လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဦးနှောက်နှင့်နှလုံးသားကို အသုံးပြု၍မြင်သည်



ကနောင်မင်းသားကြီး...ဘိလတ်ကိုသွားတုန်းက ရိုက်ထားတဲ့ဓာတ်ပုံ။

ကျနော်က...အဲဒီဓာတ်ပုံထဲက...ကနောင်မင်းသားကြီးထက်..
နောက်က မော်တော်ကားတွေကိုပဲစိတ်ဝင်စားမိတယ်။

အဲဒီကထဲက...သူတို့ဆီမှာ မော်တော်ကား၊မီးရထားတွေ ပေါ်နေ၊အသုံးပြုနေကြပြီကိုး။

အဲဒီအချိန်တုန်းက...ကျနော်တို့ ရတနာပုံမန္တလေးနေပြည်တော်ကြီးမှာတော့..
လှည်းခေတ်၊လှေခေတ်ပဲ..ရှိသေးတယ်။

တစ်သက်မှာ သုံးကြိမ် သာပြုံးသူ (သို့) ရမည်းသင်းစားသီလဝ



အင်းဝကို တည်ထောင်သူ သတိုးမင်းဖျားသည် သက္ကရာဇ် ၇၂၉ ခုနှစ်
တွင် ကွယ်လွန်သွားသဖြင့် မှူးမတ်အပေါင်းတို့ တိုင်ပင်ကာ လက်ရုံး
ရည် နှလုံးရည်နှင့် ပြည့်စုံသူ ရမည်းသင်းစား သီလ၀အား မင်းပြုတော်မူရန် တောင်းပန်ကြကုန်၏။ သီလ၀က-
"ငါသည် တစ်နေ့ကို စကား သုံးလေးခွန်းမျှမပြော ၊ မင်းအဖြစ်ကိုလည်း အလိုမရှိ ၊ ငါ့ကိုမင်းမမြှောက်နှင့်၊

အင်းဝ-ဟံသာဝတီ နှစ် ၄၀ စစ်ပွဲ



မကြာခင်က အင်းဝ-ဟံသာဝတီ နှစ် ၄၀ စစ်ပွဲထဲက အမိတ်ဒိန် ၊ သမိန်ဗရမ်း နဲ့ မင်းကံစီ တို့အကြောင်းကို ရေးခဲ့ပြီးပါပြီ။(မဖတ်ရသေးသူများ http://www.ayesay.com.mm/tags/history မှာ သွားဖတ်နိုင်ပါတယ်)။ ဒီတစ်ခါတော့ ဒီ အနှစ် ၄၀ စစ် အကြောင်းကို သိသလောက်ရေးသားသွားပါမယ်။

အနှစ် ၄၀ လို့ခေါ်ပေမယ့် တကယ်တမ်းက ၃၆ နှစ်ပါ။

အွန်လိုင်းပေါ်မှာ အခမဲ့ တက်နိုင်တဲ့ ဒီပလိုမာနှင့် အခြား အသိမှတ်ပြု သင်တန်းပေါင်း ၄၅ ခု

Yoyarlay


Programming, Design, Online Marketing, Communication, Writing, Law အစရှိသဖြင့် ဘာသာရပ် အသီးသီးများကို အွန်လိုင်းပေါ်ကနေ အခမဲ့ လေ့လာခွင့်ရအောင် နိုင်ငံတကာ တက္ကသိုလ်ကြီးများနဲ့ အွန်လိုင်း သင်ကြားလေ့ကျင့်ရေး ပလက်ဖောင်းများက အခမဲ့ ပေးထားပါတယ်။ ယင်းသင်တန်းများထဲမှ မိမိနှစ်သက်ရာကို ရွေးချယ်တတ်မြောက်နိုင်ပြီး ယနေ့ခေတ်အားဖြင့် ကြည့်ရင် အားလုံးကို သိထားတတ်ထားရန်လိုအပ်ပါတယ်။ ဥပမာ C-programming ကို မရေးတတ်ရင်တောင် ဘာလဲဆိုတာ သိဖို့အတွက် Intro class, Java ဆိုတာ ဘာလဲ သိအောင် intro class အစ/ရှိသဖြင့်တို့ ရှိပြီး နက်နက်နဲနဲ လေ့လာချင်သူများအတွက်လည်း ပါဝင်ပါတယ်။ Law နဲ့ Online Marketing တို့မှာဆိုရင် Diploma ပေးတဲ့အထိ ပါဝင်ပါတယ်။ ဒါကြောင့်မို့ ရိုးရာလေး စာဖတ်သူများအတွက် အခမဲ့ လေ့လာလိုက်စားလို့ရနိုင်အောင် Link များဖြင့် မျှဝေပေးလိုက်ရပါတယ်။

ပရော်ဖက်ရှင်နယ်ဆိုတာ




ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ
သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက် 
ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။

"ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့ 
အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့ 
စကားပြောဖြစ်သွားတယ်.။အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်.။ 

၁၆ ရာစု ဓည၀တီမင်းတို့၏ ခေါင်းဆောင်မှုကို လေ့လာခြင်း



Myanmar B2B Management Magazine

ရေးသူ-ဦးကျော်ကျော်လှိုင် (SMART)
‪#‎kyawkyawhlaing‬
၁၆ ရာစု ဒုတိယနှစ်ဆယ့်ငါးနှစ်အစဦးမှစ၍ တောင်ငူတွင် တပင် ရွှေထီး၊ ဟံသာဝတီတွင် သုရှင်တကာရွတ်ပိ၊ အင်းဝတွင် သိုဟန် ဘွား၊ ထိုနောက် အုန်းဘောင်ခုံမှိုင်းတို့ အသီးသီးအုပ်ချုပ်လျက်ရှိရာ အနောက်ဘက်ကမ်းရိုးတန်းဓည၀တီတွင် မင်းပါကြီးအုပ်ချုပ်လျက် ရှိသည်။ အိမ်နီးနားချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ထိုအချိန် အခါက ဒေလီကိုဗဟိုပြု၍ မဟာမေဒင်မင်းတို့ စိုးမိုးလျက်ရှိကြသည်။
မင်းပါကြီးသည် ယခင်မင်းများလက်ထက်က

သစ်ခုတ်သမား



တခါတုန်းက အလွန်သန်မာပါတယ်လို့ နာမည်ကြီးတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သူဋ္ဌေးတယောက်ဆီမှာ အလုပ်ဝင်ခဲ့တယ်။ သူ့ ရဲ့ နာမည်ကျော်ကြားမှုကြောင့်ရော ခွန်အားကြောင့် ရော လစာကတော့ တော်တော်ကောင်းတာပေါ့ ။ဒီအတွက်ကြောင့်လည်း သစ်ခုတ်သမားက သူလုပ်ရမဲ့အလုပ်ကို အကောင်းဆုံး လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
သူ့ ရဲ့  သူဋ္ဌေးက သူ အလုပ်ဝင်တဲ့ နေ့ မှာ ပုဆိန်တစ်လက်ပေးပီးတော့  သူ ခုတ်ရမဲ့ ဧရိယာကို ပြပါတယ်။
ပထမနေ့ ..
သူ သစ်ပင် (၁၈)ပင် ပြီးအောင် ခုတ်နိုင်ခဲ့ တယ်။

အနိုင်ယူနည်း

သုခုမရဲ့စာမျက်နှာလေးများ


သင့်ကိုလူတယောက်ကရိုင်းစိုင်းရင
ပြန်မရိုင်းစိုင်းပါနဲ့
သူရဲ့ရိုင်းစိုင်းမှုကတချိန် သူ့ကိုယ်သူရှက်စရာကောင်းမှန်း
သူသိသွားပါလိမ့်မယ်

သင့်ကိုတစုံတယောက်ကဒေါသထွက်တဲ့အခါ
အပြန်အလှန်မထွက်ပါနဲ့
သူ့ရဲ့ဒေါသက သူ့ကိုတချိန်နောင်တရစရာကောင်းမှန်း
သူသိသွားပါလိမ့်မယ်
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>