လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဆရာကြီး ဦးဖေမောင်တင်(ဦးဘေမောင်တင်)


ရန်ကုန်တက္ကသိုလ်စတင်တည်ထောင်ချိန်မှာ မြန်မာစာဌာန မရှိသေးပဲ ပါဠိ ဌာနသာရှိတဲ့အချိန်..
 မြန်မာစာကို တက္ကသိုလ်မှာပြဌာန်းသင်ကြားရန်အဆိုစပြုခဲ့တဲ့သူ၊ခေတ်စမ်းစာပေ ဦးဆောင်ခဲ့တဲ့ သိပ္ပံမောင်ဝ ရဲ့ဆရာဖြစ်သူ၊မြန်မာဘာသာစကားနဲ့စာပေပညာရှင်၊နှစ်ဆယ်ရာစု မြန်မာပညာရှင်များရဲ့ဖခင်၊ဆရာကြီး ဦးဖေမောင်တင်(ဦးဘေမောင်တင်)ဟာ ဧပြီလ(၂၄)ရက်ဖွားဖြစ်တာမို့ ဒီနေ့...ဆရာကြီးရဲ့အသက်(၁၂၇)နှစ်မွေးနေ့ အမှတ်တရအဖြစ် ဆရာကြီးရဲ့မြန်မာစာပေခရီးဖြတ်သန်းတဲ့အချက်အလက်အချို့ကို ဖော်ပြရင်း လေးစားတန်ဖိုးထားစွာဖြင့် ဂုဏ်ပြုလိုက်ပါတယ်။

ရန်ကုန်မြို့၊အင်းစိန် ပေါက်တောရပ်၌ အဖ ဦးဖေ၊အမိ ဒေါ်မြိုင် တို့က ၁၈၈၈ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၂၅၀ ပြည့်၊ကဆုန်လပြည့်၊အင်္ဂါနေ့) ညနေ ၅ နာရီခွဲ တွင်ဖွားမြင်သည်။
မွေးချင်း ခြောက်ယောက်တွင် ပဉ္စမမြောက်ဖြစ်သည်။
ငယ်အမည်မှာ မောင်ဘတင် ဖြစ်ပြီး နောင်တွင် မောင်တင် မှ ဘေမောင်တင်(ဖေမောင်တင်) ဟု
အမည်ပြောင်းသည်။

သို့......ကိုအောင်ဆန်း


သို့......ကိုအောင်ဆန်း
ရှင့် ခန္ဓာကိုယ်ထဲကျည် ဆယ့်သုံးတောင့် ၀င်ခဲ့တာဆို
ကျွန်မ နှလုံးသားထဲနှစ်ဆယ့်ခြောက်တောင့်ဝင်ခဲ့တာပါ ရှင်ရယ် ။

ဗိုလ်ချုပ်ဆိုလည်း ဗိုလ်ချုပ်ကတော်ပေါ့ ။
လူရိုးကြီးဆိုတော့လည်း လူရိုးကြီးရဲ့ ဇနီးပေါ့ ။
လူ့ခွစာကြီးဆိုတော့လည်း လူ့ခွစာကြီး မိန်းမပေါ့ ။
အရိုင်း ဆိုတော့လည်း ဒီက...အရိုင်းတစ်ယောက်ရဲ့ ပါရမီဖြည့်ဘက်ပါတော့် ။

" ဆရာမကိုပဲ အသည်းစွဲအောင် ချစ်တော့သည် " လို့
ရှင်တစ်ယောက်တည်း ညည်းခဲ့လေသလား
ခုချိန်များ ပြန်မေးရင်ရှင်...မပြုံးတတ် ပြုံးတတ် ပြုံးဦးမယ် ။

မိဘများသို့ မိန့်မှာတမ်း


တို့သွေးအစစ် မြန်မာဖြစ်က
ရင်နှစ်သည်းချာ ရတနာအား
ဘာသာအမွေ သင်ပေးလေလော့။
ခုနေငယ်စဉ် မပြုပြင်က
နောင်တွင်ကြီးလာ တို့ဘာသာကို
စိတ်မှာမထား ဘာသာခြား၏
ဆွေသွါးလေရာ သူတို့ပါလိမ့်
နှစ်ဖြာမိဘ သတိရလော့

သင်္ကြန်အလွမ်း ကဗျာများ


 အတာရေ

အတာ အတာ၊ ရေသီတာကို
သဟာအပေါင်း၊ သွန်းကာလောင်းအံ့
အကြောင်းသို့ညွှန်၊ ကျွန်ုပ်ကျွန်ကို
လိုက်ရန်သူတို့ ခေါ်ဘိ၏။

သဟာ သဟာ၊ မခေါ်လှာနှင့်
သံသာလောက၊ ကျွန့်ဘ၀၌
ချမ်းမြကြည်လင်၊ ကျွန့်ရေစင်ကို
သွန်းချင်တယောက် တည်းရှိ၏။

ဘဇာ ဘဇာ၊ မေးသောခါဝယ်
ဝေးမှာစံနေ၊ ကျွန့်သက်ဝေဟု
အဖြေပေးမည်၊ တွေးကြံစည်စဉ်
မတည်နှစ်ခွ၊ ကျွန့်ကြမ္မာ့ကြောင့်
နှုတ်အ ၍သာ နေမိ၏။ ။

မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့








 
မိခင်၏နှောင်ကြိုးတို့ ကို ဖြေပါအံ့
သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏လုံးလ၀ိရိယဖြင့်
နာလန်ထူပါစေအံ့...

မွေးကျေးဇူးကိုမသိတက်သော
ထိုသူတို့ အား
သိနားလည်အောင်
ဆွဲဆောင်နိုင်စွမ်းကို
သမီးးကိုပေးပါလေ...

အညတြ စစ်သည်တစ်ဦး၏ မှတ်တမ်း




The Messenger

ဒီတစ်ပတ်မှာတော့ အညတြ စစ်သည် တစ်ဦး၏ မှတ်တမ်းဆိုတဲ့ စာအုပ်ကို ညွှန်းချင်ပါတယ်။ အဲဒီစာအုပ်က တိုင်းပြည်ကို ကာကွယ်လိုတဲ့ လူငယ်တစ်ယောက် စစ်ထဲဝင်ပြီး ဂျပန် စစ်သင်တန်း တက်ခဲ့တဲ့ ခင်မောင်ညို (မန်း) ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ်္တိ ဖြစ်ပါတယ်။

အမျိုးသား အကျိုးစီးပွား၊ အမျိုးသား လုံခြုံရေး




ဒေါက်တာနေဇင်လတ်

အမေရိကန်ရှိ ကမ္ဘာ့ကုန်သွယ်ရေး ညီနောင် အဆောက်အအုံကို အယ်ခိုင်ဒါတို့ တိုက်ခိုက်ခဲ့ ပြီးနောက် အမေရိကန်သည် Homeland Security ဟူသော အမိမြေ လုံခြုံရေး အဖွဲ့အစည်း တစ်ခုကို ထပ်မံ ဖွဲ့စည်းခဲ့ပြီး အမျိုးသား လုံခြုံရေးကို အရှိန် မြှင့်တင်ခဲ့သည်။ အီရတ်ကို စစ်ဝင်တိုက်ခဲ့ရာ တွင်လည်း အမေရိကန်ကို အစုလိုက် အပြုံလိုက် သေစေနိုင်သော လက်နက်များဖြင့် ၀င်ရောက် တိုက်ခိုက်ဖွယ် ရှိသဖြင့် ကြိုတင် လက်ဦးမှု ရယူကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ခုခံ ကာကွယ်ခဲ့သည်။

အမျိုးသား အကျိုးစီးပွား ဟူသော (National Interest) ခေါင်းစဉ်အောက်တွင်

ပီမိုးနင်း - မိန်းမစိတ် ကျမ်း စာအုပ် (Ebook)









ပီမိုးနင်း - မိန်းမစိတ်ကျမ်း စာအုပ်လေးပါ။ ဖတ်ချင်၊ လေ့လာချင်၊ စူးစမ်းချင်တဲ့ သယ်ရင်းတွေ စိတ်ကြိုက်
သာ ဒေါင်းပြီး ဖတ်နိုင် လေ့လာနိုင်ပါပြီ။ အပြင်မှာ စာအုပ်ကို ၀ယ်ချင်ရင်တောင် ရှာဘို့ မလွယ်တော့ဘူး
နော်။ အခု လမ်းကြုံတုန်း တင်ပေးလိုက်တာ။ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပြီနော်။

PDF ဖိုင်ကို RAR နဲ့ ထည့်ထားပါတယ်။ Extract လုပ်ပီးတော့ စာအုပ်ကို ဖတ်နိုင်ပါပြီ။ Andriod ဖုန်းတွေ
မှာလည်း PDF Adobe Reader ရှိရင် ဖတ်နိုင်ပါတယ်။ မရှိရင်လည်း

အညာ ထမင်းသုပ်



အညာစတိုင် ပဲမှုန့် များများနဲ့ ထမင်း အချိုသုပ် လေးပါ။ ထမင်းသုပ်ကို ပုဇွန်ထုပ် ကြော်လေးနဲ့ တွဲဖက် ထားပါတယ်။ လုပ်ရ တာလည်း လွယ်ပြီး အရသာ ရှိတာမို့ ခုပဲ တူတူ လုပ်ကြည့် ရအောင်…

ထမင်းသုပ်တွင် ပါဝင်ပစ္စည်းများ

ကျုပ်တို့ဆီမှာဗျာ


ကျုပ်တို့ဆီမှာဗျာ.....
ဒီမိုကရေစီ... နိုင်ငံရေးသမားတွေ ..ဥပဒေ ပြင်ဖို့လုပ်နေချိန်...
အာဏာ ရသူတွေက ၁၁ ဘီလီယံ ကို ကြေးနီတောင်က ၀မ်ပေါင် နဲ့ ရခိုင်က ကုလားဇတ်ထုတ်
ထပ်ရောတယ်...
စာရေးဆရာတွေ သရဲအကြောင်းရေးတော့
ဘုန်းဘုန်းက ကုလား အကြောင်း...တွေးတယ်..
ဆရာဝန်တွေ ကားပွဲစားလုပ်ပြီး အဆိုတော် အဖြစ်သီချင်လည်းဆိုရော..
ကွမ်းရာဆိုင်က မာမူကြီးက ဆေးကုတယ် ဆေးပေးတယ်...(တကယ်ကျွမ်းပါသည်)

ဂစ်တာရူးကလေးဘဝမှ ခြောက်ကြိုးကဝေအဖြစ်သို့

 


''ကိုယ်ပိုင် ဂစ်တာ ရပြီဆိုတော့ တစ်ချိန်လုံး တီးချင်နေတာ--ထမင်းတောင် မစားချင်ဘူး၊၊ ကိုယ့်ဂစ်တာလည်းဖြစ်နေတော့ ကျွန်တော့်အတွက် မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးလည်းရှိတယ်"

ခုချိန်ခုခါမှာ ဂစ်တာတွေ အလက်ပေါင်းများစွာဝယ်ယူစုဆောင်းနေတဲ့ ဆရာချစ်က သူရှစ်တန်းကျောင်းသားကလေးဘဝမှာ မျက်မမြင် ကျောင်းသားကလေးတွေကို ဂစ်တာတီးသင်ပေးလို့ရတဲ့ငွေနဲ့ ဟော်လိုဂစ်...
တာလေး တစ်လက်ဝယ်နိုင်တုန်းက ခံစားမူကို ပြန်ပြောပြတာပါ။

ကိုချစ်စန်းမောင်က ဆရာစောဘွဲ့မှူးးရဲ့တပည့်ရင်း။သူဂစ်တာကိုစွဲလိုက်ပုံက 'သူများနားငြီးလိမ့်မယ်၊

နည်းနည်းအသံလေး လျှော့တီး'တဲ့။တစ်နေ့လုံး တစ်ညလုံး ဂစ်တာပဲ တီးနေတာ၊လေ့ကျင့်နေတာကိုး။

ဟင်္သာတမြို့နယ် ဓမ္ဘီရွာကလေးမှာ မွေးဖွားခဲ့တဲ့ ကိုချစ်စမ်းမောင်က

ဦးသန့်ရဲ့မြေး ဒေါက်တာသန်းမြင့်ဦးကို ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူစာရင်းထည့်သွင်း

 
 
ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းက ရန်ကုန်မြို့ပြထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌဒေါက်တာသန်းမြင့်ဦးအား ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူများစာရင်းတွင် ထည့်သွင်းဖော်ပြခဲ့ကြောင်းသိရသည်။
...
ရန်ကုန်မြို့ပြထိန်းသိမ်းရေးအဖွဲ့မှာရှိတဲ့ တစ်ဦးတစ်ယောက်တိုင်းရဲ့ ကြိုးစားအားထုတ်မှုကို အသိမှတ်ပြုခံရတာဖြစ်သလို မြို့ပြစီမံခန့်ခွဲမှုရဲ့ အရေးပါမှုကို ထုတ်ဖော်ပြသလိုက်တာပါပဲ ဟု ရွေးချယ်ခံရသူ ဒေါက်တာသန်းမြင့်ဦးက ပြောပါတယ်။ ရန်ကုန်မြို့ပြစီမံကိန်းရေးဆွဲခြင်း ၊ မြို့ပြအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်ပတ်သတ်၍ ပြည်သူများအာရုံစိုက်မိစေရန် ကြိုးပမ်းခဲ့မှုများကြောင့် Foreign Policyက ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Foreign Policy မဂ္ဂဇင်းသည်

တပတ်အတွင်း B ပိုး လုံးဝပျောက်စေမယ့် နည်းလမ်းကောင်း


တကယ် ကောင်းမွန်ပြီး ထိရောက်တဲ့ နည်းလမ်းလေး ဖြစ်လို့ ပြန်လည်မျှဝေပေးလိုက် ရပါတယ်။ ငွေကြေး အမြောက်အများ မကုန်သည့်အတွက် အဆင်ပြေ
စေမှာ ဖြစ်ပါတယ် ။ 
ရောဂါကုထုံး
၁။ စပါးလင် လိုအပ်ပါတယ် ။
၂။ ၎င်းကို ရေစင်အောင် ဆေးကြောပါ ။
၃။ ပြုတ်လိုက်ပါ ။
၎။ ၎င်းပြုတ်ရည်ကို တစ်နေ့ကို သုံးကြိမ် သောက်ပေးပါ။
၅။ သောက်ရမည့် ခွက်ကတော့ လက်ဖက်ရည် သောက်ခွက် ဖြစ်ပါတယ် ။ တစ်ပတ်ကြာသည့် အခါတွင် B ပိုးပျောက်ကင်း သွားမည် ဖြစ်ပါတယ် ။

အုပ်ချုပ်သူ အစိုးရ ရှိကြောင်း သက်သေပြပါ



အခုလို သင်္ကြန် ပိတ်ရက်အနားရောက်တိုင်း ကြုံနေကျဖြစ်တဲ့ နယ်ကနေ ရန်ကုန်မှာ ဝမ်းစာအတွက် လာနေကြရတဲ့ သူတွေရဲ့ ဒုက္ခ။ရက်ရှည် ပိတ်လို့ နယ်က ကိုယ့်မိသားစု ရှိတဲ့ အိမ်ကိုပြန်ကြရမယ့်အရေး အတော် ဒုက္ခ ရောက်ကြရရှာတယ်။ကားလက်မှတ် သွားဝယ်ပြန်တော့ အနားနီးမှ ရောင်းမယ်
ပြောတယ်။ ရောင်းပြီဆိုလို့ ဝယ်လိုက်ကြပြန်တော့ ပုံမှန်ဈေးနှုန်းထက် နှစ်ဆဝန်းကျင်လောက် တင်ရောင်းတယ်။ ဒါလည်း လိုချင်တဲ့ အချိန် လိုသလောက် ရတာမဟုတ်။

ရောင်းလိုက်တဲ့ လက်မှတ်မှာ ဘယ်ကားဂိတ်ကမှ ဈေးမှန် မရေးပေးဘူး။

Android ဖုန်း Setting ကို မြန်မာလို ဘာသာပြန်ပြီး လန်းရအောင်



ဦးအာကာ software's photo.
 ဒီပိုစ့်လေးမှာတော့ Setting ကို မြန်မာလိုပြင်နည်းလေးပဲ ရေးလိုက်ပေမဲ့ သုံးတတ်ရင် သုံးတတ်သလို ကျန်တာတွေပါ ပြင်လို့ ကလိလို့ ရပါတယ်။ အရင်ဆုံး Download က စပါမယ်:D
ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ Java သွင်းထားဖို့ လိုပါမယ်။ မသွင်းရသေးရင် အောက်မှာ ဒေါင်လုပ်လုပ်ပြီးသွင်းပါ။
Java အားရယူရန်

တိုင်းတစ်ပါးက မေမေ့သားသို့

"***တိုင်းတစ်ပါးက မေမေ့သားသို့……***

သားရေ ..
မနေ့ က သားကို အမေက သားလေး ဒီလ ငွေလှမ်းပို့ ပြီးပြီလား လို့  ဖုန်းဆက် မေးလိုက် တော့ ..သားက အမေတို့ ကလည်းဗျာ ..ကျနော် ပို့တဲ့အချိန် ရောက် မှာပေါ့ ..အမေတို့ ကလည်း ပီးခဲ့တဲ့လက ပို့လိုက်တာလည်း ကုန်အောင်သုံးနေတာဘဲ .. ကျနော် နိုင်ငံခြား မှာ အမြဲ အလုပ်အဆင်ပြေနေတယ်မထင်နဲ့ နဲနဲ ပါးပါးလဲ စုကြဦး ..ချွေတာသုံး ကြဦး ဗျာ …ဆိုပြီး ဒေါသတကြီး နဲ့  ပြောပြီး ဖုန်းချ သွားတော့ ..အမေ လေ သားနားလည်အောင် ရှင်းပြချိန်မရလိုက်ဘဲ ရင်ထဲမှာ နင့် ပြီးဖုန်းဆိုင်ကနေ အိမ်ပြန် လမ်းတလျောက် စိတ်တွေ မကောင်းခဲ့ဘူး။ လမ်းလျှောက် နေတာတောင် လမ်းနဲ့ ခြေထောက် ထိတယ် လို့  မထင်တော့ပါဘူး သားလေးရယ် … အမေ့ကြောင့် အမေ့သားလေး စိတ်ဆိုးဒေါသ တွေ ထွက်သွား ရတယ် ဆိုပီး အမေ ရင်ထဲမှာ မကောင်းဘူးကွယ် ..အမေလေ စိတ်ထဲမှာ အရမ်း ဝမ်းနည်းခံစားရပေမယ့် အမေ မငိုဘူး ..အမေလုပ်တဲ့သူ မျက်ရည်ကျ ရင် သားသမီး မှာ ဝဋ်ဆိုက်တတ်တယ် ဆိုလို့  အမေ မငိုဘူး သားအတွက် အမေ့ မျက်ရည် မကျ စေရပါဘူး သားရယ် ….
မနေ့ က အမေ မေးတယ် ဆိုတာကလည်း အမေက သားတို့ လို့  ခေတ်ပညာ တွေ မသိတော့ ဗဟုသုတ နည်းပြီး အမေ့ ဆီ သားလေး ငွေပို့ နေကျ အချိန် မရောက်ရင် သားလေး လုပ်အားခ ပိုက်ဆံတွေ အမေ့ဆီ မရောက်ဘဲ လမ်းမှာများ ပျောက်ပျက် သွားလေမလား စိတ်ပူလို့ မေးမိတာပါကွယ် အမေ့ဆီမှာ အရင် သားပို့ ပေးထားတဲ့ ငွေလေးတွေ ရှိပါသေးတယ်သားရယ် အမေငွေလိုချင်လို့  မေးတာ မဟုတ်ပါဘူး.. သားလေး ဆီက ငွေ ပို တယ် မပို့  ဘူး ဆိုတာ အမေ့အတွက်တော့ အရမ်းကြီး အရေးကြီးမနေပါဘူးသားလေးရယ် .. အမေအလွန်ချစ် တဲ့ သားလေးကို အမေ့ရင်ခွင်ထဲက ခွဲထုတ် ပီး တိုင်းတပါး ကို ပို့  ထား ရ ပြီးပြီပဲလေ..... ....အမေ့သားလေးကို အမေမဖြစ်သာလို့သာ လွှတ်ထားရပေမယ့် သားနဲ့ဝေးနေရတဲ့အချိန်တိုင်း အမေရင်ထဲမှာနာကျင်ခံစားနေရတာချည်းပါသားရယ် ..
သားဆီက ငွေ ဆိုတာကလည်း သားညီလေး နဲ့ ညီမလေး အတွက် ဘဲ အမေ သုံးစွဲ နေခဲ့ပါတယ် သားရယ် သားဆီကငွေ ကို အမေ့ အတွက် ဆိုပီးမခြင်မဆင် မသုံးစွဲရက်ပါဘူး သားရယ် .. သားတို့ ကို လူတလုံး သူတလုံး ဖြစ်အောင် မြေတောင်မြှောက်ပေးဖို့ အတွက်က အမေ့တာဝန် ပါ ..တကယ်ဆိုရင် အမေကပဲ သားတို့ကို ရှာဖွေကျွေးမွေးရမှာပါ သားရယ် ..အခုအချိန်မှာ သားလေးက လိမ်မာစွာနဲ့ အမေ့ကို ကူပြီး ရှာဖွေကျွေးမွေးနေတာကိုက အမေကျေးဇူးတင်လှပါပီ သားရယ် ..အမေမွေးရကျိုး နပ် ပါပီ …သားရေ ..အမေ့ အတွက်ကတော့လေ..အလှအပတွေည်း မလို တော့ဘူး အရှက်လုံရုံ ဖျင်ကြမ်း တထည် နဲ့လည်း အမေနေနိုင်တယ် ..စားစရာ ထမင်းကြမ်းခဲ ငရုပ်သီး မှုန့် ဖြူး ပြီးလည်း အမေတင်းတိမ်တယ် ..သွားစရာ ဖိနပ်မလို အမေ့ခြေထောက်ဗလာနဲ့လည်း နေပူထဲ အမေ လျှောက်နေတာပါပဲ သားရယ် …..ငါ့သားလေး အမေ့အပေါ် မှာ စိတ် မကွက် ပါနဲ့ နော် သား ..သားလေး အလုပ်ထဲ မှာ ဘာအဆင်အပြေ ဖြစ်နေသလဲ အမေ မသိရပေမယ့် သားလေး စိတ်ချမ်းသာအောင်သာနေပါ။ ငွေမပို့နိုင်သေးရင်လည်း အမေဘက်က ရပါတယ်သားရယ် အမေ့မှာ ခြေနှစ်ဖက် လက်နှစ်ဖက် အကောင်းကြီးရှိပါသေးတယ်ကွယ် ..သားလေး အဆင်မပြေဘူးဆိုရင် ပြန်သာလာခဲ့ သားတို့  လူပုံအလယ် ဘဝလှအောင် အမေ နှစ်ဆ တိုးပြီး ရှိတဲ့ခွန်အားနဲ့ လုပ်ကျွေးမယ်သား ……တိုင်းတစ်ပါးက မေမေ့သားလေး အမြဲအဆင်ပြေ ပါစေ လို့ လည်း အမေ ဘုရားမှာ နေ့တိုင်း မမေ့မလျှော့ဆုတောင်းပေးလျှက်ပါ နော်.....
သား ရေ… အမေစိတ်မကောင်းလိုက်တာကွယ် ..အမေ့သားလေး အမေ့အပေါ်မှာ အမြန်စိတ်ဆိုးပြေပါစေတော့ကွယ် ….

(ရေးသူ = Nyanmyintlay )

အကျိုးရှိမယ့် စာကောင်းပေမွန်များကို ဖြန့်ဝေခြင်းဟာလည်း သာသနာပြုခြင်းပဲလို့ မွန်မြတ်စွာ ခံယူပါသည်။
မေတ္တာဖြင့်-
ဓမ္မရိပ်ငြိမ် အရှင်ဝေဠုရိယ(အုတ်ဖို)
29-7-2014
Wai Lu Ashin - f-b - မှ"


 သားရေ ..
မနေ့ က သားကို အမေက သားလေး ဒီလ ငွေလှမ်းပို့ ပြီးပြီလား လို့  ဖုန်းဆက် မေးလိုက် တော့ ..သားက အမေတို့ ကလည်းဗျာ ..ကျနော် ပို့တဲ့အချိန် ရောက် မှာပေါ့ ..အမေတို့ ကလည်း ပီးခဲ့တဲ့လက ပို့လိုက်တာလည်း ကုန်အောင်သုံးနေတာဘဲ .. ကျနော် နိုင်ငံခြား မှာ အမြဲ အလုပ်အဆင်ပြေနေတယ်မထင်နဲ့ နဲနဲ ပါးပါးလဲ စုကြဦး ..ချွေတာသုံး ကြဦး ဗျာ …ဆိုပြီး ဒေါသတကြီး နဲ့  ပြောပြီး ဖုန်းချ သွားတော့ ..အမေ လေ သားနားလည်အောင် ရှင်းပြချိန်မရလိုက်ဘဲ ရင်ထဲမှာ

မြန်မာပြည်မှာ အမျိုးသ္မီးများ အဓမ္မပြုကျင့်ခံရပါသလား


ဒီမှာ ဒီလိုကူညီပေးနေပါတယ်ခင်ဗျာ............ Please remember
*************************************************
မြန်မာပြည်တွင်းမှ ကလေးသူငယ်များ နှင့် အမျိုးသမီးများအတွက် တရားရေးဆိုင်ရာ ကိစ္စရပ်များကို အခမဲ့ ကူညီပေးနေပါသည် အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီပေးပါသည်

 အသက်(၁၈)နှစ်အောက်ရှိပြစ်မူကျူးလွန် စော်ကား ခံရသော ကလေးသူငယ်များ ၊ လူငယ်များ နှင့် သက်သေများ ၊ ပြစ်မူကျူးလွန်သည် ဟု စွပ်စွဲ ခံရ သော ကလေးသူငယ်များ နှင့် လူငယ်များ၊ အသက်(၁၈)နှစ် ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက် ပြစ်မူကျူးလွန်စော်ကားခံရသော (female survivors of gender based violence) အမျိုးသမီးများအတွက် အမူ လိုက်ပါ ဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာ မယူဘဲ ဥပဒေကြောင်းအရ အခမဲ့ ကူညီပေးသည့် စီမံချက်ဖြစ်ပါသည်

ရည်ရွယ်ချက်

ထိပ်ဆုံးအထိတက်လှမ်းနိုင်မယ့် စွမ်းရည်နှစ်မျိုး


ဆရာသုတ

JOB seekers Journal vol.2,no.48

တစ်ခါက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ အလုပ်ကြိုးစားပြီး တော်ရုံတန်ရုံ အလုပ်တွေကို မျက်နှာလွှဲလို့ရတဲ့ ၀န်ထမ်းငယ် သုံးယောက် နေရေးထိုင်ရေး အခက်အခဲဖြစ်နေတာကိုသိရတဲ့အတွက် ဆင်ခြေဖုံးရပ်ကွက်သုံးခုမှာ အိမ်ကလေးတစ်လုံးစီဝယ်ပြီး အဲဒီဝန်ထမ်းငယ်သုံးယောက် ကို နေစေပါ သတဲ့။ ၀န်ထမ်းငယ် ၃ယောက်လည်း အိမ်လခ ပေးစရာ မလိုဘဲ နေစရာ ရပြီမို့ နယ်ကသူတို့မိသားစုတွေကိုအသီးသီး ပြန်ခေါ်ပြီး အဲဒီအိမ်ကလေးတွေမှာနေကြတယ်။ အဲဒီမှာ

Gmail နဲ့ Facebook Account ဖွင့်နည်း

  ဝင်းကမ္ဘာကျော်

 
မင်္ဂလာပါ....

အခုတင်ပေးမှာကတော့ Gmail(or) Facebook မဖွင့်တတ်သေးသူများအတွက်
fb.gm နဲ့ရိုးရိုး ရှင်းရှင်းလေးအလွယ်တကူ ph.number
မပါပဲဖွင့်နည်းပါ..
 
 
 ပထမ gmail ဖွင့်နည်း ဒုတိယ gmail နဲ့ပဲ facebook.account
ကိုပြန်ဖွင့်နည်းလေးပါ သိပြီးသား သူများအတွက်ကတော့
အထူးအဆန်းမဟုတ်ပေမဲ့မသိသေးတဲ့
သူများကတော့ အရမ်းဝမ်းသာမယ်လို့ထင်ပါတယ် အဆင်ပြေရင်
အောက်မှာပုံလေးတွေကိုပြည့်ပါ...

ရန်ကုန်ကို ကယ်ကြစို့





Yangon Heritage Trust က ဒီဇိုင်းရေးဆွဲသည့် အနာဂတ် ရန်ကုန်မြို့
 

ရန်ကုန်မြို့တွင် မွေးပြီး ရန်ကုန်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူ တဦးအနေဖြင့် မြို့တော်ဟောင်း၏ အပြောင်း အလဲ အမြောက်အမြားကို ဦးမော်လင်း မြင်တွေ့ခဲ့ဖူးပါသည်။ ရန်ကုန်မြို့လယ်၏ အချက်အချာ ဖြစ်သော ဆူးလေဘုရားကို လှမ်း မြင်နေရသည့် တိုက်ခန်းတွင် သူ ကြီးပြင်းခဲ့သည်။ လမ်းတဖက်ရှိ မဟာဗန္ဓုလ ပန်းခြံ အတွင်းတွင် သူငယ်ငယ်က ဘောလုံး ကစားဖူးသည်။
သူနှင့် သူ့သူငယ်ချင်းများ ရန်ကုန် အနောက်ပိုင်းရှိ တရုတ်တန်းသို့ ဆူးလေမှ လမ်းလျှောက်သွားပြီး ခေါက်ဆွဲ စားကြသည်။ လက်ဖက်ရည် သောက်ဖို့ အတွက် ရန်ကုန်အရှေ့ပိုင်းသို့ ကျယ်ပြန့်သော ပလက်ဖောင်းများ ပေါ်ကနေ အေးအေးလူလူ လျှောက်သွားကြသည်။ ဒါတွေက သူ၏ လူငယ်ဘဝမှာ အမှတ်တရဖြစ်စရာ အကောင်းဆုံး အတွေ့အကြုံ တွေထဲက တချို့ဖြစ်သည်။
သို့သော်လည်း အသက် ၅၆ နှစ်အရွယ်ရှိပြီ ဖြစ်သည့် ရန်ကုန်အခြေစိုက် ဗိသုကာ ပညာရှင် တယောက် ဖြစ်သော ဦးမော်လင်း အတွက် အဆိုပါ နေ့ရက်များသည် ယခုအချိန်တွင်

ညီမလေးတွေ ဖတ်ကြည့်ဖို့ပါ




တကယ်တော့..
စိတ်က မိဘအတွက်...ကိုယ်ခန္ဓာက လင်ယောကျာ်းအတွက်...အချိန်တွေက သားသမီးအတွက်...
ကြာလာတာနဲ့အမျှ ကိုယ့်အတွက် မျက်နှာပေါ်က အရေးအကြောင်းတွေရယ်
ပင်ပန်းနွမ်းနယ်မှုတွေပဲ ကျန်ခဲ့လိမ့်မယ်။

လှပလွန်းရင် အန္တရာယ်များတယ်...ရုပ်ဆိုးပြန်တော့လည်း ဘယ်သူမှအဖက်မလုပ်ချင်...
ပွင့်လင်းလွန်းတော့ အပေါစားထင်မယ်...စကားနည်းတော့ ပေါင်းသင်းရခက်တယ်..
တကိုယ်တည်းနေမယ်ဆိုတော့ လိုချင်တဲ့သူမရှိလို့တဲ့...အိပ်ထောင်ပြုတော့လည်း လွတ်လပ်မှု ဆုံးရှုံးပြန်ကော...

ထိုင်းဘုရင်၏ သြဝါဒ အမှာစကား ၃၆ ချက်မှတ်သားလောက်ပါတယ်



၁။ ထမင်းလုံးတိုင်း ရေစက်တိုင်း စားစရာရှိသမျှ ရင်ထဲက ကျေးဇူးတင်ပါ။
၂။ ဘုရားရှိခိုးတိုင်း မည်သည့် ဓနဥစ္စာကိုမျှမတောင်းဘဲ ပညာနှင့် အစွမ်းသတ္တိကိုသာ
တောင်းယူပါ။
၃။ သူငယ်ချင်း အသစ်သည်ကိုယ့်အတွက် လက်ဆောင်ဖြစ်သလို အဟောင်းဟာလဲ မိမိအတွက် တန်ဖိုးမဖြတ်နိုင်ပါ။
၎။ ဘာသာရေးစာအုပ်ကို တစ်နှစ်တစ်အုပ်ရအောင် ဖတ်ပါ။
၅။ မိမိကိုယ်ကို ကောင်းစေချင်လျှင် သူများကိုကောင်းအောင် အလျှင်ကူညီပေးပါ။
၆။ ကျေးဇူးတင်ပါတယ် ဆိုသောစကားကိုအမြဲ များများ ပြောပေးပါ။
၇။ သူတပါး၏ ရင်ဖွင့်စကား တိုင်ပင်လျို့ဝှက်စကားတို့အား မိမိအနေဖြင့်** ထိမ်းသိမ်းပါ။
၈။ ခွင့်လွှတ်စိတ်ရှိပါ။
၉။ နားထောင်သည့် အလုပ်ကို ဦးစားပေးပါ။

ရွှေမြန်မာတို့ သိထားသင့်တဲ့ ရှရီယာဥပဒေ


Share ပေးကြပါ........

ရှရီယာဥပဒေ(SHARIA LAW)ဆိုတာ
မွတ်ဆလင်တွေ တရားသေစွဲကိုင်ပြဋ္ဌာန်းထားတဲ့ ဥပဒေပါ။
တနည်း အစ္စလာမ်ဘာသာအပေါ် ဖောက်ပြန်လို့မရအောင်
အစ္စလာမ်ဘာသာအပေါ် ဘာသာခြားကဖြစ်ဖြစ်
မွတ်ဆလင်ကိုယ်တိုင်ကဖြစ်ဖြစ် အလွယ်တကူ
စည်းမကျော်မိအောင် အဖက်ဖက်က ကာဆီးတားမြစ်ထားသော
မွတ်ဆလင်အမျိုးဘာသာကို စောင့်ရှောက်ဖို့ပြဋ္ဌာန်းထားတဲ့
အစ္စလာမ်မစ် အမျိုးစောင့်ဥပဒေပင်ဖြစ်ပါတော့တယ်.......
မွတ်ဆလင်တွေဟာ နိုင် ငံရေး၊ စီးပွားရေး၊ လူမှုရေးအရာရာ
ကိစ္စစီရင်ချက်တွေကို ဒီအစ္စလာမ်ာသာရေးအရ ချမှတ်ရေးဆွဲထားတဲ့
ရှရီးယားဥပဒေနဲ့ပဲ ဆုံးဖြတ်ဖြေရှင်းကြပါတယ်။

(((ရှရီးယားဥပဒေမှကောက်နှတ်ချက်များ)))


ပိဋကတ်(၃)ပုံမြန်မာပြန် ကို ၀ိုင်းရှယ်ပေးကြရင်းနဲ့  သင်လည်းဘဲ သာသနာပြုပါ..




ပိဋကတ်(၃)ပုံမြန်မာပြန် ကို ၀ိုင်းရှယ်ပေးကြရင်းနဲ့  သင်လည်းဘဲ သာသနာပြုပါ..
http://www.scribd.com/doc/105355236/
http://tunwai-states.blogspot.jp/2012/09/blog-post_6930.html
ကျေးဇူးပြု၍ တဆင့် share ခြင်းဖြင့် သာသနာ ပြုကြပါ
ပိဋကတ်(၃)ပုံမြန်မာပြန် စာအုပ်ဖြစ်ပါတယ်
download ဆွဲချင်သူများ

"ပျိုမေတို့သိစေဖို့" အပိုင်း (၁)


ဒီနေ့  ကိုယ့် သမီး တူမ ညီမ အရွယ် မိန်းကလေးတွေကို အမှတ်တရ တစ်ခု ပြောပြချင်တယ်။
ပြောပြချင်တယ်ဆိုတာထက် သင်ပေးချင်တာပါ။ ဒီတော့ ကျွန်တော်ပြောတာ သေချာ မှတ်ထားကြပါ။
ယောက်ျားတစ်ယောက်က သူ့ အိမ်ထောင် သို့မဟုတ် ရည်းစားရှိရက်နဲ့ ကိုယ့်ကို လာလိုက်ပြီး သူ့ နောက်ကျောကသူတွေကို ပစ်ခွာပြခဲ့ရင် အဲ့ဒါ ငါ့ကိုချစ်လို့ ဖြစ်လာတဲ့ သတ္တိလို့ မမြင်ကြပါနဲ့ ..
တစ်ကယ်တမ်းတော့ အဲ့ဒါ ထိုယောက်ျားရဲ့ စာနာခြင်းကင်းတဲ့အတ္တပါ .. ။
အထူးသဖြင့် သူပစ်ခွာပြေးမယ့်သူတွေထဲမှာ

အဝေးပြေးယာဉ်လိုင်းများ ယာဉ်စီးခပိုမိုကောက်ခံပါက လက်မှတ်တစ်စောင် ဒဏ်ကြေးငါးသောင်းကောက်မည်



အာကာထက်
ရန်ကုန်၊
အဝေးပြေးယာဉ်လိုင်းများ ယာဉ် စီးခပိုမိုကောက်ခံပါက လက်မှတ်တစ် စောင်လျှင် ဒဏ်ကြေးငါးသောင်းပေး ဆောင်စေခြင်းဖြင့် ထိရောက်စွာ အ ရေးယူသွားမည်ဖြစ်ကြောင်း မထသ (အဝေးပြေး)မှ ဥက္ကဋ္ဌ ဦးညွန့်ဝေက ပြော သည်။
အဝေးပြေးယာဉ်လိုင်းအချို့သည် သင်္ကြန်ကာလနီးလာပါက ယာဉ်စီးခပိုမိုကောက်ခံမှုများရှိနေကြောင်း သိရ သည်။
''သင်္ကြန်ကာလနီးမှအရေးယူတာ မဟုတ်ပါဘူး။ ကျန်တဲ့အချိန်တွေမှာလဲ အရေးယူပါတယ်။ သင်္ကြန်ကာလနီးလာ ရင်ကားခပိုကောက်တာတွေရှိနေတဲ့ အတွက်

အာဏာရှင်ကြီး၏အတွင်းရေးများ(တပ်မတော်အရာရှိဟောင်းကြည်ဆွေ)

@MMBS

စာအုပ်အမည် - အာဏာရှင်ကြီး၏အတွင်းရေးများ
စာရေးသူ - တပ်မတော်အရာရှိဟောင်းကြည်ဆွေ



 

အသည်းစားနက္ခတ်(ခေတ်ပျိုဖြူ)

@MMBS

စာအုပ်အမည် - အသည်းစားနက္ခတ်
စာရေးသူ -ခေတ်ပျိုဖြူ


တဂူကူးကူး(ရွှေဥဒေါင်း)

@MMBS

စာအုပ်အမည် - တဂူကူးကူး
စာရေးသူ -ရွှေဥဒေါင်း


“စေတီ”ပျောက်သော်လည်း“ဗလီ”ကျန်


ရန်ကုန်မြို့လယ်ခေါင်မှာ သိမ်တော်ကြီးကျောင်းတိုက်ဆိုတာ ရှိတယ်။
သာသနာရောက်ကထဲက စရှိတဲ့''သိမ်တော်ကြီး''ပါ။
ရဟန္တာသမုတ်တဲ့ ''သိမ်ကိုးလုံး''ရှိတယ်။ သိမ်တစ်လုံးကတော့ရွှေတိဂုံတောင်ဘက်နားမှာ ရှိတယ်။ ကျန်တဲ့သိမ်တွေဘယ်ရောက်ကုန်လဲဆိုတာကို သမိုင်းကိုလေ့လာဖို့လိုပါတယ်။
''သိမ်ကြီးဈေး'' မရှိစဉ်က အဲဒီနေရာမှာ''ကျိုက်မြတ်သံချို''ဆိုတဲ့စေတီတော်ကြီး တစ်ဆူရှိတယ်။
ဆူးလေဘုရားလောက်ရှိတယ်။ အဲဒီစေတီတော်ကြီးရဲ့ အနီးအနားမှာ စေတီငယ်လေးတွေအများကြီးပဲ။
စေတီလေးတွေကြားမှာ ထီးလေးတွေနဲ့ဗမာတွေ ဈေးရောင်းကြတယ်။ မွတ်စလင်ပိုင် ''စူလတန်ကုမ္ပဏီ''က
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>