဘူး။
၁-၃။ဘေးထွက်ဆိုးကျိုးရှိလား။
ကိုယ်.ကိုကိုယ်ထိန်းချုပ်နိုင်သူအားလုံးအန္တရာယ်ကင်းကင်းနဲ.သုံးလို.ရပါတယ်
ဘေးထွက်ဆိုးကျိုးမရှိပါဘူး။
၁-၄။ကောင်းကွက်တွေကဘာရှိလဲ။
-ကိုယ်.အနီးနားမှာကွန်ဒုံး၊ကိုယ်ဝန်တားဆေးစတာတွေမရှိရင်လဲဒီနည်းကိုသုံး
နိုင်ပါတယ်။
-ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါဘူး
-ကိုယ်ဝန်တားဆေး၊ထိုးဆေးတွေလိုဆရာဝန်ညွန်ကြားချက်ယူစရာမလိုပါဘူး
-ပိုက်ဆံကုန်စရာမလိုပါဘူး။
-ကွန်ဒုံးသုံးရင်း ဒါမှမဟုတ် သားအိမ်ခေါင်းအစွပ်(cervical cap)သုံးရင်းနဲ.
စိတ်ချရအောင်အပြင်မှာ သုတ်လွတ်ခြင်းဖြင်.လဲ ထိရောက်မှုမြှင်.တင်နိုင်ပါ
တယ်။
၁-၅။ချို.ယွင်းချက်ကဘာတွေလဲ။
အကြီးမားဆုံးချို.ယွင်းချက်လို.ဆိုနိုင်တာကတော. ကျင်ချောင်းကိုအပြင်ထုတ်
တာအချိန်ကိုက်မဖြစ်တာပါပဲ။အချိန်ကိုက်အပြင်ထုတ်နိုင်ဖို.
-ကိုယ်ကိုကိုယ်ယုံကြည်မှု၊ထိန်းချုပ်နိုင်မှုနဲ.အတွေ.အကြုံရှိဖို.လိုပါတယ်။
-သုတ်လွတ်မြန်တဲ.သူမဖြစ်ဖို.လိုပါတယ်။
-ဘယ်အချိန်ထုတ်ရမယ်ဆိုတာမှန်းနိုင်တဲ.သူဖြစ်ရပါမယ်။
-ဆယ်ကျော်သက်တွေနဲ. လိင်ဆက်ဆံမှုအတွေ.အကြုံသိပ်မရှိတဲ.သူတွေအတွက်မသင်.တော်ပါဘူး။
၂။သုတ်သေဆေး
သုတ်သေဆေးဆိုတာသုတ်ပိုးတွေလှုပ်ရှားမှုမရှိအောင်လုပ်ပေးတဲ.ဓာတု
ပစ္စည်းတွေပါပဲ။ခရင်မ်၊ဂျဲလ်၊အရည်ပျော်ဆေးခဲ စတဲ. ပုံစံအမျိုးမျိုးနဲ.ရှိနိုင်ပါ
တယ်။သူချည်းပဲသုံးလို.ရသလို တခြားနည်းတွေ(ဥပမာ-သားအိမ်ခေါင်းအစွပ်
)နဲ.လဲတွဲဖက်သုံးပြီးထိရောက်မှုပိုရှိအောင်လုပ်ကြပါတယ်။
၂-၁။ဘယ်လိုလုပ်ရမှာလဲ။
သုတ်သေဆေးကိုထိုင်နေရင်း ဒါမှမဟုတ်လှဲရင်းမိန်းမကိုယ်ထဲထည်.ရပါမယ်။
သားအိမ်ခေါင်းမှာစွပ်မိအောင်ထည်.ပါ။လက်နဲ.ထည်.လို.ရသလို ဆေးဘူးထဲ
မှာ စွပ်တံပါရင်လဲသုံးနိုင်ပါတယ်။လိင်မဆက်ဆံခင် ၁၀ မိနစ်အလိုလောက်မှာ
ထည်.ရတာပါ။ဒါမှသားအိမ်ခေါင်းကိုပိတ်မိပြီး သုတ်ပိုးနဲ. မမျိုးဥ ထိတွေ.မှုမရှိ
မှာပါ။ဒါ.အပြင် သုတ်ပိုးတွေလှုပ်ရှားမှုမရှိအောင်လဲထိန်းချုပ်ပေးပါတယ်။ထည်.ပြီးတစ်နာရီအတွင်းမှာပဲ အာနိသင်ရှိပါတယ်။တခါဆက်ဆံတိုင်းတခါ
ထည်.ပေးဖို.လိုပါတယ်။
၂-၂။ဘယ်လောက်စိတ်ချရလဲ။
ညွန်ကြားချက်အတိုင်းအတိအကျသုံးရင် ၁နှစ်အတွင်းမှာ အမျိုးသမီး ၁၀၀ကို
၁၅ ယောက်လောက်ပဲ ကိုယ်ဝန်ရှိနိုင်ပါတယ်။သေချာမသုံးရင်တော. ၁နှစ်အ
တွင်း ၁၀၀မှာ ၂၉ ယောက်လောက် ကိုယ်ဝန်ရှိနိုင်ပါတယ်။သုတ်သေဆေးတ
ခုထဲသုံးရင်တော.ထိရောက်မှုနည်းပါတယ်။ကွန်ဒုံး၊အပြင်မှာ သုတ်လွတ်တဲ.
နည်းတွေနဲ.တွဲသုံးရင်ထိရောက်မှုပိုရှိပါတယ်။
၂-၃။ဘေးထွက်ဆိုးကျိုးရှိလား။
များသောအားဖြင်.ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာမတွေကြပါဘူး။ဓာတ်
မတည်.လို.အရေပြားယားယံတာမျိုးပဲ တွေ.လေ.ရှိပါတယ်။အဲဒီအခါကျရင်
တခြားတံဆိပ်တခုခုကိုပြောင်းသုံးလို.ရပါတယ်။
၂-၄။ကောင်းကွက်တွေကဘာရှိလဲ။
-ဘယ်လိုထည်.ရတယ်ဆိုတာသိပြီးတာနဲ. နောက်တခါထည်.ဖို.လွယ်သွားပါ
ပြီ။
-အိပ်ကပ်၊ပိုက်ဆံအိတ် ထဲမှာထည်.ပြီးဆောင်ထားနိုင်ပါတယ်။
-ကိုယ်.အမျိုးသားဖော်ကထည်.ပေးရင်း လိင်စိတ်ပိုကြွအောင်လုပ်နိုင်ပါတယ်။
မိန်းမရဲ.ဟော်မုန်းပေါ်သက်ရောက်မှုမရှိတဲ.အတွက်ရာသီလာတဲ.ပုံစံမပြောင်း
လဲနိုင်ပါဘူး။
ဆရာဝန်ညွန်ကြားချက်ယူစရာမလိုပါဘူး။
-ကလေးနို.တိုက်စဉ်မှာလဲသုံးနိုင်ပါတယ်။
၂-၅။ချို.ယွင်းချက်ကဘာတွေလဲ။
-သေချာမထည်.တတ်ရင် သားအိမ်ခေါင်းအပေါ်ကိုသုတ်သေဆေးမရောက်
တဲ.အတွက်ထိရောက်မှုကျနိုင်ပါတယ်။
-တချို.အမျိုးသမီးတွေက သုတ်သေဆေးထည်.ထားတာကို ရှုပ်တယ်လို.ဆို
ကြပြီးဆက်ဆံနေစဉ်အတွင်း ထွက်ကျတယ်လို.ဆိုပါတယ်။
၃။ရက်ရှောင်ခြင်း
ရက်ရှောင်နည်းဆိုတာကတော. အမျိုးသမီးမှာမမျိုးဥကြွေလို.ကိုယ်ဝန်ရှိနိုင်
မယ်.ရက်တွေကိုတွက်ချက်ပြီး အဲဒီနေ.တွေမှာလင်မယားအတူတူမနေပဲ 
ဒါမှမဟုတ် ကွန်ဒုံးသုံးပြီးနေတဲ.နည်းပဲဖြစ်ပါတယ်။အဲဒီနည်းသုံးဖို.ဆိုရင် အ
မျိုးသမီးဟာရာသီစက်ဝန်းကြာချိန်ကိုသေသေချာချာသိရပါမယ်။ရာသီလာတဲ.
ပုံစံပေါ်မူတည်ပြီး အကြမ်းအားဖြင်. ၂ နည်းခွဲခြားထားပါတယ်။
၃-၁။ပုံသေရက်အတိုင်း ရာသီလာသူများအတွက်
အမျိုးသမီးတစ်ချို.ရဲ.ရာသီစက်ဝန်းကြာချိန်ဟာ တလ နဲ.တလ အတူတူပါပဲ။
ပထမဆုံး ရာသီလာတဲ.ရက်ကစပြီး နောက်တလ ရာသီမပေါ်ခင်အချိန်ထိ 
၂၈ ရက် ကြာတယ်ဆိုရင်လတိုင်းဒီအတိုင်းပါပဲ။အတိုးအလျော.မရှိပါဘူး။
ဒီလိုဆိုရင်ရာသီသွေးစပေါ်တဲ.ရက်ကနေစပြီး ရေတွက်လို. ၈ ရက်မြောက်
နေ.ကနေ ၁၉ ရက်မြောက်နေ.အတွင်းဟာ ကလေးရနိုင်တဲ.ရက်တွေလို. သတ်မှတ်နိုင်ပါတယ်။ဒီရက်အတွင်းမှာလင်မယားအတူတူမနေတာ၊ကွန်ဒုံးသုံးပြီးနေတာတွေနဲ.ကိုယ်ဝန်တားနိုင်ပါတယ်။အဲဒီရက်အတွင်းမဟုတ်
ရင်တော.ကွန်ဒုံးမသုံးပဲနေလို.ရပါတယ်။ရာသီစက်ဝန်းကြာချိန် ၂၆ရက်ထက်
နည်းပြီး ၃၂ ရက်ထက်များတဲ.သူတွေဒီနည်းကိုမသုံးသင်.ပါဘူး။
၃-၂။ပုံသေရက်အတိုင်းရာသီမလာသူများအတွက်
တချို.အမျိုးသမီးတွေမှာတော. ရာသီစက်ဝန်းကြာချိန်တွေဟာတစ်လ နဲ.တစ်
လ မတူပါဘူး။တစ်ချို.လမှာ ၂၉ ရက်ဖြစ်ပြီး တစ်ချို.လမှာ ၃၁ ရက်ဖြစ်နေ
တတ်ပါတယ်။ဒီလိုဆိုရင် ရာသီစက်ဝန်းကြာချိန်တွေကို ၈ လ လောက်မှတ်
တမ်းတင်ထားဖို.လိုပါတယ်။၁၂ လလောက်မှတ်ထားနိုင်ရင်တော.ပိုကောင်း
ပါတယ်။ရာသီစက်ဝန်းကြာချိန် ၂၇ ရက်ထက်နည်းတဲ.သူတွေ ဒီနည်းကို မသုံးသင်.ပါဘူး။မှတ်ပြီးပြီဆိုရင် ရာသီစက်ဝန်းအတိုဆုံး (ဥပမာ-၂၇ ရက်) နဲ.
အရှည်ဆုံး (ဥပမာ-၃၂ ရက်)ကိုမှတ်ထားပါ။အတိုဆုံးရက်ထဲက၁၈နုတ်ပါ(ဥပမာ-၂၇-၁၈=၉) အရှည်ဆုံးရက်ထဲက ၁၁ နုတ်ပါ(ဥပမာ-၃၂-၁၁=၂၁)
ပထမရလဒ်က ၉ဆိုရင် ရာသီစက်ဝန်းရဲ.၉ ရက်မြောက်နေ.(ရာသီသွေးပေါ်
တဲ.နေမှစတင်ရေတွက်ပါ) ဟာကလေးစပြီးရနိုင်တဲ.ရက်ဖြစ်ပါတယ်။ဒုတိယ
ရလဒ်က ၂၁ ဆိုရင် ရာသီစက်ဝန်းရဲ. ၂၁ ရက်မြောက်နေ.ဟာ ကလေးရနိုင်
တဲ. နောက်ဆုံးရက်ဖြစ်ပါတယ်။ဒါ.ကြောင်. ရာသီစက်ဝန်းရဲ. ၉ရက်မြောက်
နေ.ကနေ ၂၁ ရက်မြောက်နေ.အထိ ကွန်ဒုံးမသုံးပဲအတူတူနေလို.မရနိုင်ပါ
ဘူး။ရာသီစပေါ်တဲ.ရက်က သြဂုတ်လ ၃ ရက်နေ.ဆိုရင် ၁၁ ရက်နေ.ကနေ ၂၃ ရက်နေ.အထိကတော. ကျန်ဒုံးသုံးဖို.လိုပါတယ်။အဲဒီရက်အတွင်းမဟုတ်
ရင်တော. ကွန်ဒုံးသုံးစရာမလိုပါဘူး။
ဒီနည်းတွေကိုစနစ်တကျသုံးစွဲရင်တော. တနှစ်မှာ အမျိုးသမီး ၁၀၀ ကို၃ 
ယောက်ကနေ ၅ ယောက်လောက်ပဲ ကိုယ်ဝန်ရတယ်လို.ဆိုပါတယ်။မှန်မှန်
ကန်ကန်မသုံးစွဲရင်တော. ၁ နှစ်မှာ အမျိုးသမီး ၁၀၀ ကို၂၅ ယောက်လောက်
ကိုယ်ဝန်ရနိုင်ပါတယ်။
၎။ကွန်ဒုံး
ကွန်ဒုံးကတော.ယောက်ျားရဲ.သုတ်ရည်တွေမိန်းမကိုယ်ထဲမရောက်အောင်အတားအဆီးလုပ်ပေးတာပါပဲ။ယောက်ျားကွန်ဒုံး၊မိန်းမကွန်ဒုံးဆိုပြီးနှစ်မျိုးရှိပါ
တယ်။
၅။သားအိမ်ထဲပစ္စည်းထည်.ခြင်း
သားအိမ်ထဲမှာပစ္စည်းထည်.ပြီးကလေးမရအောင်လုပ်တဲ.နည်းဖြစ်ပါတယ်။
သုတ်ပိုးနဲ.မမျိုးဥဆုံတွေ.လို.အောင်မြင်ထားတဲ.မမျိုးဥဟာသားအိမ်နံရံမှာ
တွယ်ကပ်ထားမှဆက်လက်ကြီးထွားပြီး ကိုယ်ဝန်အဖြစ်ရှိနိုင်မှာပါ။ပစ္စည်း
ထည်.ထားတဲ.အတွက်သားအိမ်နံရံပြောင်းလဲပြီး တွယ်ကပ်လို.မရနိုင်တော.
တဲ.အတွက်ကိုယ်ဝန်မရှိနိုင်တော.ပါဘူး။ကျွမ်းကျင်တဲ.ဆရာဝန်က မိန်းမကိုယ်
ကိုအနည်းငယ်ချဲ.ထွင်ပြီးမှထည်.လို.ရတဲ.အတွက်ကလေး ၁ခါမှမမွေးဖူးသေး
တဲ.အတွက် အလေး၁ ခါမှမတွေးဖူးသေးတဲယအမျိုးသမီး တွေသိပ်ပြီး မသုံးကြပါဘူး။
အမျိုးသားရောအမျိုးသမီးပါ နှစ်ယောက်လုံးနဲ.သင်.တော်မယ်.ကိုယ်ဝန်တား
နည်းကိုရွေးချယ်ပြီးသာယာချမ်းမြေ.လို. စိတ်ပျော်ရွင်မှုရရှိနိုင်ကြပါစေ။
ကိုးကား-www.plannedparenthood.org
www.shcs.ucdavis.edu
ကျန်းမာရေးစာတိုများစုစည်းမှု
၁။အပြင်မှာသုတ်လွတ်ခြင်း
အပြင်မှာသုတ်လွတ်ခြင်းနဲ.လဲကလေး မရအောင်တားလို.ရပါတယ်။ ကာမဆန္ဒ အထွတ်အထိပ်ရောက်ပြီး သုတ်မလွတ်ခင် အမျိုးသားရဲ. ကျင်ချောင်းကိုအမျိုး သမီးရဲ.မိန်းမကိုယ်ထဲကနေ အချိန်မှီ ထုတ်လွတ်လိုက် တာပါပဲ။ ရှေးအကျဆုံး ကလေးတားနည်း ဆိုလည်းမမှားပါဘူး။ တကမ္ဘာလုံးမှာ စုံတွဲပေါင်း ၃၅သန်း လောက်သုံးနေကြပါတယ်။
၁-၁။ဘယ်လိုလုပ်ရမှာလဲ။
ကိုယ်ဝန်ဆိုတာ ယောက်ျားရဲ.သုတ်ပိုးနဲ.မိန်းမရဲ.မျိုးဥ ဆုံတွေ.မှဖြစ်ပေါ်လာတာပါ။ အပြင်မှာ သုတ်လွတ် ခြင်းကြောင်. မိန်းမကိုယ်ထဲကို သုတ်ပိုးတွေ မ၀င်နိုင်တော.တဲ.အတွက် ကိုယ်ဝန်ကိုတား ဆီးနိုင်တာဖြစ် ပါတယ်။
၁-၂။ဘယ်လောက်ထိစိတ်ချရလဲ။
အမျိုးသားတွေကပြင်မှသုတ်လွတ်တဲ.နည်းကိုမှန်မှန်ကန်ကန်သုံးရင်တစ်နှစ် အတွင်းမှာ အမျိုးသမီး ၁၀၀ ကို ၄ ယောက်လောက်ပဲကိုယ်ဝန်ရှိနိုင်ပါတယ်။ မှန်မှန်ကန်ကန်မသုံးရင်တော. အမျိုးသမီး ၁၀၀ မှာ
မိမိတို့ဘလော့ကို PASSWORD ခံထားကြမလား
ဘလော့ခရီးသည်
 မင်္ဂလာပါနော်....သည်နည်းပညာလေးကတော့ အရမ်းကို  ဖလမ်းးးးဖလမ်းးးးထနေတာပါဘဲဗျာ...
သူကတော့   မိမိတို့ဘလော့တွေကို  ပါတ်ဝပ်ခံပေးတဲ့နည်းလမ်းလေးတစ်ခုပါ....  အသုံးတော့နည်းပါလိမ့်မယ်  ဒါပေမယ့်   ဥပမာ.... မိမိဖွင့်ထားပြီး   ဘယ်သူမှ ၀င်မကြည့်စေလိုသောအခါ
ဆိုဒ်မျိုးတွေမှာ  အသုံးဝင်ပါလိမ့်မယ်.... ကိုယ်ပေးထားတဲ့ ပါတ်ဝပ်ကို  ကိုယ်ကြည့်စေခြင်တဲ့ သူကိုသာ ပေးကြည့်ပေါ့...ေိေိ... နည်းပညာ မျှဝေနေတဲ့ ဆိုဒ်တွေတော့ မသုံးသင့်ပါဘူးး တော်ကြာ  လေ့လာဖို့ဝင်လာပါတယ် ပါတ်ဝပ်ခံထားတော့  သေပြီဆရာပေါ့နော်...ေိေိ
ဘာဘဲဖြစ်ဖြစ်  ဗဟုသုတအနေနဲ့  ပြန်လည် ရေးသားလိုက်ရခြင်းဖြစ်ပါတယ်....
အောက်မှာ လေ့လာလိုက်ပါနော်...
သွေးအမျိုးအစားက လူ၏စိတ်သဘောထားနဲ့ ကိုယ်ရည်ကိုယ်သွေးကို တိတိကျကျညွှန်ပြနေ
 ''လူတစ်ဦးစီ၏ သွေးအမျိုးအစားသည် ထိုသူ၏ စိတ်နေ သဘောထားနှင့် ကိုယ်ရည်ကိုယ်သွေး တို့ကို သိပ္ပံ နည်းကျစွာ တိတိကျကျ ညွှန်ပြနေပါသည်'' ဟု ဂျပန်နိုင်ငံ တိုကျိုမြို့ သွေးအုပ်စု အမျိုးအစား သုတေသန သိပ္ပံ၏ ဌာနမှူး ''တိုရှီတာကာနိုမီ'' ဆိုသူက ရှင်းလင်း တင်ပြခဲ့သည်။
သူသည် သွေးအမျိုးအစား ပိုင်ရှင် လူအမျိုးမျိုး တို့ကို နှစ်ပေါင်းများစွာသုတေသန ပြုခဲ့သူ ဖြစ်ရာ သူ၏ အယူအဆမှာ များစွာ လက်ခံနိုင်စရာ ရှိသည်။
အခြေခံ စိတ်နေသဘောထား
လူတို့သည် အေ၊ ဘီ၊ အေဘီနှင့် အို ဟူ၍သွေးအမျိုးအစား လေးမျိုး ရှိသည်။
မိမိ၏ သွေးအမျိုးအစား အလိုက် ရှိကြသော အခြေခံ စိတ်နေ သဘောထား
ခံတွင်းရနံ့ ဆိုးခြင်းကို ကာကွယ်နည်း
မေးခွန်းက ရိုးရိုးလေးပါ။ သင့်လုပ်ဖော် ကိုင်ဖက် သို့မဟုတ် သင့်မိတ်ဆွေ တစ်ယောက် ယောက်မှာ ခံတွင်းက အနံ့ဆိုး ထွက်နေတယ် ဆိုရင် သင်က သူတို့ကို ပြောပြမလား။ အခြားလူတွေ အားလုံးကိုပဲ သင်ရဲ့ အဖြေဟာလည်း "မပြောပါဘူး" လို့ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။
ဒီလိုဆိုရင် သင့်ခံတွင်းက အနံ့ဆိုး ထွက်နေတယ် ဆိုရင်လည်း ဘယ်သူကမှ သင့်ကို ပြောပြမှာ မဟုတ်ဘူးပေါ့။
ခံတွင်းရနံ့ ဆိုးခြင်းရဲ့ ဖြစ်စဉ်က ခံတွင်း အတွင်းမှာ စားကြွင်စားကျန်နဲ့ ကလာပ်စည်း အသေတွေကို စားသုံးတဲ့ ဗက်တီးရီးယားက ထုတ်လုပ်တဲ့ အငွေ့ ပျံလွယ်တဲ့
Browser မှာသိမ်းထားတဲ့ Password တွေမေ့သွားလား ? WebBrowserPassView ကိုသုံးပါ
download (1)
ဒီနေ့ ခေတ် Modern Browser တွေ မှာ Password Manager တွေ ပါရှိပါတယ်။ Password Manager တွေက သင့် အကောင့်တွေ ရဲ့ Username, Passwords တွေကို သိမ်းပေးထားနိုင်ပြီး ၀က်ဆိုက် တွေ Login ၀င်ရင်အလိုလို ဖြည့်ပေးနိုင်ပါတယ်။ အဲဒီ Password တွေကို ဖျက်မိလို့ ဖြစ်ဖြစ် ၊ မေ့ လို့ ဖြစ်ဖြစ်မသိတော့ရင်  Recover လုပ်ပေးနိုင်တဲ့ WebBrowserPassView ဆိုတဲ့ Freeware ကိုသုံးပါ။
လူငယ်နဲ့ အရက်
လူငယ်နဲ့ အရက်
မကွေးမြို့ အောင်ရတနာရပ်ကွက် လမ်း(၂၀) ခြံအမှတ် .....ရှေ့တွင် ဩဂုတ် ၂၃ ရက် နံနက် ဝေလီဝေလင်းအချိန်က လူငယ်တစ်ဦး အရက် အလွန်အကျွံမူး၍ လဲနေသည် ကို တွေ့ရသည်။
အဆိုပါ လူငယ်လဲနေသော ခြံနှင့်မျက်နှာချင်းဆိုင်၌ နေသူတစ်ဦးက "မနက် ၅ နာရီလောက်က လူတစ်ယောက်အော်နေသံ မသဲမကွဲကြားရတယ်။ ဝေဒနာကို ညည်းညူနေတဲ့အသံ၊ အဲဒီအချိန်မှာ ကျွန်တော်အလုပ်လုပ်တဲ့အချိန် မှောင်နေသေးတယ်။ မနက်လင်းတော့ လူငယ်လေး တစ်ယောက် တစ်ဖက် ခြံဝမှာ လဲနေတာတွေ့ရတယ်။ သူ့ကြည့်ရတာ အရက်အလွန်အကျွံမူးနေတဲ့ ပုံမျိုးပဲ၊ ခုရက်ပိုင်းမိုးက ရွာလိုက်တိတ်လိုက်၊ မနက်ဆိုအေးလာတယ်။ ဒီလူငယ်ဟာ ကျွန်တော်တို့ ရပ်ကွက်ထဲက မဟုတ်ဘူးဆိုတာသိတယ်။ အရက် အမူးလွန်ပြီး ခြံဝက သမံတလင်းခုံလေးပေါ် လဲနေတာ၊ ကြာရင် အဆုတ် အအေးပတ်ပြီး ဒုက္ခရောက်သွားနိုင်တယ်။ ဒါကြောင့် ရပ်မိရပ်ဖ များကို ခေါ်ပြီးပြတယ်။ နောက်ဆုံးတော့ နယ်မြေရဲစခန်းကို ဖုန်းဆက်ပြီး အကူအညီ တောင်းလိုက် ရတယ်"ဟု ပြောသည်။
"ဒီနေ့လူငယ်တွေမှာ အရက်သောက်သူများကြတယ်။ အရက်ဆိုင်တွေ ကလည်း ပေါတယ်။ အရက်ကြောင့် ဘ၀ပျက်ရသူတွေ၊ အသက်ဆုံးရသူတွေ၊ အရက်ကြောင့် ဒုက္ခိတဘ၀ရောက်ရ သူတွေ၊ အရက်ကြောင့် စီးပွားပျက်ရသူ တွေ၊ အရက်ကြောင့်မိသားစုတွေ တကွဲတပြားနဲ့ ဒုက္ခရောက် ရသူတွေ အများ ကြီးပဲ၊ ဘယ်လိုရှုထောင့်ကပဲကြည့်ကြည့် အရက်ဟာကောင်းကွက် တစ်ကွက်မှ မရှိဘူး။ မကောင်းမှန်းသိလျက်နဲ့ လူငယ်တွေဘာကြောင့် ခုံမင်တပ်မက် နေသလဲ ဆိုတာ မစဉ်းစားတတ်ပါဘူး၊ အရက်သမား အမှားတစ်ထောင်တဲ့၊ လူငယ်ဆိုတာ လူသားရဲ့ အရင်းအမြစ်ပဲ၊ မြန်မာနိုင်ငံရဲ့လူသားအရင်းအမြစ် တွေ အရက်နဲ့မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်သွားမှာ စိုးရိမ်မိတယ်"ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
လေ့ကျင့်တိုက်ရည် ကျန်းမာစေ
by - ဘဝခြေရာ
‘သစ္စာစောင့်ရန် မိန်နာခံ … စိတ်ဓာတ်ခိုင်ကြောင်း စည်းကမ်းကောင်း … လေ့ကျင့်တိုက်ရည် ကျန်းမာစေ… ရဲဘော်စိတ်ထား တို့စွန့်စား… သန္နိဌာန်ထား အားဆယ်ပါး…’
‘တစ် … နှစ် … သုံး … လေး’
‘တစ် . နှစ် . သုံး . လေး
‘တစ် နှစ် သုံး လေး တစ် နှစ် သုံး လေး’
‘ပြည်သူ့စစ်သား . ပြည်သူ့စစ်သား’
ဒီအသံတွေဟာ စစ်သင်တန်းကျောင်းတွေရဲ့ ကိုယ်လက်ကြံ့ခိုင်ရေးနဲ့ သက်လုံလေ့ကျင့်ခန်း PT ပြေးရာမှာ  ရွတ်ဆို နေကျ တိုင်ပင်ကြွေးကြော်သံတွေထဲက တခုပါ။ တပ်မတော်ရဲ့ အား(၁၀)ပါး ကို မှတ်သားရ လွယ်ကူအောင် လေးလုံးစပ် သံပေါက်ကဗျာသဖွယ် အတိုချုံးရေးစပ်ထားတဲ့ ဆောင်ပုဒ်လည်း ဖြစ်ပါတယ်။
Windows 7 တင်ပြီးတာနှင့်လုပ်ဆောင်ရမည့်အချက်များ
Windows 7 တင်ပြီးတာနှင့်လုပ်ဆောင်ရမည့်အချက်များ ( မြန်မာလို 1 + 2 )
Windows 7 တင်ပြီးတာနှင့်လုပ်ဆောင်ရမည့်အချက်များ စာအုပ်ဖြစ်ပါတယ်..အခြေခံ နည်းပညာလေ့လာ
နေသူများအဖို့ အသုံးတည့်မယ့် စာအုပ်လေးများဖြစ်ပါတယ်... Download ရယူနိုင်ကြပါပြီခင်မျ
Download => Link 1 / LInk 2
Social Network နဲ့  အသုံးချမှု နည်းဗျူဟာ
Social Network အားကောင်းတဲ့ အချိန်ဖြစ်ပါတယ်။ အကျိုးရှိရှိ အသုံးချရင် တကယ်အကျိုးလည်း ရှိပါတယ်။ တင်ပြလိုတဲ့ အကြောင်းအရာကတော့
Social Network က ဘယ်လို နည်းဗျူဟာတွေကို မိမိ လုပ်ငန်းအတွက် အသုံးချနိုင်မလဲ ဆိုတာကို လေ့လာတင်ပြလိုက်ပါတယ်။
Official Website လုပ်ရပါမယ်
ဆိုရှယ် နက်ဝေါ့တွေ အားကောင်းလာတဲ့ အချိန်မှာ လုပ်ငန်းအသေးစားက စလို့  Brand ကုမ္မဏီကြီးတွေ အထိ Facebook မှာ Page တွေ လုပ်ပြီး
မိမိတို့  Product အတွက် အသုံးပြုလာကြပါပြီ။ ဒါဟာလည်း ကြေငြာဖို့ နဲ့  သတင်း အချက် အလက် မျှဝေဖို့ အတွက် တကယ် ထိရောက်တဲ့ အချက်တစ်ခု အနေနဲ့ မြင်လာလို့  အများစုက အသုံးပြု လာကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တကယ် Professional ကျကျ လုပ်သွားမယ်၊ ဒီအတွက် ရင်းနှီးမြုပ်နှံမှု များများ နဲ့ 
Faceboook ကြောင့် သင့်ဘဝတိုးတက်နိုင်လား
Faceboook ကြောင့် သင့်ဘဝတိုးတက်နိုင်လား
ဒါကတော့ ဘယ်လိုပြောရမလဲဆိုရင် သုံးတတ်ရင် ပတ္တမြား၊ မသုံးတတ်ရင် အလကား ဆိုတဲ့ အတိုင်းပါပဲ။ Facebook ကြောင့် ဘဝလည်း တိုးတက်သွားစေ နိုင်ပါတယ်။ 
အလွယ်ဆုံး ဥပမာ ပေးရမယ်ဆိုရင် လူစည်တဲ့ ဈေးထဲမှာ မျက်လှည့်လာပြ တဲ့ မျက်လှည့်သမား တစ်ယောက်လိုပါပဲ။ တစ်ယောက်က ကြည့်ရင်း ကြည့်ရင်းနဲ့ တဖြည်းဖြည်း လူတွေအုံလာတော့ လူသိများ သွားသလိုပေါ့။ Facebook ဆိုတာကလည်း ဒီလိုပါပဲ။ Social Media အဝန်းအဝိုင်း တစ်ခုကြီး ဖြစ်လို့နေပြီး တစ်ယောက်ယောက် က ပြုလုပ်ဖန်တီးတဲ့ ထူးခြားချက်လေးတွေကို စောင့်ကြည့်တဲ့ နေရာတစ်ခုလို ဖြစ်ပါတယ်။ ဒါကြောင့် ထူးခြားတဲ့ အရာတစ်ခုခုကို ချပြနိုင်သူဟာ ဘယ်နယ်ပယ်ကမဆို အသီးသီး အောင်မြင်မှု ရနိုင်ပါတယ်။ 
နောက်တစ်နည်း ပြောရရင် အခမဲ့ ကြော်ငြာစရာနေရာကြီးတစ်ခု လို ဖြစ်နေပါတယ်။ ဒီတော့ Facebook
တို့ဟူးနွေးလေး လုပ်စားကြ ရအောင်
တို့ဟူးနွေးလေး လုပ်စားကြ ရအောင်....
တို့ဟူးနွေး (၃ယောက်စာ)
-------------------------------------------
တို့ဟူးနွေးကို လုပ်ရလွယ်ပြီ စားလို့ကောင်းတဲ့နည်းလေးနဲ့ တင်ဆက်ထားပါတယ်။ နေ့လည်စာ အစာပြေလုပ်စားနိုင်ဖို့ပါ။ လုပ်နည်းလေး ကြည့်ရအောင်…
-------------------------------------------
တို့ဟူးနွေး ပြင်ဆင်ရာတွင် ပါဝင်သည့်ပစ္စည်းများ
၁။ ဆန်စီခေါက်ဆွဲထုပ် – တ၀က်
၂။ မြေပဲ – စားပွဲတင်ဇွန်း ၃ဇွန်း (မညက်တညက် ထောင်းထားပေးပါ)
၃။ နံနံပင် (သို့) ကြက်သွန်မြိတ် – ၂ပင် (ပါးပါးလှီးပါ)
တို့ဟူးကျိုရန် ပါဝင်ပစ္စည်းများ
၁။ ကုလားပဲအစိမ်းမှုန့် (သို့) တို့ဟူးမှုန့် – ၁၅၀ဂရမ်
၂။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၃။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၎။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
၅။ အချိုမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
-------------------------------------------
ခရမ်းချဉ်သီးဆော့ရည်အတွက် ပါဝင်ပစ္စည်းများ
သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ
၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....
၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား.... ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....
၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ် လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်....
ဝိုင်း
ကျွန်တော့်နာမည် အောင်သော် ပါ ..
အသက်က ၁၇နှစ် သူငယ်ချင်းတွေက လူပျိုရည်မပျက်သေးတဲ့ ကျွန်တော့်ကို ဂိုဏ်းဝင်သွားအောင် မင်္ဂလာဈေး JJ အောက်မှာ ... ညမွှေးပန်းသွားရှာမယ် လိုက်ခဲ့ ..ဆိုတာနဲ့ လူငယ်ဆိုတော့ စူးစမ်းချင်တဲ့ စိတ်နဲ့ လိုက်သွားခဲ့တယ်..
ဟိုရောက်တော့ .. သားကြီး မင်းက ဒီည အထူးဆိုတော့ ..မင်းတစ်ယောက်ရွေးကွာတဲ့ သူတို့က သူတို့ စိတ်ကြိုက်တစ်ယောက်ရွေးတယ်..
အဲဒီမှာ ၀ိုင်းဆိုတဲ့ ကောင်မလေးကို ကျွန်တော်စတွေ့ခဲ့တယ်... ရှေ့မှာလာရပ်ပြနေတဲ့ ကောင်မလေးတွေထက် ..
ဟိုးးး သစ်ပင်အောက်မှာတစ်ယောက်တည်း ငူငူငေါင်ငေါင် ထိုင်နေတဲ့ သူမဆီ ..ကျွန်တော် အသာလျှောက်သွားတယ်..
မီးမလင်းတလင်းမှာ ..မပီဝိုးတ၀ါး ဆယ်ကျော်သက်အရွယ် မိန်းမပျိုလေးတစ်ယောက် ကျွန်တော့်အထင် မျက်ရည်တွေများ ၀ိုင်းနေသလား မသိပါဘူး.. မင်းနာမည် ဘယ်လိုခေါ်လဲဆိုတော့ ..၀ိုင်းတဲ့ .. နာမည်မေးတုန်းရှိသေးတယ်....ခေါင်းဆိုတဲ့ လူ ရောက်လာပြီး ညီက ဒီကလေးမလေးကြိုက်လို့လားတဲ့ ... ကျွန်တော့်ခေါင်းကို အသာညိတ်မိလိုက်တယ် ထင်ပါတယ်.. ကဲ ..မိဝိုင်း ထတော့ ... အလုပ်ပေါ်ပြီ ...နင်စိတ်ညစ်တာနောက်မှညစ်.. လိုက်သွား .. ခေါင်းရဲ့ စကားအဆုံးမှာ ..
ညမိမယ် နတ်သမီးလေးတစ်ပါး ဘာဆိုဘာမှ ပြန်မပြောပဲ အရုပ်တစ်ရုပ်လို ထလိုက်လာပါတယ်.. ဒီလိုနဲ့
ဘဲပေါင်းဆီချက်
ဘဲကိုရေဆေးပြီး ကြိုက်နှစ်သက်သလို အတုံး တုံး၍၊ဘဲအရိုးတွေကို ဟင်းချို ချက်ရန်အတွက် သက်သက်ဖယ်ထားပါ။ ဘဲအဆီဘူးကို ထည့်မပေါင်းပါနှင့်အရမ်းနံပြီး စားမရဖြစ်တတ်သည်။ ပေါင်းမည့်အိုးထဲသို့ ရေကိုအသားမမြုတ်တမြုတ်ထည့်ကာ ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့်ဆား၊ပဲငံပြာရည်၊အသားမှုန့်၊တရုတ်မဆလာ(သို့)နာနတ်ပွင့်၊မှိုခြောက် တို့ကို အသင့်အတင့် ထည့်ပြီး နူးအိနေအောင်ဘဲကိုပေါင်းပါ။
ကြက်သွန်ဖြူ ဆီချက် ချက်ထားပါ။ကြက်သွန်မိတ် ပါးပါးလှီးထားပါ။ကြက်သွန်နီနှင့်ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး ငရုတ်ဆီနှင့်အချဉ် လုပ်ထားပါ။
ဟင်းချိုအိုးတည်ရန် ဖယ်ထားသော ဘဲအရိုးများကို ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့်ဆား၊အသားမှုန့်၊ငံပြာရည်၊ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်ကာ အသားများနူးအောင်တည်ထားပါ။ အသားများနူးပြီး
ပွက်ပွက်ဆူလာလျှင် ကြက်သွန်မိတ်ခတ်ပြီး သုံးဆောင်ဖို့ အသင့်ရပါပြီ။
ရေနွေးကို ဆူအောင်တည်ပြီး ဆီချက်ခေါက်ဆွဲဖက်ကို မိနစ်အနည်းငယ်ခန့် နူးအောင် ပြုတ်ပြီး
Firefox က error တွေကို ရှင်းချင်ရင် ( Reset Firefox )
အထက်ပါပုံတွင်ပြထားသည့်အတိုင်း Firefox ကိုကလစ်ပြီး Help >>> Troubleshooting  ကို click ပါ။
ပွင့်လာသော Page တွင် Reset Firefox ကို click ပြီး Reset လုပ်နိုင်ပါတယ်။
>>>  နောက်တနည်း  <<<
တောသားအတွေးနဲ့ ငြိမ်းချမ်းရေး
@ တောသားအတွေးနဲ့ ငြိမ်းချမ်းရေး @
တောသားဘဝနဲ့
တောက အလှတွေက
ရင်ထဲကို အေးမြစေပါတယ် အမေ.........။
နေညိုချိန် ညနေစောင်းက
မြူခိုးတွေ ရစ်ဝိုင်းနေတဲ့ တောင်တန်းတွေရဲ့ကြား
ငုပ်လျှိုး ကွယ်ပျောက်တော့မယ့် နေလုံးနီနီ
မျက်လွှာလေးချ အိပ်စပြုနေတဲ့ သစ်ပင်လေးတွေ
ခေတ်သစ် နေကြာပန်းလေးများ
@ ခေတ်သစ် နေကြာပန်းလေးများ......( မလေးရှား ဖြစ်ရပ်မှန် ) @
နွေက ရော်ရွက်ဝါကို ကျောခိုင်းတယ်
မိုးက ဖားသူငယ်ကို ကျောခိုင်းတယ်
ဆောင်းက မြူနှင်းကို ကျောခိုင်းတယ်
တစ်နှစ်ပြီး တစ်နှစ်.......
ငါတို့လည်း မြန်မာ ပြည်ကြီးကို ကျောခိုင်းခဲ့တာ
တစ်နှစ်ပြီး တစ်နှစ်
ရပ်ပြစ် (၈) ပါးရဲ့ အကျိုး အပြစ်တွေကလည်း
တစ်ရစ်ပြီး တစ်ရစ်
တစ်ဆင့်ပြီး တစ်ဆင့်....................။
ငါ့ မိသားစုနဲ့ ငါ့ဘဝ
ငါ့ အတ္တတွေကို အခြေခံ ခဲ့ပေမယ့်
မိန်းကလေးများ အတွက် သိသင့်တာလေးများ စုစည်းထားခြင်း
မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ ရှင်သန်သင့်တယ်။
ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့ အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့  မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။
ဘ၀မှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်။
ကိုယ့်ကိုယ်ကိုမစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။
တချို့က မိန်းကလေးတွေဟာ "တောင်တန်း"ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို့က မိန်းကလေးတွေဟာ "ရေ" ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။
သင်နံပါတ်ဘယ်လောက်လဲ?
၁။ ဂဏန်းသမားများ မည်သည့်လတွင်မဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက် မွေးသူများကို ၁ ဂဏန်းသမားများဟု
 ခေါ်သည်။ ၁ ဂဏန်းသမားများဟုခေါ်သည်။ အချစ်နှင့်အမှန်းကြား နယ်နိမိတ်သည် 
မျဉ်းကြောင်းငယ်လေးမျှသာဖြစ်မည်။ ချစ်မိ၊ တွယ်တာ မိပြီဆိုက အရာရာပေးဆပ်တတ်ပြီး မုန်းပြီဆိုက 
လှည့် မကြည့်။ အလွန် ချစ်တတ်သလို အငြိုး အတေး ကြီးတတ်သည်။ မေတ္တာတရားနှင့် ချစ်ခြင်းအပေါ် 
အလေးအနက်ထား၍ ဘ၀အဖေါ်ရွေးချယ်လင့်ကစား ဂုဏ်၊ ငွေကြေးတို့ကို အဓိကထားသည်ဟု အများမှ 
အထင်လွဲခြင်းခံရ တတ်သည်။ အသက် ၂၅ နှစ်မတိုင်မီ သူတစ်ပါး ကတိစကားများ အပေါ်ယုံစားမိ၍ 
တားဆေးမသောက်ချင်သော အမျိုးသမီးများအတွက်
ချစ်သူနှစ်ဦးပေါင်းဖက်လို.အိမ်ထောင်တစ်ခုထူထောင်ကြရာမှာ ကလေးယူမယ်.အချိန်ဟာနှစ်ယောက်လုံး သဘောတူထားတဲ.အချိန်ဖြစ်သင်.သလိုကြိုတင်ပြင်ဆင်ပြီးမှ ရတဲ.ကိုယ်ဝန်ဖြစ်ဖို.လဲလိုပါတယ်။ သမီးရည်းစားဘ၀မှာဘယ်လိုပဲတစ်ယောက်အကြောင်းတစ်ယောက်သိစေကာမူ အတူနေ
လင်မယား ဘ၀လောက်ထဲထဲဝင်ဝင်သိမှာမဟုတ်ပါဘူး။ဒါကြောင်.လက်ထက်ပြီးကလေး မယူတာဟာ တစ်ယောက်အကြောင်းတစ်ယောက်လေ.လာဖို.တစ်ယောက်ရဲ. အားနည်းချက်ကိုတစ်ယောက် ကအလိုက်သိဖြည်.ဆည်းပေိးနိုင်ဖို.၊ တစ်ယောက်ရဲ.အားသာချက်ကိုတစ်ယောက်ကဖော်ထုတ်ချီးကျူးပေး
နိုင်ဖို. အချိန်ကာလတစ်ခုကိုရစေပါတယ်။
၁။လူကြိုက်များလာတဲ.နည်းလမ်းသစ်
ဒါကြောင်.ကိုယ်ဝန်တားနည်းတွေထဲကတစ်ခုခုသုံးဖို.လိုအပ်လာပါပြီ။လက်မောင်းထဲကိုယ်ဝန်
Background Theme and Css code လေးတွေပါ
Background Theme and Css
သူငယ်ချင်းအားလုံးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်.. Ning ဆိုဒ်တွင် ရှိသော  မိမိစာမျက်နာတွင်အလှပြင်ရန် ပြန်လည်မျှဝေလိုက်ပါတယ် Ning ဆိုဒ်များသာမက....  blogger သမားများ အတွက်လဲ အသုံးတည့်ပါတယ်....သုံးကြည့်ကြပါ
အဆင်ပြေကြပါစေဗျာ...
code တွေကိုဒီနေရာမှာယူပါ
အမျိုးသမီးများကို ဝမ်းဗိုက်နာကျင်စေခြင်း အကြောင်းရင်း ( ၅ ) ချက်
အမျိုးသမီးအများစုဟာ ဗိုက်အောင့်ခြင်း အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ဗိုက်အောင့် ဗိုက်နာခြင်းဟာ အောက်ပါအကြောင်းရင်း ငါးရပ်ကြောင့် အဖြစ်များပါတယ်။
၁။ သားအိမ်အတွင်းလွှာ နေရာလွှဲခြင်း
ဖြစ်ပွားနှုန်း - အမျိုးသမီး ငါးသန်းနီးပါး
ရောဂါအကြောင်း ....
သားအိမ်တစ်သျှူးတွေနဲ့တူတဲ့ ဆဲလ်တွေဟာ နေရာလွဲမှားတည်ရှိပြီး ရာသီသွေးဆင်းတိုင်း လိုက်လံကွာ ကျနေတာမျိုးပါ။ ခံစားရတတ်သော လက္ခဏာများ - ရာသီလာချိန်မှာ ရောပြီး ဗိုက်အောင့်ခြင်းကို ဆိုးဆိုး ရွားရွားခံစားရခြင်း၊ ခါးနဲ့ခြေထောက် အထိနာကျင်ခြင်း
စမ်းသပ်စစ်ဆေးခြင်း - တစ်သျှူးအသားစယူ စစ်ဆေးခြင်း
ဆေးကုသမှု - Ibuprofen, Naproxen sodium စတဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့ ဟော်မုန်းပါ သန္ဓေတားဆေးတွေ သုံးပြီး ကုသလေ့ရှိပါတယ်။ ဆိုးရွားတဲ့ အခြေအနေတွေမှာ သားအိမ်အတွင်း
အပျိုဖော်ဝင်စ အရွယ်မှာ....
အာဟာရပြည့်လျှင် ရောဂါစင်၊ ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ ဆိုသောခေါင်းစဉ်ဖြင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် ဟု ကျန်းမာရေးဝန်ကြီးဌာန ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့၊ သတ္တုတွင်းဝန်ကြီးဌာနတို့မှ ကြော်ငြာချက်အရ ကလေးသူငယ်များ အာဟာရပြည့်စွာ စားသောက်နိုင်ရေး သိမှတ်ဖွယ်ရာ အဖြာဖြာကို ရေးသားပြီးခဲ့ပါပြီ။
ယခုအရွယ် ရောက်ပြီးသော အမျိုးသမီးများ သံဓာတ်အားဆေး မှီဝဲပါဆိုသော အချက်ကို တင်ပြရေးသားထားပါမည်။ ဆေးပညာရှင်များက မွေးစမှ အသက် ၁၂ နှစ်အထိကို ကလေးအရွယ်၊ အသက် ၁၂ နှစ်မှ ၁၅^၁၆ နှစ်အထိ ကို ပျိုဖော်ဝင်စအရွယ်၊ အသက် ၁၂နှစ်မှ ၁၈^၁၉ နှစ်အထိကို ဆယ်ကျော်သက်အရွယ်၊ အသက် ၂၀ မှ ၄၀ အထိ လူရွယ်၊ လူသတ်၊ အသက် ၄၀ မှ ၆၀ အထိ လူကြီးပိုင်း၊ အသက် ၆၀ နှစ်ကျော်လျှင် လူအိုပိုင်းဟု ယေဘုယျအားဖြင့် သတ်မှတ်ထားကြပါသည်။
ယင်းသို့အားဖြင့် အရွယ်ရောက်ပြီးသော အမျိုးသမီးများ ဆိုရာတွင် အသက် ၁၂ နှစ်မှ ၁၅^၁၆ အထိ ပျိုဖော်ဝင်စအရွယ်၊ အသက် (၁၂) နှစ်မှ ၁၈ ^ ၁၉ နှစ်အထိ ဆယ်ကျော်သက်အရွယ်တို့ကို ဆိုလိုပါသည်။ လူတို့၏ ခန္ဓာကိုယ်ကြီးထွားမှုတွင် ကလေးငယ်ဘ၀၌ တစ်ကြိမ်၊ ပျိုဖော်ဝင်စအရွယ်၌ တစ်ကြိမ်
ဘဝအတွက် ကြိုးစားနေချိန် ရှောင်ရှားဖွယ်ရာများ
မပျင်းနဲ့
ပျင်းရိနေရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုကို တော်တော်နဲ့ မရောက်ဘူး။ ပြောတုန်းကတော့ စီမံကိန်း ချတုန်း ကတော့ မိုးလားကဲလားနဲ့ တကယ်လည်း လုပ်မယ်ကျတော့ နေပူတယ်၊ မိုးရွာတယ်၊ ဇာတ်ကျောတတ်တယ်၊ ခေါင်းကိုက်တယ်၊ ဖျားတယ်နဲ့ဆို တော်တော်နဲ့ ခရီး မရောက်တော့ဘူးလေ။ ဒီတော့ မပျင်းဖို့လိုပါတယ်။
မတွေဝေနဲ့
လောကီလူသားပေးပဲ။ တစ်ခါခါ ကြိုးစားနေရင်းနဲ့ စိတ်ဓာတ်ကျတဲ့အခါ ကြုံတတ်မယ်။ ငါဘာလုပ်နေတာ ပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူးလာမှာလဲ။ အဲ့ထက်ဆိုးတာက တစ်ခုခုကို ရည်ရွယ်ပြီး လုပ်နေရင်းတန်းလန်း ရည်ရွယ်ချက်ပျောက်သွားတာမျိုးပေါ့။ အဲဒါ တွေဝေတာ။ ကြိုးစားနေသူ တစ်ယောက်က မတွေဝေဘူး။ ခဏလေး ပျင်းလို့ ဟိုတွေးဒီတွေး လုပ်လိုက်တာနဲ့ တွေဝေ သွားတတ်ပါတယ်။ ဒီတော့ တွေဝေရင် ဘဝခရီးနှောင်နှေးပါတယ်။
အသက် ၃၀ မှာပြောင်းလဲလာတဲ့ အမျိုးသမီးများ ရင်သားအကြောင်း သိကောင်းစရာ
Posted by drmyochit
အပျိုဖော်ဝင်စကနေ သွေးမဆုံးခင်အချိန် အတွင်းမှာ ကင်ဆာမဟုတ်တဲ့ ရင်သား အဖုအကျိတ်ဖြစ်တာက တွေ့ရများလေ့ ရှိပါတယ်။ မြန်မာအမျိုးသမီး အများစုက ရင်သားစမ်းသပ်မှုကို ခံယူရမှာ ရှက်ရွံ့တတ် တာကြောင့် ဆရာဝန်ကို ပြသဖို့ အချိန်ဆွဲနေတတ်ကြ ပါတယ်။ သင်က အသက် ၃၀ အရွယ် ဖြစ်နေခဲ့ရင် ဒီအသက်အရွယ်မှာ ပြောင်းလဲဖြစ်ပေါ်နိုင်တဲ့ ရင်သားအကြောင်းကို သိထားဖို့ လိုပါတယ်။
ရင်သား အဖုအကျိတ်
မဟော်မုန်း အီစထရိုဂျင်က ရင်သားတင်းရင်းအောင် ထောက်ပံ့ပေးပါတယ်။ ရင်သားမှာ ကြွက်သားတွေ ပါဝင်မှုမရှိဘဲ အမျှင်တွယ်ဆက် တစ်သျူး၊ အဆီတစ်သျူး၊နို့ရည်ထုတ်နိုင်တဲ့ ဂလင်းတစ်သျူး စတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။ အသက် ၃၀ အရွယ်မှာ အမျိုးသမီးတွေရဲ့ ရင်သားမှာ ကင်ဆာမဟုတ်တဲ့ အကျိတ်အဖုတွေ ဖြစ်နိုင်ပါတယ်။ ဒီထက် ငယ်ရွယ်သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာမဟုတ်တဲ့
Facebook Fan Page သို့ မဟုတ် Facebook Like Page ပြုလုပ်နည်း
အခုတလော  Facebook မှာ  Page လုပ်သူတွေ  တအားများလာတာတွေ့ တယ်
မလုပ်တတ်သေးသူတွေ ရှိနေလို့    ပြုလုပ်နည်းအသေးစိတ်  ရေးတင်လိုက်တာ
တစ်ဆင့်ချင်းလုပ်ကြည့်  10 မိနစ်မကြာဘူး ။  နာမည်ကျော်  မင်းသား မင်းသမီး
ကုန်ပစ္စည်းကြော်ငြာ  သတင်း  နည်းပညာ  နယ်ပယ်အစုံကနေ  Fan Page တွေ
ပြုလုပ်လာကြပီး  အကျိုးကျေးဇူးလည်း များပါတယ် ။Page တစ်ခုမှာ Like တဲ့သူ
အများကြီးရဖို့  လိုအပ်ပါတယ် ။ ဒါမှစာတင်တာ  ပုံတင်တာ  လူအများကြီးဆီကို
ချက်ချင်းရောက်တယ် ။ ဂျာနယ်ထဲ  ကြော်ငြာထည့်တာ   လူသိဖို့ သိပ်မမြန်ဘူး
နာမည်ရပီး  Like သူများတဲ့  Fan Page မှာ  ကြော်ငြာရင် ခဏလေးနဲ့  လူသိများ
နာမည်ကြီးတာပေါ့ ။ အဲ့ကြောင့်  ကုမ္ပဏီတွေ  မင်းသားမင်းသမီးတွေ Fan တွေ
လုပ်ပီး သုံးနေကြတာ အကျိုးကျေးဇူးကလည်းများပါတယ် ။ ကဗျာ စာပေသမား
သတင်းသမား အဆင်ပြေသလို ပြုလုပ်လို့ ရတယ် ။လုပ်ရတာလည်းလွယ်ကူပြီး
Facebook အကောင့်တစ်ခုရှိတာနဲ့  Fan Page တွေ  အများကြီး လုပ်လို့ ရတယ်
ပြုလုပ်ချင်သူများ  အောက်ကလင့်မှာ  တစ်ဆင့်ချင်း လိုက်လိုက်ပါ 5 မိနစ်ပါပဲ
" သမိုင်း စာအုပ်များ " စုစည်းထားခြင်း
၁။ မဟာရာဇ၀င်တော်ကြီး - ဦးကုလား
http://www.mediafire.com/?u958zlksuy1cvmn
၂။ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း - နိုင်ပန်းလှ
http://www.mediafire.com/?19x634vcdnz7kdw
၃။ ကုန်းဘောင်ရှာပုံတော် - ညိုမြ
http://www.mediafire.com/?733r8v3cqexd1t3
၎။ အိုဘယ့် အနော်ရထာ - တက္ကသိုလ်စိန်တင်
http://www.mediafire.com/?tbjvt1xw7wp6du7
၅။ မင်းတုန်းမင်း၏ နောက်ဆုံးနေ့များ - တက္ကသိုလ်စိန်တင်
http://www.mediafire.com/?3mzpz36dtda9lqz
၆။ ကုန်းဘောင်မင်းဆက် ရုပ်ပုံလွှာ - တင်နိုင်တိုး
http://www.solidfiles.com/d/bc932b5c36
၇။ ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး (၁) - ဒဂုန်ခင်ခင်လေး
http://www.mediafire.com/?me2naaqnl553g92
၈။ ရတနာပုံ၏ နိဒါန်း နှင့် နိဂုံး (၂) - ဒဂုန်ခင်ခင်လေး
http://www.mediafire.com/?ac9nnc7a2ot0ila
၉။ ကုန်းဘောင်ရှင်းတမ်း - မောင်သန်းဆွေ(ထားဝယ်)
http://www.solidfiles.com/d/cdfd7f3c9c/
၁၀။ ပုဂံခေတ်အလှူဆိုင်ရာဆုတောင်းနှင့်ကျိန်စာများ - မင်းဆွေ(ရှေးဟောင်းသုတေသန)
http://www.mediafire.com/?qewum4w32qzucmi
၁၁။ ပုဂံ စေတီပုထိုးများ
http://www.mediafire.com/?c0dfd67uq897xz6
၁၂။ သီပေါမင်း ပါတော်မူ အရေးတော်ပုံ - အမျိုးသားပညာဝန် ဦးဖိုးကျား
http://www.mediafire.com/?bh22dgraxy2g8h3
၁၃။ ပိဋကတ်တော်လာ ပုဂံခေတ် နံရံဆေးရေးပန်းချီ - ဦးမျိုးညွန့်(ရှေးဟောင်းသုတေသန)
http://www.mediafire.com/?ngosrc5w44tot18
၁၄။ ပုဂံရွှေပြည်မှ သူရဲကောင်းများ - တင်နိုင်တိုး
http://www.mediafire.com/?g2ha5pakrjijlea
၁၅။ ကုန်းဘောင်ပြင်သစ် - ရွှေစကြာ
http://www.mediafire.com/?wlr5zc4vubzif7z
၁၆။ သမိုင်းထဲက မန္တလေး ......မန္တလေးထဲက သမိုင်း - မြသန်းတင့်
http://www.mediafire.com/?t68ucr92bk5a79n
၁၇။ ရတနာရွှေမြေ - ဦးလှဒင်
http://www.mediafire.com/?n3n8bns1cnwzxt1
၁၈။ သံ နှင့် သွေး - နန္ဒ
http://www.mediafire.com/?x51zqj6xi1scvt8
၁၉။ နန်းစံကြသူများ - မောင်ဖေငယ်
http://www.mediafire.com/?658hbai7j0s3nb0
၂၀။ မင်းကျန်စစ်ကို ချစ်တဲ့သူများ - ဒေါက်တာမတင်ဝင်း
http://www.mediafire.com/?k9qamife76zrvj9
၂၁။ နေသူရိန်မှတ်တမ်း - သံတော်ဆင့် သတင်းစာတိုက်
http://www.mediafire.com/?9973cwqq3cxpuk1
၂၂။ မန္တလေး ရပ်ကွက်သမိုင်း - ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)
http://www.mediafire.com/?1fh3xu8l4s4tc52
၂၃။ ရွှေမန်းနှစ်တရာ စာတမ်းများ
http://www.mediafire.com/?qhuhwa9eyapwriq
၂၄။ ထိုင်း မြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း - လင်းယုန်သစ်လွင်
http://www.mediafire.com/?ahtvl1s5t31qxr1
၂၅။ ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်မှတ်တမ်း - ချစ်စိန်လွင်
https://www.sugarsync.com/pf/D0299089_62561891_288477
၂၆။ ဓာတ်ပုံကပြောသော မြိတ်သမိုင်းမှတ်တိုင်များ - မောင်ပြေချမ်း(မြိတ်)
https://www.sugarsync.com/pf/D0299089_62561891_283942
မူရင်း   http://myanmarebooksfree.blogspot.com/
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/
အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>