လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

မဟာမုနိဘုရားကြီး သမိုင်းအကြောင်း ပုံတော်စုံ

မဟာမုနိဘုရားကြီး သမိုင်းအကြောင်း ပုံတော်စုံ ( ဦးမောင်မောင်တင်)


ဒီတစ်ခါတော့ ဘလော့ဂ်မိတ်ဆွေများအတွက် မဟာမုနိသမိုင်းလင်္ကာလေးကို မျှဝေပေးလိုပါတယ်။ မဟာမုနိ ရုပ်ရှင်တော်ကား ကမ္ဘာကလေးစားရသော သမိုင်းဝင် ရုပ်ပွားတော် တစ်ဆူဖြစ်ပါသည်။ မန္တလေးမြို့၏ ကျက် သရေဆောင် အဓိကရ ထင်ရှားသော ဘုရားတစ်ဆူလည်း ဖြစ်သည်။ မန္တလေးသို့ ရောက်သူတိုင်း မဟာမုနိ သို့ မရောက်လျှင် မန္တလေးသို့ ရောက်သည်ဟုပင် မဆိုထိုက်ပေ။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် များသာမက မန္တလေးသို့ ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်ကြီးများပင်လျှင် မဟာမုနိ ဘုရားရှင်တော် စံတော်မူရာ ဂန္ဓ ကုဋိကျောင်းတော်သို့ သွားရောက်၍ ဦးခိုက်ပူဇော်ခြင်း လှူဒါန်းခြင်း ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးခြင်းများ ပြုလုပ်ကြသည်။

ငါ့ wall မှာ ငါတင်တာ၊ မကျေနပ်ရင် unfriend လုပ်သွား

facebook-psa-like-india


ဒီ post ရဲ့ ခေါင်းစဉ်လိုမျိုး facebook status တွေ မကြာခဏ တွေ့မိကြမယ်ထင်ပါတယ်။ ဒီလို status တွေကြောင့်လည်း အပြင်က သူငယ်ချင်းအရင်းကြီးတွေ Facebook သုံးပြီးခါမှပဲ သူစိမ်းတွေဖြစ်ကုန်ကြပါတယ်။ အဲဒီလိုဖြစ်ရ
တဲ့အကြောင်းက နှစ်ယောက်လုံးက facebook ကို မကျွမ်းကျင်လို့ပါ။ Facebook ကို ကျွမ်းကျင်မယ်ဆိုရင် တင်တဲ့လူကလည်း ကိုတင်ချင်တာ တင်လို့ရမယ်၊ ကြည့်မယ်လူကလည်း ကိုယ့်ဆီမှာ ဘယ်လိုအကြောင်းအရာတွေပဲ လာပေါ်
ရမယ်ဆိုတာ သတ်မှတ်လို့ရတယ်။ ဒီတော့ သူငယ်ချင်းတွေ အချင်းချင်း မိတ်ပျက်စရာမလိုတော့ဘူးပေါ့။
အရင်ဆုံးပြောချင်တာက ကိုယ့်အကောင့်ထဲမှာ လူတွေအများကြီးရှိရဲ့သားနဲ့ ဘာလို့ သူတစ်ယောက်တည်းကပဲ တင်တဲ့ status တွေက ကိုယ့်ဆီမှာ လာပေါ်နေရသလဲဆိုတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ အပြင်မှာလည်းခင်တဲ့ သူငယ်ချင်းနှစ်ယောက် facebook သုံးတယ်ဆိုပါစို့၊ friend လည်း အဒ်ထားတယ်။ ပထမတော့ ကိုယ့်သူငယ်ချင်းကြီးဆိုပြီး တင်သမျှ အကုန် like၊ comment တွေပေး၊ facebook မှာတွေ့ရင်လည်း chat ပေါ့ဗျာ၊ အဲဒီလို သူ့ post ကို like ထားဖူး၊ comment ပေးထားဖူး၊ chat ထားဖူးရင် facebook က အဲဒီလိုလူနှစ်ယောက်ကို

မင်းသိင်္ခ၏ စာအုပ်များ

မင်းသိင်္ခ၏ စာအုပ်များ by - ( http://chanlinnay.mandalaybloggers.org/2011/01/blog-post_22.html)


  1. မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် တပွဲစား ဦးနှော (ဝတ္တုတိုများ)
  2. မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် ပျားဆွဲမုတ်ဆိတ်
  3. မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် ဘမျိုးဘိုးတူဘယ်သန်ဘမှန် ၁
  4. မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် ဘမျိုးဘိုးတူဘယ်သန်ဘမှန် ၂
  5. မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် မမင်းဖြူ မှန်မှန်ပြော
  6. မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် မြိုင်မဟာ မမြလေး
  7. မင်းသိင်္ခ - ဆားပုလင်းနှင်းမောင်နှင့် ပိတုန်းသုံးကောင်
  8. မင်းသိင်္ခ - ဆားပုလင်းနှင်းမောင်က စိန်ခေါ်ခြင်း
  9. မင်းသိင်္ခ - စနေမောင်မောင်ပါဝင်သည့်မဟူရာ
  10. မင်းသိင်္ခ - ပျော်ပါတယ်မောင်ပြည်သိမ်း
  11. မင်းသိင်္ခ - မြင်းကပါအကျဉ်းသား
  12. မင်းသိင်္ခ - ဘဝဝင်္ကပါ

မရှိမဖြစ် Winrar (winrar ဖြင့် ဖိုင်ဖြည်နည်း၊ ဖိုင်ချုပ်နည်း)


ကွန်ပျူတာတစ်လုံးရဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆော့ဝဲလ်တွေထဲမှာ Winrar လည်းပါပါတယ်..။ ဒါကြောင့် Winrar ကိုအလွယ်သုံးတတ်အောင် ပုံလေးတွေနဲ့ ပြသွားပါ့မယ်..။ Winrar သုံးနည်းတွေ အများကြီးထဲက အဓိက နှစ်မျိုးဖြစ်တဲ့ ချုပ်၊ဖြည် သုံးနည်းလေးကို ပြောပြသွားပါမယ်..။
ကျန်ခဲ့တဲ့ပိုစ့်မှာ ဆော့ဝဲလ်သွင်းတာ၊ ထုတ်တာကို ရေးခဲ့ပေမယ့် တကယ်ဆို Winrar သုံးတတ်အောင် အရင်ရေးသင့်တာပါ.. Winrar သုံးတတ်မှ ဆော့ဝဲလ်တွေ၊ ဖိုင်တွေကို Winrar နဲ့ဘယ်လို ချုပ်ရတယ်.. ဘယ်လိုပြန်ဖြည်ရတယ်ဆိုတာ နားလည်သဘောပေါက်မှာပါ..။ မြန်မာနည်းပညာဆိုဒ်တွေက ဆော့ဝဲလ်တွေကို ဒေါင်းလော့ချတဲ့အခါ သုတို့က သူတို့တင်ပေးလိုက်တဲ့ ဆော့ဝဲလ်တွေကို ဗိုင်းရပ်စ့်မထိအောင်လို့ Winrar နဲ့ချုပ်ပေးလိုက်ပါတယ်..။ ဖိုင် size လည်း အနည်းငယ်ပိုသေးသွားသလို ကျနော်တို့ ဒေါင်းရတာလည်း အတော်လေးအဆင်ပြေပါတယ်..။ ဆော့ဝဲလ်တွေမှ မဟုတ်ပါဘူး.. ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ သီချင်းတွေ အားလုံးကို Winrar နဲ့ချုပ်ပြီး သိမ်းထားလို့ ရပါတယ်.. Winrar နဲ့မချုပ်ပဲ ထားတဲ့ဓါတ်ပုံဖိုင်တွေဆိုရင် ဗိုင်းရပ်စ် ဖုံးလိုက်လို့ ခဏခဏပျောက်တတ်ပါတယ်.. ဆော့ဝဲတွေဆိုရင်လည်း ဗိုင်းရပ်စ်ဖျက်လိုက်ရင် သုံးလို့မရတော့ပါဘူး..။ ဒါက ကျနော့်စက်ထဲမှာ ခဏခဏဖြစ်တတ်တာကို ပြေပြတာပါ..။ မိမိတို့စက်ထဲမှာ Winrar မရှိသေးဘူးဆိုရင်တော့ ဒီနေရာမှာ ဒေါင်းလော့ချလိုက်ပါ.. ဖရီးဆော့ဝဲလ်လေးပါ..။ ကျနော့်သူငယ်ချင်းတစ်ယောက်ဆိုရင် မြန်မာနည်းပညာဆိုဒ်တွေက ဆော့ဝဲလ်တွေက ဒေါင်းလို့တော့ရတယ် ..။ သုံးလို့မရဘူးတဲ့..။ ဘာဖြစ်လို့လဲဆိုတော့ ဒေါင်းလော့ချလိုက်လို့ သူ့စက်ထဲရောက်လာတဲ့ ဆော့ဝဲလ်တွေ အားလုံးက စာရွက်ဖြူလေးတရွက်ပဲ တွေ့ရတယ်တဲ့ ဘာမှသုံးလို့မရဘူးတဲ့.. ဘယ်လိုလုပ်ရမလဲဆိုပြီး ကျနော့်ကိုမေးလာပါတယ်..။ သူ့စက်ကို သေချာဖွင့်ကြည့်လိုက်မှ Winrar ဆော့ဝဲလ်မရှိလို့ ထည့်ပေးလိုက်မှ အဆင်ပြေသွားပါတယ်..။ သူ့ကိုတခါတည်း Winrar သုံးနည်းလေးပါ အောက်ကပုံလေးတွေအတိုင်း ပြောပြလိုက်ပါတယ်..

copy-paste , cut-paste နှင့် notepad အသုံးပြုပုံ

အရင်ဆုံး notepad ထုတ်တာလေး ပြပါ့မယ်..။ ဘာလို့လဲဆိုတော့ အင်တာနက်က စာသားတွေကို ကော်ပီကူးချင်ရင်ပဲ ဖြစ်ဖြစ် ... ဒါမှမဟုတ် မှတ်စုတို့ ဘာတို့ ရေးဖို့ပဲဖြစ်ဖြစ်  notepad ကအသုံးဝင်ပါတယ်..။ notepad ကသီးသန့်ဆော့ဝဲလ် မဟုတ်ပါဘူ.. ဝင်းဒိုးထဲမှာ ပါပါတယ်.. သုံးရတာလဲ လွယ်လို့.. ဒီတခါတော့ ဒါလေးသုံးပုံ သုံးနည်းလေးကိုအရင် တင်ပေးလိုက်ပါတယ်.. ပုံလေးတွေ ကြည့်ပြီး လိုက်လုပ်ကြည့်လိုက်ပါဗျာ..

Software မသုံးပဲ Computer ထဲက အမှိုက်များ ရှင်းနည်း



ကျနော်တို့ ကွန်ပျူတာထဲက အမှိုက်တွေကို ရှင်းတဲ့နည်းလမ်းတွေ အများကြီးထဲက ဒီတစ်နည်းကို အရင်ဖော်ပြလိုက်ပါတယ်..။ နေ့စဉ် မိမိတို့ ကွန်ပျူတာကို ဖွင့်သုံးနေသမျှ ကွန်ပျူတာထဲမှာ အမှိုက်တွေကလည်း များလာပါတယ်..။ ကြာလာတာနဲ့အမျှ အမှိုက်တွေများလာတော့ စက်က လေးလာပါတယ်..။ ဗိုင်းရပ်စ်ကြောင့်မဟုတ်ပဲ အမှိုက်ကြောင့်လည်း စက်လေးတတ်ပါတယ်..။ ဒါကြောင့် အမှိုက်တွေ နေ့စဉ်ရှင်းပေးသင့်ပါတယ်..။ နေ့စဉ် မလုပ်နိုင်ရင်တောင် တစ်ပါတ်တစ်ခါ၊ နှစ်ခါတော့ ပုံမှန်ရှင်းပေးသင့်ပါတယ်..။
အခုဒီနည်းလေးကလည်း ကျနော်အမြဲသုံးတဲ့ နည်းလေးမို့လို့ အရင်တင်ပေးလိုက်ပါတယ်..။ လုပ်နည်းကတော့ ကီးဘုတ်ရှော့ကတ်ကီး Windows logo + R နဲ့ Run Box ကိုအရင်ဖွင့်ပါ..။ ပြီးရင်တော့ ဒီအောက်က စာသုံးကြောင်းကို တကြိမ်စီ ရိုက်ထည့်ရပါမယ်..။ တကြောင်းပြီးမှ တကြောင်း ရိုက်ထည့်ရမှာ ဖြစ်ပါတယ်..။ ပထမတကြောင်း %temp% ၊ ဒုတိယတကြောင်း prefetch ၊ တတိယတကြောင်း recent ဆိုပြီး တကြောင်းစီ ရိုက်ထည့်ပြီးတိုင်း OK သို့မဟုတ် Enter ခေါက်ပေးပါ..။ အောက်မှာပုံတွေ ကြည့်ပြီး  လိုက်လုပ်ကြည့်လိုက်ပါဗျာ... အဆင်ပြေပါစေ...

Computer ကိုလေးစေသည့် Windows logs များရှင်းနည်း

by - လွင်မင်းဗိုလ် (နည်းပညာ)


ကျနော်တို့ရဲ့ ကွန်ပျူတာမှာ Windows logs များကိုရှင်းပေးဖို့လည်း လိုအပ်ပါတယ်..။ Windows logs များလာရင် စက်ကိုလေးစေပါတယ်..။ ကွန်ပျူတာရဲ့ မောက်စ့်ကို တခါတောက်တိုင်း ကွန်ပျူတာရဲ့ ဦးနှောက်ဟာ တခါလိုက်မှတ်ထားပေးပါတယ်..။ နောက်ပြီး Windows Error တွေနဲ့ ဆော့ဝဲလ် Error တွေအားလုံးကို ကွန်ပျူတာရဲ့ ဦးနှောက်က လိုက်မှတ်ထားပေးပါတယ်..။
အဲလိုလိုက်မှတ်တာများလာတော့ စက်ကအမှားတွေလည်း ပိုများလာပါတယ်..။ ကျနော်တို့က ကွန်ပျူတာဦးနှောက် လိုက်မှတ်ထားတဲ့ ဟာတွေအားလုံးကို ရှင်းပေးလိုက်ခြင်းဖြင့် ကွန်ပျူတာနဲ့ ဦးနှောက်ကို လန်းဆန်းစေပါတယ်..။ စက်ကိုပိုမိုသွက်လက်စေပါတယ်..။ Windows logs တွေရှင်းပြီးရင်တော့ Desktop မှာ Right Click ထောက်ပြီး Refresh ကို လေးငါးခါလောက် တောက်ပေးလိုက်ပါ..။ ဒါမှမဟုတ် ကီးဘုတ်မှ F5 ကို လေးငါးခါ နှိပ်ပေးလိုက်ပါ..။ ဒါဆိုရင်တော့ မိမိတို့ရဲ့ ကွန်ပျူတာဟာ လန်းဆန်းတက်ကြွစွာနဲ့ အလုပ်လုပ်နေပါပြီ..။ ဒီနည်းလေးကလည်း နေ့စဉ် ကွန်ပျူတာသုံးတိုင်း လုပ်ပေးသင့်တဲ့ အလုပ်တစ်ခုပါပဲ..။ Windows logs ရှင်းနည်းကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ..။ လိုက်လုပ်ကြည့်လိုက်ပါဗျာ..

Website များ Facebook Page များကို ကိုယ်ပိုင် Apk လုပ်နည်း






  • ကျနော်တို့ အနေနဲ့ ဒီ နည်းစနစ်ကိုသုံးပြီး မိမိရဲ့ ကိုယ်ပိုင် Website ကိုသော်လည်းကောင်း၊ ဒါမှမဟုတ် မိမိ ကြည့်ရှုလေ့ရှိတဲ့ Website တွေ၊ ကိုသော်လည်းကောင်း ဖန်တီးထားနိုင်ပါတယ်။




  • ဒီလို ဖန်တီး ဖို့ အတွက် ကျနော်တို့ သုံးချင်တဲ့ Icon တွေ၊ နောက်ခံပုံတွေကို သက်ဆိုင်ရာ Website အလိုက် ၊ Link အလိုက် လိုက်ဖက်ညီအောင် ကြိုတင်ပြီး သက်ဆိုင်ရာဆိုဒ်များမှာ ဒေါင်းယူထားပေါ့ဗျာ
  • ပထမဆုံး ဒီလင့်မှာ ၀င်ရောက်ပြီး Sign Up လုပ်လိုက်ပါ။ ပြီးရင် မိမိ Sign Up လုပ်လိုက်တဲ့ Gmail အကောင့်ကိုဝင်ပြီး Acivation Comfirm လုပ်ပေးလိုက်ရင် ကျနော်တို့ စတင်ပြီး ကိုယ်ပိုင် Android Application တွေ၊ Windows Phone Appliacation တွေကို စတင်ဖန်တီးလို့ရပါပြီ။
  • ကျနော် စမ်းသပ်ကြည့်သလောက်တော့ မိမိတို့ အမြဲလေ့လာကြည့်ရှုလေ့ ရှိတဲ့ Website တွေ၊ Facebook Page တွေကို Application တစ်ခုတည်းမှာပဲ စုစည်းပြီး ဖန်တီးထားလို့လည်း ရပါတယ်။ ကိုယ်တိုင် စမ်းသပ်ရင်းနဲ့ မိမိစိတ်ကြိုက်ဖန်တီးကြည့်လိုက်ပါ။ ကျနော်အနေနဲ့က တော့ ဒီပို့စ်မှာ အညွှန်းသဘောလောက်ပဲ တင်ပြပေးသွားမှာပါ။ Free Android Apk ဖန်တီးခြင်းပဲ ဖြစ်ပါတယ်။ မိမိအနေနဲ့ Premium ဖန်တီးချင်ရင်လည်း အဆင်ပြေပါတယ်ခင်ဗျား…..
  • အခြား ဖန်တီးလို့ရတဲ့ လင့်လေး ရှိပါသေးတယ်။ ဒီမှာ ၀င်ရောက်ကြည့်လိုက်ပါ။ ကျနော်က တော့ ပထမ လင့်ကိုပဲ သုံးပြီး တင်ပြပေးသွားမှာပါ။အောက်ပါပုံကတော့ ပထမဆုံး လုပ်ဆောင်ပေးရမယ့် မြင်ကွင်းဖြစ်ပါတယ်။
  • မွေးနေ့..မွေးရက်များနဲ့ သူရဲ့ ဂုဏ်သတ္တိများ.


     မွေးနေ့..မွေးရက်များနဲ့ သူရဲ့ ဂုဏ်သတ္တိများ.

      တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ်  (၁) သမား...

      တကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ်  (၂) သမား...

      တကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ်  (၃) သမား...

      တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ်  (၄) သမား...

      တကယ်လို့..မင်းဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၅)  သမား...

      တကယ်လို့..မင်းဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၆)  သမား...

      တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇  သမား...

      တကယ်လို့..မင်းဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၈  သမား...

      တကယ်လို့..မင်းဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၉)  သမား...

      Do You Believe in Numerology?

    မန္တလေးမြို့

    မန္တလေးမြို့


    မန္တလေးမြို့အား မင်းတုန်းမင်းတရားကြီးက (၁၈၅၇) ခုနှစ်၊ ဇန၀ါရီလ(၂၈) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါတယ်

    မန္တလေးမြို့ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပါတယ်

    မန္တလေးမြို့ဟာအကျယ်အ၀န်းစတုရန်းကီလိုမီတာ 8736 km2 (22626 sq mile)ရှိပြီးလူဦးရေ သန်း ကျော်နေထိုင်ပါတယ်

    မန္တလေးမြို့တွင် (၁၈၇၀) ပြည့်နှစ်၊ ဇူလိုင်လ(၃၀) ရက်နေ့က ပထမဆုံးခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဖွင့်လှစ်ခဲ့ရာ မင်းတုန်းမင်းကိုယ်စား ကင်းဝန်မင်းကြီး၊ ယောမင်းကြီးနှင့်ကုလားဝန်တို့ တက်ရောက်ကြပါတယ်။

    မန္တလေးမြို့တော်အတွင်း စွယ်တော်စင်နှင့်ဗဟိုစင်တို့ကို

    ဘိန်း


    ဘိန်း


    - ဘိန်းရဲ့အရင်းအမြစ်ဟာ ဥရောပ မြေထဲ ပင်လယ်မှ ဖြစ်ပါတယ်။
    - ဘိန်းကို၁၅၈ဝ ပြည့်နှစ်တွင် ပေါ်တူဂီ ကုန်သည်များနှင့် အီတလီ လူမျိုး''ဆီဖက်ဒရစ်''ဆိုသူက စတင် ရောင်းချခဲ့ပါတယ်။
    - ဘိန်းကို၁၆၃ဝ ပြည့်နှစ် ဒတ်ခ်ျ ကုမ္ပဏီ၏ မှတ်တမ်းအရ မလက္ကာမြို့မှ နှစ်စဉ်
    ဘိန်းပေါင်ချိန် ၂ဝဝ ကိုကုန်သည်များမှ တစ်ဆင့် မြန်မာ နိုင်ငံနှင့်
    ထိုင်းနိုင်ငံ များသို့ ယူဆောင် ရောင်းချခဲ့တယ်လို့ သိရပါတယ်။
    - ဘိန်းမှ တစ်ဆင့် မော်ဖင်း၊ ဟီးရိုးအင်း ထုတ်လုပ်နိုင်ပြီး ဂျာမနီ နိုင်ငံနှင့် အီတလီ နိုင်ငံတို့က စတင် တီထွင် ထုတ်လုပ်ခဲ့ပါတယ်။
    - ဘိန်းကို စည်းရုံးရေး ဖြိုခွဲရေး လက်နက်အဖြစ်ရှေးခေတ်နယ်ချဲ့တို့က
    တရုပ်ပြည်မှာအသုံးချခဲ့ဖူးပါတယ်။
    - ဘိန်းကြောင့်ကမ္ဘာ့သမိုင်း ခေတ်အဆက်ဆက်မှာ တိုင်းပြည်နှင့် လူမျိုး၏
    ဆိုးကျိုးနှင့် အနိဋ္ဌာရုံ များကိုသာ ပေးခဲ့တာကို

    တီထွင်မှူ

    တီထွင်မှူ

      မြန်မာအက္ခရာများနှင့် ဂဏန်းများပါသည့် မြန်မာ့ပထမဆုံးနာရီမှာ မြန်မာ့ပထမဆုံးခရစ်ယာန်  ဂိုဏ်းခုပ်ဆရာတော်ဖြစ် ခဲ့သူ ဆရာတော် ပီယို-ဂါလီဇီယာမှ မွန်ဘုရင်သမိန်ထောထံ (၁၇၄၃) ခုနှစ်က  ဆက်သခဲ့သော တိုင်ကပ်နာရီကြီးဖြစ်ပါ တယ်။ယင်းနာရီကြီးအား ရောမမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

      မြန်မာနိုင်ငံတွင် ရေမြုပ်ဗုံးကို ပထမဆုံးတီထွင်ခဲ့သူမှာ  ကနောက်မင်းသားကြီးဖြစ်ပြီး အောင်ပင်လယ်ကန်တွင် သက္ကရာဇ်  (၁၂၄၀) ပြည့်နှစ်က အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပါတယ်။

      မြန်မာအက္ခရာဖြင့် ကြေးနန်းရိုက်နည်းကို ယောမင်းကြီး ဦးဖိုးလှိုင်က တီထွင်ခဲ့တာပါ။

      မြန်မာဘာသာဖြင့်ပထမဆုံးပုံနှိပ်ထုတ်ဝေခဲ့သောစာအုပ်မှာ

    သမိုင်းဝင်ရန်ကုန်မြို့တော်ရှိ လမ်းများ၏ အင်္ဂလိပ်ခေတ်ကာလ နာမည် အသုံး အနှုံးများ


    သမိုင်းဝင်ရန်ကုန်မြို့တော်ရှိ လမ်းများ၏ အင်္ဂလိပ်ခေတ်ကာလ နာမည် အသုံး အနှုံးများ

      ကင်းဘဲလ်လမ်း = ငါးထပ်ကြီးဘုရားလမ်း
      ကာနယ်လမ်း(Canal Street) = အနော်ရထာလမ်း(လမ်းမတော် ကျုံးကြီးနား)
      ဖရေဇာလမ်း = အနော်ရထာလမ်း( ကျောက်တံတား၊ပန်းဘဲတန်း အနီး မြို့လယ်ခေါင်)
      ကော်မရှင်နာလမ်း = ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး
      ဒါလဟိုဇီလမ်း = မဟာ ဗန္ဓုလ လမ်းမကြီး
      ဒတ်ဖရင်လမ်း = စန္ဒကူးလမ်း
      ဟယ်လ်ပင်လမ်း = ပြည်ထောင်စုရိပ်သာလမ်း
      လန်ကက်စတာလမ်း = နဝဒေး လမ်း
      မက်စဂျစ်(Masjid Road) = သမိန်ဗရမ်းလမ်း
      မစ်ရှင်လမ်း = အလုံလမ်း
      စတီဗန်ဆန်လမ်း =လှည်းတန်းလမ်း
      ဘိုးလ်လမ်း = ဦးဝိဇာရလမ်း
      ဝင်ဒါမီယာလမ်း =

    မြန်မာပြည်က ပြောက်ကျားစစ်သည်များ


     


    မြန်မာပြည်က ပြောက်ကျားစစ်သည်များ

      - ကမ္ဘာကျော် သမိုင်းဆရာ ဂျေဂျီစကော့တ်က Burma and beyond အမည်ရှိ စာအုပ်မှာကချင်လူမျိုးများဟာ  ပထမတန်းစား စစ်သည်များလို့ ရေးသားဖူးပါတယ်။
      - ဒုတိယကမ္ဘာစစ် အတွင်း မြန်မာပြည်မှာ အမေရိကန် ကချင်ရိန်းဂျာ ပြောက်ကျား တပ်ဖွဲ့ကို ဦးဆောင်ခဲ့တဲ့  ဖလက်ချာ က ကချင်လူမျိုးများအား တုနှိုင်းမမီနိုင်သော တောတွင်း တိုက်ခိုက် ရေးသမားများ (Unmatch  jungle fighters) လို့ပြောဆိုခဲ့ဖူးပါတယ်။
      - ဗြိတိသျှ ကချင်လေတပ်မှူး ဗိုလ်မှူးကြီး အီယန်ဖဲလိုး ဂေါ်ဒွန်ကလည်း (Amicable assassins) အမည်ရှိ  သူ၏ စာအုပ်တွင် (The best guerrillas in the world) ကမ္ဘာ့အတော်ဆုံးသော ပြောက်ကျား  စစ်သည်များလို့ ရေးသားဖူးပါတယ်။

    မြန်မာနိုင်ငံ မှာ



    အမြင့်ဆုံးတောင်
      မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီတောင်သည် အမြင့် ၅၈၈၁ မီတာ (ပေ ၁၉၂၉၀)   ခန့် မြင့်မားသည်။

      အရှည်ဆုံးမြစ်
      ဧရာဝတီမြစ်သည် မိုင်းပေါင်း ၁၃၅၀ (၂၁၇၀ ကီလိုမီတာ) ရှည်လျားသည်။

      အကြီးဆုံးကန်
                            ကချင်ပြည်နယ်မိုးညင်းရှိအင်းတော်ကြီးကန်သည်အရှေ့နဲ့အနောက်

    ကိုရှစ်မိုင်ရှည်လျားပြီးတောင်နဲ့မြောက်ကို၁၅မိုင်ရှည်လျားပါသည်။

      အရှည်ဆုံးဂှု

    အသားကြီး (၁၀) မျိုး


    အသားကြီး (၁၀) မျိုး

    အသားကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ အသားကြီး (၁၀)မျိုး မအပ်ဘူးလို့ မြတ်စွာဘုရား   ပညတ်ထားတော်မူပါတယ်။

    နံပါတ် (၁ ) လူသား
    နံပါတ် (၂) ဆင်သား
    နံပါတ် (၃) မြင်းသား
    နံပါတ် (၄) ခွေးသား
    နံပါတ် (၅) မြွေသား
    နံပါတ် (၆) ခြင်္သေ့သား
    နံပါတ် (၇) ကျားသား
    နံပါတ် (၈) သစ်သား၊
    ‘သစ်’ဆိုတာ ကျားလို အကောင်မျိုးပဲနော်။ နောက် ----
    နံပါတ် (၉) အစ္ဆ = ၀ံ
    နံပါတ် (၁၀) (တရစ္ဆ ) = အောင်း ---

    ဒီအသားကြီး (၁၀)မျိုးကို မစားရဘူး ဆိုပြီးတော့

    သင်သေသွားသော် ( ဆရာဇော်ဂျီ )

     သင်သေသွားသော် ( ဆရာဇော်ဂျီ )

      -======================

      ★ ★ ဪ..လူ့ပြည်လောက၊ လူ့ဘ၀ကား

      အိုရနာရ၊ သေရဦးမည်

      မှန်ပေသည်တည့် ။

      -

      ★ ★ သို့တပြီးကား၊ သင်သေသွားသော်

      သင်ဖွားသောမြေ၊ သင်တို့မြေသည်

      အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏ ။

      သင်၏အမျိုးသား၊ စာစကားလည်း

      ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏ ။

    -
    http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



    အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
    လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>