လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ရှယ်ယာ ဘာအန္တရာယ်ရှိမလဲ

ရှယ်ယာ ဘာအန္တရာယ်ရှိမလဲ

ရှယ်ယာ ထုတ်ရောင်းခြင်း၏ အဓိက ရည်ရွယ်ချက်သည် လုပ်ငန်း တိုးချဲ့ရန်အတွက် လိုအပ်သော ငွေကြေး အရင်းအနှီး ရရှိနိုင်ရန် ဖြစ်သည်။ရှယ်ယာ ဝယ်ယူခြင်းသည် ဘဏ်တွင် ငွေစုဆောင်းခြင်းနှင့် ပုံစံ တူသယောင် ရှိသော်လည်း ကွဲပြားခြားနားသည်။

ဘဏ်တွင် ငွေစုဆောင်းလျှင် အဆိုပါ ဘဏ်လုပ်ငန်း ရှုံးခြင်း၊ မြတ်ခြင်းကို ထည့်သွင်း စဉ်းစားရန် မလိုအပ်ဘဲ သတ်မှတ်ချိန် ကာလအတွင်း ပုံမှန်အမြတ် (အတိုး) ရရှိနိုင်သည်။အများအားဖြင့် ကုမ္ပဏီတစ်ခု၏ ရှယ်ယာကို ဝယ်ယူမည်ဆိုလျှင် ယင်းကုမ္ပဏီ၏ လုပ်ငန်း အမြတ်ရမှသာ ရှယ်ယာ ဝယ်ယူသူလည်း ပိုမိုအကျိုးခံစားခွင့် ရရှိမည် ဖြစ်သည်။ထို့အပြင် အများပိုင် ကုမ္ပဏီကြီးတစ်ခု ပြိုကွဲသည်နှင့် တစ်ပြိုင်နက် ရင်းနှီးမြှုပ်နှံ ထားသူများ (ယင်းကုမ္ပဏီ၏ ရှယ်ယာ ဝယ်ယူထားသူများ) လည်း ဆုံးရှုံးနစ်နာမည် ဖြစ်သည်။

ဘဏ်တွင်ငွေ စုခြင်းထက် ရှယ်ယာ ဝယ်ယူခြင်းသည် အကျိုးအမြတ် ပိုမိုရရှိသည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်သော်လည်း

ပန်းဘဝကို နားလည်ပါ မောင်

ပန်းဘဝကို နားလည်ပါ မောင်
╰⊰✿´╰⊰✿´╰⊰✿´╰⊰✿´

ခူး လို့ပင်လေ ဝေ ကြ ကြွေရ 
ပန်း ဘဝကို       
 သခင်မြင်လို့ ကြင်လှည့်ပါ
 ╰⊰✿´ဘယ်သူ ခြွေ ခြွေ
ပန်း က ဝေစဲ   ရနံ့ မြဲနဲ့ပန်း တို့ဘဝ ပန်း အလှကို   
       သခင်သိလို့ နားလည်ပေါ့ 
╰⊰✿´ခြောက် လျှင်ပင်နမ်း  မေတ္တာ စွမ်းနဲ့
သခင် သိလို့ကြင် ခဲ့ရင်တော့
သည် ပန်းဘဝ  ပန်း အလှက    ဘယ်သူပြိုင်လို့ လှပါနိင် 
╰⊰✿´              မောင့်ချစ်သူက ရနံ့လှိုင်

ဘဏ္ဍာရေးပြဿနာ၏ သဘောတရား

ဘဏ္ဍာရေးပြဿနာ၏ သဘောတရား

နိုင်ငံတစ်ခု၏ စီးပွားရေးကို သက်ဆိုင်ရာ အစိုးရများက စိမံခန့်ခွဲကြရာတွင် အခြေခံသဘောတရားမှာ
ထိုနိုင်ငံရှိ ရောင်းစရာ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုအရ (GDP) နှင့် ၀ယ်စရာငွေ (လှည့်လယ်ငွေ Money in Circulation) တို့၏ မျှခြေကို ထိန်းသိမ်းပေးသည့် သဘောဖြစ်သည်။
တစ်နည်းအားဖြင့် ရောင်းစရာပစ္စည်း၊ ၀န်ဆောင်မှုများ တိုးတက်ဖြစ်ပေါ်စေကာ ၀ယ်စရာငွေ (လှည့်လယ်ငွေ) ကိုလည်း ဈေးနှုန်းများ မပြောင်လဲဘဲ လိုက်ပါတိုးတက်အောင် ထိန်းသိမ်းပေးသည့် သဘောဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဈေးနှုန်းများတည်ငြိမ်မှုကို တစ်ပြိုင်နက် အကောင်အထည် ဖော်သည့် သဘောဖြစ်သည်။
ဤနေရာတွင် ဘဏ်လုပ်ငန်းများ ပေါ်ပေါက်လာသောအခါ ၀ယ်စရာငွေ (လှည့်လယ်ငွေ Money in Circulation) မှာ ရိုက်နှိပ်ထုတ်ဝေ ထားသော ငွေကြေးသက်သက်မဟုတ်တော့ဘဲ  ဆပွားသုံးစွဲနိုင်သည့် သဘောဖြစ်လာခဲ့ရာ ရောင်းစရာပစ္စည်းနှင့် မျှခြေမပျက် လိုက်ပါတည်ရှိရမည့် ၀ယ်စရာငွေ (လှည့်လယ်ငွေ Money in Circulation) ကို ထိန်းသိမ်းရေးမှာလည်း ခက်ခဲလာခဲ့သည်ကို တွေ့ရသည်။
ဘဏ်စနစ်ဖြင့် ရိုက်နှိပ်ထားသည့် ငွေကြေးကို ဆပွားသုံးစွဲပေးသည့် ပုံသဏ္ဍာန်ကို နားလည်နိုင်ရန် အောက်ပါ ဥပမာကို ကြည့်နိုင်ပါသည်။

ငွေ ဘယ်လို ရှာကြသလဲ … ဘယ်လို ရှာကြ မလဲ…?

ငွေ ဘယ်လို ရှာကြသလဲ … ဘယ်လို ရှာကြ မလဲ…?

· လောကမှာ လူတိုင်းလိုလို ငွေရှာနေကြရတာပဲ…အကြောင်း အမျိုးမျိုးကြောင့် ဒီငွေကို နည်းအမျိုးမျိုးသုံးပြီး ရှာနေကြရတယ်…ကောင်းမွန်ဖြောင့် မတ်တဲ့ နည်းလမ်းတွေ ကိုပဲ သုံးလိုကြပြီဆိုရင်တော့ဒီစာကို ပြီးအောင် ဖတ်လိုက်ပါ …သင့်အတွက် ထူးခြားတဲ့ အမြင်တစ်ခုကို ရရှိနိုင်ပါလိမ့်မယ်…

( နိုင်ငံတကာ အသိအမှတ်ပြု စီးပွါးရေး ပညာရှင်စာရေးသူ Robert Kiyosaki ရဲ့ အယူအဆများ ဖြစ်ပါတယ်…)

ကျွန်တော်တို့တွေ ငွေကို နည်းအမျိုးမျိုးနဲ့ ရှာနေကြတယ်ဆိုပေမယ့်တကယ်တမ်းတော့ ဒီ ၄ မျိုး ( ESBI ) ကနေ ထွက်မသွားပါဘူး…
( 1 ) ဝန်ထမ်းအဖြစ် (Employee)
( 2 ) လွတ်လပ် ဝန်ထမ်း/ပညာရှင် (Self-employee)OR အသေးစား လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Small business)
( 3 ) စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Business Owner )
( 4 ) ရင်းနှီးမြှုပ်နှံ- သူ တစ်ယောက် အဖြစ် ( Investor )

ငွေ​ကြေးဆိုင်​ရာ စီမံခံ့ခွဲမှု :(၄)မျိုး

ငွေ​ကြေးဆိုင်​ရာ စီမံခံ့ခွဲမှု :(၄)မျိုး

လူတစ်​​ယောက်​တွင်​ရှိသင့်​​သော ​ငွေ​ကြေးဆိုင်​ရာစီမံခံ့ခွဲမှုပုံစံများရှိကြ​လေ၏။၎င်းတို့မှာ စား၊ ရင်း၊ စု၊ လှု ဟူ၍ဖြစ်​ကြ​လေ၏။၎င်းတို့၏အဓိပ္ပာယ်​များမှာ...

၁။စားအသက်​ရှင်​သန်​ရန်​လိုအပ်​ချက်​အတွက်​ ​နေ့စဉ်​စားသုံးရန်​တစ်​စုခွဲ​ဝေထားခြင်း...

၂။ရင်းလုပ်​ငန်းစတင်​ချိန်​က အသုံးပြုခဲ့​သောအရင်းအနှီး(သို့)လုပ်​ငန်းတဖန်​ပြန်​လည်​ရင်းနှီးမြှုတ်​နှံရန်​ အတွက်​တစ်​စုခွဲ​ဝေထားခြင်း...

၃။စု​နေ့စဉ်​စားသုံးမှု၌လိုအပ်​လာလျင်​လည်း​ကောင်း၊ပြန်​လည်​ရင်းနှီးရန်​လိုအပ်​လာလျင်​လည်း​ကောင်း၊ မိမိအလိုရှိ​သောအချိန်​တွင်​အသုံးပြုရန်​ တစ်​စုခွဲ​ဝေထားခြင်း...

၎။လှူမိမိ၌စား​သောက်​ရန်​၊ ပြန်​လည်​ရင်းနှီးရန်​၊ အလိုရှိကအသုံးပြုရန်​ ​ငွေ​ကြေးပြည့်​စုံ​နေပါက သီလ၊ သမာဓိ၊ပညာ၊ ဝိမုတ္တိ တို့နှင့်​ပြည့်​စုံ​သော ပညာရှိသူ​တော်​​ကောင်းအ​ပေါင်းတို့အားလည်း​ကောင်း၊ မိမိကဲ့သို့မရှိရှာ​သော လူဟူ​သောအမျိုးနွယ်​တူ ဒုက္ခသည်​အ​ပေါင်းတို့အားလည်း​ကောင်း၊ အဟိတိရိစ္ဆာန်​တို့အားလာ်း​ကောင်း လှူဒါန်း၊ ​ပေးကမ်း၊ ​ကျွေး​မွေးရန်​တစ်​စုခွဲ​ဝေထားခြင်း... 

စိတ်ဖြေနည်း

Tun Kyaw

၁။ သင့်ကို ပျော်ရွှင်စေတဲ့ message တစ်ခုခု ရပါက သင် ပြုံးဖို့မမေ့ပါနဲ့။ ပြီးရင် အဲ့ဒီ့ message ကို ဖျက်ပစ်လိုက်ပါ။.

၂။ ပိုက်ဆံကို ဘယ်လို ရှာရမလဲဆိုတာ စဉ်းစားပါ။ ပိုက်ဆံကို ဘယ်လိုချွေတာရမလဲဆိုတာ မစဉ်းစားပါနဲ့။.

၃။ ဒေါသထွက်တဲ့အခါ ၁ ကနေ ၃၀ အထိ စိတ်ထဲကရေတွက်ပါ။ ပြီးမှ စကားဆက်ပြောပါ။.

၎။ လိုချင်ရင် ကိုယ့်ကိုကိုယ်ကြိုးစားပြီး ၀ယ်ပါ။ တခြားသူကို မ၀ယ်ခိုင်းပါနဲ့။
.
၅။ အချိုရည် တွေလျော့သောက်ပါ။ ရေများများသောက်ပါ။
.
၆။ ၂၄ နာရီလုံးကို အသုံးပြုပြီး လူ တစ်ယောက်တည်းကို မလွမ်းနေပါနဲ့။ အချိန်တချို့ကို မိသားစုနဲ့ သူငယ်ချင်း တွေကို ခွဲပေးလိုက်ပါ။.

၇။ မစားနိုင်တော့မှ အန်ထုတ်ပစ်ဖို့ မကြိုးစားပါနဲ့။ မစားခင်ကတည်းက သေချာစဉ်းစားပါ။
.
၈။ အထီးကျန်တဲ့ အခါ သီချင်းဆွေးတွေနားထောင်ပြီး အင်တာနက်စာမျက်နှာပေါ်မှာပဲ ပတ်ချာလည်မနေပါနဲ့။ အားကစားတစ်ခုခုလုပ်၊ ဒါမှမဟုတ်သူငယ်ချင်းတွေနဲ့ ပေါက်ကရတွေပြောပစ်ပါ။ ပိုပြီး နေလို့ကောင်းသွားပါလိမ့်မယ်။
.
၉။ လိုချင်တဲ့ ပစ္စည်းကို ၀ယ်ပါ။ ပိုက်ဆံတော့ ချေးပြီး မ၀ယ်ပါနဲ့။ သေချာစဉ်းစား၊ ဆုံးဖြတ်ပြီးပြီဆို နောင်တ မရမိပါစေနဲ့။
.
၁၀။ ကောင်းမွန်တဲ့စာတွေ များများဖတ်ပါ။ သင့်ဦးနှောက်ကို သင်ထွန်ယက်ပါ။ ဘ၀ကို မြင့်တင်ပါ။


http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>