လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php
Followers
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်း (Final Draft)
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်း (Final Draft) ကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ရှေ့မှောက်တွင် UPWC နှင့် NCCT မှ ခေါင်းဆောင်များ အတည်ပြုလက်မှတ်ရေးထိုးခဲ့သည့် သမိုင်းဝင် စာချုပ်
(၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်)
Myanmar Peace Center
သမိုင်း သစ်စေ၊ သမိုင်း ဖြစ်စေ
 Photos- Nyo Ohn Myint 
မြန်မာငြိမ်းချမ်းရေးသမိုင်းမှာ မရှိခဲ့ဘူးတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို နိုင်ငံတော်သမ္မတကြီးရဲ့ ရှေ့မှောက်မှာ ပဏာမ လက်မှတ်ရေးထိုး ကြပြီ ဖြစ်ပါတယ်။
ကြက်သီးမွေးညှင်းထစရာ ကောင်းသလို စိတ်လှုပ်ရှားမှုတွေ ဘောင်ဘင်ခတ်နေတယ် ဆိုရင် မလွန်လှပါဘူး။
သဘောတူညီချက် ရရှိခဲ့တဲ့ မတ်လ ၃၀ ရက်နေ့၊ ပဏာမ လက်မှတ်ရေးထိုးခဲ့ကြတဲ့ မတ်လ ၃၁ ရက်နေ့-
ဒီနေ့ရက်တွေဟာ သမိုင်း သစ်ခဲ့ပါပြီ။ သမိုင်း ဖြစ်ခဲ့ပါပြီ။
ကာမစိတ် နိုးကြွစေတဲ့ အစားအစာများ
လိင်ရမ္မက်နိုးကြားစေတဲ့ ဖြည့်စွက်အစာတွေ မရေတွက်နိုင်အောင် ထုတ်လုပ်နေကြပေမယ့် မိခင်သဘာဝတရားကြီးက အဲဒီအရာတွေအတွက် အားလုံးကို စီစဉ်ပေးထားပြီးသား ဖြစ်ပါတယ်။ အကောင်းဆုံးပျော်ရွှင်မှု ရရှိစေမယ့် အကောင်းဆုံး သဘာဝအစားအစာတွေရဲ့ စာရင်းကို ပြုစုပေးထားပါတယ်။
သင့် Facebook မှာ ဓာတ်ပုံတွေ တင်ရင်
သင့် Facebook မှာ ဓာတ်ပုံတွေ တင်ရင် www.takethislollipop.com ဆိုတာ ၂၀၁၁ ခုနှစ်မှ ထွက်ရှိတဲ့ Facebook App, ရုပ်ရှင် တစ်ခု ဖြစ်ပြီး ကြည့်ချင်ရင် မိမိရဲ့ အကောင့်နဲ့ log in ဝင်ရ ပါတယ်။ မိုဘိုင်းဖုန်းကနေ ရတာနည်းပါတယ်။ သေချာချင်ရင် ကွန်ပြူတာနဲ့ ကြည့်ပါ။ ၁ မိနစ်သာ ကြာတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
သူ့ကို ကြည့်ဖို့အတွက် မိမိရဲ့ Facebook account နဲ့ log in ဝင်ရပါမယ်။ log in ဝင်ပြီးရင် မိမိကိုယ်တိုင်ဟာ ဓားစာခံ ဖြစ်နေတဲ့ ကြောက်မက်ဖွယ် ရုပ်ရှင်ကို ကြည့်ရှု နိုင်ပါပြီ။ မိမိအနေနဲ့ Facebook ပေါ်မှာ
မြန်မာသံစဉ်စစ်စစ် ဓမ္မတေးများ
မြန်မာသံစဉ်စစ်စစ် ဓမ္မတေးများကို အထူးစုဆောင်းကာ ပူဇော်ပါသည်။ ထပ်မံမျှဝေလိုပါလျှင် dhammaransi.net@gmail.com အား အီးမေး(လ်)ပို့ပြီးဆက်သွယ်နိုင်ပါသည်။
ထူးချွန်အောင်မြင်သူများတွင်မတွေ.ရသော အားနည်းချက်များ
၁။ နုံအခြင်း
- အလုပ်ကိစ္စအကြောင်းအရာတစ်ခုခုကို စဉ်းစားဆင်ခြင်တာတို.၊ လေ့လာသုံးသပ်တာတို.မလုပ်ဘဲ နားမလည်ပါးမလည်နဲ. လုပ်တတ်တဲ့အပြုအမူမျိုးကိုပြောတာပါ။
၂။ ထိတ်ထိတ်ပျာပျာနိုင်ခြင်း
- အလုပ်တွေအရမ်းများလာပြီး စိတ်ဖိစီးမှုတွေကြုံလာရတာမျိုးကတော့ လုပ်ငန်းတိုင်းမှာရှိပါတယ်။ တခါတရံမှာဆိုရင်ထင်မထားတဲ့ အကြောင်းအရာကိစ္စတွေ ဖြေရှင်းရတာမျိုးတွေလည်းကြုံလာရတတ်ပါတယ်။ အဲ့လိုကြုံလာတဲ့အခါမျိုးမှာကိုယ်ကပါ ထိတ်ထိတ်ပျာပျာနဲ. ဘာလုပ်လို. ဘာကိုင်ရမှန်းမသိ ကြောက်လန်.နေရင်တော့ သေချာပါတယ်
 အမှားတွေတောက်လျောက်ကြုံတော့မှာပါအဲ့လိုအခြေအနေမျိုးမှာ စိတ်ကိုငြိမ်ငြိမ်ထားပြီး ဆောင်ရွက်ဖြေရှင်းနိုင်မှအဆင်ပြေနိုင်မှာပေါ့။
အမေ့လက်များ
5 မီနစ်လောက် အချိန်ပေးပြီး ဖတ်ကြည့်လိုက်ပါ...။ ဖတ်ပြီးလျှင် ပြန်လည် မျှဝေပါ....
လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုမှာ မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက်ပါတယ်။ ပထမ အင်တာဗျူး ဖြေဆိုအောင်မြင်သွားတာကြောင့် အခုဆို နောက်ဆုံးအဆင့် အင်တာဗျူးအတွက် ကုမ္ပဏီရဲ့ ဒါရိုက်တာနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
ဒါရိုက်တာလုပ်သူက လူငယ်ရဲ့ ကိုယ်ရေးရာဇ၀င်ကို ကြည့်လိုက်တဲ့အခါ ပညာရေးအဆင့် အောင်မြင်မှုမှာ ထိပ်တန်းဖြစ်နေတာကို တွေ့ရပါတယ်။ ဒါနဲ့ လူငယ်ကို
“ ညီလေး ကျောင်းမှာ ပညာသင်ဆု မလျှောက်ခဲ့ဘူးလား ” လို့မေးပါတယ်။
“ မလျှောက်ခဲ့ဘူးဗျ ”
“ ဒါဆို ကျောင်းစရိတ်တွေကို ညီလေးအဖေက တော်တော်ထောက်ပံ့ပေးခဲ့ရမှာပေါ့ ”
လူငယ်ခေါင်းခါပါတယ်။
နှစ်ငါးဆယ်ကျော်က စေတီဟောင်းတစ်ဆူ အမေရိကန်ပြည်ထောင်စုတွင် ရှာဖွေတွေ့ရှိ
 Saturday, March 28, 2015
  ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည့် စေတီဟောင်းတစ်ဆူ
လွန်ခဲ့သော နှစ်ပေါင်း (၅၀)ကျော်က မွန်ဆရာတော်တစ်ပါးတည်ထားခဲ့သော စေတီဟောင်းတစ်ဆူကို အမေရိကန်နိုင်ငံ တောတွင်းတစ်နေရာတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အမေရိကန်နိုင်ငံတွင် လွန် ခဲ့သော နှစ်ပေါင်း(၅၇)နှစ်ခန့်တွင် မွန်ဆရာတော်ဦးသီလ၀ံသ တည် ထားခဲ့သော ရွှေတိဂုံစေတီတော် ပုံစံတူ စေတီဟောင်းတစ်ဆူကို အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံ ခြားသားတစ်ဦးပိုင် သစ်တောပိုင် နက်ထဲတွင် ပြန်လည်ရှာဖွေတွေ့ ရှိခဲ့ခြင်း ဖြစ်သည်။
ယခုစေတီကိုပြန်လည်ရှာ ဖွေတွေ့ရှိသူမှာ
Facebook ရဲ့ Privacy အကြောင်းလေ့လာနိုင်ဖို့
Facebook သုံးတဲ့လူအရေအတွက်ဟာ သိသိသာသာကို များပြားလာတာနဲ့အမျှ privacy ချိုးဖောက် မှုတွေဟာလည်း သိသိသာသာကို များလာပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ biggrin ကိုယ်ကတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ အပျော်သဘောမျိုး ဓါတ်ပုံတွေတင်လိုက်တာပါပဲ။
ဒါပေမယ့် မသမာသူတွေကြောင့် ကိုယ့်ရဲ့ ဓါတ်ပုံတွေဟာ မရောက်သင့်တဲ့နေရာတွေ ရောက်ကုန်ကြ ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ privacy ကို ဘယ်လိုကာကွယ်မလဲ။ အောက်ကအချက်တွေကို မဖတ်ခင် အရေးကြီးဆုံးအချက်တစ်ခုရှိပါတယ်။ဘာလဲဆိုရင် ကိုယ်နဲ့ ပြင်ပလောကမှာ တကယ်သိတဲ့ လူတွေကိုပဲ သူငယ်ချင်းအဖြစ်လက်ခံဖို့ပါ။
Privacy Setting ကို သွားမယ်ဆိုရင် ညာဖက်အပေါ်ထောင့်က စက်သီးပုံလေးကိုနှိပ်ပြီး settings >>> Privacy ကနေသွားနိုင်ပါတယ်။
စိုးမောင်ပြန်မလာတော့ပါ
ရွာမှာ ဖွားမေဆိုတာရှိတယ်။ တစ်ရွာလုံးကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ စုန်းမကြီးလို့ ထင်ကြလို့ပဲ။ ဖွားမေကလည်း ဘယ်တော့မှ အပေါ်အင်္ကျီဝတ်တာမတွေ့ရဘူး။ ထမီရင်လျားနဲ့ ဒီအတိုင်းလျှောက်သွား
  နေတာ။ တစ်ခါတစ်လေ ထမီတောင် ရင်လျားထားတာမဟုတ်ဘူး။ ပိန်ကပ်နေတဲ့ နို့သီးတွေဖော်ပြီး ဘယ်သူ့မှ ဂရုမစိုက် နေချင်သလိုနေတယ်။
ဖွားမေက မနက်မိုးလင်းတာနဲ့ ရွာထဲကထွက်ပြီး တောထဲဝင်သွားတယ်။ သူနဲ့အတူ
တပ်မတော်နေ့ကို ဘယ်သူကသတ်မှတ်ခဲ့သလဲ
တပ်မတော်နေ့နှင့် ပတ်သက်ပြီး ပြည်ပအသံလွှင့် ဌာနများမှ လည်းကောင်း၊ အင်တာနက် စာမျက်နှာများ၌ လည်းကောင်း ဆွေးနွေးမှုများ ကြားခဲ့ရပါသည်။
ထိုဆွေးနွေးချက် များထဲတွင် ဦးတင်ဦးလို ဦးစီးချုပ် အဆင့်အထိ တာဝန်ယူ ခဲ့သူလည်း ပါသည်။ သူတို့၏ ပြောဆိုချက်များကို နားထောင်သည့်အခါ မတ်လ ၂၇ ရက်နေ့ကို ဖက်ဆစ် တော်လှန်ရေးနေ့ အဖြစ်သာ သတ်မှတ် သင့်ကြောင်း၊ တပ်မတော်နေ့ အဖြစ် သတ်မှတ်ခြင်းသည်
မပြောချင်တော့ဘူးဗျာ
မတ်လ ၂၄ ရက်နေ့က အမေရိကန်သမ္မတ အိုဘားမားဟာ တစ်နိုင်ငံလုံးမှာရှိတဲ့
တီထွင်သူတွေကို သမ္မတ အိမ်တော်ကို ဖိတ်ခေါ်ပြီး စွမ်းရည်တွေလာပြခိုင်းတယ်။ အိုဘားမားက သူ့နိုင်ငံက ကျောင်းဆရာတွေကို တောင်းဆိုတာ တစ်ခုပဲ။ STEM ကိုပဲ လုပ်ပေးပါ။ ကျုပ်တို့နိုင်ငံကကျောင်းသားတွေကို STEM ကိုပဲ သင်ပေးပါ ဆိုပြီး တဖွဖွမှာတယ်။ STEM ဆိုတာက Science, Technology, Engineering, Maths ကို အတိုကောက် ခေါ်တာ။ ဒီလေးမျိုးကိုပဲ လုပ်ကြပါပေါ့။ နိုင်ငံတိုးတက်ဖို့အတွက် ခေါင်းဆောင်ကတာဝန်ပေးတာ။ အနာဂတ် အတွက် မျိုးစေ့ချနေတာ။
သူနဲ့လက်ထပ်တော့မယ် ဆိုရင် စစ်ရမည့် အချက် ၂၀
                  သူနဲ့လက်ထပ်တော့မယ်ဆိုရင် ဘဝတလျှောက်လုံး သူနဲ့ အေးအတူပူအမျှ နေသွားရမှာပါ။
ဒါပင်မဲ့ နှစ်ယောက်အတူတူနေတဲ့အခါကျရင် အဆင်ပြေပါမလားဆိုပြီး စိတ်ထဲမှာ စိုးရိပ်စိတ်ကလေးတွေက ဖြစ်နေတတ်ပါတယ်။
   ဒီအတွက် ဘယ်အချက်လေးတွေကို လက်မထပ်ခင်ကြည့်ထားသင့်သလဲဆိုတာကို Share လိုက်ပြီနော်။
အားလုံးနှင့် ပြိုင်မလား ကိုယ်ကျင့်တရား (သီလ)
ကျွန်တော်တို ကမ္ဘာမြေကြီးမှာ လူသင်းကွဲးသောဘေး၊ စစ်ဘေး၊ ရေဘေး၊
လေဘေး၊ မီးဘေး ၊ မုန်တိုင်း၊ ငလျှင်၊ စသဖြင် အမျိုးမျိုးသော ဘေးဒဏ်
အန္တရာယ်တွေ ကြောင့် အမျိုးမျိုး အဖုံဖုံ ဒုက္ခတွေ ရောက်ကြရတာ ယနေ့
ကမ္ဘာ့သတင်းတွေ မြင်တွေ့ ကြားသိ့နေကြ အားလုံးအသိပါ။
ဘယ်လိုဘေးအန္တရာယ်မျိုးတွေ ကြုံကြုံ သိသိ ထိတ်လန့်လဲခဏ နေချင်သလိုနေ
လုပ်ချင်သလိုလုပ် ပေါ့ပေါ့ပါးပါး နှင့် နေနိုင်ကြတာ ဘာကြောင် ဒါမျိုးတွေ
ဖြစ်နေတယ်ဆိုတာ အဖြေရှာသူ နည်းလှပါတယ်။
မျက်ဖြေအင်္လကာ
သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊
ဓမ္မတာတည်း။
-
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊
ခဏတက်သည့်၊ ရေပွက်ပမာ၊
တစ်သက်လျာတည်း။
-
အဖေ့မေတ္တာ
`` အဖေ့မေတ္တာ´´
===========
* အဖေကဆူ အမေကချော့
အဲဒီတော့ အမေကိုချစ်တာပေါ့…
( အဖေဆူတဲ့ဒေါသသံဟာငါ့သားလေးတစ်နေ့ရင့်ကျက်ဖို့ပါ )
* အဖေကရိုက် အမေကအလိုလိုက်
အဲဒီတော့ အဖေ့စရိုက်ကကြမ်းတယ်ပေါ့…
( အဖေရိုက်တဲ့လက်ဖဝါးတွေမှာ နာကျင်စေမှုတွေမပါဘူး)
( မေတ္တာတွေ ဂရုဏာတွေပါသားရယ် )
* အဖေမပေးနိုင်တဲ့ မေတ္တာ
အဖေမပေးနိုင်တဲ့ နွေးထွေးမှု
အဖေမပေးနိုင်တဲ့ ဖြည့်ဆည်းမှုတွေ
`အမေ´ပေးတယ်လေ။
( အဲဒီမှာတင် အဖေ့မေတ္တာကရှုံးနေပါပြီ )
( ပြုံးနေတဲ့သားမျက်နှာကို အဖေတဝကြီးခိုးကြည့်ဖူးတယ် )
( ဒါကို သားလေးမသိလိုက်ဘူး )
* သားစီးနေတဲ့ ကား ဆိုင်ကယ်
သားဝတ်နေတဲ့ အဝတ်အထည်
သားရေးနေတဲ့ ဘောပင်ထဲက မှင်ရည်တွေဟာ
အဖေ့ချွေးစက်တွေဆိုတာ သားမြင်တဲ့တစ်နေ့
တကယ်လို့များ သားရဲ့ရှေ့မှာအဖေမရှိတော့ရင်တောင်…
( ခွင့်လွှတ်ပါ အဖေ လို့မတောင်းပန်နဲ့ငါ့သား )
( အဖေဆိုတဲ့နာမည်ရခဲ့တဲ့နေ့ကနေ ဒီနေ့ထိခွင့်လွှတ်ပြီးသား )
( အဲဒါ အဖေတိုင်းရဲ့ ချစ်ခြင်းမေတ္တာတရားပဲ )
( သားမမြင်ခဲ့တဲ့ အဖေ့မေတ္တာတရားပေါ့ )
ငါးကင်ရောင်းရင်း အခမဲ့စာကြည့်တိုက်ဖွင့်ထားသူ
ငါးကင်ရောင်းရင်း အခမဲ့စာကြည့်တိုက်ဖွင့်ထားသူ
အသိပညာရှာမည်၊ အလုပ်လုပ်မည်ဟူသော ခိုင်မာသည့် ရည်ရွယ်ချက်ဖြင့် စာအုပ်သုံးအုပ် ခရီးဆောင် အိပ်တွင်းထည့် ရန်ကုန်တက်လာခဲ့သူမှာ ကိုဇော်ဇော်ဖြစ်သည်။ သို့သော် စစချင်း ဆောက်နှင့်ထွင်းဆိုသလို ဘ၀သည် ခက်ခဲကြမ်းတမ်းခဲ့ရသည်။ ခြေထောက်တွင် ၀ဲများ ထူလပျစ် ပေါက်အောင် အလုပ်မျိုးစုံ ပတ်ဝန်းကျင် မျိုးစုံတွင် ကျင်လည်ရင်း ကိုဇော်ဇော်တစ်ယောက် မောပန်းချိန်ပင် မရခဲ့။ သာမန်စားပွဲထိုးဘ၀ကနေ ထမင်းကြော်၊ ကြာဇံကြော် ကြော်တတ်ရန်အတွက် အကြော်ဆရာ၏ အင်္ကျီများကို လျှော်ပေးခဲ့ရသည်၊ အကြော်ဆရာ အိပ်ရန် အိပ်ရာကိုပင် ခင်းပေးခဲ့ရသည်။ မိမိလိုချင်သောအတတ် ပညာ တစ်ခု အတွက် ခက်ခဲပင်ပန်းချိန်များကို ကျော်လွှားခဲ့သည်။
အဲဒီနောက်ပိုင်းတွင် ကိုဇော်ဇော်သည်
မတောက်တခေါက် ၀ိနည်းပညာရှင်များသို့
***** မတောက်တခေါက် ၀ိနည်းပညာရှင်များသို့*****
====================================
ဝိနည်းနဲ့ ပတ်သက်လာရင် ခုနောက်ပိုင်းလူတွေဟာ သံဃာတော်များရဲ့ ဝိနည်းကျင့်ဝတ်တွေကို တော်တော်သိလာနေတဲ့ သဘောရှိပါတယ်။ ရဟန်းတော်များ ဘာလေးပဲလုပ်လိုက်လုပ်လိုက် "ဝိနည်းနဲ့ မညီဘူး၊ သံဃာ့ကျင့်ဝတ်နဲ့ မညီဘူး၊ သံဃာအလုပ် သံဃာမလုပ်ဘူး" စသဖြင့် ဝေဘန်နိုင်လာတဲ့အထိ သူတို့တွေ ဝိနည်းတော်အပေါ်မှာ ကျွမ်းကျင်လာတော့တာပါ။ လူတွေဝိနည်းသိလာတာ ကောင်းပါတယ်။ ဒါမှလည်း ရဟန်းတော်များနဲ့ အပ်စပ်ရာရာကို အာပတ်လွတ်အောင် စီမံဆောင်ရွတ်နိုင်မှာ ဖြစ်ပါတယ်။ ရဟန်းတော်များနဲ့ ဒကာဒကာမ ဆက်ဆံရေးအပိုင်းမှာ ရဟန်းတော်များကို အပ်စပ်အောင် လုပ်ပေးနိုင်တဲ့ ကပ္ဗိယကာရကတွေ အများကြီး လိုအပ်ပါတယ်။ လူများက ရဟန်းတော်များရဲ့ ဝိနည်းကို နားလည်ပြီး ရဟန်းတော်များကို အပ်စပ်အောင် လုပ်ပေးတာတွေ ရှိလာရင် တစ်ချို့တချို့ ရဟန်းငယ်များလည်း ဝိနည်းတော်နဲ့ မညီတဲ့ အပြုအမူတွေ အပေါ်မှာ သတိပြု ဆင်ခြင်လာနိုင်တဲ့အထိ ကျေးဇူးများနိုင်တာဆိုတော့ လူပုဂ္ဂိုလ်များ ဝိနည်းတတ်လာတာဟာ ကောင်းတဲ့လက္ခဏာပဲ ဖြစ်ပါတယ်။
ကောင်းသော အတွေး၊ ကောင်းသော အကျင့်၊ ကောင်းသော အပြုအမူ
"ကောင်းသော အတွေး၊ ကောင်းသော အကျင့်၊ ကောင်းသော အပြုအမူ
ကြိုးစားပါ။
ကြိုးစားပါ။ 
တစ်ခါတစ်ရံ လူလောကမှာ တစ်ဖက်မှ အမှားကို တစ်ဖက်လူက နားလည် ခွင့်လွတ်နိုင်ခြင်းဟာ မင်္ဂလာတစ်ပါး ဖြစ်သည်။ သူမှားသော်လည်း ကိုယ်မမှားအောင် ကြိုးစားနိုင်မှသာ မိမိသည် စိတ်သဘောထား  ကောင်းမွန်သူ ဖြစ်လိမ့်မည်။
ပန်းတိုင် ပျောက်နေတဲ့ မြန်မာပြည်
ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် ဆိုတာကြီးကို 
လှည်းကြမ်းကြီး တအီအီစီးပြီး သွားကြရမှာလား (ဓာတ်ပုံ – Reuters)
အစစအရာရာ နောက်ကျ ကျန်နေရစ်တဲ့ တိုင်းပြည်တခုဟာ ပြန်လည်ထူထောင်ရေး အတွက် အားခဲနေ ရချိန်မှာ ပြသနာပေါင်း သောင်းခြောက် ထောင်က မျှော်လင့်ထားတဲ့ အတိုင်း ဆီးကြိုနေပါတယ်။
အလုပ်သမားတွေက လုပ်ခလစာတိုးမြှင့်ရဖို့ ဆန္ဒပြနေကြတယ်။ တောင်သူလယ်သမားတွေက လယ်ယာမြေပြသနာကို ရင်ဆိုင်နေကြရတယ်။ တောင်သူသားသမီးတွေ မလေးရှားမှာ အလုပ်လုပ်နေကြရတယ်။ တပ်မတော်က သိမ်းထားတဲ့ လယ်တချို့ပြန်ပေးနေချိန်မှာ လယ်မြေအများကြီးသိမ်းထားတဲ့ ခရိုနီကြီးတွေက မသိချင်ယောင် ဆောင်နေကြတယ်။ ကျောင်းသားတချို့က အမျိုးသားပညာရေးဥပဒေအတွက် ရန်ကုန်အရောက် လမ်းလျှောက်ကြတယ်။ ကျောင်းသားမိဘတချို့က လေးတန်း ရှစ်တန်း စာမေးပွဲအတွက် မေးခွန်းလိုက်နေကြတယ်။ မေးခွန်းတွေက လိုက်သလောက်လည်း တည့်တည့်တိုးနေတယ်။ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်အံ့ ဆိုတဲ့ ကျောင်းရှေ့မှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်ကို အားနာမိတယ်။
ပျို မေတို့သိစေဖို့
လက်ထပ်ခြင်းဆိုတာ မိန်းမတစ်ယောက်အတွက်
မရှိမဖြစ်လိုအပ်ချက် မဟုတ်သလို
အတူနေခြင်းကလည်း လိုအပ်ချက်မဟုတ်ပါဘူး..
တကယ်တမ်းလိုအပ်ချက်ဆိုတာ
ကိုယ်ချစ်တဲ့သူကို နှစ်သက်စွာ မက်မောစွာ သိမ်မွေ့စွာ ချစ်နေဖို့ပါ..
သို့သော်လည်း တစ်ဖက်လူက
အဆက်အသွယ်မလုပ်တော့တဲ့အခါမှာတော့
ခေါင်းကိုက်ခံပြီးစဉ်းစားမနေပါနဲ့.
သူပတ်သက်ချင်တုန်းက ရအောင်ဆက်သွယ်ပြီး
မပတ်သက်ချင်တော့လို့ မဆက်သွယ်တော့တာ မထူးဆန်းပါဘူး..
ဖုန်းမှာအင်တာနက်မရှိပဲမြန်မာ့ရိုးရာသင်္ကြန်သီချင်းများကိုနားဆင်နိုင်မည့် Myanmar Thingyan Songs Apk
  AungKyawThu
Cover art
 Myanmar Thingyan Songs - screenshot thumbnailMyanmar Thingyan Songs - screenshot thumbnail
မြန်မာ့ရိုးရာသင်္ကြန် ကြီးအတွက် မြန်မာသံစဉ်စစ်စစ် ဘယ်တော့မှမရိုးနိုင်တဲ့ သီချင်းလေးတွေ စုပြီး Non-Stop နားထောင်လို့ရအောင်လုပ်ပေးထားတဲ့ Application လေးပါ။ အဝေးရောက်နေတဲ့ ကျနော်လို သင်္ကြန်ပိုး များအတွက်ရည်ရွယ်ပြီးလုပ်ပေးထားတာပါ ။
ဒါပေမယ့် Connection မကောင်းရှာတဲ့ ရွှေနှိုင်ငံကြီးမှ သင်္ကြန်ပိုး များ နားဆင်လို့ ရအောင် Offline လေးလုပ်ပေးထားပါတယ်။ကဲအင်တာနက်မှမရှိပဲနားထောင်လို့ရတာပဲ အားလုံးအဆင်ပြေမယ်ထင်ပါတယ်နော်
အဖေလူသား
"အဖေလူသား
--------------
ဖခင်ဖြစ်တဲ့ အမျိုးသားအများစုဟာ လုပ်ငန်းခွင်မှာဆို သားသမီးတွေအတွက် ဒေါသတွေ၊ မာနတွေကို မကြာခဏ မျိုချတတ်ရပါတယ်။ အမျိုးသားတွေပီပီ သူတို့ကြိုက်တတ်တဲ့ အကြိုက်တွေကို လျှော့ချရပါတယ်။
စကားမစပ် ပြောရရင် နှစ်ပေါင်းများစွာစွဲသောက်လာတဲ့ ဆေးလိပ်ကို ရောဂါကြောင့်
မဟုတ်ဘဲ ဒီအတိုင်း တိခနဲဖြတ်ဖို့ဆိုတာဟာ အရမ်းခက်တယ်ဆိုတာ
 တော်တော်များများသိမှာပါ။
ဒါပေမဲ့ ကျွန်တော် အဝေးမှာ အလုပ်လုပ်တုန်းက အဲ့ဒီနိုင်ငံသား သူငယ်ချင်းဟာ သူ့ရဲ့ ၄ယောက်မြောက်သမီးလေးကိုသူ့ဇနီးက မွေးလိုက်တဲ့အချိန်မှာတိခနဲ ဖြတ်လိုက်တာ
 မြင်ဖူးတယ်။
သူက စက်ရုံမှာဆိုကင်တင်းဆင်းပြီးကျွန်တော်နဲ့အတူတူ ဆေးလိပ်ထွက်သောက်နေကျ၊ ကျွန်တော့်နဲ့ဋ္ဌာနတူမို့ အရင်က တစ်နေ့ကို တစ်ဘူးနီးပါးသောက်တတ်တဲ့သူ့ကို ဘာဖြစ်လို့လဲလို့ တအံ့တသြမေးမိတော့...
ဆေးလိပ်တစ်ဘူး ၁၀။ တစ်လ သုံးရာ။ ငါအကုန် မခံနိုင်တော့ဘူး။ လစာက မတိုးပေမယ့် သမီးလေးတစ်ယောက် ငါ့လောကထဲကို ထပ်ရောက်လာပြီ။ သူ့အတွက်စားရိတ်ကိုငါ့စီးကရက်မသောက်တော့ဘဲစုထားရတော့မယ်လို့ ပြန်ပြောခဲ့ဖူးပါတယ်။ နောက် ဆေးလိပ်သောက်တဲ့ကျွန်တော်တို့နားမှာနေရင် ဆေးလိပ်ပြန်သောက်ချင်မှာစိုးလို့ဆိုပြီး ထမင်းစားချိန်တွေမှာဆို စားပြီးရင် ကျွန်တော်တို့နဲ့ဝေးရာ ခုံလေးတစ်ခုံမှာ တစ်ကျပ်တန်ပီကေလေးကိုမြုံ့ရင်းသူတစ်ယောက်တည်းကြိုးစားနေပါတယ်။
 နောက်ကျတော့လည်းသားသမီးကိုချစ်စိတ်က ဆေးလိပ်သောက်ချင်စိတ်ကို အောင်နိုင်သွားစေခဲ့ပါတယ်။ ဒါပေမဲ့ကျွန်တော်မနေနိုင်မထိုင်နိုင်တွေးမိသေးပါတယ်။ ဆေးလိပ်ဖြတ်စက သူဘယ်လောက်တောင် စိတ်ဆင်းရဲခဲ့ရမလဲလို့ပါပဲ။
နောက်တစ်ယောက်ကျတော့လည်း အသက် လေးဆယ့်ငါးကျော် ငါးဆယ်နားနီးနေတဲ့ ဦးလေးတစ်ယောက်ပါ။ သူက ဧရာဝတီတိုင်းက။ ဒါပေမဲ့ ပတ်စ်ပို့စာအုပ်ထဲမှာ အသက်လိမ်ပြီး အလုပ်လာလုပ်တာပါ။
စကားလည်း သိပ်မပြောတတ်တော့ သူ့ဋ္ဌာနမှာ နိုင်ငံခြားသားတွေကြား ခဏခဏ လှောင်ခံရပါတယ်။ ဒါပေမဲ့ သူသိပ်သည်းခံတယ်။ ထမင်းစားရင်လည်း စက်ရုံကပေးတဲ့ ထမင်းဖိုးနဲ့ ကင်တင်းန်မှာရောင်းတဲ့ ထမင်းကို ဘယ်တော့မှ ဝယ်မစားပါဘူး။ သက်သာအောင်ဆိုပြီး တစ်ကျပ်ဖိုး လေးလုံးလောက်ရတဲ့ ကြက်ဥကို တစ်နေ့တစ်လုံးပြုတ်။ နောက် အဲ့ဒီ ကြက်ဥပြုတ်လေးတစ်လုံးကို ထမင်းဆီဆမ်းလေးနဲ့ ကော်ထမင်းဘူးလေးထဲ သူ့အဆောင်ကနေထည့်လာပြီး ၃နှစ်လုံးလုံး ကျွန်တော်နဲ့ကြုံတိုင်း ကျွန်တော့်ရှေ့မှာ အဲ့ဒီလို စားသွားသူပါ။ ကျွန်တော်က ကြုံတိုင်းမနေနိုင်လို့ သူ့ကို ကျွန်တော့်ပန်းကန်ထဲကဟင်းတွေ
ထည့်ပေးရင်တောင်မှ သူကမထည့်ပေးပါနဲ့ဗျာ။ တစ်ခါစားရရင် နောက် စားချင်လာလိမ့်မယ်။ အဲ့ဒီအခါ ကျွန်တော်ပိုက်ဆံ အပိုကုန်လိမ့်မယ်။ ကျွန်တော့်သမီးလေးက ဆယ်တန်းအောင်ထားပြီဗျ။ အမှတ်လည်းနည်းနည်းကောင်းတယ်။ ကျွန်တော်တစ်ယောက်လုံးရှိရဲ့နဲ့ သမီးလေးကို သူများအထောက်အပံ့နဲ့ မျက်နှာငယ်ခံပြီး ကျောင်းမတက်စေချင်ဘူး။ သူ့ကျောင်းစားရိတ်အတွက် ကျွန်တော်ကြိုးစားစုမှ ဖြစ်မှာ။ အသက်ကလည်း နည်းနည်းထောက်လာပြီဆိုတော့ ဒီမှာလည်း ကြာကြာ မလုပ်နိုင်ဘူးလေ။ သုံးနှစ်တည်း ကျွန်တော် ဒီလိုစားမှာပါ။ ကြက်ဥပြုတ်၊ ကြက်ဥကြော်၊ ကန်စွန်းရွက်ကြော်၊ ပဲပင်ပေါက်ကြော်ပေါ့။ ဒါပေမဲ့ မြန်မာပြည်ပြန်ရောက်ရင်တော့မိန်းမချက်ကျွေးတာကို ကောင်းကောင်းစားပါ့မယ်ဗျာ လို့ ဟာသလေးနဲ့ ပြောသွားတာ ကြုံခဲ့ဖူးပါသေးတယ်။
တကယ်ပါပဲ။
ပြောရမယ်ဆို ဖခင်တော်တော်များများဟာ သူတို့အပြင်မှာ နစ်နာခဲ့။ ဆုံးရှုံးခဲ့။ စော်ကားခံခဲ့။ စွန့်လွှတ်ခဲ့ရတာတွေကို သားသမီးတွေမသိအောင် သိုဝှက်ခံစားတတ်ကြတဲ့ ထူးဆန်းတဲ့ လူမျိုးတွေပါပဲ။ ပေးဆပ်ကြတာတွေကိုလည်း သိပ်ထုတ်မပြောချင်တတ်ကြပါဘူး။
လူမြင်အောင် သနားစဖွယ် မျက်ရည်မကျပေမယ့်။ လူသိရှင်ကြား ဝေဒနာတွေကို ကြေငြာခွင့်မရကြပေမယ့်၊ စွဲလမ်းမှုတွေကို တိတ်တဆိတ်ကြိတ်ပြီး စွန့်လွှတ်လိုက်ရလို့ ရူးသွပ်ချင်လောက်တဲ့ ခါးသီးစရာ အတွေ့အကြုံတွေ၊ နာကျင်ဖွယ်ခံစားချက်တွေ...
စတာတွေနဲ့ တရိရိ အထပ်ထပ်မွှန်းခံရလို့ သူတို့ရဲ့နှလုံးသားတစ်ခုလုံး ရစရာတောင် ရှိရဲ့လားလို့တောင် တစ်ခါတစ်ခါ ဖခင်တစ်ယောက် မဖြစ်သေးတဲ့ ကျွန်တော် တွေးကြည့်မိပါတယ်။ ဒါပေမဲ့ သူတို့သားသမီးတွေ အဆင်ပြေ အောင်မြင်ပျော်ရွှင်ပြီး ဝဝလင်လင်စားရ၊ လှလှပပ ဝတ်ရတဲ့အခါဖြစ်လာတဲ့ ပီတိစိတ်က စောစောကဒဏ်ရာတွေကို ပြန်ကုစားသွားသလားရယ်လို့ အခြားတစ်ဖက်က စဉ်းစားမိရပါသေးတယ်။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လုပ်ငန်းခွင်မှာ သားသမီးတွေ စားဝတ်နေရေး၊ ပညာရေး စတာတွေကြောင့် အလုပ်တွေလုပ်ရင်း စောစီးစွာ ကြွေလွင့်သွားရတဲ့ ဖခင်တွေလည်း လောကကြီးထဲမှာ မရေတွက်နိုင်လောက်အောင် ဒုနဲ့ဒေးနေမှပါပဲ။
ဘာပဲဖြစ်ဖြစ်ပါ။
ထူးဆန်းတဲ့ လူသားတွေလို့ ကျွန်တော်မြင်မိ တွေးမိတဲ့ အလွှာအသီးသီး၊ လုပ်ငန်းခွင်အမျိုးမျိုးက ဖခင်စစ်စစ်တွေဟာ အရင်ကလည်း ရှိခဲ့တယ်။ အခုလည်း ရှိနေခဲ့တယ်။ နောက်လည်း ရှိနေခဲ့လိမ့်ဦးမယ်လို့ ကျွန်တော့်ရင်ထဲ ယုံကြည်ရင်းနဲ့...
ဏီလင်း ညို"
from -  U Ni Ni
အဖေလူသား
--------------
ဖခင်ဖြစ်တဲ့ အမျိုးသားအများစုဟာ လုပ်ငန်းခွင်မှာဆို သားသမီးတွေအတွက် ဒေါသတွေ၊ မာနတွေကို မကြာခဏ မျိုချတတ်ရပါတယ်။ အမျိုးသားတွေပီပီ သူတို့ကြိုက်တတ်တဲ့ အကြိုက်တွေကို လျှော့ချရပါတယ်။
စကားမစပ် ပြောရရင် နှစ်ပေါင်းများစွာစွဲသောက်လာတဲ့ ဆေးလိပ်ကို ရောဂါကြောင့်
မဟုတ်ဘဲ ဒီအတိုင်း တိခနဲဖြတ်ဖို့ဆိုတာဟာ အရမ်းခက်တယ်ဆိုတာ
တော်တော်များများသိမှာပါ။
ဒါပေမဲ့ ကျွန်တော် အဝေးမှာ အလုပ်လုပ်တုန်းက အဲ့ဒီနိုင်ငံသား သူငယ်ချင်းဟာ သူ့ရဲ့ ၄ယောက်မြောက်သမီးလေးကိုသူ့ဇနီးက မွေးလိုက်တဲ့အချိန်မှာတိခနဲ ဖြတ်လိုက်တာ
မြင်ဖူးတယ်။
အမေ့အတွက် သားလိမ္မာ ဖြစ်စေဖို့
  ဝင်းကမ္ဘာကျော် 
ကလေးအရွယ်တုန်းကတော့ သားကိုချီပိုးဆော့ပေးနိုင်ခဲ့တယ်။ သားအတွက် လိုလေသေးမရှိအောင် ဂရုစိုက်ပေးခဲ့တယ်။ အဲ့ဒီအချိန်တုန်းကတော့ ဘယ်သူ့ကို အချစ်ဆုံးလဲလို့ မေးလိုက်ရင် အမေ့ကို လက်ညှိုးထိုးပြတတ်တဲ့ သားယောင်္ကျားလေးတွေဟာ အရွယ်ရောက်လာတာနဲ့အမျှ  အမေတွေနဲ့ ဝေးကွာလာသလို အလုပ်ခွင်ထဲရောက်၊ အိမ်ထောင်ကျတဲ့အခါ အမေနဲ့ရော မိဘအတွက်ပါ အချိန်မပေးနိုင်ကြတော့ဘူး။ အလုပ်တွေ ရှုပ်၊ စိတ်တွေရှုပ်လာတဲ့အချိန် အမေ့ကိုပါ  အော်ငေါက်တတ်လာသလို ဆူပူတာမျိုးတွေပါ လုပ်လာတတ်ကြပါတယ်။
 ဒီလိုအချိန်မျိုးတွေမှာ ဘယ်သူမှမသိအောင် သားသမီးတွေအတွက် တိတ်တိတ်ကလေး မျက်ရည်ကျခဲ့ရတဲ့ အမေတွေ၊
နီးနီးဝေးဝေး ရန်သူ
    'မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ' ဆိုတဲ့ မေတ္တာပို့လေးကို ကြားဖူးကြမှာပါ။ အကျိုးစီးပွားကို လိုလားခြင်း သဘောရှိတဲ့ မေတ္တာရဲ့ ဆန့်ကျင်ဘက်ရန်သူဟာ ဒေါသဆိုတာ အလွန်ထင်ရှားပါတယ်။
ဒါပေမယ့် ဒေါသဟာ မေတ္တာရဲ့ အဝေးရန်သူပါ။ ရေနဲ့ မီး၊ အအေးနဲ့ အပူ၊ ကောင်းကွက်ရှုတာနဲ့ မကောင်းကွက်ရှုတာ အဲဒီလို သဘောအားဖြင့် ဖြောင့်ဖြောင့်ဆန့်ကျင်နေလို့ ဒေါသဟာ မေတ္တာရဲ့ အဝေးရန်သူ ဖြစ်ရတာပါ။ မေတ္တာလည်း ပွားမယ်။ ဒေါသလည်း ထွက်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ မေတ္တာပွားနေရင် ဒေါသမလာနိုင်ပါဘူး။
       ဒါဆို အနီးရန်သူက ဘာလဲဆိုရင် ချစ်ခြင်းလို့ခေါ်တဲ့ ရာဂပါ။  
၁၅၀၀ နဲ့ ၅၂၈
ကောင်လေး၊ ကောင်မလေးတွေဟာ အထာတွေနဲ့ ၁၅ဝဝ-ကို တောင်းတတ်၊ ပေးတတ်ကြပါတယ်။ ၁၅ဝဝ- ဆိုတာ ဘာမှန်းမသိ၊ ညာမှန်းမသိ ရမ်းတောင်းနေတတ်ကြပါတယ်။ တကယ်တော့ ၁၅ဝဝ ဟာ ကိလေသာထုကို ရည်ညွှန်းတာပါ။ သမီးရည်းစား ဇနီးမယားချစ် သက်သက်သာလျှင် မဟုတ်ပါဘူး။ ဆွေမျိုးဉာတိ မောင်နှစ်မ အချင်းချင်းလည်း ၁၅၀၀ ပိုင်ရှင်တွေ ဖြစ်နိုင်ကြပါတယ်။
ကိလေသာဆိုတာ စိတ်ကို ပူပန်စေတတ်၊ နှိပ်စက်တတ်တဲ့၊ စိတ်ကို ညစ်ပေစေတတ်တဲ့ တရားဖြစ်ပါတယ်။
အဲဒီ ကိလေသာက (၁ဝ) ပါးရှိပါတယ်။ ဘာတွေလဲဆိုတော့-
အညာသားလေး၏ အိမ်သို့ အလည်တစ်ခေါက်
Written by ဥာဏ်မျိုးအောင် Credit to www.thevoicemyanmar.com
အညာသား တစ်ယောက်ဖြစ်သော ကျွန်တော်မှာ အညာသားတစ်ယော က်ဖြစ်သော သူ့အကြောင်းကို ငယ်ငယ်ကပင် စိတ်ဝင်စားခဲ့ပါသည်။ သို့နှင့် သူ့အကြောင်း ရေးထားသော စာအုပ်တွေကိုလည်း တခုတ်တရ ရှာဖတ်ခဲ့ရသည်။ တစ်ခါတစ်ရံ မုန့်ဖိုး ပဲဖိုးစုကာ ဝယ်ဖတ်ရသည်။ သူ့အစ်ကို ရေးထားသော သူတို့ မိသားစုအကြောင်း ဖတ်ရတော့ သူတို့အိမ်ကို သွားကြည့်ချင်မိသည်။ သို့သော် ကျွန်တော့်ဇာတိ ရေနံချောင်းနှင့် နီးလျက်နှင့် မရောက်ဖြစ်ခဲ့ပါ။
မနှစ်ကမှ ကျွန်တော် သွားချင်လှသော အညာသားလေး၏ အိမ်သို့ ပထမဆုံးအကြိမ် ရော က်ဖူးပါတော့သည်။ အညာသားလေး၏ အိမ်မှာ အိမ်မည်းကြီး ဖြစ်သည်။ နတ်မောက်မြို့တွင်
အလင်း စက်စာအုပ်စဉ် ( ၂ )
အလင်း စက် စာအုပ်စဉ် ( ၂ ) တဲ့ဗျာ
 ဝေမျှချင်လွန်းလို့ ခွင့်မတောင်းနိုင်သေးခင် " မ " လာပြန်ပြီ
အခု တစ်ခါလဲ အလင်းစက် ဆရာက  direct download link တွေနဲ့ပဲ ချပေးထားတယ်
စာအုက် နံပက်စဉ် 1 နှင့် 2  ပါမလာခဲ့တာတော့ တောင်းပန်ပါတယ်
ဒါပေမယ့် နံပက်စဉ် 3 ကနေ 41 ထိတော့ သယ်လာနိုင်ခဲ့ပါတယ်
အလင်း စက်- စာအုပ်စဉ်
အလင်း စက် စာအုပ်စဉ်တဲ့ သဘောကျလို့ "  မ " လာတာ
ဟဲဟဲ ပိုင်ရှင်ကိုတော့ခွင့် " မ "  တောင်းရသေးဘူး ဗျ....
အနော့်လိုပဲ သဘောကျတာလေးတွေပါလို့ ဆက် " မ " သွားချင်တယ်ဆိုရင်
အောက်မှာ စာအုပ်တွေရဲ့ ခေါင်းစဉ်တွေကို direct download link အနေနဲ့
အလင်း စက် ဆရာက တစ်ခါထဲ ချပေးထားပါတယ် ခင်ဗျာ
Photoshop ပေါင်းစပ်ဖန်တီးဒီဇိုင်းရေးဆွဲနည်း ( ဦးအောင်နိုင်မော် )
စာအုပ်အမည် - Photoshop ပေါင်းစပ်ဖန်တီးဒီဇိုင်းရေးဆွဲနည်း
စာရေးသူ -  ဦးအောင်နိုင်မော်
ကြည်နူးဖွယ်ရာမြင်ကွင်းလေးပါ ( ဘယ်သူမယုံ ယုံ ကျွန်တော်ကတော့ ယုံတယ် )
Wai Lin Aung's photo.
အနာဂတ်ကမ္ဘာနှင့် ထူးဆန်းသောအမြင်
-------------------------------------------------------
မွတ်စလင်တွေနဲ့ ပဋိပက္ခဖြစ်တော့ သူတို့ ကို မုန်းတီးကြတယ် ကျွန်တော်ကတော့
အဲဒီပဋိပက္ခကို ကျေးဇူးတင်တယ် ဘာ့ကြောင့်လည်းဆိုတော့ အခုလိုဖြစ်တော့
သူတို့ ကိုသတိထားမိသွားတယ်
၁၉၉၅ ခုနှစ်လောက်က ၈ ရာခိုင်နုန်း၂၀၁၂ မှာ ၁၄ ရာခိုင်နုန်း ၂၀၅၀ မှာ၅၀ ရာခိုင်နုန်းဖြစ်ပြီး 
၂၀၇၅ မှာ ၈၀ ရာခိုင်နုန်းဖြစ်မှာတဲံ့ 
ခုလို ပဋိပက္ခမဖြစ်ပဲ နေရင် သူတို့ အင်အားကြီးလာမှာ
 ၁၄ ရာခိုင်နုန်းတောင်ဒီလောက်တွန်းလှန်ရတာ ခက်နေရင် နောင်များကျသွားလို့ ကတော့
သွားပြီ ဒါ့ကြောင့်
အွန်လိုင်းသုံးရင်း MyanmarPTC ဆိုဒ်မှာ ငွေရှာမယ်
PTC ဆိုဒ်တွေရဲ့သဘောအတိုင်း ကြောငြာလေးတွေကို ကြည့်ရပါမယ်။ ဒီမှာကြော်ငြာတစ်ခုကို ဆယ်စက္ကန့်ပေးပြီးကြည့်တာနဲ့  တစ်ကျပ်မှ တစ်ဆယ်အထိရနိုင်ပါတယ်။ ဒီလိုနေ့စဉ်ကြည့်ပေး ရမှာဖြစ်ပါတယ်။ပထမဆုံးအောက်ကလင့်ကနေသွားလိုက်ပါ။ မိမိအီးမေးလ်နဲ့ register လုပ်ပါ။  ဒါပြီးရင် ViewAds ဆိုတာကိုနှိပ်ပြီးကြေငြာတွေ ကိုနှိပ်ပြီးကြည့်ရပါမယ်။ ဆယ်စက္ကန့်နေအောင်ထားမှ ငွေရမှာဖြစ်ပါ တယ်။ ပြီးတော့
ဒုတိယ ကမ္ဘာစစ်သာ ဖက်ရှင်စစ်ပွဲဖြစ်လျှင် နာဇီနိုင်
ဒုတိယ ကမ္ဘာစစ်သာ လူလူချင်းသတ်တဲ့ စစ်ပွဲ မဟုတ်ပဲ ဖက်ရှင်စစ်ပွဲသာ ဖြစ်မယ် ဆိုရင် အနိုင်ရမယ့်သူက ဟစ်တလာ ဦးဆောာင်တဲ့ ဂျာမနီ နာဇီ ဖြစ်မယ်လို့ ပြောစမှတ်ပြုကြပါတယ်။ အကြောင်းကတော့ ဟစ်တလာရဲ့ တပ်အတွက် လိုအပ်တဲ့ ယူနီဖောင်းကို ထုတ်ပေးတဲ့ အမှတ်တံဆိပ်က Hugo Boss ဖြစ်ပါတယ်။
Hugo Boss ကို သိတဲ့သူများ သိကြမှာပါ။
မေတ္တာရှင်(ရွှေပြည်သာ)၏ စာအုပ်များ(၂၆)အုပ်
စာဖတ်ဝါသနာပါသူများအတွက်
မေတ္တာရှင်(ရွှေပြည်သာ)၏ စာအုပ်များ(၂၆)အုပ်
သမီးကိုသိစေချင်သောစကားများ
သမီး…..
ကိုယ်ဒီတစ်သက်လုံးမှာ ကိုယ်ဘာပဲလိုချင်လိုချင် ကိုယ့်ကိုတိုင် ၀ယ်နိုင်ဖို့ ကြိုးစားရပါမယ်။ တစ်ယောက်ယောက် ၀ယ်ပေးဖို့ ဘယ်တော့မှ မမျှော်လင့်သင့်ပါဘူး။ မသေချာ မရေရာတဲ့ လောကကြီးမှာ “အားကိုးရတယ်” ဆိုတာ မရေရာဆုံးအထဲမှာ ပါပါတယ်။
သမီး……..
စာဖက်သူ ဘော်ဘော်တို့ အတွက် မြန်မာ့ သိုင်းပညာများ
မြန်မာ့ သိုင်းပညာများကို စာဖက်သူ ဘော်ဘော်တို့ အတွက်
တစ်ဆင့်ခံ ဝေ မျှလိုက်ပါရစေ
စိတ်ပါဝင်စား၍ လေ့လာချင်တယ် ဆိုရင်
အောက်မှာ download လုပ်ယူနိုင်ပါတယ် ဗျာ
ကြားဖူးနားဝဟာသပုံပြင်များ - ၁ (ကံချွန်)
စာအုပ်အမည် - ကြားဖူးနားဝဟာသပုံပြင်များ - ၁ (ကံချွန်)
စာရေးသူ - ကံချွန်
ဖိုင်ဆိုဒ် - 14.8MB
မြန်မာ website တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ
ကဲ! ဘော်ဒါတို့ရေ သတင်းစာတွေ ဂျာနယ်တွေဖက်ရတာ ဝါသနာပါတယ်ဆိုရင်
မြန်မာ website တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ
အမျိုးအစား တော်တော်များများကို အဲဒီမှာ ရှာဖွေလို့ ရနိုင်ပါတယ်
ဒါ့အပြင် အသစ်ထွက်သမျှ ကိုလည်း အမြန်ဆုံး update ဖြစ်အောင်လုပ်ပေးနေတော့
ဘော်ဒါတို့ အတွက် အဆင်ပြေမယ်ထင်ပါတယ်
website အမည်ကတော့ myanmar journal download ပါ
အောက်မှာ သူ့ရဲ့ link
ဆင်းရဲသောဖေဖေ၊ချမ်းသာသောဖေဖေ(ညီသစ်)
စာအုပ်အမည် - ဆင်းရဲသောဖေဖေ၊ချမ်းသာသောဖေဖေ
စာရေးသူ - ညီသစ်
ဖိုင်ဆိုဒ် - 1.7MB
လက်ထက်တော်ကြီး ( ရွှေဥဒေါင်း )
  • စာအုပ်အမည် - လက်ထက်တော်ကြီး
  • စာရေးသူ - ရွှေဥဒေါင်း
  • ဖိုင်ဆိုဒ် - 8.6MB
solidfiles.com
From : http://www.mmbookstore.net/ 
@@@@
ကျွန်တော် တို့ပဲ ကျန်တော့တယ်..
ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရအပြီး နောက်တရက်မှာ ထုတ်တဲ့ ၁၉၄၇ ဇူလိုင်၂၀ရက်နေ့ ဗိုလ်တထောင်သတင်းစာမှာ ဒေါက်တာဘမော်က ဆောင်းပါးတခုရေးတယ်။ အဲဒီဆောင်းပါးထဲမှာ "မြန်မာလူငယ်တွေဟာလက်နက်ကိုင်ခြင်းရဲ့အရသာကိုသိသွားခဲ့ပြီ၊ ဒါကြောင့် နောင်အခါ မြန်မာ့နိုင်ငံရေးကိုအဆုံးအဖြတ်ပေးမှာကမဲပုံတွေမဟုတ်ပဲ လက်နက်တွေပဲ ဖြစ်နေလိမ့်မယ်"လို့ ရေးခဲ့သတဲ့။
အင်ဒိုကျွန်းစု မှာ ဗုဒ္ဓသာသနာကွယ်ပျောက် ရခြင်းအကြောင်း
……………………………………………
ရှေးကအင်ဒို ကျွန်းစုတွေမှာဘုရင်ရော ပြည်သူပြည်သားတွေပါ ဗုဒ္ဓဘာသာဖြစ်ခဲ့ကြပါတယ်။
ဗုဒ္ဓသာသနာဟာ အဲဒီကျွန်းစုတွေမှာ (အေဒီ - ၃ ရာစုမှ အေဒီ ၁၄ ရာစုအထိ) နှစ်ပေါင်း ၁၈၀၀ လောက် ထွန်းကား ပြန့်နှံ့ခဲ့ပြီးကမ္ဘာကျော်ဗောဒေါဗုဒ္ဓော(ဘောရောဗုဒေါ)စေတီတော်ကြီးနဲ့ စေတီပုထိုးပေါင်း
 မြောက်မြားစွာကိုတည်ဆောက်ခဲ့ကြပါတယ်
သီရိဓမ္မာအသောကမင်းကြီးဟာ ကိုးတိုင်းကိုးဌာနကို သာသနာပြုစေလွှတ်ခဲ့ပါတယ်။
ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်
ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်
|| ငွေစန်းရောင် ||
ဟိုးရှေးရှေးတုန်းက နယ်ချဲ့လက်အောက် က လွတ်လပ်ရေးယူပြီး နိုင်ငံသစ် ထူထောင် မလို့ လုပ်တဲ့အခါ တိုင်းရင်းသားတွေကို စည်းရုံးတော့ ‘ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်’ ဆိုတဲ့ စကားလေးကို ပြောခဲ့ကြသတဲ့ကွယ်။
အဲဒီ အချိန်တုန်းက တိုင်းရင်းသားတွေဆိုတာ ဗမာ စကား ကိုတောင် လေးလုံး ကွဲအောင် ပြောတတ် တဲ့သူ ခပ်ရှားရှား ရယ်။ ပြည်ထောင်စုဆိုတဲ့ စကားတောင် ဘာပြောမှန်း မသိတဲ့သူတွေကို ဘယ်လို စည်းရုံးခဲ့သလဲဆိုတော့ ‘ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယားတို့ တိုင်းရင်းသားတွေ ဟာ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ကြတာမို့ ညီအကို မောင်နှမတွေ ဖြစ်တယ်။ အခွင့်အရေးမှန်သမျှ သာတူညီမျှ ရကြမယ်။ ဗမာက တစ်ကျပ်ရရင် ရှမ်းကလည်း တစ်ကျပ် ရရမှာပေါ့’ လို့ အာမဘဏ္ဍေ ခံခဲ့ကြသတဲ့။
အားကို တို့ ပြောတဲ့စကားဆိုတော့ ဖိုးမူတို့ လည်း ယုံ၊ ဘောက်ဂျာ တို့လည်း ယုံ၊ အေခမ်းတို့လည်း ယုံခဲ့ကြတာ အားလုံးအသိပါပဲ။ အခု တော့ နှစ်ပေါင်း ၆၅ နှစ်လောက် ကြာခဲ့ပြီဆို တော့ အဲဒီမျိုးဆက်တွေလည်း မရှိတော့ဘူး။ သူတို့ရဲ့ မြေးကလေးတွေတောင် အရွယ်ရောက် ကုန်ပြီ။ အချိန်တွေက သင်ပေး ခဲ့လို့ စာတွေ လည်း တတ်ကုန်ကြပြီပေါ့။ တိုင်းရင်းသားတွေ ထဲမှာ အောက်စဖို့ဒ်တက္ကသိုလ်၊ ဟားဗတ် တက္ကသိုလ်က ဘွဲ့ရ ပညာ တတ်ကြီးတွေတောင် ဟောတစ်ယောက် ဟောတစ်ယောက် ထွက်လာ ခဲ့ကြပြီ။ ဒါကြောင့် ဒီခေတ်ကြီးမှာ ‘ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်’ ဆိုတဲ့ စကားဟာ ဘယ်သူ့ကို သွားပြောပြော ယုံမယ့်သူ တစ် ယောက်မှ မရှိတော့ဘူး။ အပြောနဲ့မဟုတ် အ လုပ်နဲ့ သက်သေပြခဲ့တာနည်း တဲ့နှစ်တွေလား။
ဒါပေသိ မပြောမပြီး မတီးမမြည်ဆိုသလို ပြည်ထောင်စုကြီးတစ်ခုလုံး ဝါးအစည်းပြေ သလို ပြေမသွားဖို့အတွက်တော့ ညီညွတ်ရေး စကားလေးတွေ ပြောဖို့လိုနေတာ အမှန်ပဲ။ ယုံကြည်လောက်တဲ့စကားကို တည်တည်တံ့ တံ့ မြဲမြဲမြံမြံ ဆိုသင့်တာပေါ့လေ။ ပါးစပ်ကြီးနဲ့ ပြောတာ ကတော့ မစားရ၀ခမန်း လူတိုင်း ပြော တတ်ပါတယ်။ ကိုယ်ပြောတဲ့စကား သူများ ယုံဖို့ဆိုတာကတော့ ကိုယ့်စကားကိုယ် တာ ဝန်ယူနိုင်တဲ့ သူ တစ်ယောက် က တည်အောင် ထိန်းရတော့မယ်။
ဒါမှ နောက်တစ်ခါပြောရင် တို့ကယုံမှာ။ အရင်စာတွေမှာ ပြောခဲ့တဲ့ ဖက် ဒရယ် ဆိုတဲ့ ကိစ္စကိုပြန်ကောက်ရရင် သည် တစ်ခါတော့ အစဆွဲထုတ်စရာ သပွတ်အူကြီး တစ်ထွေး ရလာပြန်ပါတယ်။ အဲဒါကတော့ ‘Power Sharing’ ပြီးရင် ဆက်ဆွေးနွေးရ မယ့် ‘Resource Sharing’ အကြောင်းပါ။
အရင်းအမြစ်တွေကိုကော ပြည်နယ်ပြည်မ ဘယ်လို ခွဲဝေယူကြမှာလဲ။ ‘ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်’ တော့ ထပ်မပြော နဲ့တော့နော်။ တော်လောက်ပြီ။ ရှက်သင့်ပြီ။
တကယ်ပဲ တိုင်းရင်းသားတွေအပေါ် ညီရင်းအစ်ကို မောင်ရင်းနှမသဖွယ် သဘောထားတယ်ဆိုရင် ကိုယ့်ရှိဝှက်ထား သူ့ရှိနှိုက်စား အနိုင်ကျင့်နေလို့ မသင့်တော့ဘူး။ သူများနိုင်ငံက ကျွန်ပြုပြီးလာအုပ်ချုပ်သွားတဲ့ အင်္ဂလိပ် တွေတောင်မှ သယံဇာတပစ္စည်းတွေကို စိတ် တိုင်းကျ လုယူပြီး ရင် ဒေသဖွံ့ဖြိုးရေးအတွက် လမ်းတံတား ကားရထား စီစဉ်ပေးခဲ့တယ်။ အုပ်ချုပ်ရေး တရားဥပဒေစိုးမိုးရေး အလေး ထားခဲ့တယ်။ ပညာရေး၊ ကျန်းမာရေး အထိုက် အလျောက် တာဝန်ယူပေးခဲ့တယ်။ အခု ကိုယ်ချင်း ကိုယ်ချင်းတွေပါဆိုမှ သူတို့လောက်မှ မသာလို့ ရပါ့မလား။ ကိုယ့်တိုင်းပြည် က ထွက် တဲ့ သဘာဝသယံဇာတ အမွေအနှစ်တွေဆို တာက တိုင်းရင်းသားတွေ ရဲ့ မြေပေါ်မြေအောက် ကနေ သူတို့မျက်စိအောက်တင် ထွက်လာတာ တွေလေ။ ဒီဟာတွေကို ဝမ်းသာအားရ ‘ပေး ပေး။ ကိုကြီး တို့ကိုပေး။ မင်းတို့ လုပ်တတ်မှာ မဟုတ်ဘူး။ ဒီမှာကြည့်။ ငှက်ပျောသီး ဆိုတာ ဟောသလို အခွံနွှာပြီး ဟောသလို ပါးစပ်ထဲ ထည့်စားရတယ်’ လို့ပြောရင် တစ်ခါနှစ်ခါ တော့ အားနာပါးနာ ငြိမ်နေလိမ့်မပေါ့။
တက်သမျှလူကြီး ဆွေစဉ်မျိုးဆက် တမလွန်ထိ အောင် သယ်သွားမတတ် မရဒဿကချိုင်ပြီး ဒေသခံ တိုင်းရင်းသားတွေကျ ပါးစပ်ဟောင်း လောင်း ထားမယ် ဆိုရင် စဉ်းစားကြည့်ပါဦး။
ဒါကြောင့်မို့လို့ ဝေတယ်မျှတယ် Share လုပ်တယ်ဆိုတဲ့ကိစ္စတွေဟာ ‘သိသာသိစေ မမြင်စေနဲ့’ လုပ်လို့ မရပါဘူး။ အားလုံး မျက်မြင် ပေါ်ပေါ် ထင်ထင်လုပ်မှ၊ စားပွဲအောက်၊ အိမ်နောက်ဖေး၊ အပေးအယူကင်းရှင်းမှ ယုံ ကြည်စိတ်ချ တိကျမှန်ကန် အာချားဓားပြဘဏ် ဖြစ်တော့မပေါ့။ ဒီမှာလည်း အရင်တစ်ခါလိုပဲ ပွင့်လင်းမြင်သာမှု လို့ခေါ်တဲ့ ထျန်ပလန်စီ လိုလာပြန်တယ်။ ကိုယ်နဲ့ဆိုင်တဲ့ ဥပမာတစ်ခုပဲ မြင်သာအောင် ပေးပါ့မယ်။
ဆိုကြပါစို့ဗျာ။ မြန်မာနိုင်ငံ ဆရာဝန်များ အသင်းတိုက်ကြီးကို အဆင့်မြင့် အဆောက်အအုံကြီးဖြစ်အောင် ပြု ပြင်တည်ဆောက်သွားမယ်ဆိုတဲ့ ကိစ္စဟာ ဆရာဝန်တွေအကြားမှာ ကျွက်ဆူကျွက်ဆူ ဖြစ်နေတယ် မဟုတ်ဘူး လား။ ကောင်းအောင် လုပ်နေတယ်ဆိုတာက ဘယ်သူမှ သံသယ ရှိစရာ မလိုပါဘူး။ သူများတွေလို လက်ညှိုး ထိုး ရောင်းစားသွားမယ့်သူ တစ်ယောက် မှ မပါ။ ‘ဘယ်သူတွေ လုပ်မှာတုံး။ ဘယ်လိုပုံစံ နဲ့ လုပ်ကြမလို့တုံး။ ဘယ်လို အကျိုးအမြတ် ခွဲဝေမှုနဲ့ လုပ်ကြမလို့တုံး’ ဆိုတာတွေကို ရှင်းလင်းအောင် မပြောဘဲနဲ့ ‘ဒါတွေ မင်းတို့ သိစရာမလိုပါဘူး။ ကွန်ဖီဒန်ရှယ်တွေ။ ပြီးရင် ကွန်ဒိုအကြီးကြီး တစ်လုံးရမှာ။ စကားမများ နဲ့။ လာ သဘောတူကြောင်း လက်မှတ်ထိုး’ လို့ဆိုလာရင် အငယ်တွေကသာ ကြောက်ကြောက် နဲ့ ခေါင်းညိတ်ချင် ညိတ်မယ်။ တန်းတူချင်းတွေကတော့ ဘက်တူရင် လူမရွေးပေါင် ကြက်တူရွေးတောင်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထွက်လာတဲ့ သဘာဝသယံဇာတ အကျိုး အမြတ်တွေနဲ့ပတ်သက်တဲ့ ပွင့်လင်းမြင်သာမှုဆိုရင်တော့ ဘယ်လိုပြော ရပါ့မလဲ။ စာရင်းမဝင် အင်းမဝင် တွေ များလွန်းအားကြီးလို့ ဟားဗတ် တက္ကသိုလ်က လာရောက်လေ့လာသူ သုတေသီကြီးတွေတောင် အံ့ဩ လွန်းလို့ သေတော့မယ်ဖြစ်ကုန်သတဲ့။ ကိုယ့်အိမ်ထဲက ပိုက်ဆံဆိုတာ သူများတွေပေးသိလို့ ဘယ်ဖြစ်ပါ့မလဲနော့။ ဒါဖြင့် မင်းကောသိသလားဆိုရင် သိဘူး။ ဘူသိသလဲ မမေးနဲ့။ ဘူမှသိဘူး။ သတို့ဟာသတို့ပဲသိမှာ။ တို့အစိုးရက ဟောင်းလောင်းမြင်သာ အစိုးရဟုတ်ဘူး။ လုံလုံခြုံခြုံ အစိုးရ။
ကောင်းပါပြီလေ။ ကိုယ်နဲ့မဆိုင်တာတွေ မသိနဲ့ဆို မသိပါဘူး။ တောသား တောမှာ လယ်ရှိ၊ နွားရှိ ထမင်း မငတ်ပါဘူး။ သူတို့ဟာ သူတို့ ကျောက်စိမ်းနန်းတော်ထဲပဲနေနေ။ ကြေး နီဖန်နန်းကြီး ပဲ ဆောက်ဆောက်။ သို့သော် လည်း အဲလိုနေရင်းနဲ့မှ သူများတွေ အလှည့် ပြီးရင် ကိုယ်တွေအလှည့်လည်း ရောက်ခဲ့ရ တာ သဘာဝပေါ့။ သဘာဝ ပတ်ဝန်းကျင်ဆိုတဲ့အထဲမှာ ပထဝီမြေလွှာကြီးကိုက ပါပြီးသားဗျ။ ဘိုးစဉ်ဘောင်ဆက် လုပ်နေတဲ့ လယ်မို့ လို့ ကိုယ်ပိုင်တယ်မထင်နဲ့။ ‘သိမ်းတယ်’ ဆို တစ်ခွန်းတည်းနဲ့ ပြတ်သွားရော။ ဘာမှ အ ထွန့်တက်လို့မရဘူး။ ဖယ်ဆို ဖယ်လိုက်။ ဟို က ဝယ်မှာ။ ရမယ်လေ တစ်ပဲခြောက်ပြား။ တိုင်းပြည်တိုးတက်ရေး ဒေသဖွံ့ဖြိုးရေးအ တွက် အနစ်နာခံရတယ်ဆိုတာ မဆန်းပါဘူး။ အမ်းမြို့မှာ အိမ်ကြီးအိမ်ကောင်းတွေ မြို့တစ် ဝက်လောက် ဖျက်ပေးလိုက်ရတယ်။ လေယာဉ် ကွင်းကြီး ဆောက်မှာမို့လေ။
ဒါပေမဲ့ ကော်ဖီကော်နာဖွင့်တဲ့ ဘဘကြီးအိမ် ဘေးက မိသားစုတွေ တစ်ချိန် တုန်းက အသားလွတ်ကြီး ဖယ်ပေးလိုက်ရပြီး ဘာနစ်နာ ကြေးမှ မရလိုက် တာကတော့ ဖြေလည်းဖြေ မပြေ ဖြစ်ရမှာပဲ။ ဒီစကားစမိလို့ ခုထက်ထိ မျက်ရည်ကျမယ့်သူတွေ ကိုယ့်မိတ်ဆွေတွေ ထဲ သိပ်ရှိတာပေါ့ ဗျာ။ မြန်မာပြည် တနံတလျား မှာ ကိုယ့်လယ်ကို တပ်မြေအဖြစ် အသိမ်းခံရ ပြီး သီးစားခပေးလို့ ပြန်ငှားစိုက်ရတဲ့ လယ် သမားတွေ ဘယ်လောက်တောင် များသလဲ လို့ပြောရင် ယုံမှာတောင် မဟုတ်ဘူး။ ရန်ကုန် မှာ ဆိုရင်ကော။ ပြည်သူပိုင် တစ်ခုမှမကျန် တော့ဘူး။ အကုန် သူဌေးတွေ လက် ရောက် ကုန်ပြီ။ တိရစ္ဆာန်ရုံတောင် မျက်ခုံးခပ်လှုပ်လှုပ်။
ဒါတွေ အကုန်လိုက်သိချင်နေရအောင် ကိုယ့် အရာလား။ ဘယ်သူ့လက် ထဲမှာ ဘာရှိတယ်။ ဘယ်လမ်းကြောင်းက ဝင်ရမယ်။ ဒါပဲ သိဖို့ အရေးကြီး တာ။ ပြေလည်ရင် လေယာဉ်ပျံမှ အလကားစီးလို့ရတာ မဟုတ်ဘူး။ လေယာဉ် ကွင်းကြီးဆောက်ပြီးရင် မင်းသမီးရှိသမျှတန်းစီ ဖက်လို့ ရတယ်။ ဒါတွေ အကုန်လုံး လူသိရှင် ကြားချပြလို့ သင့်မသင့် ဆိုတာတော့ ကိုယ့်ဘာ သာကိုယ်ပဲ စဉ်းစားပါလေ။ ဒီလိုပုံစံမျိုးနဲ့ ‘ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်’ လာအော်နေလည်း အော်တဲ့သူ အိမ်ခေါ်ပြီး ‘မင်းလိုချင်တာ တစ်ကျပ် မဟုတ်လား။ ရော့တစ်ကျပ်။ တိတ် တိတ်နေ။ သူများတွေ လျှောက်မပြောနဲ့’ ဆို ကျိတ်ချော့လိုက်ရင် ပွဲသိမ်းရော။
ရှေးရှေးတုန်းက ရှင်ဘုရင်တွေကတော့ သူ့တိုင်းပြည်ထွက် သမျှ ရွှေတွင်းငွေတွင်း ပ ယင်းဒုတ္ထာ၊ ဘာမဆိုသူချည်းပဲပိုင်တာ ကိုယ့် အသက်တောင် သူလိုချင်ပေးရမတဲ့။ သက်ဦး ဆံပိုင်လို့ ခေါ်တယ်လေ။ သူကမွေးတဲ့ သား တော်၊ သမီးတော်များဆိုရင် ရပ်ကျေးမြို့စား အခွန်တော် အကောက်တော်များ စားရသတဲ့။ ခေတ်ကာလ လူကြီးသားသမီးများ ဟာလည်း ပုလဲအရောင် မမှိန်တော့ ရှိတုန်းပါပဲ။ ရန်ကုန် က တစ်ဖဝါး မခွာ ဘဲနဲ့ ပဲခူးရိုးမ၊ ရှမ်းရိုးမ၊ ရခိုင် ရိုးမ ရှိသမျှသော သစ်ကွက်တွေ အပိုင်စား ရ တော် မူတတ်လေတယ်။ သူတို့လိုချင် ရှူနေ တဲ့လေကိုတောင် လက်ညှိုးထိုးရောင်းလို့ ရ မတတ်ရှိသပ။ ဖုန်းတစ်ချက်ဆက်ပြီး အဆင် ပြေအောင် လုပ်ပေးလိုက်ပါ တစ်ခွန်းကို သိန်းပေါင်း များစွာ ပေး ဝယ်ချင်ဝယ်ရသတဲ့။ ယုံ တမ်းစကားတွေပါကွယ်။ ဒါတွေနင့်ဘယ်သူပြောလို့ သိသတုံး ဆိုတော့ သူတို့ဟာသူတို့ပဲ လာလာပြောကြတာလေ။ ဘယ်သူကမှ ရိုက် မစစ်ပါဘူး။ ဒီကိစ္စက ဖုံးထားစရာမှ မလိုတာ။ ပွင့်ပွင့်လင်းလင်းပဲ။ ပွင့်လင်းမြင်သာမှုဆိုတာ သူ့ချည်းပဲဆိုရင် အင်မတန် အရုပ်ဆိုး တာ။ မြင်မကောင်း ရှုမကောင်းနဲ့။
ခင်ဗျားတို့က မုန့်ဝေတော့သာ လိုချင်တာပါ။ တုတ်ဝေတော့ ကျ ရှောင်ဖယ် ရှောင်ဖယ် နဲ့။ သဘာဝပတ်ဝန်းကျင်ဆိုတာ သယံဇာတ တွေ ထုတ်ဖော်သုံးစွဲပြီးသွားရင် ကုန်ခန်းရုံ သက်သက် ကျန်ခဲ့တာ မဟုတ်ဘူးဗျ။ ပျက်စီး ညစ်ညမ်း ကျန်ခဲ့တာတွေလည်း ရှိတယ်။ အဲ သည်ချေးကျတော့ ဘယ်သူကမှ မကျုံးချင် ဘဲ မသိချင်ယောင် ဆောင်နေကြတယ်။ ကုန် ခန်း တတ်တဲ့ သဘောကိုလည်း မသိချင်ယောင် ဆောင်ပြီး ရသရွေ့ အမြတ်သဘောထားတယ်။ ညစ်ညမ်းတတ်တဲ့ သဘောကိုလည်း ထမင်း ရည်ပူလာ လျှာလွှဲလုပ်ပြီး ကိုယ်နဲ့မဆိုင်သလို နေတယ်။
လောကကြီး သည်လို လူယုတ်မာ ကြီးတွေက ‘လာလာလေ။
လာကြ မယ်လေ။ ရေမြေတောအနှံ့က တို့ဆွေသဟာတွေ’ လို့ ခေါ်တော့ ဘယ်သူတွေက လာမှာတုံး။ သူ တို့လိုပဲ အရိုးရရ အရင်းရရ အမဲဖျက်မယ့်သူတွေသာ လာလိမ့်မယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးလိုက်လည်း ဗမာတွေ လွတ်လပ်ရေး ရတုန်းကလိုပေါ့။ ကိုယ့်ဗမာချင်း ကြီးပွားတာမြင် ရယုံပဲ ရှိမယ်။ ကိုယ်တွေက ငတ်မြဲပဲနေမှာ။ ကိုယ့်ချင်းကိုယ့်ချင်း ဆက်ခေါင်း ပုံဖြတ် ကြလိမ့်ဦးမယ်။ ဒီဟာတွေ ဆက်မဖြစ်ချင် စနစ်ကိုပြင်မှကို ရမယ်။ မပြင်လို့ မဖြစ်ဘူး။
လောကဓံဆိုတာ ရှစ်ပါးရှိတယ်ဗျ။ ဒါပေမဲ့ လူတွေက လေးပါးပဲ သိတယ်။ တကယ်တော့ အောက်အစွန်းမှာ ဒဏ်ခံရသလိုပဲ အထက် စွန်းမှာလည်း မလွတ်ဘူး။ ပူလွန်းမှလောင် တယ် မထင်နဲ့ အေးလွန်းရင်လည်း ရှို့လို့ရ တယ်။ စိန်ရွှေငွေ အိမ်ခြေကားနဲ့ စေလိုရာစေဖြစ်နေတဲ့ ဘိုးတော်၊ ဘတော် များဟာ အင်မတန်ပူပန်ခြင်း ပြင်းပြတဲ့ဘ၀မှာ မရှိဆင်းရဲသားတွေနဲ့ အတူတူပါပဲ။ ဘယ်သူနဲ့မှ နောက် ကျောမလုံဘူး။ အစဉ်သဖြင့်လည်း သူများ ကို လူပေါ်လူဇော်လုပ်ဖို့ ကြိုးစားနေရတယ်။ ဘာ မဆို လိုတိုင်းရပေမယ့် ဘယ်ဟာမှ အနှစ်မပါ ဘူး။ အကာသက်သက်နဲ့ လူလုပ်ရလိမ့်မယ်။
သားသမီး မျိုးဆက်များ မတောင့်မတထား ခဲ့နိုင်ဖို့ ကိုယ့်အသက်ကိုယ့်ဘ၀နဲ့ ရင်းချင်ရင်း ရမယ်။ ဒါပေမဲ့ အသိဉာဏ်နဲ့ အလိမ္မာက ကိုယ့်မှာတောင် မရှိတဲ့အတွက် သားသမီး အမွေပေးခဲ့စရာ ရှာမရဘူး။ လူကြီးသားသမီး များ စိတ်ကောင်း သဘောကောင်း အကျင့် ကောင်းရှိဖို့ဆိုတာ သဘာဝတရားနဲ့ ဆန့်ကျင် တယ်။ (ဖျားသခင် အလိုတော်အတိုင်းပဲနေမှာ။ ဟိဟိ) ကိုယ်သေရင် သူတို့ ဒုက္ခမရောက် အောင်ဆိုပြီး ငရဲမကြောက် ဝဋ်မကြောက် အကုသိုလ်တွေ ယူထားလည်း ကိုယ်မသေခင် ကုလားထိုင်ပျောက်တာနဲ့ သူတို့လည်း ချောက် ကျပြီသာမှတ်။
ဖတ်ဖူးတဲ့ ပုံပြင်ကလေးတစ်ပုဒ်ထဲမှာ ငရဲ ပြည်နဲ့ နတ်ပြည်ဆိုတာ တည်ခင်း ထား တဲ့ ထမင်းဝိုင်းချင်းတော့ အတူတူပါပဲတဲ့။ တစ်လံလောက်ရှည်တဲ့ ဇွန်းကြီးတွေ ပေးထားတာလည်း တူသတဲ့။ ငရဲပြည်က လူတွေကတော့ အဲဒီ ဇွန်းအရှည်ကြီးနဲ့ ကိုယ့်ပါးစပ်ထဲ မရောက် ရောက်အောင် အတင်းခွံ့ရင်း ဖိတ်ကာစင်ကာ စားမာန်ခုတ်လို့ အကုန်ငတ် နေကြရှာတယ်။ နတ်ပြည် မှာတော့ အချင်းချင်း အပြန်အလှန် ခွံ့ကျွေးကြလို့ အကုန်လုံး ၀၀လင်လင် ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင်ရှိကြသတဲ့။ အများအကျိုးဆောင်တဲ့အခါ ကိုယ့်အကျိုးလည်း အ လိုလို အောင်တဲ့အပြင် အပြန်အလှန်ထား ရှိတဲ့ မေတ္တာရဲ့ အကျိုးတရားလေးလည်း အဆစ်ခံ စားရနိုင်တယ်လေ။
Power ကိုပဲ ရှယ်ရှယ်၊ Resource ကိုပဲ ရှယ်ရှယ်၊ အတ္တကိုလျှော့မှ မျှတပေလိမ့်မယ်။ တူညီမျှတမှ ချစ်ကြည်စိတ် ဝမ်း ငြိမ်းငြိမ်းချမ်းချမ်းလည်း ရှိမယ်။ ဘိုးတော် ဘတော်တို့ အုပ်ချုပ်နေတဲ့ တိုင်းပြည်ကြီး လည်း သာယာ ၀ပြော စည်စည်ပင်ပင် ရှိပေ လိမ့်မယ်။ ဘတို့လည်း စိတ်အေးလက်အေး စည်းစိမ်ခံစားဖို့ သာသာယာယာ အချိန်ကလေးတွေ ရလိမ့်မယ်။ ကောင်းမွန် စွာ အိပ်စက်လို့ အေးချမ်းစွာ နိုးထနိုင်တဲ့အပြင် နောင်တမ လွန်မှာ ဆပ်စရာ အကြွေးတွေလည်း မရှိတော့ ဘူးပေါ့။ အသက်တွေလည်း ကြီးပါပြီ။ စိတ် တွေလျှော့ကြရအောင် နော်။ နော်။
 ငွေစန်းရောင်
The Ladies News Journal ပါ သရော်စာဆောင်းပါး
@@@@@@@@@@
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/
အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>