လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အသက်သုံးဆယ်အရွယ်မှာ သန်းကြွယ်သူဌေးဖြစ်အောင် ဘယ်လိုလုပ်မလဲ?

အသက်သုံးဆယ်အရွယ်မှာ သန်းကြွယ်သူဌေးဖြစ်အောင် ဘယ်လိုလုပ်မလဲ?
Posted by Editorဒီနေ့မှာတော့ World Myanmar စာဖတ်ပရိသတ်များအတွက် ကျွန်တော် Mr. Guy မှအကျိုးရှိအားတတ်စေမယ့် သတင်းဆောင်းပါးလေးကို ဆီလျှော်အောင်ဘာသာပြန်ကာပြန်လည်မျှဝေလိုက်ပါတယ်။သတင်းလေးရဲ့ခါင်းစဉ် ကတော့အသက်သုံးဆယ်အရွယ်မှာ သန်းကြွယ်သူဌေးဖြစ်အောင်ဘယ်လိုလုပ်မလဲတဲ့။ မူရင်းရေးသားသူကတော့ သူ့ဘ၀ရဲ့အတွေ့အကြုံနဲ့ ဘယ်လိုဖြစ်အောင်လုပ်ဆောင်ခဲ့လည်းဆိုတာ သင်ခန်းစာယူနိုင်ရန်နှင့်အများသိစေရန် ထုတ်ဖော်ပြောဆိုခဲ့တာပါ။အသက်သုံးဆယ် အရွယ်မှာသန်းကြွယ်သူဌေးဖြစ်ဖို့ဆိုတာ စိတ်ကူးယဉ်ဆန်ရာကျတယ်လို့ ထင်ရက်နိုင်စရာရှိပေမဲ့ မဖြစ်နိုင်စရာမရှိ။ ကြိုးစားရင်ဘာမဆိုဖြစ်တယ်။ ကျွန်တော် အသက် ၂၁နှစ်အရွယ်မှာ ကျောင်းကထွက်ပြီး အကြွေးပတ်လည်ဝိုင်းကာ အလွန်တရာမွဲနေခဲ့ပါတယ်။ ဒါပေမဲ့အသက်သုံးဆယ်မှာတော့ သန်းကြွယ်သူဌေးဖြစ်ခဲ့ပါတယ်။အောက်ပါ အချက် (၁၀)ချက်ကိုလိုက်ပါလုပ်ဆောင်မယ်ဆိုရင်တော့ သင်သန်းကြွယ်သူဌေးဖြစ်ရန် အာမခံပါတယ်။

သူတော်ကောင်း၊ သူယုတ်မာ

သူတော်ကောင်း၊ သူယုတ်မာ
သူတော်ကောင်း အင်္ဂါသုံးပါး
(၁) သူတော်ကောင်းဟာ ကုသိုလ်ဖြစ်ကြောင်း ကောင်းမှုကိုသာ ကြံစည်တယ်၊
(၂) စကားပြောတဲ့အခါမှာလည်း အပြစ်ကင်းတဲ့စကား၊ ကုသိုလ်ဖြစ်ကြောင်း ကောင်းတဲ့စကာားကိုသာပြောဆိုတတ်တယ်၊
(၃) အလုပ်လုပ်တဲ့အခါမှာလည်း ကုသိုလ်ဖြစ်ကြောင်း ကောင်းမှုကိုသာ လုပ်တယ်။
သူယုတ်မာ အင်္ဂါသုံးပါး
(၁) သူယုတ်မာဟာ အကုသိုလ်ဖြစ်ကြောင်း မကောင်းမှုကိုသာ ကြံစည်တယ်၊
(၂) စကားပြောတဲ့အခါမှာလည်း အပြစ်မကင်းတဲ့စကား၊ အကုသိုလ်ဖြစ်ကြောင်း မကောင်းတဲ့စကာားကိုသာပြောဆိုတတ်တယ်၊
(၃) အလုပ်လုပ်တဲ့အခါမှာလည်း အကုသိုလ်ဖြစ်ကြောင်း မကောင်းတဲ့အလုပ်၊ အပြစ်မကင်းတဲ့ အလုပ်ကို လုပ်တယ်။

ချမ်းသာကြွယ်ဝ ချင်သူများ အတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်

ချမ်းသာကြွယ်ဝ ချင်သူများ အတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း(၆)
အပိုင်း (၁) (၂) (၃) (၄) (၅) ကို ဒီနေရာမှာ အရင် အေးအေးဆေးဆေး ဖတ်ပါ။
ချမ်းသာကြွယ်ဝခြင်း
အခုပြောမယ့်ဟာက အခန်း(၄) ပဲ။ ဒီအခန်းဟာ သိဒ္ဓိကျင့်စဉ်အတွက် အရေးကြီးတဲ့အခန်းပဲ။ ဒီအခန်းရဲ့ ခေါင်းစဉ်က ချမ်းသာကြွယ်ဝခြင်းကို သိဒ္ဓိနည်းဖြင့် ရယူခြင်းတဲ့။ သိဒ္ဓိကျင့်စဉ်နဲ့ ချမ်းသာကြွယ်ခြင်းကို ရယူမယ်။ တချို့ ဒါကို မယုံကြပါဘူး။ ယုံတာမယုံတာ အကြောင်းမဟုတ်ဘူး။ ကျင့်စဉ်ရဲ့ သဘောထားကို ပြောပြမှာ။ တန်ခိုးသိဒ္ဓိ ရရာရကြောင်းကြံစည်တာ ဒါ လူသာမာန်ရဲ့ အလုပ်ပဲ။ တော်တော့်ကို စွန့်စွန့်စားစားလုပ်တတ်တဲ့ သဘာဝရှိမှသာ ဖြစ်နိုင်ပါတယ်။ ယုံလည်း ယုံကြည်ရမယ်။
အဲဒီတော့ သိဒ္ဓိလမ်းစဉ်ကို လိုက်မယ်ဆိုရင် ပထမဦးဆုံး သိထားဖို့က

ခေတ်အဆက်ဆက်မှ မြန်မာ အလံများ..................

ခေတ်အဆက်ဆက်မှ မြန်မာ အလံများ..................

ဆင်းရဲနည်း၊ ချမ်းသာနည်း

" ဒီလိုရှိတယ် သူငယ်ရဲ့ ဆငိးရဲတဲ့အခါမှာ မချွေတာနဲ့ကွ၊ အလုပ်များများလုပ် ငွေများများရှာ ခပ်ရှုပ်ရှုပ်ခပ်ပွေပွေနေ လောင်းကစားသမားနဲ့ပေါင်း အရက်သမားနဲ့လဲပေါင်း အပျော်အပါးသမားနဲ့လဲပေါင်း ရှိတာလဲခြိုးခြံမနေနဲ့ သုံးသာသုံးပေတော့ ချမ်းသာတယ်ဆိုတာချွေတာလို့မဟုတ်ဘူးကွ တစ်လမှ အိမ်သုံးစရိတ်နှုတ်ပြီး ငွေကလေးငါးကျပ်လောက်ပိုတဲ့လူအဖို့ စုဆောင်းလို့ကော ဘယ်လောက်များ ချမ်းသာလာမှာလဲကွာ တနှစ်မှ ငွေ ၆၀ စုမိတယ် ဆယ်နှစ်မှ ငွေလေး ၆၀၀ ဟဲ..ဟဲ ငွေကလေးခြောက်ထောင်လောက် ချမ်းသာဖို့ဆိုရင် အနှစ်တစ်ရာလောက် စုရမယ် အနှစ်တစ်ရာဆိုသူလဲမရှိတော့ဘူး သေပြီ ဒါကြောင့် ဆင်းရဲ ရင် မချွေတာနဲ့ကွ ချမ်းသာတဲ့သူတွေဟာ ချွေတာလို့ချမ်းသာလာတာ မဟုတ်ဘူး၊ ငွေဝင်များလို့ချမ်းသာလာတာ ငါတို့ရွာမှာ ကိုချစ်တီးဆိုတာ သိပ်ချွေတာပြီး သိပ်ပြီးရိုးရိုးကုပ်ကုပ် နေတာပေါ့ကွာ သူသေတော့ အိပ်ရာ ခေါင်းရင်းက ၀ါးကျည်တောက် စုဗူးကိုခွဲကြည့်တော့ ငွေကလေး ၇၀၀ ပဲတွေ့ရတယ်
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>