လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php
Followers
ခင်ပွန်းစစ်လက္ခဏာ ( ၁၆ ) ချက်
ခင်ပွန်းစစ်လက္ခဏာ ( ၁၆ ) ချက်
==================
၁။ ကွေကွင်းနေသောအခါ မကြာခဏ
သတိရခြင်း။
၂။ မိမိထံသို့ လာသောအခါ လွန်စွာ
နှစ်သက်ခြင်း။
၃။ ဟန်ဆောင်မဟုတ်၊ အဟုတ်တကယ်
ချစ်ခြင်း။
၎။ စကားပြောသောအခါ လွန်စွာနှစ်သက်ခြင်း။
၅။ ထိုသူ၏အဆွေခင်ပွန်းတို့ဖြင့်သာ
ပေါင်းသင်းဆက်ဆံခြင်း။
၆။
မိန်းမတွေရဲ့ စွမ်းအား
မိန်းမတွေဟာ ထူးဆန်းလွန်းပါတယ် ...။ တစ်ခါတစ်ရံ မယုံနိုင်ဖွယ်ရာ အပြုအမူလေးတွေ သူတို့ဆီမှာ တွေ့ရတတ်တယ်လေ ...
ဥပမာအားဖြင့် ...
ပိုးဟက်လောက်ကို သေမလောက် ကြောက်တတ်ကြပေမယ့်...
ကျားမကြောက်တဲ့ ယောက်ျား တစ်ယောက်လောက်ကို အသာလေး ကိုင်လှုပ်နိုင်တယ် ...။
အငိုလွယ်သူတွေ ဖြစ်ကြပေမယ့်...
ယောက်ျားတစ်ယောက် ငိုနေပြီဆိုရင်တော့ အံကြိတ်ပြီး ဖြေသိမ့်ပေးနိုင်ကြပြန်တယ် ...။
တစ်ခုခုဆို အားငယ်တတ်လွန်းကြပေမယ့်...
တကယ်အခက်ခဲ ကြုံလာပြီဆိုရင်တော့
သိမှတ်သင့်သော စကားလုံးတစ်ချို့
သိမှတ်သင့်သော စကားလုံးတစ်ချို့
(၁) GSM ဆိုတာကတော့ Global System for Mobile Communication ဖြစ်ပါတယ်။
(၂) CDMA ဆိုတာကတော့ Code Divison Multiple Access ဖြစ်ပါတယ်။
(၃) MP3 ဆိုတာကတော့ MPEG player ၃ ဖြစ်ပါတယ်။
(၄) MP4 ဆိုတာကတော့ MPEG-4 video file ဖြစ်ပါတယ်။
(၅) PDF ဆိုတာကတော့ Portable Document Format ဖြစ်ပါတယ်။
(၆) CD ဆိုတာကတော့ Compact Disk ဖြစ်ပါတယ်။
(၇) DVD ဆိုတာကတော့ Digital Versatile Disk ဖြစ်ပါတယ်။
(၈) HTML ဆိုတာကတော့ Hyper Text Markup Language ဖြစ်ပါတယ်။
(၉) WML ဆိုတာကတော့ Wireless Markup Language ဖြစ်ပါတယ်။
သွေးများရဲ့  စိတ်နေသဘောထားများ A , B , AB , O
သွေးများရဲ့  စိတ်နေသဘောထားများ A , B , AB , O
________________________________________
  A သွေး
  A သွေးများသည် ခံစားချက် ပြင်းထန်ပြီး တစ်ယောက်ထဲ နေနေ ရင်တောင်မှ
  ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျခြင်းများ ဖြစ်ပေါ်နေတတ်ပါတယ်
  တခြားလူများကို ကိုယ့်ရဲ့  စကားများ လုပ်ဆောင်ချက်များကို
  ပြန်လည်ငြင်းဆိုနေမယ် ဆိုရင် သူအလိုလို ဒေါသ ဖြစ်နေတတ်ပါတယ်
  ခံစားချက် ပြင်းထန်လွန်းလို့  တစ်ခါတလေမှာ အစွန့် ရောက်တယ်လို့  အများက မြင်ကြပါတယ်
  သူတစ်ပါးကို ကူညီခြင်းစိတ် အပြည့်အဝ ရှိနေတတ်ပါတယ်
  ကိုယ့်လမ်းကို တည့်တည့် လျှောက်တတ်တဲ့ သွေးများ ဖြစ်ပါတယ်
  ကိုယ့်ဘက်က မကျေနပ်စရာ အကြောင်းများ ရှိလာပြီးဆိုရင်
  ဒဲ့ ရှင်းတတ်တဲ့ အကျင့်မျိုးလည်း ရှိနေပါတယ်
  ဘယ်လောက်ပဲ ခံစားနေရပါစေ ဘာမှမဖြစ်သလို့ နေတတ်တဲ့
  အကျင့်ရှိတာကြောင့်
ရန်ကုန်
ရန်ကုန်
ရန်ကုန်မြို့အား အလောင်းမင်းတရားကြီးက (၁၇၅၅) ခုနှစ်၊မေလ (၂) ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါတယ်။
ရန်ကုန်မြို့ရဲ့ ပထမဆုံးအမည်မှာ ဥက္ကလာပ မြို့ပါ။
ရန်ကုန်မြို့ရဲ့ ပထမဆုံးမြေကွက်အကျယ်မှာ အကျယ်အ၀န်းနှစ်မိုင်ပတ်လည်ခန့်သာရှိပြီး ယနေ့ခေတ်အမှတ်အသားဖြင့်ဆိုလျှင် မြောက်ဘက်တွင် ဆူးလေစေတီတော်၊ တောင်ဘက်တွင်ရန်ကုန်မြစ်၊အရှေ့ဘက်တွင် ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းဆုံးဝန်းကျင်၊ အနောက်ဘက်တွင် လမ်း (၃၀) ခန့်အထိဖြစ်ပြီး၊ (၁၇၅၅) ခုနှစ်၊ မေလ (၂) ရက်နေ့တွင် စတင်ခဲ့ပါတယ်။မြို့တည်ဆောက်ရာတွင် လက်ဝဲသုန္ဒရ(ဦးနေ)နှင့် ဝေဌုရာဇာ
တို့ ပူးတွဲတာဝန်ယူခဲ့ပါတယ်။
ရန်ကုန်ဘူတာကြီးအား (၁၉၄၇)ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး (၁၉၅၄)ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် စတင်ဖွင့်လှစ် ခဲ့ပါတယ်။
ရန်ကုန်မြို့၏ပထမဆုံးမြို့တော်ဝန်မှာ ဦးဇေယျနန္ဒဖြစ်ပြီး၊ (၁၇၅၅)ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် ခန့်အပ်ခြင်းခံရပါတယ်။
 ပထမဦးဆုံးအခမဲ့လူထုစာကြည့်တိုက်မှာ (ဘားနက်) အခမဲ့စာကြည့်တိုက် (Bernard Free Library) ဖြစ်ပြီး၊ Sir Charles Edward Bernard က ရန်ကုန်မြို့ (ယခုရန်ကုန်ဆေးရုံကြီးရှေ့ အထက(၁)လသာကျောင်းနေရာ) တွင် (၁၈၈၃) ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်အား (၁၉၂၀)ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးပညာဆည်းပူးခဲ့သော အမျိုးသမီးနှစ်ဦးမှာ မန္တလေးမြို့မှ ဦးကျော်ရန်သမီး မထား နှင့် မော်လမြိုင်မြို့ စတီးလ်ဘရားသားစ် (Steel Brothers) စာရေးဆရာကြီး ဦးကောင်း၏ သမီး မမေစု တို့ဖြစ်ကြ ပါတယ်။
 ရန်ကုန်တက္ကသိုလ်၏ပထမဆုံးအဓိပတိမှာ မြန်မာနိုင်ငံ၊ ဒုတိယဘုရင်ခံ (ဆာ-ရယ်ဂျီနယ်လ်xကာရက်ဒေါက်) (Sir Regin- ald Craddock) ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်၏ပထမဆုံးဘွဲ့နှင်းသဘင်ကို (၁၉၂၁)ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ရွှေတိဂုံဘုရားလမ်းရှိ ဂျူဗလီခန်းမ (Jubilee Hall) အဆောက်အဦးကြီးတွင် ကျင်းပခဲ့ပါတယ်။ ထိုဘွဲ့နှင်းသဘင်ပွဲတွင် လယ်တီဆရာတော် အားဂုဏ်ထူးဆောင် ဥပဒေပါရဂှုဘွဲ့ ဆက်ကပ်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးပညာဆည်းပူးခဲ့သော အမျိုးသမီးနှစ်ဦးမှာ မန္တလေးမြို့မှ ဦးကျော်ရန်သမီး မထား နှင့် မော်လမြိုင်မြို့ စတီးလ်ဘရားသားစ် (Steel Brothers) စာရေးဆရာကြီး ဦးကောင်း၏ သမီး မမေစု တို့ဖြစ်ကြ ပါတယ်။
ရန်ကုန်တက္ကသိုလ်၏ပထမဆုံးအဓိပတိမှာ မြန်မာနိုင်ငံ၊ ဒုတိယဘုရင်ခံ (ဆာ-ရယ်ဂျီနယ်လ်xကာရက်ဒေါက်) (Sir Regin- ald Craddock) ဖြစ်ပါတယ်။
 ရန်ကုန်တက္ကသိုလ်၏ပထမဆုံးဘွဲ့နှင်းသဘင်ကို (၁၉၂၁)ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ရွှေတိဂုံဘုရားလမ်းရှိ ဂျူဗလီခန်းမ (Jubilee Hall) အဆောက်အဦးကြီးတွင် ကျင်းပခဲ့ပါတယ်။ ထိုဘွဲ့နှင်းသဘင်ပွဲတွင် လယ်တီဆရာတော် အားဂုဏ်ထူးဆောင် ဥပဒေပါရဂှုဘွဲ့ ဆက်ကပ်ခဲ့ပါတယ်။
 ရန်ကုန်သမ၀ါယမ ဒီဂရီကောလိပ်ကို (၁၉၉၇)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါတယ်။
 ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာဝိဇ္ဖာဂုဏ်ထူးတန်းကို ပါမောက္ခဦးဖေမောင်တင်က (၁၉၂၅) ခုနှစ်တွင် စတင်ခဲ့ပါတယ်။
 ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးတက္ကသိုလ်ကျောင်းသားလူရွှင်တော်မှာ ကိုဘိုးကြွေ(ပုသိမ်)ဖြစ်ပါတယ်။
 ရန်ကုန်အဝေးသင်တက္ကသိုလ် (ယခင် တက္ကသိုလ်စာပေးစာယူ) အား (၁၉၉၂)ခုနှစ်၊ ဇူလိုင်လ(၉)ရက်နေ့တွင် စတင်ဖွင့် လှစ်ခဲ့ပြီး၊ပထမဆုံးပါမောက္ခမှာ ဦးမျိုးညွန့်ဖြစ်ပါတယ်။
 မြန်မာပထမဆုံးကျောင်းသားသပိတ်အစည်းအဝေးကို ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ ရွှေကျင်တိုက်၊ ဦးအရိယဘုန်းတော်ကြီး ကျောင်းတွင် (၁၉၂၀)ပြည့်နှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့က ကျင်းပခဲ့ပါတယ်။
 မြန်မာနိုင်ငံတွင်ဖွဲ့စည်းခဲ့သော ပထမဆုံးမြန်မာအမျိုးသမီးအသင်းမှာ ရန်ကုန်မြို့ မော်တင်လမ်းရှိ ဦးကြူးဖိနပ်ဆိုင်၏ အပေါ်ထပ်၌ (၁၉၁၉)ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက်နေ့က ဖွဲ့စည်းခဲ့သော မြန်မာအမျိုးသမှး ကုမ္မာရီအသင်းဖြစ်ပါတယ်
အသင်း၏ပထမဆုံးဥက္ကဌမှာ ဒေါ်စုစု (ရိက္ခာတော်ရ စည်ပင်သာယာရေးအရေးပိုင် ဦးဘိုးသောင်၏ဇနီး)ဖြစ်ပြီး၊အတွင်းရေး မှုးမှာ ဒေါ်စောတင် (ဖိနပ်ဆိုင်ပိုင်ရှင် ဦးကြူ၏ဇနီး) နှင့် ဒေါ်လှမေ (ဒီဒုတ်ဦးဘချို၏ဇနီး) တို့ဖြစ်ကြပါတယ်။
စုဆည်းထားသူကိုမင်းကိုကိုကိုကျေးဇူးတင်ပါတယ်ရှင် :)
ရန်ကုန်
ရန်ကုန်မြို့အား အလောင်းမင်းတရားကြီးက (၁၇၅၅) ခုနှစ်၊မေလ (၂) ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါတယ်။
ရန်ကုန်မြို့ရဲ့ ပထမဆုံးအမည်မှာ ဥက္ကလာပ မြို့ပါ။
ရန်ကုန်မြို့ရဲ့ ပထမဆုံးမြေကွက်အကျယ်မှာ အကျယ်အ၀န်းနှစ်မိုင်ပတ်လည်ခန့်သာရှိပြီး ယနေ့ခေတ်အမှတ်အသားဖြင့်ဆိုလျှင် မြောက်ဘက်တွင် ဆူးလေစေတီတော်၊ တောင်ဘက်တွင်ရန်ကုန်မြစ်၊အရှေ့ဘက်တွင် ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းဆုံးဝန်းကျင်၊ အနောက်ဘက်တွင် လမ်း (၃၀) ခန့်အထိဖြစ်ပြီး၊ (၁၇၅၅) ခုနှစ်၊ မေလ (၂) ရက်နေ့တွင် စတင်ခဲ့ပါတယ်။မြို့တည်ဆောက်ရာတွင် လက်ဝဲသုန္ဒရ(ဦးနေ)နှင့် ဝေဌုရာဇာ
တို့ ပူးတွဲတာဝန်ယူခဲ့ပါတယ်။
ရန်ကုန်ဘူတာကြီးအား (၁၉၄၇)ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး
ဈေးသက်သာ ဟန်းဆက် အသုံးပြုသူများ သိထားရန်
ဈေးသက်သာ ဟန်းဆက် အသုံးပြုသူများ သိထားရန်
  ဈေးသက်သာ ဟန်းဆက်များကို အသုံးပြုခြင်းဖြင့် လိုင်းစွဲအား ကောင်းတာ ကိုပဲ သိထားကြပြီး အများစုက သူ့ဆီက ပါလာမယ့် ဆိုးကျိုးအကျိုးဆက်ကို သိမထားပါဘူး။ အဲ့ဒီအကျိုးဆက်များထဲကနေ ကျန်းမာရေးကို ထိခိုက်စေ တာက အဆိုးဆုံးပဲ ဖြစ်ပါတယ်။ SAR လို့ခေါ်တဲ့ အချက် တစ်ခုပါ။
Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက် ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက် ရှိတယ်ဆိုတာကို
ယောက်ျားလေးရော မိန်းကလေးပါ”မှဲ့ “ရှိသောသူများအတွက် “မှဲ့ ” ၏ ကောင်းကျိုး ဆိုးပြစ် များ- (မှဲ့အဟော)
“မှဲ့ ” ၏ ကောင်းကျိုး ဆိုးပြစ် များ- (မှဲ့အဟော)
မှဲ့ တည်နေရာနှင့် အဟော-တွေပါ။ဗဟုသုတအနေနဲ့မျှဝေတာပါ။ အမှန်ကြီးပဲလို့ မပြောနိုင်သလို၊ အမှားတွေပါလိုလဲးမဆိုသာပါဘူး။ ကိုယ့်မှာပါတာလေးတွေနဲ့တိုက်ကြည်ပေါ့။ ကြိုက်လျှင်ယူ၊ မကြိုက်လျှင်ပယ်လိုက်ပါ။ အပြင်းပြေတာပေါ့။
ယောက်ျားတို့၏ မှဲ့ တည်နေရာနှင့် အဟော-
ကွမ်းသွေး
(Written by: ဖြိုးဝေ)
“တစ်ရက်ကို ကွမ်းယာအတွက် ကုန်ကျစရိတ်က ၁၅၀၀ ကျပ်လောက် ရှိတယ်။ မိုးလင်းမိုးချုပ်တင် မဟုတ်ဘူး။ အိပ်ရာဝင်တော့လည်း ပါးစပ်ထဲမှာ ငုံမထားရရင် တစ်ခုခု လိုနေသလိုပဲ” ဟုပြောရင်း ကားပြတင်းမှန်မှ ကွမ်းတံတွေးအား ဖွီးခနဲ ထွေးထုတ်လိုက်သည်။ ထွေးထုတ်လိုက်သည့် အရှိန်ကြောင့် ဘေးမှကပ်မောင်းသည့်ကားကို သွားစဉ်လေသည်။ ပြဿနာဖြစ်လေမည်လား တွေးဆမိသော်လည်း တစ်ဖက်ယာဉ်မှာလည်း ကွမ်းသွေးခြောက်ဗရပွ၊ ကျွန်တော်စီးလာသည့် အငှားယာဉ်သည်လည်း ကွမ်းသွေးဗရပွ။
  မြန်မာတို့၏ ဓလေ့တစ်ခု ဖြစ်ခဲ့သည့် ကွမ်းစားခြင်း ဓလေ့သည် ရှေးယခင်ကတော့ အန္တရာယ်ကင်းစွာ စားသုံးခြင်း၊ စည်းကမ်းရှိစွာ စားသုံးခြင်းဆိုသည့် ပြယုဂ်များဖြင့် ထည်ဝါခဲ့ဟန်တူသည်။ အိမ်တိုင်းအိမ်တိုင်းတွင် ကွမ်းအစ်ကြီးများဖြင့် နေအိမ်သို့ လာရောက်သည့် ဧည့်သည်များအား တည်ခင်းသလို ကျေးရွာတစ်ရွာ၏ အလှဆုံးဖြစ်သော အမျိုးသမီးငယ်သည် နေထိုင်သည့်ရပ်ရွာ၏ အလှူပွဲ၊ မင်္ဂလာရှိသော ပွဲများအတွက် ကွမ်းတောင်ကိုင်ဆိုသော ဂုဏ်ပုဒ်ဖြင့် ထည်ဝါမှုရှိကြောင်း ညွှန်းဆိုနေသည်ဟု ခံစားမိပါသည်။
ထို့ပြင်
ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးပြုပုံ
ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးပြုပုံ
(၁) အဆိပ်ပြေစေပါတယ်
(၂) ဝမ်းမှန်မှန် သွားစေပါတယ်
(၃) အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ်
(၄) ကိုယ်အလေးချိန် လျော့ကျစေပါတယ်
(၅) သွေးဖိအားကို ထိန်းပေးပါတယ်
(၆)ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်
(၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ်
တစ်ခြား အကျိုးကျေးဇူး
သတိထားဖွယ် ငရဲနံ့သင်းနေသော အလှူ
အလှူ ဒါနပြုခြင်းသည် ကုသိုလ်ရရန်ဖြစ်၏။ အလှူ ပွဲ၌ ကြက်၊ ဝက်၊ နွားများကို သတ်၍ ကျွေးမွေးခြင်းဖြင့် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿ     ဆိုသကဲ့သို့ ဖြစ်၏။ အလှူရှင်သည် ပင့်သံဃာ၊ ဖိတ်ထားသော ပရိသတ်အတွက် လောက်လောက်ငင ဖြစ်စေရန် ကြက်က ဘယ်နှစ်ကောင်၊ ဝက်က ဘယ်နှစ်ကောင် သတ်၍ ကျွေးရမည်ဟု စိတ်ကိုဖြစ်စေ၏။ မလှူ မီကပင် မနောကံအကုသိုလ်များ ဖြစ်နေသည်။ တစ်ဖန် အလှူ ပွဲရောက်သောအခါ သတ္တဝါများကို မိမိကိုယ်တိုင် မသတ်စေကာမူ သင့်တော်မည့် ပုဂ္ဂိုလ်များကို သတ်ရန် ပြောဆိုစေခိုင်းရပြန်သည်။ ထိုအခါ ဝစီကံ အကုသိုလ်က ဖြစ်ရပြန်သည်။
တစ်ဖန်ဟင်းလျာများ ရရှိရေးအတွက် ရှေးဦးစွာ ကိုယ်တိုင်အားထုတ်ရ၏။ ကြက်၊ ဝက် ရနိုင်သည့်နေရာသို့ သွားရ၏။ အရောင်းအဝယ်ကိစ္စဆောင်ရွတ်ရ၏။ တန်ဖိုးကိုပေးချေရ၏။ ထိုအခါ ကာယကံအကုသိုလ် ဖြစ်တော့၏။
အလှူရှင်သည် ကောင်းမှုပြုမည်ဟု နှလုံးသွင်းကာ မကောင်းမှုကို ပြုဘိ၏။ ကုသိုလ်ပြုအံ့ဟူ၍ အကုသိုလ်ကို ပြုနေ၏။ သုဂတိလမ်းကြောင်းကို ရှာမည်ဟုကြံစည်လျှက် ဒုဂ္ဂတိလမ်းကြောင်းကို ရှာမှီးနေဘိ၏။
မှတ်ချက်။ ။
969 အဖွဲ့အစည်း ဆိုတာ
၉၆၉ဟူသည်
ခရစ်ယာန်မုန်းရန်တရားမဟုတ်ပ
၉၆၉ဟူသည်
ဟိန္နူမောင်းရန် တရားမဟုတ်ပါ
၉၆၉ဟူသည်
မူစလင်သတ်ရန် တရားမဟုတ်ပါ
၉၆၉ဟူသည်
ဗုဒ္ဓဘာသာတည်းဟူသော
မိခင်ဘာသာ
မြန်မာဆိုသည့် မိမိလူမျိုးအား
အွန်လိုင်းပေါ်မှာ မိမိ အင်္ဂလိပ် စာ အရည်အသွေး အခမဲ့ စစ်ဆေးဖို့
အွန်လိုင်းပေါ်မှာ မိမိ အင်္ဂလိပ် စာ အရည်အသွေး အခမဲ့ စစ်ဆေးဖို့
အွန်လိုင်းပေါ် ကနေ မိမိရဲ့ အင်္ဂလိပ်စာ အရည်အသွေး စစ်ဆေး လို့ရ တဲ့ လေ့လာ သင်ကြားလို့ ရတဲ့ ဝဘ်ဆိုဒ်တွေ အများကြီးပါ။
အင်္ဂလိပ် စာကို Self study လုပ်အား ကောင်းသူများ အနေနဲ့ အွန်လိုင်း ကနေ လေ့လာတာ အကောင်းဆုံး ဖြစ်ပါတယ်။ အများစု ကတော့ Reading, Writing, Grammar နဲ့ Listening တို့ကို ရနိုင်ပြီး Speaking ကတော့ ကိုယ်တိုင် ပြောကျင့် ရှိမှ ရပါမယ်။
www.grammarmechanics.com/hptest.swf
www.learn4good.com/languages/english_level.htm
www.dailywritingtips.com/grammar-test-1
www.englishleveltest.com
www.cambridgeenglish.org/test-your-english
www.test-my-english.com
ဒီတော့
မင်းကွန်းဆရာတော်ကြီး၏ကိုရင်လေးများအပေါ်ရှုမြင်ချက်
မင်းကွန်းဆရာတော်ကြီး၏ကိုရင်လေးများအပေါ်ရှုမြင်ချက်
  တစ်နေ့ပေါ့
  နေ့လည်ပိုင်း၂နာရီလောက်စာအံနားတော့ ကျောင်းသားကိုရင်များဆော့ကစားနေကြ
  ဆရာတော်ကြီးမန္တလေးကပြန်အကြွနဲ့ဆုံတော့--
  ဆရာတော်ကြီးကဘာပြောလိုက်တယ်ထင်ပါသလဲ
  “ကိုရင်တို့ ဒီအနားမဆော့ကြနဲ့ တပည့်တော်ကျောင်းနားကပိုပြီးကျယ်တယ် အဲဒီမှာလာဆော့ကြ"တဲ့၊၊
  စပ်မိရင်ပြောနေကျ
  ကိုရင်လေးများဆော့ကစားတာကိုအပြစ်မမြင်ကရုဏာအလှ
  ပွင့်အံထွက်လာသောစကားလုံးချိုမြ
  ဘာတဲ့ကွယ်
စာစီစာရိုက်သမားများအတွက် အသုံးဝင်မည့် Addon တစ်ခု
အကယ်၍ ဒီပိုစ့်ကို ဖတ်နေတဲ့ သူတစ်ယောက်ဟာ microsoft office 2003 သုံးပြီးတော့ 2007 ဒါမှမဟုတ် 2010 ကို ပြောင်းသုံးလိုက်လို့ ဗားရှင်း အပြောင်းအလဲမှာ user interface အပြောင်းအလဲကြောင့် ကိုယ်သုံးနေကြ အရာတွေ ဘယ်နေရာမှာလဲ ဆိုတာကို မတွေ့လို့ စိတ်ရှုပ်တက်သူဆိုရင် သူ့အတွက်တော့
ဒီပို့စ်ကိုဖတ်လိုက်တာနဲ့ အရမ်းကို အသုံးကျမယ် နည်းတစ်ခုကိုတွေ့ရမှာပါ
ဥပမာ ကိုယ်က စာရွတ်ထဲကို
အင်တာနက်ကို တည်ထောင်သူပြောတဲ့ သူ့ဘဝရဲ့ တစ်စိတ်တစ်ဒေသ
အင်တာနက်ကို တည်ထောင်သူပြောတဲ့ သူ့ဘဝရဲ့ တစ်စိတ်တစ်ဒေသ
လက်ရှိ အသုံးပြုနေသော အင်တာနက်ကို တည်ထောင်သူ ဘယ်သူလည်း ဆိုတာနှင့် ၎င်း၏ ကိုယ်ရေးရာဇဝင် တစ်ချို့ကို ဗဟုသုတ အနေဖြင့် ရေးသားပေး လိုက်ရပါတယ်။
အင်တာနက်ကို တည်ထောင်သူ၏ နာမည်ကတော့ Tim Berners Lee ဖြစ်ပါတယ်။ ၁၉၅၅ ခုနှစ် London မှာ မွေးဖွားခဲတယ်လို့ သိရပါတယ်။ သူဟာ ငယ်စဉ်ကတည်းက အီလက်ထရောနစ် ပညာကို စိတ်ပါဝင်စားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်တွင် Physics မေဂျာဖြင့် Oxford တက္ကသိုလ်မှ ဖွဲ့ရရှိခဲ့ပါတယ်။
ဒါ့အပြင် သူသည်
ကား!!!!!!!!
'ကို'
'အင်း...'
'အခုခေတ် ၈တန်း ၉တန်းကလေးတွေက Facebook ပေါ်မှာ သိပ်စပ်စလူး ထတာပဲနော်'
'အင်း ... သူတို့က Honda Fit လေးတွေလေ ... အကောင်သေးပီး လှစ်လှစ် လှစ်လှစ်နဲ့' (^_^)
'၁၀တန်းပီးကာစ ကောင်မလေးတွေလဲ ဂေါတယ်နော်'
'အင်း သူတို့က Taxi လေ ... လူတိုင်းစီးကြတယ် ... တခါတလေ လူပိုတောင်ခေါ်တင်ကြတယ် .. နားလည်မှု လေးတွေနဲ့'
'အော်.. ဒါဆို ၁၈ ၁၉ လေးတွေကရော..?'
'သူတို့ကတော့ Lamborgini ပေါ့ကွာ.. လူတိုင်းလဲမစီးနိုင်ဘူး ဈေးလဲကြီးတယ် စီးနိုင်တဲ့ကောင်လဲ ဆီဖိုးနဲ့မွဲမှာ'
'ဒါဆို ၂၀-၂၁ ကောင်မလေးတွေရော??'
သင့်အသည်းကျန်းမာလာစေရန် နည်း (၇) သွယ်
သင့်အသည်းကျန်းမာလာစေရန် နည်း (၇) သွယ်
=========================
၁။ ရေများများသောက်ပါ
တစ်ရက်လျှင် ရေသန့် ၈-၁၀ ဖန်ခွက်ခန့်သောက်ပါ။ ၎င်းကသင့်ရဲ့ အသည်းထဲက အဆိပ်အတောက်တွေကို ခန္ဓာကိုယ်အပြင်ရောက်အောင် ထုတ်ပေးပါလိမ့်မယ်။ မိုးလင်းပြီဆိုတာနဲ့ သံပရာရည်ခွက်ကြီးတစ်ခွက်နဲ့ စတင်လိုက်ခြင်းက သင့်အသည်းရဲ့ အဆိပ်အတောက်ထုတ်ပစ်မှုကိုများစွာ အထောက်အကူဖြစ်စေပြီး သံပရာရည်ထဲမှာပါသည့် Citric acid က သည်းခြေ ရည်ယိုထွက်စေကာ ယင်းကလည်း အဆိပ်အတောက်များကို ထွက်စေရန် ကူညီလေသည်။
၂။အရွက်ဖားဖားအသီးအရွက်များ စားပေးပါ
အထူးသဖြင့် အစိမ်းရောင် အရွက်တွေဖြစ်တဲ့ ဂေါ်ဖီထုပ်၊ ကိုက်လံ စသည့်အရွက်များ၊ မုန်လာဥ၊ ဥနီ စသည့် အသီးအရွက်များအား အနည်းဆုံးတစ်ရက် နှစ်ကြိမ်စားသင့်ပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီစိမ်းတွေက ဆာလဖာ ပိုမိုပါဝင်ပြီး အသည်းမှ အဆိပ်အတောက်များကို ထုတ်ပစ်ရာမှာ အဓိကကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အသည်းမှ အဆိပ်အတောက် ဖယ်ထုတ်ရာမှာ ညီညွှတ် မျှတတဲ့ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ လိုအပ်ပါတယ်။
၃။အနည်းငယ်နှိပ်ပေးပါ
လဲလျောင်းနေစဉ်မှာ သင့်ရဲ့ ၀မ်းဗိုက်ညာဘက်အပေါ်ခြမ်းအသည်းနဲ့သည်းခြေအိတ်တစ်ဝိုက်ကို ဖြေး ဖြေးနှိပ်ပေးပါ။ ယင်းက အသည်းကို သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။
၎။သင့်ရဲ့အသည်းကို ၀န်ထုတ်ဝန်ပိုး မဖြစ်ပါစေနဲ့
အရက်၊ဘီယာ၊ အကိုက်အခဲ ပျောက်ဆေးတွေကို မလိုအပ်ဘဲ မသောက်သင့်ပါဘူး။ ယင်းက အသည်းဖျက်ဆီးခြင်းနဲ့အသည်းရောဂါတွေ ဖြစ်စေပါတယ်။
၅။အသည်းကို အထောက်အပံ့ပေးတဲ့ဖြည့်စွက်စာတွေ စားပါ။
နနွင်း 45mg ၊ ဒုစလီမြစ်မှ အရည် 400 mg သို့မဟုတ် နွားနို့ 400mg နေ့စဉ် သောက်သင့်ပါတယ်။ ဒုဝလီမြစ်အား လက်ဖက်ရည်ကြမ်းထဲတွင်လည်း ထည့်၍ သောက်သုံးနိုင်သည်။
၆။ လုံလောက်သောသတ္တုဓာတ်အား ရရှိပါစေ
အသည်းမှ အဆိပ်အတောက် ဖယ်ထုတ်ရာတွင် သတ္တုဓာတ်က အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လေသည်။ အထူးသဖြင့် မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ ဆိုဒီယမ်၊ အိုင်းရွန်း၊ ဇင့်၊ ဆယ်လီနီယမ်၊ မဂ္ဂနီစ်တွေ ပါဝင်တဲ့ အားဆေးတွေ၊ အာဟာရတွေကို သောက်သုံးသင့်ပါတယ်။
===================================
လွင်သန္တာစိုး Credit To>မိုင်ကိ< Thanks
http://www.facebook.com/lwinthandarsoe
သင့်အသည်းကျန်းမာလာစေရန် နည်း (၇) သွယ်
=========================
၁။ ရေများများသောက်ပါ
တစ်ရက်လျှင် ရေသန့် ၈-၁၀ ဖန်ခွက်ခန့်သောက်ပါ။ ၎င်းကသင့်ရဲ့ အသည်းထဲက အဆိပ်အတောက်တွေကို ခန္ဓာကိုယ်အပြင်ရောက်အောင် ထုတ်ပေးပါလိမ့်မယ်။ မိုးလင်းပြီဆိုတာနဲ့ သံပရာရည်ခွက်ကြီးတစ်ခွက်နဲ့ စတင်လိုက်ခြင်းက သင့်အသည်းရဲ့ အဆိပ်အတောက်ထုတ်ပစ်မှုကိုများစွာ အထောက်အကူဖြစ်စေပြီး သံပရာရည်ထဲမှာပါသည့် Citric acid က သည်းခြေ ရည်ယိုထွက်စေကာ ယင်းကလည်း အဆိပ်အတောက်များကို ထွက်စေရန် ကူညီလေသည်။
၂။အရွက်ဖားဖားအသီးအရွက်များ စားပေးပါ
အထူးသဖြင့် အစိမ်းရောင် အရွက်တွေဖြစ်တဲ့
အရွယ်တင် နုပျိုလိုသူတိုင်း ညဘက်လုပ်သင့်သည့် အသားအရေ ထိန်းသိမ်းနည်း
တစ်နေ့လုံး အလုပ်မှာ ပင်ပင်ပန်းပန်း လုပ်ခဲ့ရ၊ ကလေးတွေကို ထိန်းခဲ့ရ၊ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ ထိတွေ့ခဲ့ရ….. ဒီလိုအချက်တွေကြောင့် ကျွန်မတို့ရဲ့ အသားအရေဟာ ထိခိုက် ညစ်နွမ်းနေနိုင်ပါတယ်။ ဒီလို ထိခိုက်ပျက်စီးတာ အချိန်ကြာလာရင် အသားအရေ အိုမင်းလာပြီး အရွယ်မတိုင်ခင် အိုမင်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အသားအရေကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။
ညဘက်မှာ အသားအရေ ထိန်းသိမ်းမှု လုပ်တာကြောင့် အရေပြားရဲ့ တင်းအားနဲ့ အရောင်ကို ကောင်းမွန်စေနိုင်ပြီး အရေပြား အပြစ်အနာအဆာတွေကို လျော့ကျစေကာ အရေပြားကို စိုပြည်တင်းရင်း လှပစေပါတယ်။ ညဘက်မှာ အသားအရေကို ကောင်းကောင်းထိန်းသိမ်းမှု လုပ်တာကြောင့် အရေပြားကို လေဝင်လေထွက် ကောင်းစေပြီး အနာကျက်စေကာ အရေပြားကို တင်းရင်းလှပစေပါတယ်။ အောက်ပါတို့က ညဘက် အသားအရေ ထိန်းသိမ်းနည်းအတွက် အခြေခံအချက်တွေ ဖြစ်ပါတယ်။
ဝချင်သူများအတွက်
လူအများစုက ခန္ဓာကိုယ်ဝနေလို့ ပိန်ချင်ကြပေမယ့်၊ လူနည်းစုကတော့ ဘယ်လောက်စားစား ၀ိတ်တက်မလာဘဲ ပိန်မြဲတမ်းသာ ပိန်လို့ စိတ်ညစ်နေကြရပါတယ်။ မိမိရဲ့ အသက်အရွယ်၊ အရပ် အနိမ့်/အမြင့် နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်ရှိမှသာ ကျန်းမာ တယ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။
ပိန်သူများ ၀လာအောင်လုပ်ခြင်းကလည်း၊ ၀နေသူများ ကိုယ်အလေးချိန်နဲ့ အဆီတွေလျော့ချ ရသလို လွန်စွာခက်ခဲပါတယ်။ ပြည့်စုံလုံလောက်တဲ့ အစားအစာမမှီဝဲခြင်း၊ စားသောက်မှုပုံစုံမမှန်ခြင်း၊ တစ်ကြိမ်နဲ့ တစ်ကြိမ် အစာစားချိန်ဝေးကွာလွန်းခြင်း၊ အာ ဟာရပြည့်ဝစေတဲ့ အစားအစာကိုမရွေးချယ်တတ်ခြင်းတို့ က လူကိုပိန်စေနိုင်သလို၊
ဦးနေဝင်း ( 1910 – 2002)
Photo: ဦးနေဝင်း ( 1910 – 2002)
ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ တွင် တိုင်းပြည်အာဏာသိမ်းယူခဲ့ပြီး ၁၉၈၁-ခုနှစ်၊ နိုဝင်ဘာလ ၉-ရက်နေ့အထိ နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည်။
ငယ်စဉ်ဘဝ
သခင်ရှုမောင်၊ (ခ) ဗိုလ်နေဝင်း၊ ပြည်မြို့ အနီးရှိ ပေါင်းတလည်မြို့၌ ၆ ဇူလိုင် ၁၉၁၀ ပြည့်နှစ်တွင် မွေးဖွားသည်။ ငယ်နာမည် ရှုမောင် ဖြစ်သည်။ တရုတ်ကပြားစပ် တစ်ဦးဖြစ်သည်။ ၁၉၂၉ နှစ်ဦးပိုင်းတွင် ရန်ကုန် တက္ကသိုလ် တွင် ဇီဝဗဒေ ဘာသာရပ်ကို သင်ကြားခဲ့ပါသည်။ ကိုရှုမောင်သည် ဂျပ်ဆင် ကောလိပ်တွင် တက်ရောက် ပညာသင်ကြားခွင့် ရခဲ့သော်လည်း ၁၉၃၁ ခုနှစ်တွင် ဘွဲ့မရဘဲ ကျောင်းထွက်ခဲ့ရပြီး၊ ယခင်ချာချီလမ်း (ယခု ကိုယ့်မင်းကိုယ်ချင်းလမ်း) ရှိ ရန်ကုန်မြို့၊ ဆင်ခြေဖုံး ရပ်ကွက် စာတိုက်ခွဲတခုတွင် အငယ်တန်းစာရေးလေး ဖြစ်ခဲ့သည်။ ထိုသို့ စာတိုက်စာရေး၊ ထို့နောက် သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့၏ နောက်လိုက် ဘဝမှ ရဲဘော်သုံးကျိပ်ဝင် ဖြစ်လာပြီး၊ သခင် ရှုမောင် မှ ဗိုလ်နေ၀င်း ဟုအမည်ပြောင်းလဲခဲ့သည်။ ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ် အထိ ဗမာ့အမျိုးသား တပ်မတော်၏ စစ်ဦးစီးမှူး ဖြစ်သည်။ ဗမာ့အမျိုးသား တက်မတော် တွင် Commander အဖြစ်ဖြင့် ဂျပန်များ နှင့် အလံနီကွန်မြူနစ် ပါတီတို့ကို ချေမှုန်းခဲ့သည်။ ၁၉၅၈ အောက်တိုဘာလ ဖဆပလ နှစ်ချမ်းကွဲချိန်တွင် ဦးနေ၀င်းသည် အိမ်စောင့်အစိုးရ အဖြစ်ဖြင့် အာဏာသိမ်းယူကာ ၁၉၆၀ ဧပြီလတွင် အနိုင်ရ ပါတီ ဖြစ်သော သန့်ရှင်းဖဆပလ ကို အာဏာလွှဲ ပြောင်းပေးခဲ့သည်။
၁၉၁၁ ခုနှစ်တွင် မွေးဖွားခဲ့သည့် တရုတ်-မြန်မာ ကပြားဖြစ်သူ ငယ်နာမည် ရှုမောင် (ခေါ်) ဦးနေဝင်းသည် ဦးနုထက် ၄ နှစ်ငယ်ပြီး ဗိုလ်ချုပ်အောင်ဆန်းထက် ၅ နှစ်ကြီးသူ ဖြစ်သည်။ ဖက်ဆစ်ဂျပန် တော်လှန်ရေး ပြီးနောက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးကို ဇောက်ချလုပ်နိုင်ရန် အတွက် ဗမာ့ တပ်မတော်မှ နှုတ်ထွက်သွားသော အခါ မဟာမိတ် တပ်ပေါင်းစု သေနာပတိချုပ် 'လောဒ့်လူးဝစ် မောင့်ဘက်တန်' အား မြန်မာ့ တပ်မတော်သစ်တွင် မြန်မာတို့ဘက်မှ ထိပ်တန်း ရာထူး နေရာအတွက် ဗိုလ်လင်္ကျာကို ထောက်ခံ အမည် ပေးခဲ့သည်။ ဗိုလ်နေဝင်းကို မဟုတ်ခဲ့ချေ။ တချိန်တည်း၌ပင် ဗိုလ်လက်ျာ၏ လုပ်ဖော်ကိုင်ဖက် နေရာကို ယူရန်အတွက် အမြဲတမ်း ဗမာ့တပ်မတော်မှ အဆင့်အမြင့်ဆုံး ကရင် အရာရှိ ဖြစ်သည့် ဗိုလ်မှူးကြီး စောကြာဒိုး ကို ခန့်အပ်ရန် စဉ်းစားပေးစေလိုကြောင်း မေတ္တာ ရပ်ခံခဲ့လေသည်။
ထို့ကြောင့် ရဲဘော်သုံးကျိပ် အဖွဲ့ဝင် ဖြစ်ပင် ဖြစ်သော်ငြားလည်း ဦးနေဝင်းသည် ၁၉၄၆ ခုနှစ်၊ နောက်ပိုင်းကျမှသာ ယှဉ်ပြိင်သူများကို ရက်ရက်စက်စက် ဖယ်ရှားပြီး ထိပ်ပိုင်းနေရာသို့ မရမနေ စတင် တက်လှမ်းလာနိုင်ခဲ့ခြင်း ဖြစ်သည်။ ၁ သြဂုတ်လ ၁၉၄၈ တွင် နေဝင်းအား ဒု-စစ်ဦးစီးချုပ်နှင့် ဒု-သေနာပတိ (တပ်ပေါင်းစု) အဖြစ် ခန့်အပ်ခဲ့ပြီး၊ ၁၃ သြဂုတ်တွင် 'ဗိုလ်ချုပ်' အဆင့်သို့ ရာထူး တိုးမြှင့်ပေးခဲ့သည်။ ၁ ဖေဖော်ဝါရီ ၁၉၄၉ တွင်မှ ဗမာ့ တပ်မတော် စစ်သေနာပတိချုပ် အဖြစ် တာဝန် ပေးအပ်ခဲ့ပြီး၊ ၃ မတ်မှာမှ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် ရာထူး ရခဲ့သည်။ ၁ ဇန်နဝါရီ ၁၉၅၆ တွင် ဗိုလ်ချုပ်ကြီး ရာထူး တိုးမြှင့်ပေးခြင်း ခံရသည်။
ထို့အပြင် လွတ်လပ်ရေး ရပြီးနောက် ကွန်မြူနစ်များ၊ ပြည်သူ့ ရဲဘော်များ တောခိုသွားပြီး အမှတ် (၁) နှင့် အမှတ် (၃) ဗမာ့ လက်နက်ကိုင်တပ်များ ပုန်ကန်ထကြွသည့် အချိန်တွင် ဗိုလ်နေဝင်း၏ အမှတ် (၄) ဗမာ့ လက်နက်ကိုင်တပ်သည် အစိုးရ အတွက် တခုတည်းသော မှီခိုအားထားရာ အဓိကမဏ္ဍိုင် ကြီးဖြစ်လာခဲ့သည်။ သို့သော်လည်း နိုင်ငံတော် ကာကွယ်ရေးကို တပြည်လုံး ဖြန့်ကျက်ထားနိုင်ရန် အတွက် ဦးတင်ထွဋ်၏ ပြည်ထောင်စု အရန် တပ်ဖွဲ့များ ကဲ့သို့သော တပ်ဖွဲ့ အသစ်များကို ထူထောင်ခဲ့ရသည်။
ထို့နောက် ၁၉၄၉ ခုနှစ်မှ ၁၉၇၂ ခုနှစ် အထိ တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဆောင်ရွက်ကာ၊ ၁၉၆၂ ခုနှစ်တွင် စစ်တပ်ဖြင့် နိုင်ငံတော် အာဏာကို သိမ်းယူခဲ့သည်။ ထို့ကြောင့် ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် အထိ တော်လှန်ရေး ကောင်စီ၏ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ် အထိ ဆိုရှယ်လစ်နိုင်ငံ သမ္မတ အဖြစ် လည်းကောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ပြိုင်ဝံ့သူမရှိ ဆောင်ရွက်ခဲ့သည်။
မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ရာထူးမှ နောက်ဆုံး နုတ်ထွက်သည့် ၁၉၈၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ တိုင်အောင် ဗိုလ်ချုပ်ကြီး နေဝင်း၏ (၂၆) နှစ်တာ အာဏာရှင် အုပ်စိုးမိုးမှု ကာလ အတွင်း ပထမဆုံးမှ နောက်ဆုံးအထိ ဗိုလ်ချုပ်ကြီး နေဝင်းသည် မည်သို့သော ပြိင်ဆိုင်မှုနှင့် ဆန့်ကျင်မှုကိုမျှ လက်သင့် မခံခဲ့ချေ။ သူ အာဏာရယူပြီး မကြာမီပင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများက အနည်းငယ်မျှ ဆန့်ကျင်မှု ပြုရာတွင် သူ၏ အမိန့်အာဏာကို သူက ကြေညာပြခဲ့သည်။ သူ၏ လက်မရွံ့ စစ်ဗိုလ် ဗိုလ်မှူးကြီး စိန်လွင်က သူ၏ အမိန့် (တပ်မတော်ကို ထိလာရင် ဓားဓားချင်း၊ လှံလှံချင်း ရင်ဆိုင်မယ်) အတိုင်း လက်နက်မဲ့ ကျောင်းသား လူငယ်များကို ရာနှင့်ချီ၍ သတ်ဖြတ် ပစ်ခဲ့သည်။ အမှန်မှာမူ သူ့ကို ထိလာလျှင် တုံ့ပြန် လက်စားချေရန် ဆိုလိုရင်း ဖြစ်သည်။ ဇူလိုင်လတွင် ရာထူးမှ နုတ်ထွက်သော အခါတွင်လည်း "တနိုင်ငံလုံးက လူထုတွေကိုပြောမယ်၊ ဆူဆူပူပူ လုပ်လို့ ရှိရင်တော့ စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်" ဟု အားကိုးရာမဲ့ တိုင်းသူပြည်သားများအား ကြိမ်းဝါး၍ စစ်တပ်အား လမ်းညွှန် သွားခဲ့သေးသည်။ နောက် ၂ လ အတွင်းတွင် 'သတ်မတော်' အဖြစ် သူပြောင်းလဲခဲ့သော တပ်မတော်သည် မိမိတို့ သွေးရင်းသားရင်း ပြည်သူများကို ထောင်နှင့်ချီ၍ မညှာမတာ သတ်ဖြတ်ပစ်ပြီး သူ့ မိန့်ကြားချက်ကို ချက်ချင်း အကောင်အထည်ဖော် အတည်ပြုပေးခဲ့သည်။
အာဏာရှင်က သူ၏ မဆလ ဥက္ကဋ္ဌ ရာထူးနှင့် ဗိုလ်ချုပ်ကြီး စန်းယု နုတ်ထွက်ပေးထားသော သမ္မတ ရာထူးတို့ကို သူ၏ အရင်းနှီးဆုံး ခြံပေါက်များ ဖြစ်သည့် ပထမဦးစွာ စိန်လွင် (၂၀ ရက် သက်တမ်း) နှင့် ထို့နောက် ဒေါက်တာမောင်မောင် (၃၀ ရက် သက်တမ်း) တို့ထံ မသိမြဲ မသိဘာသာဖြင့် လက်လွှဲပေးခဲ့သည်။ နိုင်ငံသားများက အုံ့ကလာရာတွင် နေဝင်းကိုယ်တိုင် တပ်မတော်၏ ထိပ်ပိုင်း ဗိုလ်ချုပ်များနှင့် အရာရှိများကို ဆင့်ခေါ်ပြီး အမြင့်ဆုံး ရာထူးရှင် ဗိုလ်ချုပ်ကြီး စောမောင်ကို စက်တင်ဘာ ၁၈ ရက်တွင် အာဏာသိမ်းခိုင်းပြီး နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ငြိမ်ဝပ်ပိပြားရေး ကောင်စီ (ယခု နအဖ - နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အဖြစ် အမည်ပြောင်းထား) ကို ဖွဲ့စည်းစေခဲ့သည်ဟု ယုံကြည်ရသည်။
ရှုမောင်သည် အငယ်တန်း စာရေးလေး အဖြစ် အလုပ်လုပ်ဖက် ဒေါ်တင်တင်ကို ၁၉၃၀ ခုနှစ်လည်တွင် လက်ထပ်ခဲ့ပြီး သား ၂ ဦး ထွန်းကားခဲ့သည်။ သူတို့ ကွဲပြီးနောက် မနာလို ဝန်တိုပြီး ဒေါသနှင့် အာဃာတတရား ကြီးမားလှသည့် ဗိုလ်ချုပ်ကြီး နေဝင်း အဖြစ် မစ္စစ် ကေတီတောင်ကြီး (ခ) ကေတီဘသန်း (ခ) ခင်မေသန်းကို ၁၉၅၀ ခုနှစ် အစောပိုင်းတွင် လက်ထပ်ခဲ့သည်။ သူ့တွင် သမီး သုံးဦး ပါရှိလာခဲ့ပြီး နေဝင်းနှင့် သမီး ၂ ယောက်၊ သား ၁ ယောက် ရရှိခဲ့သည်။ သူသည် ၁၉၇၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ၁၉၇၀ ခုနှစ်လည်တွင် ဒေါ်ကြာဆန်ဟု ခေါ်သော ရခိုင် အမျိုးသမီး တဦးကို ဇနီးမယား ပြုခဲ့သည်ဟု ကောလာဟလ ဖြစ်ခဲ့သည်။ ကုန်းဘောင်မင်းဆက်မှ ဘုရင် မင်းတုန်းမင်း၏ မြစ်တော်သူ ဂျွန်ရို့စ် ဘယ်လာမီ (June Rose Bellamy) (ခ) ရတနာနတ်မယ်ကို ၁၉၇၅/၇၆ ခုနှစ်တွင် တရားဝင် လက်ထပ်ခဲ့ပြန်သည်။ ယင်းအိမ်ထောင်မှာလည်း ခေတ္တမျှသာ ခံပြီး အိမ်တွင်း ရန်ဖြစ်မှု အတွင်း ဆေးလိပ်ပြာ ဖန်ခွက်ဖြင့် ပစ်ပေါက်မှုနဲ့ အဆုံးသတ် သွားခဲ့သည်။ မည်သူက စပစ်ပေါက်သည်နှင့် ပတ်သက်၍ သတင်းပြန့်ပွားမှု အတွင်း ဝိဝါဒ ကွဲလွဲမှုများ ရှိခဲ့သည်။ နောက်ဆုံး သိရှိရသည့် လက်ထပ်ထိမ်းမြားမှုမှာ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှ သုတေသန ကထိက ဒေါ်နီနီမြင့်နှင့် ဖြစ်သည်။ သူ့နှင့် ကွဲပြီး ပြန်လည် လက်ထပ်ပြန်သည့် အတွက် ယင်းကို နှစ်ကြိမ်ဟု တွက်လျှင် စုစုပေါင်း (၆) ကြိမ် ရှိသည်။
၂၀၀၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့၌ နေဝင်း၏ ကြာမြင့်လှသော တဦးတည်း စစ်အာဏာရှင် အုပ်စိုးမှုသည်လည်း နောက်ဆုံးတွင် အပြီးတိုင် လုံးဝဥဿုံ ပြိုကျ ပျက်ဆီးသွားခဲ့ပြီး၊ သူ့မိသားစုသည်လည်း အလားတူ ကျဆုံး သွားရတော့သည်။ သူ၏ အချစ်ဆုံး သမီး ခင်စန္ဒာဝင်း၏ ယောက်ျား အေးဇော်ဝင်းနှင့် သူတို့၏ သားသုံးဦး ဖြစ်သူ အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့မှာ မအောင်မြင်သော အာဏာသိမ်းရန် ကြံစည်မှုဖြင့် ဖမ်းဆီး ခံခဲ့ကြရသည်။ ထိုအမှုတွင် ခင်စန္ဒာဝင်းလည်း အတွင်းကျကျ ပါဝင် ပတ်သက်ခဲ့သည်ဟု ဆိုသော်လည်း အစွပ်စွဲခံရသော ယောက်ျား ၄ ဦးကိုသာ ထောင်ထဲ ဆွဲသွင်းခဲ့ပြီး စန္ဒာဝင်းနှင့် သူ့၏ အဖေ အာဏာရှင်အိုကြီးကို အိမ်တွင်း အကျယ်ချုပ် ချခံခဲ့ကြရသည်။ နိုင်ငံတော် အာဏာကိုသိမ်းရန် ပူးပေါင်း ကြံစည်မှုဖြင့် တရားစွဲခံရသူ ၄ ဦးကို ၉ လကြာ နိုင်ငံတော် ပုန်ကန်မှုဖြင့် စစ်ဆေး တရားစီရင်ကာ သေဒဏ် အပြစ် ပေးခဲ့သည်။ သူတို့အား စီရင်မည့်ရက်ကို မသတ်မှတ်သေးသော်လည်း၊ သူတို့မှာ သေဒဏ်ကျခံရန် ထောင်တွင်း တနေရာတွင် ရှိနေဆဲ ဖြစ်သည်။ ထို့နောက် အာဏာရှင်အိုကြီးမှာ အကျယ်ချုပ် ကျနေစဉ် ၂၀၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၌ ရန်ကုန်မြို့ နေအိမ်တွင်ပင် သေဆုံးသွားသည်။
အာဏာသိမ်းခြင်း
တော်လှန်ရေးကောင်စီ အမည်တွင်သော ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်သည် ဝန်ကြီးချုပ် ဦးနု ဦးဆောင်သော ဖဆပလ အစိုးရထံမှ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ မှာ အာဏာသိမ်းခဲ့သည်။
နိုင်ငံခေါင်းဆောင်ကာလ
မြန်မာနိုင်ငံ ၀န်ကြီးချုပ်အဖြစ် ၁၉၅၈ မှ ၁၉၆၀ ခုနှစ်အထိ ၎င်း၊ ၁၉၆၂ မှ ၁၉၈၈ အထိ နိုင်ငံတော်သမ္မတ၊မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌ၊နိုင်ငံတော်ကောင်စီ ဥက္ကဌ တာဝန်များ ကိုထမ်းဆောင် ခဲ့ပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို ဖွဲစည်း တည်ထောင် ခဲ့သူလည်းဖြစ်ပါသည်။ ၁၉၆၂ တွင် တော်လှန်ရေးကောင်စီ အာဏာရလာကာ ဗိုလ်ချုပ်ကြီးနေ၀င်းသည် ၀န်ကြီးချုပ်ဖြစ်လာခဲ့သည်။ သွေးမြေမကျ တော်လှန်ရေးဟု ကမ္ဘာမီဒီယာများမှ ဖော်ပြခဲ့သော်လည်း သမ္မတဟောင်း စဝ်ရွှေသိုက် ၏သားငယ်မှာ စစ်သားတစ်ဦး၏ သေနတ်ဒဏ်ကြောင့် ကွယ်လွန်ခဲ့သည်။ ၁၉၆၂-တွင် တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြကြရာ တက္ကသိုလ်ကျောင်းသားတစ်ရာကျော်မျှ ပစ်ခတ်ခံရကာ ကျောင်းသားသမဂ္ဂအဆောက်အဦး လည်းပျက်စီးခဲ့ရသည်။ ထိုနေ့ညနေ ၈ နာရီ တွင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် “ဆူပူလှုပ်ရှားမှုများ ရပ်တန့် ခြင်းမရှိပါက ဓါးကိုဓါးဖြင့် သော်၎င်း၊ ၊ လှံကိုလှံဖြင့် သော်၎င်း တုန်ပြန်မည်”ဟု ၅-မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၂၆နှစ်ကြာ ၊ ၁၉၈၈ တွင် ဦးနေ၀င်းမကျောင်းသားသမ္မက အဆောက်အဦးကို မိုင်းခွဲရန် စေခိုင်းသူမှာ သူမဟုတ်ရပါကြောင်း ၊ ဗိုလ်အောင်ကြီးသာ တရားခံဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်
မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ် ဆိုသည်မှာ ဦးနေ၀င်းမှ ရေးဆွဲထားသော စနစ်တစ်ခုဖြစ်သည်။ ဦးနေ၀င်းသည် “မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကိုတည်ထောင်ကာ တစ်ပါတီစနစ်ဖြင့် ၁၉၆၂ မှ ၁၉၈၈ အထိ အုပ်ချုပ်ခဲ့သည်။ ထိုအစိုးရသည် နိုင်ငံရေးသမားများကို ထောင်သွင်း အကျဉ်းချခြင်း အပါအ၀င် တိုင်းရင်းသားများ နှင့် ကွန်မြူနစ်များကို စစ်တပ်ဖြင့် ချေမှုန်းခဲ့သည်။ ၁၉၇၄ မတ်လ ၂ ရက်နေ့တွင် “ပြည်ထောင်စု ဆိုရှယ်လစ် မြန်မာနိုင်ငံတော်” အဖြစ် ပြောင်းလဲဖွဲ့စည်းကာ ဗိုလ်ချုပ်စိန်ဝင်းသည် ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၁၉၈၁-ခုနှစ်တွင် ဗိုလ်ချုပ်ကြီးစန်းယုသည် သမ္မတ ဖြစ်လာခဲ့သော်လည်း ၁၉၈၈-ခုနှစ်အထိ ဗိုလ်ချုပ်ကြီးနေ၀င်းသည် ပါတီခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့သည်။
ဗိုလ်ချုပ်ကြီးနေဝင်း၏ မိသားစုဘဝ
အိမ်ထောင်ငါးဆက်ကျခဲ့သည်။
ပထမဆုံး ဒေါ်တင်တင် နှင့် အိမ်ထောင်ကျကာ ဦးငွေစိုး ကို မွေးဖွားခဲ့သည်။
ဒုတိယ ဒေါ်ခင်မေသန်း နှင့် အိမ်ထောင်ကျကာ ဒေါ်ကြေးမုံဝင်း ၊ ဒေါ်စန္ဒာဝင်း တို့ကို မွေးဖွားခဲ့သည်။
ဒေါ်ခင်မေသန်း ၁၉၇၂-နှစ်တွင် ကွယ်လွန် သောအခါ ဒေါ်နီနီမြင့် (တက္ကသိုလ်ဆရာမ)နှင့် လက်ဆက်ခဲ့သည်။
ထို့နောက် ရတနာနတ်မယ်နှင့် အိမ်ထောင်ပြုခဲ့သည်။
နောက်ဆုံး ဒေါ်နီနီမြင့် နှင့် ပြန်လည်အိမ်ထောင်ပြုခဲ့ပါသည်။
ကွယ်လွန်ခြင်း
၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ မနက် ၇ နာရီခွဲခန့်အချိန်တွင် ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း) ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ် ဖြစ်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရသည် ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် လူ (၂၅) ယောက်ခန့်သာ လိုက်ပါ ပို့ဆောင်ခွင့်ပေးခဲ့သည်။ မီးသင်္ဂြိုဟ်ပြီး အရိုးပြာကို ရန်ကုန်မြစ်အတွင်း မျှောခဲ့သည်။
သံဝေဂရဖွယ်
ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ အရ ခုနှစ်ရက်(ရက်သတ္တ တစ်ပါတ်) ထားရှိ ခွင့်မရရှိခဲ့ပေ။ သေဆုံသည့် နေ့ နေ့တွင်းခြင်းပင် သဂြိုလ်ခဲ့ရသည်။ ထို့အပြင် ရဲဘော်သုံးကျိပ်ဝင် ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချူပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး သော ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း) သည် သူ၏ဈာပနကို တပ်မတော်စစ်သချိုင်း (မင်္ဂလာဒုံ) ၌ စစ်အခမ်းအနားဖြင့် ကျင်းပခွင့်လည်း မရရှိခဲ့ပေ။ အဆိုးဝါးဆုံးမှာ အထိမ်းအမှတ် အုတ်ဂူ ပြုလုပ်ခွင့်မရရှိဘဲ မီးသဂြိုလ်ပြီး အရိုးပြာများ ကို ရန်ကုန်မြစ်အတွင်းသို့ မျောချခြင်းကို ခံခဲ့ရသည်။
ထင်ရှားသောလုပ်ဆောင်ချက်များ
ပြည်တွင်းလက်နက်ကိုင်ဆူပူသောင်းကြမ်းမှု့ ကိုအောင်မြင်ခြင်း၊
ကူမင်တန်တရုတ်ဖြူတို့၏ ပြည်ပကျူးကျော်မှု့ကိုအောင်မြင်ခြင်း၊
ဆိုရှယ်လစ်စနစ်ကိုထူထောင်ခြင်း၊
ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများကိုပြည်သူပိုင်သိမ်းယူခြင်း၊
မဟာဝိဇယျစေတီတော်ကိုတည်ဆောက်ခြင်း၊
နိုင်ငံတော်မှလှည့်လှယ်သုံးစွဲနေသောငွေကြေးများကို တရားမ၀င်ငွေစက္ကူများအဖြစ် အကြိမ်ကြိမ်ကြေငြာခဲ့ခြင်း၊
https://sites.google.com/site/myanmarsite1/home/au > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
ဦးနေဝင်း ( 1910 – 2002)
ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ တွင် တိုင်းပြည်အာဏာသိမ်းယူခဲ့ပြီး ၁၉၈၁-ခုနှစ်၊ နိုဝင်ဘာလ ၉-ရက်နေ့အထိ နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည်။
ငယ်စဉ်ဘဝ
သခင်ရှုမောင်၊ (ခ) ဗိုလ်နေဝင်း၊ ပြည်မြို့ အနီးရှိ ပေါင်းတလည်မြို့၌ ၆ ဇူလိုင် ၁၉၁၀ ပြည့်နှစ်တွင် မွေးဖွားသည်။ ငယ်နာမည် ရှုမောင် ဖြစ်သည်။ တရုတ်ကပြားစပ် တစ်ဦးဖြစ်သည်။ ၁၉၂၉ နှစ်ဦးပိုင်းတွင် ရန်ကုန် တက္ကသိုလ် တွင် ဇီဝဗဒေ ဘာသာရပ်ကို သင်ကြားခဲ့ပါသည်။ ကိုရှုမောင်သည် ဂျပ်ဆင် ကောလိပ်တွင် တက်ရောက် ပညာသင်ကြားခွင့် ရခဲ့သော်လည်း ၁၉၃၁ ခုနှစ်တွင် ဘွဲ့မရဘဲ ကျောင်းထွက်ခဲ့ရပြီး၊ ယခင်ချာချီလမ်း (ယခု ကိုယ့်မင်းကိုယ်ချင်းလမ်း) ရှိ ရန်ကုန်မြို့၊ ဆင်ခြေဖုံး ရပ်ကွက် စာတိုက်ခွဲတခုတွင် အငယ်တန်းစာရေးလေး ဖြစ်ခဲ့သည်။ ထိုသို့ စာတိုက်စာရေး၊ ထို့နောက် သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့၏ နောက်လိုက် ဘဝမှ ရဲဘော်သုံးကျိပ်ဝင် ဖြစ်လာပြီး၊ သခင် ရှုမောင် မှ ဗိုလ်နေ၀င်း ဟုအမည်ပြောင်းလဲခဲ့သည်။ ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ် အထိ ဗမာ့အမျိုးသား တပ်မတော်၏
ဒူးမထောက် လက်မမြှောက်ခဲ့တဲ့ မက္ခရာသွေး ထိပ်တင်စောရန်ပိုင်
Photo: ဒူးမထောက် လက်မမြှောက်ခဲ့တဲ့ မက္ခရာသွေး ထိပ်တင်စောရန်ပိုင် 
------------------------------
ထိပ်တင်စောရန်ပိုင်ဆိုရင် ယခုခေတ်အလယ်တန်းကျောင်းသားတွေကြားဖူးမှာပါ။နယ်ချဲ့တော်လှန်ရေးမှာ
လက်ရုံးရည်အား ထက်ထက်မြက်မြက်နဲ့ ပါဝင်ခဲ့တဲ့ စောရန်ပိုင်ဟာ ခမည်းတော် မက္ခရာမင်းသားကြီးခြေရာ နင်းနိုင်သူပါ။
မက္ခရာမင်းသားကြီးကံတော်ကုန်စဉ်ကစောရန်ပိုင်ဟာ ၁၂ နှစ်သား။ပါတော်မူတော့၁၉ နှစ်ရှိပြီ။ဘုန်းကြီးဝတ်နှင့်နေခဲ့ကြသော်လည်းနယ်ချဲ့ကိုတော်လှန်ရန် ညီတော် စောရန်နိုင်နဲ့အတူလူဝတ်လဲခဲ့ကြသည်။အင်းဝခရိုင်ချောင်းခွရွာတွင်ပထမဆုံးအကြိမ်လူစုတော့ တပ်သား ၁၀၀၀ ကျော်ရခဲ့တယ်။နန်းတွင်းစစ်ဗိုလ်များ၊ဘုန်းကြီးလူထွက်များလည်းပါသလိုအမျိုးသမီးတပ်သားများလည်းပါဝင်ခဲ့ပါတယ်။စောရန်ပိုင်မင်းသားထံမှာသစ္စာခံများလာတဲ့အလျောက်တိုက်ပွဲများလည်းအတော်အသင့်အနိုင်ရလာတဲ့အခါအင်္ဂလိပ်အစိုးရကစောရန်ပိုင်ကိုစိုးရိမ်လာပါတယ်။အင်္ဂလိပ်တို့ကစောရန်ပိုင်၊စောရန်နိုင်မင်းသား၂ပါးကိုဆုငွေ၆၀၀၀ကျပ်၊လက်အောက်ခံစစ်ဗိုလ်တွေကိုဆုငွေ၅၀၀ကျပ်ထုတ်တဲ့အထိဖြစ်ခဲ့ရပါတယ်။စောရန်ပိုင်၏နောက်ဆုံးစစ်ဆင်ရေးမှာမန္ဒလေးမြို့ကိုပြန်သိမ်းရန်ဖြစ်သည်။နောက်ဆုံးမန္ဒလေးကိုပြန်လည်သိမ်းရန်အစည်းအဝေးပွဲကျင်းပ၍သစ္စာရေသောက်နေစဉ်သတင်းရသောအင်္ဂလိပ်အစိုးရကဝင်ရောက်ဖမ်းဆီးရာစောရန်နိုင်ကိုဖမ်းမိသွားပါတယ်။အင်္ဂလိပ်တို့ဟာစောရန်ပိုင်ကိုမမိ၍စောရန်နိုင်ကိုအိန္ဒိယကိုပို့လိုက်ပါတယ်။(စောရန်ပိုင်ရဲ့လူတွေကတဆင့်အဆက်အသွယ်ပြုလုပ်မှာစိုးလို့ပါ)စောရန်ပိုင်ဟာ ရှမ်း၊တရုတ်စကားတို့ကိုကောင်းစွာပြောတတ်တဲ့အတွက်ရှမ်းပြည်နယ်စည်းရုံးရေးမှာထိရောက်မှုရှိလာခဲ့ပါတယ်။ပအို့၊ရှမ်း၊တောင်သူဖ၊လီရှော၊ယင်းကြား၊ယင်းနက်၊လရှီး၊တာရွန်း၊ဗရဲ၊လွယ်လ၊ပလောင်၊ကရင်နီ(ကယား)၊ယင်းတော်၊ပဒေါင်၊ယင်းကလဲ၊ဂျိန်းဖော၊ဂုံ၊ဝ စတဲ့တိုင်းရင်းသားတပ်ပေါင်းစုကြီးဟာ စောရန်ပိုင်လက်အောက်ကိုရောက်ရှိခဲ့ပါပြီ။သို့သော်ငြားစစ်သားများစုချင်တိုင်းစု၍ရနေသောအင်္ဂလိပ်တပ်နှင့်ယှဉ်လျှင်ကွာခြားလွန်းနေသလိုလက်နက်အင်အားချင်းကလည်းကွာခြားလွန်းနေသည်။အိမ်ရှေ့စံကနောင်မင်းကြီး နှင့် ခမည်းတော် မက္ခရာမင်းသားကြီးတို့လုပ်ကိုင်ခဲ့သောလက်နက်စက်ရုံများသို့သွားရောက်ရန် မဖြစ်နိုင်သည့်အတွက် တော်လှန်ရေးတိုက်ပွဲများမှာအောင်နိုင်သော်လည်းအကျအဆုံးများခဲ့သည်။အင်္ဂလိပ်တို့အတွက်စစ်ဗိုလ်တပ်သားကျလျင်အစားထိုးဖို့လွယ်နေသည်။စောရန်ပိုင်သည်ရှမ်းပြည်နယ်တွင်းရွှေ့ပြောင်း၍တော်လှန်ရေးလုပ်ခဲ့ရင်းအင်္ဂလိပ်တို့ထံမြန်မာထီးနန်းပြန်ယူမည့်အကြောင်းရာဇသံပေးပို့ခဲ့သည်။နောက်ပိုင်းတွင်ကျန်းမာရေးမကောင်း၍ တော်လှန်ရေးစစ်တပ်ကို သားတော်များဖြစ်သည့်ထိပ်တင်စောနေဝန်း၊ထိပ်တင်စောနေဒွန်း၊ထိပ်တင်စောဦး၊ထိပ်တင်စောလူးတို့အားလွှဲပေး၍ စီမံညွှန်ကြားခဲ့ပါတယ်။ထိပ်တင်စောရန်ပိုင်သည်လွတ်လပ်ရေးမရမီ၂နှစ်တိတိအလို ၁၉၄၆ ဇန်နဝါရီ ၄ရက်သက်တော် ၈၁နှစ်မှာကံကုန်ခဲ့ပါတယ်။ကမ္ဘာမကြေ သမ္ဘာမညှိုး တဲ့ မက္ခရာမျိုး စောရန်ပိုင်ဟာ လွတ်လပ်ရေးနဲ့ ထီးနန်းကို ကိုယ်တိုင်မရယူနိုင်ခဲ့ပေးသော်လည်း မြန်မာ့လွတ်လပ်ရေးအတွက် မင်းသားတယောက်အနေနဲ့သွေးချွေးရှိသလောက်ပေးဆပ်ခဲ့ပါတယ်။နှောင်းလူတို့သိအပ်သင့်တာက မင်းသားကြီးရဲ့နာမည်တင်မဟုတ်ပဲ တိုင်းပြည်အတွက်ဆောင်ရွက်ခဲ့တဲ့ စွမ်းရည်တွေကိုသိပြီး ကိုယ့်မြန်မာလူမျိုးရဲ့ ဂုဏ်ဟာပေါ့သေးသေးမဟုတ်ခဲ့ပါဘူးဆိုတာပါ။
ဤဆောင်းပါးတိုနှင့် မက္ခရာထိပ်တင်စောရန်ပိုင်ကို အလေးပြုပါတယ်။
credit to 
King Kanaung Royal Association
ဒူးမထောက် လက်မမြှောက်ခဲ့တဲ့ မက္ခရာသွေး ထိပ်တင်စောရန်ပိုင်
------------------------------
ထိပ်တင်စောရန်ပိုင်ဆိုရင် ယခုခေတ်အလယ်တန်းကျောင်းသားတွေကြားဖူးမှာပါ။နယ်ချဲ့တော်လှန်ရေးမှာ
လက်ရုံးရည်အား ထက်ထက်မြက်မြက်နဲ့ ပါဝင်ခဲ့တဲ့ စောရန်ပိုင်ဟာ ခမည်းတော် မက္ခရာမင်းသားကြီးခြေရာ နင်းနိုင်သူပါ။
မက္ခရာမင်းသားကြီးကံတော်ကုန်စဉ်ကစောရန်ပိုင်ဟာ ၁၂ နှစ်သား။ပါတော်မူတော့၁၉ နှစ်ရှိပြီ။ဘုန်းကြီးဝတ်နှင့်နေခဲ့ကြသော်လည်းနယ်ချဲ့ကိုတော်လှန်ရန် ညီတော် စောရန်နိုင်နဲ့အတူလူဝတ်လဲခဲ့ကြသည်။အင်းဝခရိုင်ချောင်းခွရွာတွင်ပထမဆုံးအကြိမ်လူစုတော့ တပ်သား ၁၀၀၀ ကျော်ရခဲ့တယ်။နန်းတွင်းစစ်ဗိုလ်များ၊ဘုန်းကြီးလူထွက်များလည်းပါသလို
မိဘမဲ့ကလေးများကျောင်းနှင့် ဘုန်းကြီးကျောင်း လိပ်စာများ
(အွန်လိုင်းသုံးရင်း ကုသိုလ် ယူလိုက်ကြရအောင်နော်)
(သင့်ရဲ့ Share တစ်ချက်ဟာ အနညးဆုံး ကလေးတစ်ယောက်အတွက်
ထမင်းတစ်နပ်ကို ဖူလုံစေနိုင်တယ်ဆိုတာကို မမေ့ပါနဲ့)
“မိဘမဲ့ကလေးများကျောင်းနှင့် ဘုန်းကြီးကျောင်း လိပ်စာများ”
====================================
ပရဟိတ လှူဒါန်းချင်သူများ အတွက် ကူညီမှု လိုအပ်သော နေရာလေးများကို
  ဖော်ပြပေးခြင်း ဖြစ်ပါသည်။
ရာဇ၀င်ထဲက ပထမဆုံးများ
၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်
၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု
၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး
၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )
၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်
၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ်
၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး
၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ
မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ (၁၇)
from - FB
1945 ခုနှစ် မတ် ၂ ရက်နေ့မန္တလေးမြို့
အရှေ့တောင်အာရှမဟာမိတ်တပ်ပေါင်း
စု စစ်ဦးစီးချုပ် Lord Louis Mount-
batten မှ တိုက်ပွဲအတွင်းသိမ်းဆည်းရမိ
သည့် ၇၅ မမ ဂျပန်အမြောက်ပေါ်တွင်
ထိုင်၍ တော်ဝင်သံချပ်ကာတပ်ဖွဲ့ဝင်များ
သို့စစ်ရေးညွှန်ကြားမှုပြုနေစဉ်။
Photo: histomil.com
Ko Ko Zaw
Photo: 1945  ခုနှစ် မတ် ၂ ရက်နေ့မန္တလေးမြို့
အရှေ့တောင်အာရှမဟာမိတ်တပ်ပေါင်း
စု စစ်ဦးစီးချုပ် Lord Louis Mount-
batten မှ တိုက်ပွဲအတွင်းသိမ်းဆည်းရမိ
သည့် ၇၅ မမ ဂျပန်အမြောက်ပေါ်တွင်
ထိုင်၍ တော်ဝင်သံချပ်ကာတပ်ဖွဲ့ဝင်များ
သို့စစ်ရေးညွှန်ကြားမှုပြုနေစဉ်။
Photo: histomil.com
Ko Ko Zaw
မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ (၁၅)
from - FB
မန္တလေးတောင်ပေါ်ကမြင်ရတဲ့ မန္တလေး။
သုဓမ္မာဇရပ်တန်း။ ကျုံးတော်။ မြို့ ရိုး။ နန်းတော်။ ဧရာဝတီိမြစ်။
Mandalay from Hill ( c1885 )
Hpaan Thar > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
Photo: မန္တလေးတောင်ပေါ်ကမြင်ရတဲ့ မန္တလေး။
သုဓမ္မာဇရပ်တန်း။ ကျုံးတော်။ မြို့ ရိုး။ နန်းတော်။ ဧရာဝတီိမြစ်။
Mandalay from Hill ( c1885 )
Hpaan Thar > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ (၁၄)
from - FB
1859 ခုနှစ်မှ မန္တလေးသုဓမ္မာဇရပ်တန်း
(ကျုံးတော် အရှေ့ မြောက်ထောင့်)
Kyawsoe Soe > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
Photo: 1859 ခုနှစ်မှ မန္တလေးသုဓမ္မာဇရပ်တန်း
(ကျုံးတော် အရှေ့ မြောက်ထောင့်)
Kyawsoe Soe > မြန်မာ့ရှေးဟောင်း ဓာတ်ပုံမျာ်း
မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ (၁၃)
from - FB
1868 ခုနှစ် မင်းကြီးတောင်ပေါ်မှ
ပြည်ရွှေဆံတော်ဘုရားမြင်ကွင်း
Shawesandaw pagoda. Pyay 1868
Kyawsoe Soe > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
Photo: 1868  ခုနှစ် မင်းကြီးတောင်ပေါ်မှ
ပြည်ရွှေဆံတော်ဘုရားမြင်ကွင်း
Shawesandaw pagoda. Pyay 1868
Kyawsoe Soe > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ (၁၂)
from - FB
တောင်ငူအနားက ဘုရားတစ်ဆူ (1868)
Pagoda near Tounghoo, Burma
BL > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
Photo: တောင်ငူအနားက ဘုရားတစ်ဆူ (1868)
Pagoda near Tounghoo, Burma
Photograph of a pagoda in Taungoo taken by J. Jackson in c.1868, part of an album of 43 views of Burma (Myanmar) from the Sladen Collection. The town of Taungoo is situated towards the northern end of the Bago Division in central Burma. It was once the capital of an important post-Pagan (Bagan) kingdom of the 15th and 16th centuries, and is now supported by the timber trade being in close proximity to mountain ranges which are sources of teak and other hardwoods. This is a general view of a small pagoda, with Burmese figures and a European standing around the structure. The pagoda is built in the characteristic shrine form of Burmese Buddhist architecture known as a stupa. It is a solid structure enshrining sacred relics, precious stones and images of the Buddha. A stupa is composed of a bell-shaped dome which narrows to a conical spire ornamented with bands of moulding. It is crowned with a metal hti or umbrella, and rests on a series of square terraces. Either a part or the whole structure is often gilded.
BL >  မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ (၁၁)
from - FB
ဗမာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းတောင်းဆိုနေသော အင်္ဂလန်သွား ဗိုလ်ချုပ်အောင်ဆန်း။ 1947။ လန်ဒန်။
Bogyoke Aung San demanded the independence of burma in London 1947
Kyawsoe Soe > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
Photo: ဗမာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းတောင်းဆိုနေသော အင်္ဂလန်သွား ဗိုလ်ချုပ်အောင်ဆန်း။ 1947။ လန်ဒန်။
Bogyoke Aung San demanded the independence of burma in London 1947
Kyawsoe Soe > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ (၁၀)
from - FB
ဂျပန်ခေတ်လွတ်လပ်ရေးနေ့မှအဓိပတိဒေါက်တာဘမော်အစိုးရအဖွဲ့
Mya Thaung > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
Photo: ဂျပန်ခေတ်လွတ်လပ်ရေးနေ့မှအဓိပတိဒေါက်တာဘမော်အစိုးရအဖွဲ့
Mya Thaung > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ (၉)
from - FB
ဆူးလေဘုရား နှင့် မြို့ တော်ခန်းမ 1890s
Sulay pagoda & municipal hall in Rangoon,Burma1890s(source:Philip klier in Burma)
Old ASEAN > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
Sulay pagoda & municipal hall in Rangoon,Burma1890s(source:Philip klier in Burma)
Old ASEAN > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ (၈)
from - FB
အာဇာနည်နေ့  (၁) နှစ်ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း
ပထမနေ့ ထုတ် (19-7-1948)
Win Thura Nyunt > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
Photo: အာဇာနည်နေ့  (၁) နှစ်ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း 
ပထမနေ့ ထုတ် (19-7-1948)
Win Thura Nyunt > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ (၇)
from- - FB
ရွှေရောင်တဖိတ်ဖိတ် တောက်ပနေသော မော်လမြိုင်မြို့ မှ ကျောင်းတော်ကြီး တစ်ဆောင်။ 1900
Buddhist temple interior with costly decorations in gold and colors, Moulmein, Burma, 1900
BL > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
Photo: ရွှေရောင်တဖိတ်ဖိတ် တောက်ပနေသော မော်လမြိုင်မြို့ မှ ကျောင်းတော်ကြီး တစ်ဆောင်။ 1900
Buddhist temple interior with costly decorations in gold and colors, Moulmein, Burma, 1900
Stereoscopic pair of photographs taken by Underwood & Underwood in c.1900 of the interior of a Buddhist temple at Moulmein (Mawlamyaing) in Burma (Myanmar). This view shows a series of pillars inside the temple, richly decorated with gilding and mirrored glass mosaic. This form of ornamentation was traditionally used to create an effect of glittering splendour on the exterior and interior of sacred Burmese architecture such as pagodas, monasteries and palaces. In the foreground is a life-like statue carved in wood of one of the Four Sights - an old man, a sick man, a dead man and an ascetic - the sight of whom so moved the young prince Siddhartha that he resolved to devote his life to finding a means to ending human suffering, eventually attaining Enlightenment, and becoming known as the Buddha or Enlightened One. They were often recreated as life-sized statues and displayed in temples. The prints are from a collection of 36 stereoscopic views of Burma, one of a series of “stereoscopic tours” of foreign countries published as part of the ‘Underwood Travel Library’. Stereoscopic views became enormously popular from the mid-19th century onward as they enabled observers to imagine that they were really “touring” around distant parts of the world. Each pair of views, made using a special camera with two lenses, is mounted on stout card for insertion in a stereoscope or binocular viewer. This device produces the illusion of a single three-dimensional image in the mind of the observer by using the binocular function of human sight to combine the two images, which are seen from fractionally different viewpoints. The prints in this set are generally of high quality and selected for their clarity and instructive value. A few of the mounts also have a detailed descriptive caption printed on the reverse, with instructions (presumably for the guidance of teachers) as to what general topic the photograph illustrates.
BL > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ (၆)
from - FB
1885 ခုနှစ် မန္တလေး နန်းမြို့ ရိုး
(အရှေ့ဘက်မြို့ ရိုးအတွင်းပိုင်း။ မန္တလေးတောင်)
Inside the city wall and mandalay hill 1885
Kyawsoe Soe > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
(အရှေ့ဘက်မြို့ ရိုးအတွင်းပိုင်း။ မန္တလေးတောင်)
Inside the city wall and mandalay hill 1885
Kyawsoe Soe > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ (၅)
from - FB
အာနန္ဒာဘုရား။ ပုဂံ ( 1895 )
Ananda Temple, Bagan - 1895
Old Burma > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
Photo: အာနန္ဒာဘုရား။ ပုဂံ ( 1895 )
Ananda Temple, Bagan - 1895
Old Burma > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ (၄)
from - FB
ရတနာပုံခေတ် အရာရှိတစ်ဦး ( 1885 )
Burmese official receiving applicants 1885
Kyawsoe Soe > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
Photo: ရတနာပုံခေတ် အရာရှိတစ်ဦး ( 1885 )
Burmese official receiving applicants 1885
Kyawsoe Soe > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ (၃)
အနှိပ်သည် ( 1900s )
Burmese Shampooing (anaik thel)1900s
Kyawsoe Soe > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
Photo: အနှိပ်သည် ( 1900s )
Burmese Shampooing (anaik thel)1900s
Kyawsoe Soe > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ (၂)
ဝေဇယန္တာကျောင်းတိုက်။ မော်လမြိုင် 1890
Kyawsoe Soe > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
Photo: ဝေဇယန္တာကျောင်းတိုက်။ မော်လမြိုင် 1890 
Kyawsoe Soe > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
1875 ခုနှစ်က မပြုပြင်ရသေးသော ပဲခူးကျိုက်ပွန်ဘုရား
Kyaikpon Buddha statue, Bago
Kyawsoe Soe > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
Photo: 1875 ခုနှစ်က မပြုပြင်ရသေးသော ပဲခူးကျိုက်ပွန်ဘုရား
Kyaikpon Buddha statue, Bago
Kyawsoe Soe > မြန်မာ့ရှေးဟောင်း ဓာတ်ပုံများ
စိတ်ဝင်စားစရာအချက်များနဲ့မြန်မာပြည်
 မြန်မာ သက္ကရာဇ် (၁၁၈၁ - ၁၁၉၉)  
ဘကြီးတော်လက်ထက်မှာခွေးတွေအသည်းကွဲခဲ့ဖူးပါတယ်။ တော်သလင်းလမှာ ခွေးတွေအူလွန်း ၊ ဆူလွန်းလို့ မခံမရပ်နိုင်တဲ့အတွက်ကြောင့် ဘုရင့်အမိန့်တော်နဲ့ခွေးတွေကို ဖမ်းပြီး (အင်းဝမြို့တော်၏ တစ်ဖက်ကမ်း) စစ်ကိုင်းမြို့ဘက်သို့ ပို့ဖူးပါတယ်။
ဘုရင့်အမိန့်တော်နဲ မန္တလေးက ခွေးတွေကိုဖမ်းပြီးစစ်ကိုင်းကိုပို့တာမှာ ခွေးတွေသားတကွဲ၊ မယားတကွဲဖြစ်ခဲ့တာကို ဗန်းမော်ဆရာတော်ကြီးက ခွေး တွေ ဒုက္ခရောက်ပုံကို ကဗျာစပ်မိလို့ယုံကြည်ချက်ကြောင့်နယ်နှင်ဒဏ်ပေးခြင်းခံရဖူးပါတယ်။ဗန်းမော်ဆရာတော်ကို မန္တလေးမှာ နေထိုင်ခွင့်ရုတ်သိမ်းပြီး ဗန်း မော်ကိုပြန်ပို့ခံရပါတယ်။
ဗန်းမော်ဆရာတော်ကြီးဟာ ယုံ ကြည်ချက်ကြောင့် ဆက်ပြီး ကဗျာစပ်တာမှာဘုရင်က"
အမျိုးချစ်ပါနှမငယ်
အမျိုးချစ်ပါနှမငယ်
............................
ထိန်းလိုက်စမ်းပါ နှမငယ်
တဏုာကြောင့်ပဲဖြစ်ဖြစ်
ဥစ္စာကြောင့်ပဲဖြစ်ဖြစ်
ကိုယ့်တစ်ယောက် ကိုယ့်အမှားတစ်ခုကြောင့်
အမျိုးမာန် ဇာတိမာန်
ပျက်ဆီးဆုံးရှုံး အရှက်ရစရာ
မဖြစ်ပါစေနဲ့..............
ထိန်းလိုက်စမ်းပါ နှမငယ်
အမျိုးမချစ်တတ် အမျိုးဘာသာနားမလည်
နှမငယ်လေးတွေကို
အပြစ်မ၀င် ရွှေလက်တွဲပြီးရှေ့ဆောင်လမ်းပြ
ခေတ်သစ်ရာစုမှာ
ကလေးတွေဆီအရောက်သွားတဲ့ စာသင်ခန်း
(မေစစ်ပိုင် ရေးသားသည်)
စစ်ကျန် ဘတ်စ်ကားဟောင်းကြီးကို ပြန်လည်ပြုပြင်ထားတဲ့ ကားတွင်းစာသင်ခန်းပေါ်မှာ “အေ၊ ဘီ၊ စီ၊ ဒီ” ကို အသံထွက်ဆိုရင်း ဖတ်စာအုပ်ထဲက အက္ခရာတွေကို ကြည့်လိုက်၊ ဗလာစာအုပ်ထဲမှာ ချရေးလိုက်၊ စာလုံး မှားသွားရင်၊ စိတ်ကြိုက်မတွေ့ရင် ခဲဖျက်နဲ့ဖျက်လိုက် ပြန်ရေးလိုက် လုပ်နေတာတဲ့ ကျောင်းသား က တော့ မောင်ကျော်သက်လို့ ခေါ်တဲ့ လက်ဖက်ရည်ဆိုင်ဝန်ထမ်းတဦးဖြစ်ပါတယ်။
ကျောင်းစာသင်ခန်းတခန်းနဲ့တူအောင် သင်ပုန်း၊ စာသင်ခုံတွေက အစ ထည့်သွင်းပြုပြင်ထားတဲ့ ဒီကားဟောင်းကြီးပေါ်မှာ မောင်ကျော်သက်တို့လို လူငယ် ၁၂ ယောက် စာသင်နေကြတာတွေ့ရပါတယ်။
ဆရာမတဦးက ကြီးကြပ်နေပြီး ကျောင်းသားတွေအားလုံးက သူငယ်တန်း အင်္ဂလိပ်ဖတ်စာထဲကအက္ခရာ တွေကို
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/
အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>