လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ATM အီလက်ထရောနစ် ငွေထုတ်စက် အကြောင်း သိကောင်းစရာ




၁၉၅၉ ခုနှစ်က အမေရိကန်နိုင်ငံမှာ ATM စက် (အလိုအလျောက်ငွေထုတ်စက်) ကို
ပထမဆုံးအသုံးပြုခဲ့ပါ တယ်။ ၁၉၆၀ နောင်းပိုင်းကစတင် ရေပန်းစားပြီး ယနေ့အချိန်
အထိ အသုံးပြုနေတဲ့ ATM (Automated teller machine) ရဲ့ အခြေခံ ဖွဲ့စည်းပုံအ
ကျဉ်းချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  1. CPU (အသုံးပြုသူ interface နှင့် ငွေထုတ်စက်အား ထိန်းချုပ်ရန်)
  2. Magnetic/ Chip card (ငွေထုတ်သူ Customer အား ခွဲခြားဆုံးဖြတ်ရန်)
  3. PIN/ Touch Screen ( လျို့ဝှက်ကုဒ်နံပါတ်ရိုက်ရန်)
  4. Display (ဖန်သားမျက်နှာပြင်)
  5. Function key buttons/ Touch screen ( ထုတ်မည့်ငွေပမာဏအားရိုက်ထည့်ရန်)
  6. Vault (ငွေများအားထိန်းသိမ်းကာကွယ်သည့် မီးခံသေတ္တာအလွှာ)
  7. Housing (စက်အခွံ)

သွေးဆေးကန်ဆိုတာ

သွေးဆေးကန်ဆိုတာ
================

ရွှေတိဂုံဘုရား မြောက်ဖက်မုခ်ရှိ သွေးဆေးကန်ကို တော်တော်များများ ရောက်ဖူး ကြပါလိမ့်မည်။ ထိုသွေးဆေးကန် အကြောင်း သိသူများရှိသလို မသူများရှိသည့်အတွက် သွေးဆေးကန်လို့
ခေါ်ရတဲ့ သမိုင်းကို ပြန်လည် ရေးသားလိုက်ရပါတယ်။
၁၈၅၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အင်္ဂလိပ်မှ မြန်မာနိုင်ငံကို စစ်ကြေငြာကာ အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ဗိုလ်ချုပ် ဂျင်နရယ်ဂေါ်ဒွင်းဦးစီးတဲ့ ကြည်ကြောင်း၊ ရေကြောင်း ၂ ခုပေါင်း စစ်သည် အင်အား ၉ ထောင်ကျော်ဖြင့် မုတ္တမကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ မုတ္တမ ခံတပ်တွင် မြန်မာစစ်သည် ၄ ထောင်ကျော် က ခုခံတိုက်ခိုက်သောလည်း လူအင်အားမမျှခြင်း၊ လက်နက်အင်အားမမျှခြင်း၊ အင်္ဂလိပ်တို့က အလစ်ဝင်ရောက်တိုက်ခိုက်သဖြင့် နေပြည်တော်မှ တပ်များမရောက်လာနိုင်ခြင်း၊ ခဲယမ်းမီးကျောက်များ ကုန်သွားခြင်းတို့ကြောင့် ဧပြီလ ၇ ရက်နေ့တွင် မုတ္တမမြို့ ခံတပ်ဟာ ကျ ဆုံးခဲ့ရပါတယ်။
ဧပြီလ ၁၀ ရက်နေ့မှာ ရန်ကုန်ကို ကြည်ကြောင်း၊ ရေကြောင်း ၂ ခု ဖြင့် ထပ်မံ ထိုးစစ် ဆင်ခဲ့ သည်။ ရန်ကုန်မြို့ရဲ့  ရှေ့ ပြေးခံတပ် ဒလ ခံတပ် ကျဆုံးခဲ့ရသဖြင့် ဧပြီလ ၁၂ ရက်နေ့မှာ အင်္ဂလိပ်တပ်များ ရန်ကုန်မြေကို စတင် ခြေချကာ တိုက်ခိုက်လာနိုင်ခဲ့ ပါတယ်။ အင်္ဂလိပ်တပ်ဟာ စစ်ကြောင်း ၂ ကြောင်း ခွဲပြီး ရွှေတိဂုံကုန်တော်ကို ထိုးစစ်ဆင်ရန် အပြင်းချီ တက်လာခဲ့ကြသည်။ ရွှေတိဂုံခံတပ်မရောက်မီ သိမ်ဖြူခံတပ်(ယခု သိမ်ဖြူ ဒေ၀သာဂရကုန်း) မှ အပြင်းအထန် ခုခံသဖြင့် ၂ ဖက်စလုံး အကျအဆုံးများစွာ ရှိခဲ့ကြသည်။ ၂ ဖက်လုံးမှ စစ်သည် များသည် ဘီလူးသမျှ တိုက်ခိုက်ကြသဖြင့် အလွန်ကြောက်စရာကောင်းသော စစ်မျက်နှာပြင် ဖြစ်ခဲ့ သည်။ မြန်မာများ များစွာ ကျဆုံးခဲ့သလို အင်္ဂလိပ်တပ်မှ မျက်နှာဖြူ အရာရှိ ၂ ဦး အပါအ၀င် တပ်သားများစွာ ကျဆုံးခဲ့သည်။ နောက်ဆုံး လက်နက်အင်အား မမျှသဖြင့် မြန်မာတပ်များ ဧပြီလ ၁၄ ရက်နေ့တွင် ရွှေတိဂုံခံတပ်သို့ နောက်ဆုတ် ပေး ခဲ့ရသည်။ ရွှေတိဂုံခံတပ်စီသို့ နောက်ဆုတ်လာသော တပ်များအားလုံး ပေါင်းစည်းကာ ခံစစ်ပြန်ပြင်ကြသည်။
စစ်ဦးတွင်အောင်ပွဲရနေသော အင်္ဂလိပ်စစ်တပ်သည် ဧပြီလ ၁၄ ရက်နေ့တွင် ပင် ရွှေတိဂုံကုန်းတော်ခံတပ်ကို အတင်းဝင်ရောက် တိုက်ခိုက်ကြသည် ခံတပ်ရှိမြန်မာများက အသေခံ ဓါးနဲ့ဝင်ခုတ်သဖြင့် ထိုနေ့ တစ်နေ့ထဲတွင် အ၈င်္လိပ် စစ်သည် ၂၀၀ ကျော် ကျဆုံးခဲ့သည်။ ရွှေတိဂုံကုန်းတော်ခံတပ်တိုက်ပွဲတွင် ဓါးဖြင့် အနီးကပ်ဝင်ပိုင်းရသဖြင့် အင်္ဂလိပ်တို့၏ သွေးများက မြန်မာစစ်သည်များ၏ လက်များတွင် စေးကပ်နေကြသည်။ ထိုသို့စေးကပ်နေသခြင့် ဓါးကိုခွာရာမရသဖြင့် ထိုသွေးများကို ရွှေတိဂုံဘုရားမြောက်ဖက်ရှိ ကန်တွင် ရေ ဆေးချကြ သည်။ သွေးများက ဓါးကိုင်ထားသည့်လက်တွင် စေးကပ်နေသဖြင့် တော်တော်လေးကို ကွာအောင် ဆေးကြောကြရသဖြင့် ထိုကန်ကို မြန်မာစစ်သည်များက သွေးဆေးကန်ဟု အမည်ပေးခဲ့ကြသည်။
၁၈၅၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် စစ်ကူများမရောက်လာခြင်း၊ လက်နက်အင်အားမမျှခြင်း( အင်္ဂလိပ်မှ သေနတ်ဖြင့် ပစ်ချက်ကို မြန်မာက ဓါးဖြင့် တတ်ခုတ်နေရခြင်း)တို့ကြောင့် မြန်မာတပ်မှူး မှ ရွှေတိဂုံကုန်တော်မှ တပ်ဆုတ်ပေးလိုက်သည်။
ဒုတိယအင်္ဂလိပ်မြန်မာစစ်သည် မြန်မာများ အငိုက်မိခြင်း၊ စစ်လက်နက် ကွားခြားခြင်းတို့ကြောင့် ရှုံးနိမ့်ခဲ့ရသော်လည်း သွေးဆေးကန်၊ သိမ်ဖြူခံတပ်တို့သည် ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲတွင် မြန်မာတို့၏ ဇာတိမာန်ကို ပြသခဲ့သည့် တိုက်ပွဲဖြစ်သည်။ ထိုသို့ မြန်မာတို့၏ သတ္တိ၊ မြန်မာတို့ရဲ့ သွေးကို အကောင်းဆုံးပြသ ခဲ့သည့် သူရဲကောင်းများ၏ ၀ိဥာဏ်များ နာခိုရာ သွေးဆေးကန်၊ အာဇာနည်ကုန်း တို့ကို နှစ်စဉ် အာဇာနည်နေ့တိုင်း သွားရောက်ဂါရ၀ပြုခဲ့ကြခြင်းဖြစ်သည်။

Credit  to - သမိုင်းစာ သမိုင်းစကား
K.K(ကနောင်)
 
သွေးဆေးကန်ဆိုတာ
================
 ရွှေတိဂုံဘုရား မြောက်ဖက်မုခ်ရှိ သွေးဆေးကန်ကို တော်တော်များများ ရောက်ဖူး ကြပါလိမ့်မည်။ ထိုသွေးဆေးကန် အကြောင်း သိသူများရှိသလို မသူများရှိသည့်အတွက် သွေးဆေးကန်လို့
 ခေါ်ရတဲ့ သမိုင်းကို ပြန်လည် ရေးသားလိုက်ရပါတယ်။
၁၈၅၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အင်္ဂလိပ်မှ မြန်မာနိုင်ငံကို စစ်ကြေငြာကာ အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ဗိုလ်ချုပ် ဂျင်နရယ်ဂေါ်ဒွင်းဦးစီးတဲ့ ကြည်ကြောင်း၊ ရေကြောင်း ၂ ခုပေါင်း စစ်သည် အင်အား ၉ ထောင်ကျော်ဖြင့် မုတ္တမကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ မုတ္တမ ခံတပ်တွင် မြန်မာစစ်သည် ၄ ထောင်ကျော် က ခုခံတိုက်ခိုက်သောလည်း

(၆၇)နှစ်မြောက် တပ်မတော်(ရေ)နေ့သို့ သက်သေတည်အံ့

တပ်မတော်-ရေ

“ (၆၇)နှစ်မြောက် တပ်မတော်(ရေ)နေ့သို့ သက်သေတည်အံ့ ”

“ (၆၇)နှစ်မြောက် တပ်မတော်(ရေ)နေ့သို့ သက်သေတည်အံ့ ”

၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်ရေတွက်ကြည့်လျင် မြန်မာ့တပ်မတော်(ရေ)သည် မနက်ဖြန်၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် (၆၇)နှစ် ပြည့်မြောက်မည် ဖြစ်သည်။ ထို့ကြောင့်ပင်လားမသိ ယနေ့ရောက်ရှိနေသော နေရာမှ အတိတ်သမိုင်းစဉ်သို့ ပြန်မျှော်ကြည့်မိသည်။
တပ်မတော်(ရေ)၏ ဖြစ်စဉ်သမိုင်းသည် လွတ်လပ်ရေးသမိုင်းနှင့် ဒွန်တွဲခဲ့သလို မြန်မာ့တပ်မတော်သမိုင်း၏ နိဒါန်းဦးနှင့်လည်း ပုံရိပ်ကောင်းတို့ ထင်ကျန်ရစ်ခဲ့သည်။ တစ်ဖန် လွတ်လေးရေးတည်ငြိမ်မှု အဖျားလှုပ်ခါစအချိန် နှင့် ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေး ကာလများတွင်လည်း တပ်မတော်(ရေ)သည် ကျရာအခြေအနေ အနေအထားမှ တိုင်းပြည်ကာကွယ်ရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးတာဝန်များကို ဦးလည်မသုန်ထမ်းရွက်ခဲ့ပြန်သည်။

ရေပြင်တွင်သာမက ကုန်းပေါ်ထိပင် ဖြန့်ကြက်တာဝန်ထမ်းဆောင်နိုင်ခဲ့သည့် နောင်တော်ရေတပ်သားကြီးများ၏ အတိတ်မှတ်တမ်းဖြစ်စဉ်များသည် ယနေ့ထိတိုင် လတ်ဆတ်မော်ကြွားနေသလို ခံစားမိသည်။ထိုအချိန်က မြစ်တွင်း / မြစ်ကြောင်းစစ်ဆင်ရေး၊ မြစ်ဝကျွန်းပေါ်စစ်ဆင်ရေးများနှင့် ရန်ကုန်မြို့ခုခံကာကွယ်ရေးတိုက်ပွဲကြီးများသည် အထင်ကရဖြစ်ခဲ့သည်။
ယင်းကာလများနောက်ပိုင်းတွင် အခြေအနေအချိန်အခါအရ တပ်မတော်(ရေ)၏ ရည်မှန်းချက်တာဝန်များသည် ပင်လယ်ပြင်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များအပေါ်တွင် အဓိကမဏ္ဍိုင်ပြုခဲ့ကြသည်။ အရွယ်အစားငယ်ရွယ်သော်ငြား Constabulary လုပ်ငန်းတာဝန်များနှင့် လိုက်လျောညီထွေရှိသည့် ကျစ်လစ်သောဖွဲ့စည်းစုဖွဲ့မူနှင့် လုပ်ငန်းစနစ်များသည် အခြေခိုင်ခန့်ခဲ့သည်။ ရလာဒ်ကောင်းများနှင့် အတွေ့အကြုံသစ်များကိုလည်း မှတ်ကျောက်တင်နိုင်ခဲ့သည်။

ထိုမှတစ်ဖန် ဆယ်စုနှစ်ကျော်အပိုင်းအခြားတစ်ခု ဖြတ်သန်းခဲ့ရာမှ Military Role ၏ အခန်းကဏ္ဍကျယ်ပြန့်လာခဲ့သည်။ Three Layer Defence ၊ (30) Years Plan ၊ Brown To Blue Water စသည့် မဟာဗျုဟာအခြေခံခေတ်သို့ ရောက်ရှိလာခဲ့ပြီး တစ်ချိန်တည်းမှာပင် တိုးတက်မှု နှင့် တိုးချဲ့မှု အပြောင်းအလဲကို သိသိသာသာ တွေ့မြင်ခံစားရသည်။ ယင်းသည်ပင်လျင် စိန်ခေါ်မှုများနှင့်အတူ အခွင့်အလမ်းများရှိနေခဲ့သော Coastal Navy အစ ရေတပ်တစ်ခု၏ ဥပဓိရုပ်အဖြစ် မှတ်ယူနိုင်ပါမည်။

ထို့ကြောင့် ယနေ့ရေတပ်သည် စိန်ခေါ်မှုတချို့ကို ကာလတစ်ခုကြာ တွေ့ကြုံဖြတ်သန်းခဲ့ပြီးဖြစ်သလို ရင်ဆိုင်နေရဆဲလည်းဖြစ်သည်။ Coastal Navy စံပြည့်ရန် အခွင့်အလမ်းများကိုလည်း ဖန်တီးပုံဖော်ရန် ကြိုးစားနေဆဲ ရှိပါမည်။
ရှည်လျားသောကမ်းရိုးတန်း၊ ကျယ်ပြန့်သောရေပြင်ဧရိယာ အကျယ်အဝန်းနှင့်အတူ ရေကြောင်းဆိုင်ရာအကျိုးစီးများ၊ သယံဇာတများအား နောင်မျိုးဆက်များစွာတိုင် ထိန်းသိမ်းကာကွယ်နိုင်စွမ်းရှိရေးနှင့် လက်ဆင့်ကမ်းနိုင်ရေး၊ တိုးတက်ပြောင်းလဲလာသော ပထဝီအခြေပြု ရေကြောင်းမဟာဗျုဟာများ၊ ရေကြောင်းစွမ်းအားအယူအဆများ၊ နည်းပညာများနှင့် လိုက်လျောညီထွေရှိပြီး ဒေသတွင်းရေတပ်များနှင့် မိတ်ဝတ်မပျက် ရင်ဘောင်တန်းနိုင်သော ရေတပ်ဖွဲ့ဖြစ်ရေးသည် အစဉ်အဆက်ဖြစ်ရမည့် မဟာဗျုဟာရည်မှန်းချက် လုပ်ငန်းစဉ်များဖြစ်သည့်အလျောက် ယနေ့ရေတပ်မှ မနက်ဖြန်ရေတပ်သို့ လားရာညွန်ချက်လည်း ဖြစ်ပါလိမ့်မည်။

ထို့အတွက် 3 Dimensional ရေတပ်သို့ ဦးတည်ရေး၊ Fleet Oriented Modernisation ဖြစ်ရေး၊ War-Fighting Focus နှင့် Combat Ready ရှိရေး၊ HR နှင့် Logistic အပါအဝင် အားလုံးသောစနစ်များ သက်ဝင်ရေး၊ Result Base Management ဖြစ်ရေး အစရှိသည့် ဦးစားပေးရည်မှန်းချက်များဖြင့် အနာဂတ်ရေတပ်ကိုပုံဖော်မည့် မဟာဗျုဟာမြောက်အစီအမံ ထင်သာမြင်သာစွာ ဖြစ်တည်ခိုင်မာရန်နှင့် အစဉ်အဆက်တည်တံ့လွှဲပြောင်း ရှင်သန်နိုင်ရန်သည် ယနေ့ရေတပ်သားများ၏ ပခုံးပြောင်းတာဝန်များဟု နားလည်မိသည်။
သို့ဖြစ်၍ ယနေ့မြင်ရသော ရေတပ်သည် မနေ့က လမ်းပြခဲ့သူများနှင့် နောက်လိုက်ကောင်းများ၏ သက်သေပြယုဂ်ဖြစ်ပြီး ယနေ့ရေတပ်သားများသည် မနက်ဖြန်ရေတပ်ကို ဆက်လက်ပြဌာန်းမည်ဟု ယုံကြည်မျှော်လင့်လျက် (၆၇)နှစ်မြောက် တပ်မတော်(ရေ)နေ့သို့ သက်သေတည်အံ့ ဖော်ညွန်းအပ်ပါသည်။

မောင်မုတ်သုန်(Myanmar Navy)

၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်ရေတွက်ကြည့်လျင် မြန်မာ့တပ်မတော်(ရေ)သည် မနက်ဖြန်၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် (၆၇)နှစ် ပြည့်မြောက်မည် ဖြစ်သည်။ ထို့ကြောင့်ပင်လားမသိ ယနေ့ရောက်ရှိနေသော နေရာမှ အတိတ်သမိုင်းစဉ်သို့ ပြန်မျှော်ကြည့်မိသည်။
တပ်မတော်(ရေ)၏ ဖြစ်စဉ်သမိုင်းသည် လွတ်လပ်ရေးသမိုင်းနှင့် ဒွန်တွဲခဲ့သလို မြန်မာ့တပ်မတော်သမိုင်း၏ နိဒါန်းဦးနှင့်လည်း ပုံရိပ်ကောင်းတို့ ထင်ကျန်ရစ်ခဲ့သည်။ တစ်ဖန် လွတ်လေးရေးတည်ငြိမ်မှု အဖျားလှုပ်ခါစအချိန် နှင့် ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေး ကာလများတွင်လည်း

ကြယ် စင် တစ် ပွင့် ရဲ့ နေ ဝင် နိ ဂုံး



.(ဖြစ်ရပ်မှန်ဇာတ်လမ်း)

"ဆေးလိပ်ကိုဘယ်လိုသောက်နေတာလဲ ကျော်သိန်း.....ညဘက် ဆေးလိပ်သောက်ရင် နို့ဆီခွက်နဲ့အုပ်
သောက် ဖို့ ငါမမှာထားဘူးလားကွ"

ဆရာကြီးစိုးမောင်ရဲ့ ကြိမ်းမောင်းသံခပ်သဲ့သဲ့ကို ကြားနေရပေသည်။တပည့်တွေကလည်း တပည့်တွေပင်။အတန်တန်မှာထားရဲ့သားနဲ့ တခါတလေ ပေါ့ပေါ့ဆဆနဲ့နေတတ်သည်။အခုလည်း ညဘက်မှောင်ကြီးမဲကြီးထဲ ဆေးလိပ်မီးတစ်ရဲရဲ နှင့်သောက်နေသည်မို့ ဆရာကြီးစိုးမောင်က ဆူနေခြင်းဖြစ်သည်။

"စစ်မြေပြင်မှာ အမြဲတမ်းသတိ ရှိရှိနေရတယ်ကွ။တချက်ကလေးပေါ့လိုက်တာနဲ့ မင်းတင်မကဘူး. တစ်စခန်းလုံးအသက်ပါ ပါသွားနိုင်တယ်.နားလည်လား" ဆရာကြီးစိုးမောင်ရဲ့ အသံခပ်အုပ်အုပ်ဖြင့် ဆူသံကို ကြားရင်း အတွေးပေါ်လာသဖြင့် ကျွန်တော်ပြုံးမိသွားသည်။ကျွန်တော်လည်း စခန်းစရောက်စက ဆရာကြီးစိုးမောင်ရဲ့ ဂရုဏာဒေါသော ပြောတာကို

Android ဖုန်းပေါ်မှာ unicode myanmar font ထည့်နည်း

unicode myanmar font ထည့်နည်း

ခုဆို Google Search, Gmail, Translate နဲ့ အခြား App တော်တော်များများ Unicode မြန်မာဖောင့်ဘက် လှည့်လာကြပါပြီး။ မြန်မာဖောင့် Unicode ကို မိမိတို့ Android ဖုန်းပေါ်မှာ အဆင်ပြေပြေ အသုံးပြုနိုင်အောင် Fonter Pro App သုံး၍ Unicode သုံးသော App များကို Unicode ttf font ထည့်သွင်းနည်းကို အောက်မှာ ပြောပြသွားပါမယ်။

Fonter Pro App ကို Xposed Installer App နှင့် တွဲသုံးရပါမယ်။ Xposed Installer App သုံးရမှာ ဖြစ်တဲ့အတွက် Root တော့လိုပါမယ်။ လိုအပ်သော ဖိုင်များဖြစ်တဲ့ Fonter Pro App, Xposed Installer App, Unicode Ttf Font များကို အောက်မှာရယူပါ။

စစ်တပ် နဲ့ ကေအိုင်အေ ဘာလို့ တိုက်ပွဲဖြစ်တာလဲ







မဖော်ပြသင့်သော ကိစ္စရပ်များအား ချန်လှပ် ထားပါတယ်...


ရတ အမှတ် ( ၁၁ ) ခြေမြန်တပ်မ ဌာနချုပ်ကွပ်ကဲမှုအောက် မှူး ကျော်ဖြိုးမင်း (စတသ ၄၂ ) ဦးစီးရတ ခမရ ( ၂၁၃ ) သည် မုံးစီး ခမ မပည ( ) တွင်လည်းကောင်း ဒုမှူးကြီး ရဲမင်းထွန်း ဦးစီး ရတ ခမရ ( ၂၁၅ ) သည် အဆိုပါ နယ်မြေ အတွင်း ခမ မပည ( ) တွင်လည်းကောင်း နယ်မြေစိုးမိုးရေး နှင့် လုံခြုံရေး တာဝန်များကို သက်ဆိုင်ရာ တပ်ရင်းများအလိုက် စစ်ကြောင်း ၁ / ၂ များခွဲ၍ ထမ်းဆောင် လျက်ရှိ...

ထိုသို့ ထမ်းဆောင်စဉ် ၁၀.၁၂.၂၀၁၄ ရက်နေ့ ၁၇၀၀ ချိန်ခန့်တွင် မ (၂၁၃) မှ မှူး/ဗက ငြိမ်းချမ်းအောင် ဦးစီး စက (၂ ) နှင့် KIA , SSA , TNLA စုပေါင်းအင်အား ၂၅၀ ခန့်မှ ချုံခိုတိုက်ခိုက်ရာ တိုက်ပွဲ အပြင်းအထန်စတင်ဖြစ်ပွား... မ (၂၁၃) မှ အင်အား ၄၂ ဦး ဖြင့်၁၀.၁၂.၂၀၁၄ တစ်ညလုံး နှင့် နောက်တစ်နေ့ ၁၁.၁၂.၂၀၁၄ တစ်ရက်လုံး ရင်ဆိုင်ထားခဲ့...ရန်သူဘက်မှ မိမိနေရာသို့ ၁၀ကြိမ်ခန့် တက်ရောက် လုံးခဲ့ရာ..

ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ


                       
 
    ခူယားကောင်ခေါ်ပေါက်ဖတ်ဟာ လိပ်ပြာ (သို့မဟုတ်)ပိုးဖလံသား လောင်းဖြစ်ပြီး သူတို့မှာရှိတဲ့ အမွေးအမှင်တွေမှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် အဆိပ်အတောက်တွေပါတတ်ပါတယ်။

ခူကောင်ရဲ့ အမွေးအမှင်နဲ့ ထိလိုက်တာနဲ့ အရေပြားနီကာ နာကျင်ခြင်း၊ ယားယံခြင်းတွေဖြစ်တတ်တာကြောင့်ချက်ချင်းလုပ်ဆောင်သင့်တာတွေကို ခူယားထိ ခံရပြီဆိုတာနဲ့ ပထမဆုံးစိတ် တည်တည်ငြိမ်ငြိမ်ထားနိုင်ဖို့ကြိုးပမ်းပါ။ လှုပ်လှုပ်ရှားရှားသိပ်မလုပ်ဘဲ ငြိမ်ငြိမ်နေခြင်းဖြင့်လည်း အဆိပ်အတောက်တွေပျံ့တာ နှေးကွေးစေပါတယ်။ ခူယားနဲ့ထိသွားတဲ့နေရာကို ဆယ်လိုတိပ်နဲ့ကပ်ပြီး ပြန်ခွာပေးခြင်းဖြင့် အဆိပ်မွေးတွေကိုဖယ်ရှားနိုင်သလို ရေနွေးနဲ့လည်းဆေးချနိုင်ပါတယ်။

  နောက်တစ်ခုက

ယူနီကုဒ် စနစ်သုံး မြန်မာစာလုံးများ အကြောင်း

✔ယူနီကုဒ် စနစ်သုံး မြန်မာစာလုံးများ✔


အပိုင်း (၁)
ယူနီကုဒ် စနစ်သုံး မြန်မာ စာလုံးများ (Unicode Standard Myanmar Fonts)
(က) မြစေတီ
၁၉၉၉ ခုနှစ်မှ စတင်ကာ ယူနီကုဒ် အဖွဲ့အစည်းမှ သတ်မှတ် ပေးထားသော စံအတွင်း မြန်မာစာလုံးများ ထည့်သွင်း အသုံးပြုနိုင်ရေးအတွက် သံလွင်ဆော့ဖ် မှ ပိတောက် ၊ မန္တလေး ပရောဂျက် အစရှိသော မြန်မာယူနီကုဒ် အကောင်အထည် ဖော်ရေး အဖွဲ့များ စတင် ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အောင်မြင်မှု မရရှိခဲ့ကြပဲ ၂၀၀၂ ခုနှစ်တွင်မှ (ဦး) ငွေထွန်း (Solveware Solution) မှ မြစေတီ ယူနီကုဒ် ကိုတီထွင် နိုင်ခဲ့ကာetrademyanmar.com
တွင် စတင်အသုံးပြုနိုင်ခဲ့သည်။ ယူနီကုဒ်၏ စံသတ်မှတ်ချက်များနှင့် အနီးစပ်ဆုံး ကိုက်ညီသော ပထမဦးဆုံး မြန်မာယူနီကုဒ်ဖောင့်ထ် ဖြစ်ပြီး အခမဲ့ နှင့် ဝယ်ယူ အသုံးပြုနိုင်သော ဗားရှင်း ဟူ၍ ၂-မျိုးရှိကာ မြန်မာ ဝဘ်လောက တွင်မူ တွင်ကျယ်စွာ အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။
ယူနီကုဒ် အကြောင်း ထဲဝင်၊ ကျယ်ပြန့်စွာ ပညာပေးမှုများ၊ ပြည်တွင်း၌ပင် ယူနီကုဒ် အကြောင်း ကျယ်ပြန့်စွာ လေ့လာမှုများ မပြုလုပ်နိုင်သေးမှီမှာပင် မြန်မာ ယူနီကုဒ်စနစ် တစ်ခုကို အစောဆုံး တီထွင် အသုံးပြုနိုင်ခဲ့ခြင်းသည် မြစေတီ ယူနီကုဒ်စနစ် အတွက် သမိုင်း မှတ်တိုင် တစ်ခုသဖွယ် ဖြစ်သော အောင်မြင်မှုကြီး ဖြစ်ပြီး ၎င်းနောက်မှ နေ၍ အခြေခံ အုတ်မြစ်သဖွယ်ဖြစ်သည့်

အင်တာဗျူးခန်းထဲက ဒေါ်လာတစ်သိန်းတန်မေးခွန်း

အင်တာဗျူးခန်းထဲမှာ မေးလေ့မေးထအရှိဆုံးနဲ့ အရေးကြီးဆုံးမေးခွန်းကတော့ Why do you want to work here? အခြားဆိုလိုရင်းတူတဲ့မေးခွန်းများစွာ လည်းရှိပါတယ်။ ဥပမာ Why do you want this job? Why do you want to work at our company? Why would you like to work for us? စသဖြင့်ပေါ့။ဒီမေးခွန်းကသာမန်၊သိပ်မထူးဆန်းတဲ့မေးခွန်း
တစ်ခုလို့ သင်ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီမေးခွန်းဟာ သင်အလုပ်ရဖို့အတွက် အရမ်းကိုအရေးပါပါတယ်။
ဒီတော့ဒီမေးခွန်းကို သင်ဘယ်လိုဖြေမလဲ? အောက်မှာ ဒီမေးခွန်းကိုဖြေဖို့ အကြံဥာဏ်အချို့ကိုဖော်ပြပေးထားပါတယ်။
အလုပ်ခန့်မည့်သူတော်တော်များများက သင်ဟာသူ့ဆီမှာ အလုပ်ကြိုးစားမည့်သူလားဆိုတာကို ဒီမေးခွန်းနဲ့ အစ်ထုတ်တာ
ပါ။ ၀န်ထမ်းခေါ်တယ်ဆိုကတည်းက သူတို့လုပ်ငန်းကိုချဲ့ထွင်ချင်လို့၊ ပိုးပြီးတိုးတက်ချင်လို့၊ ရေရှည်တည်မြဲချင်လို့
ဆိုတာ သေချာပါတယ်။ ဒီတော့
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>