လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

မတူညီသော အရှုံး



""မတူညီသော အရှုံး""
-
 စစ်ရှုံးတိုင်းပြည် စစ်နှင့်တည်
ပြန်လည်တော်လှန် အောင်ပွဲခံ
 အမျိုးလည်းမှန်.…အဖိုးလည်းတန်…
ဘာသာလည်းတင့်…သာသနာလည်းပွင့် ။

အမျိုးလည်းပြုန်း ဘာသာရှုံး
 ပျက်သုဉ်းခဲ့ပါ သာသနာ
 ဘယ်ခါကာလ ပြန်မရ
 အမျိုးလည်း…ပ…အဖိုးလည်း မရ…
ဘာသာလည်းရှုံး …သာသနာလည်းသုဉ်း …။

မလုံမခြုံသော အမျိုးသမီးများသို့



မလုံမခြုံသော အမျိုးသမီးများသို့....
~~~~~~~~~~~~~~~~~~~~~~~~~

မှန်တာပြောမယ်ဗျာ...သကာရည်လောင်းတဲ့စကားတော့မဟုတ်ဘူး
မလုံမခြုံဝတ်တာက မင်းသမီး မော်ဒယ်တွေနဲ့ပြည့်တန်ဆာ တွေပဲဝတ်ကြတာပါ....
အဲ ဘာလို့လဲဆိုတော့ သူတို့က လူစိတ်ဝင်စားခံရဖို့ လိုကြတယ်လေ....
မင်းသမီးနဲ့ မော်ဒယ်တွေက မက်လုံးပေးပြီးစင်ပေါ်တက်ခွင့်ရအောင်ကြိုးစားနေသလို
ပြည့်တန်ဆာတွေကလည်း ဖောက်သည်ရှာရတာကိုးဗျ....
ဒါနဲ့ နေစမ်းပါဦး ခင်ဗျားတို့က အဲ့လိုမလုံမခြုံဝတ်ရအောင်မင်းသမီးလား ဒါမှမဟုတ် မော်ဒယ်လား..
အိုဗျာ... ဒါမှမဟုတ် ပြည့်တန်ဆာလား...
စဉ်းစားကြလေဗျာ..

ဘဝ ဆိုတာက အရမ်းလည်း မတိုတောင်းပါဘူး


ဆင်းရဲသား ကောင်လေး တစ်ယောက်ကချမ်းသာတဲ့ကောင်မလေး တစ်ယောက်ကို ချစ်နေမိခဲ့တယ်။
အဲဒါနဲ့တနေ့မှာ သူဟာ ထိုကောင်မလေးကိုချစ်ခွင့်ပန်ခဲ့တယ်။
အဲဒီအခါ ကောင်မလေးက...
"နင်နားထောင်စမ်း။နင့်ရဲ့ တစ်လစာ ကငါ့ရဲ့ တစ်ရက် အသုံးစရိတ်ဘဲရှိတယ်။အဲဒါ နင်နဲ့ငါ ဘယ်လိုလက်တွဲလို့ ရမလဲဆိုတာ နင်မစဉ်းစားကြည့်ဖူးလား။ငါကတော့နင့်ကို ဘယ်တော့မှ ချစ်မှာမဟုတ်ဘူး။ငါ့ကိုမေ့ပြီး နင်နဲ့ အဆင့်အတန်းချင်း တူတဲ့ ကောင်မလေး တစ်ယောက်နဲ့သာ လက်ထပ် လိုက်ပါတော့ ဟာ။ "
ဒါပေမဲ့လည်း ကောင်လေးက သူမကို လွယ်လွယ်နဲ့မမေ့နိုင်ခဲ့ပါဘူး။
ဆယ်နှစ်ကြာပြီးတဲ့နောက်Shopping Mall တစ်ခုမှာ သူတို့နှစ်ယောက်မျက်နှာချင်းဆိုင် ပြန်တွေ့ကြတော့

သာသနာ့ ကုန်ကြမ်း


သာသနာ့ ကုန်ကြမ်း
..............................

စာသင်ချိန် ခဏနား
ဘောကစားတဲ့ ကိုရင်ငယ်။
သင်္ကန်းကို ခါးမြှောင်ကျို က် 
အားစိုက် မာန်ထည်။
ဂိုးအပေါက် တိုင်အလယ်
ကန်မယ်ကွယ့် မိအောင်ဖမ်း။
လောင်းကြေး ငွေမပါဘူး
မနေသာ ဘောရှုံးလျှင်ဖြင့်
ကတုံးကို ဆီလူး
နဖူး တောက်တမ်း။
မဏိရတနာ ထပ်မခြား
အရိယာ မြတ်တစ်ပါးရယ်လို့
မဂ်တရား မရခင်။
ကာယကံ ကိုယ်အလုပ်ရယ်နဲ့
နှုတ်ပြောကြံ စရိုက်များ
မှား မကင်းစင်။
ရှင်ငယ်လည်း ပုထုဇဉ်
လူ့ဥာဉ်မို့ သော့သွမ်း။
ကုန်ချော မဖြစ်ခင်မို့ ပုံသဘော အပြစ်မစင်ပေမင့်
အနှစ်ထင် နောင်တစ်ချိန်ရောက်လျှင်လ
အညစ်စင် အမှောင်တိမ်ပျောက်ပေလိမ့်
တောက်ထိန်ကာ ရတနာ့ဂုဏ်လျှမ်းမယ့်
(သြော်....ရှင်ငယ်ဆိုတာလေ...)သာသနာ့ ကုန်ကြမ်း။

                                                        ဗေဒါဆွေ(ရွှေဘိုသား)
                                                            ၁၅.၈.၁၅

ကျွန်မတို့ရဲ့ စိတ်ရှည်သည်းခံမှုတွေကို ဘယ်သူ့ဆီမှာ ပစ်ချခဲ့သလဲ


               fb -                ငွေတာရီ

ကျွန်မတို့ရဲ့ စိတ်ရှည်သည်းခံမှုတွေကို ဘယ်သူ့ဆီမှာ ပစ်ချခဲ့သလဲ

“ မအားသေးဘူး၊ ခဏနေမှလာပြော ” “ ခုနက ပြောလိုက်တယ်မဟုတ်လား ၊ အလုပ်လုပ်နေတယ် ခဏနေမှ ထပ်ဆက်”“ မအားပါဘူးဆိုတာကို ဘာလို့ ခဏခဏဆက်နေတာလဲ ” အစရှိသဖြင့် လုပ်ငန်းခွင်ဝင်နေကြတဲ့ လူတွေတော်တော်များများမှာ ဖြစ်တတ်တဲ့ စိတ်မရှည်မှုတွေကြောင့် ကိုယ့်ရဲ့အရင်းနှီးဆုံးသူတွေ.. အထူးသဖြင့် ကိုယ့်ချစ်သူ၊ ကိုယ့်မိသားစုတွေရဲ့ စိတ်တွေကို ဘယ်လောက်တောင် ထိခိုက်စေခဲ့ ပြီးပြီလဲ ?ကျွန်မတို့တွေအားလုံးဟာ သူစိမ်းတွေအပေါ်ဆို သဘောကောင်းစွာ ဆက်ဆံကာ စကားအပြောအဆိုကအစ ချိုသာသွားတတ်ပြီး သူစိမ်းမဟုတ်တဲ့ ကိုယ်ရင်းနှီးကျွမ်းဝင် သူတွေအပေါ်မှာဆို ဘာလို့ စကားကောင်းကောင်း မပြောနိုင်ကြတော့တာလဲ ?ဒါဖြင့် ကျွန်မတို့ရဲ့ စိတ်ရှည်သည်းခံမှုတွေဟာ ဘယ်သူတွေကို ပေးပစ်လိုက်ကြတာလဲ ?

***

နံ့သာဖြူစိုက်ပျိုးနည်း



    (ထွန်းမြနန္ဒာမှကူယူဖော်ပြသည်)
     
      စုပေါင်းရောင်းချဖို့အဖွဲ့ဖွဲ့ပါမည်      09797691300

               - ငွေလိုရင် ထီမထိုးနဲ့ နံ့သာဖြူပင် စိုက်ပျိုးပါဆိုတဲ့ အကြံပြုချက်လေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။လူအများကို နံ့သာဖြူ စိုက်ပျိုးစေ ချင်တာပါ။ ၁၉၆၉ ခုနှစ်မှာ ကျောက်ပန်း တောင်းမြို့နယ်၊ မြေကျေးရှင်း စိုက်ပျိုးရေး ဌာနမှာ အလုပ်စ၀င်တယ်။ ၁၉၅၆ ခုနှစ်ကတည်းက ပုပ္ပါးတောင်မှာ စစိုက် ထားတယ်။ မြေကျေးရှင်းကနေ တာဝန်ယူပြီး စိုက်ထားတာပါ။ အိန္ဒိယကနေ ရလာတဲ့ နံ့သာဖြူပင် ပျိုးပင် ၁၉၆ ပင်ကို နှာရောင် ဥယျာဉ်ခြံမှာ စိုက်ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာ နိုင်ငံတော်မှာ စိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ အကြံပေး အရာရှိ ဦးစုက နံ့သာဖြူပျိုး ပင်ကို စမ်းပြီးစိုက်တယ်။ ဦးတို့လုပ်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်လောက်ရှိတဲ့ နံ့သာဖြူက ၁၀ပိဿာ၊ ၁၅ ပိဿာလောက် ထွက်တာ တွေ့ရတယ်။ နံ့သာဖြူ တစ်ပိဿာရဲ့ ကာလ တန်ဖိုးက သုံးသိန်းလောက်ရှိတယ်။ နံ့သာဖြူပင်က အပင်ငယ်ငယ်နဲ့တော့ ထုတ်လို့မရဘူး။ အနည်းဆုံး ရှစ်နှစ်လောက်တော့ စောင့်ရတာပေါ့။ ရှစ်နှစ်မှာ တစ်ပိဿာထွက်မယ်ဆိုရင် ကိုးနှစ်မှာ နှစ်ပိဿာ၊ သုံးပိဿာ ဆိုတော့ သူက နှစ်ကြာလာလေလေ နံ့သာဖြူအနှစ် များလာပြီး တန်ဖိုးများ လာလေလေပေါ့။ သူက နှစ်ကြာလေလေ တန်ဖိုးက တက်လာလေဆိုတော့ သူက ချက်ချင်းတော့ ၀င်ငွေမရပေမယ့် ရဖို့ကတော့ သေချာတယ်။

အတွေး



ဝါသနာကွဲ၍  စရိုက်ကွဲ၏။
စရိုက်ကွဲ၍  ခံယူချက်ကွဲ၏။
ခံယူချက်ကွဲ၍  ရည်မှန်းချက်ကွဲ၏။
ရည်မှန်းချက်ကွဲ၍  လုပ်ဆောင်ချက်ကွဲ၏။
လုပ်ဆောင်ချက်ကွဲ၍  နေထိုင်မှုကွဲ၏။
နေထိုင်မှုကွဲတာနဲ့ပဲ လက်တွဲ၍မရ
လက်တွဲမရပါဘူးဆိုမှတော့
  ဘဝအဖော်ဆိုတာ  ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။
ဒီအချိန်မှာ
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>