လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အပေါင်းနှင့် အနှုတ် ( ခြားနားခြင်း)


ဒေါက်တာ ဝေဠု
လူမှု  ကယ်ဆယ်
အမြင် ကျယ်၏
အပုပ် လေးသီး
လေကြီး လေကျယ်
လူဝယ် မသွင်း
အသီး ဖျင်း၏
ကျောက်တောင် နွားခွေ့
ခွေ့သည့် နွားသာ
ဂျို ကျိုး ရာ၏
လူ၏  တန်ဘိုး
မြတ်နိုး မရှိ
ကန်းဘိ လူပျက်
ပုပ်နံ့ ထွက်၏ ။

မင်းဆိုတဲ့အကောင်တွေဟာ ဘယ်မအေရိုးမှ မကောင်းပါဘူး

The Red အနီ 
သခင်ဘမောင်

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ၁၂၄၇ ခုနှစ်မတိုင်မီ မြန်မာဘုရင် သီပေါမင်း လက်ထက် ပဒေသရာဇ်ခေတ်မှ ဗြိတိသျှနယ်ချဲ့ ခေတ်၊ ဂျပန်ဖက်ဆစ်ခေတ်၊ အင်္ဂလိပ် လွတ်လပ်ရေး ကျေညာပေးသော ခေတ် ထိ နှစ်ပေါင်းကိုးဆယ်မျှအတွင်း တိုင်းပြည် အုပ်ချုပ်သူ မင်း အစိုးရ အမျိုးမျိုးတို့၏ အုပ်ချုပ်စိုးမိုးပုံတို့ကို ဖြတ်သန်းတွေ့သိခဲ့ ရသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်တို့သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် တွေ့ ဆုံကြသည့်အခါ စပ်မိစပ်ရာ နိုင်ငံရေး၊ လူမှုရေး၊ စာပေရေးစသည် များကို ပြောကြရင်း ခေတ်အဆက်ဆက်တွင် ဆရာကြီး ဖြတ် သန်းတွေ့ သိခဲ့ ရသော မင်း အစိုးရများအနက် ပြည်သူတို့၏ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး စသည့်အကျိုးစီးပွါးများနှင့် ပတ်သက်၍ စီမံအုပ်ချုပ်ပုံတို့သည် မည်သည့် အစိုးရ ခေတ်၊ မည်သည့်အစိုးရလက်ထက်တွင် ကောင်း မွန်၍ မည်သည့် အစိုးရခေတ် မည်သည့်အစိုးရ လက်ထက်တွင် ဆိုးဆိုးဝါးဝါး ဖြစ်ပါသလဲ ဟု မေးမြန်းကြပါသည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက အထက်ပါအမေးစကား ကို အောက်ပါပုံပမာ ကလေးဖြင့် မိန့်ဆို ဖြေကြားပါသည်။

ပြောင်းလဲသင့်ပြီ


ရုရှားနိုင်ငံက ဘာသာမဲ့တွေဟာ ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်းပြီး ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကုန်
ကြပြီတဲ့
ကြည့်စမ်း မင်္ဂလာရှိလိုက်တဲ့ သတင်း ကမ္ဘာကြီး ပူလောင်လာတာနဲ့  အမျှ လူတွေဟာ စစ်မှန်တဲ့ဘာသာ အားကိုးထိုက်တဲ့ ဘာသာကို အမြဲတမ်း ရှာဖွေနေကြတာပါ
အင်တာနတ်ခေတ်ဆိုတော့ သူတို့ အတွက် ရှာဖွေရတာ လွယ်ကူသွားပြီလေ
သူတို့ ဘာ့ကြောင့် သိသွားသလဲဆိုတော့ ဗုဒ္ဓ တရားတော်တွေကို ပြန့် ပွားအောင်လုပ်တဲ့သူတွေ
ရှိလို့  သူတို့ တွေ သိခွင့်ရကြတာပေါ့ ကမ္ဘာကျော်ပေါင်းမြောက်များစွာ ဘီလျှံနာပေါင်းမြောက်များစွာ
သိပ္ပံပညာရှင်ပေါင်းမြောက်များစွာ ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းလာတာ ဟာ
ဗုဒ္ဓဘာသာရဲ့ စစ်မှန်တဲ့ တရားတော်တွေဟာ အားကိုးထိုက်တယ်ဆိုတာ သူတို့ တွေ သိသွားကြ
လို့ ပါပဲ
ဝမ်းနည်းစရာက

နိဗ္ဗာန်-အကျဉ်း

 
နိဗ္ဗာန်
နိဗ္ဗာန်ဟူသည် ပါဠိစာလုံး နိဗ္ဗာန ဟူသော ပုဒ်မှ လာသည် ။ ငြိမ်းအေးသည် ဟု ဆို လိုသည် ။ ထို့ကြောင့် လောဘ၊ဒေါသ၊ မောဟ မီးများကို ငြိမ်း သတ်နိုင်ခြင်းသည် နိဗ္ဗာန်ဖြစ်သည် ။ (ရတနသုတ်တွင် တွေ့ နိုင်သည်။) 

တဖန် နိဗ္ဗာန ဟူသော ပုဒ်သည် ပါဠိ ဘာသာ နိ+ ဝါန =နိ နှင့် ဝါန ကို ပေါင်း ထားခြင်းဖြစ်သည် ။

ပဋ္ဌာန်းပါဠိတော် ၂၄ ပစ္စည်းဆုတောင်း

 

မိဘဂုဏ်ရည် ဆရာတော် မှ ပြန်လည်ကူးယူဖော်ပြသည်


ဟေတုပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။

အာရမ္မဏပစ္စယော - မျက်စိနှင့်နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြူရပါစေသား။

အဓိပတိပစ္စယော - ရုပ်၊ နာမ်နှစ်ပါးတို့ကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။

အနန္တရပစ္စယော - များစွာသော ကုသိုလ်တရားတို့ကို မျက်မှောက်ပြူရပါစေသား။

သမနန္တရပစ္စယော - ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြူရပါစေသား။

သဟဇာတပစ္စယော - ရုပ်,ရုပ်ချင်း၊ နာမ်,နာမ်ချင်း ထင်ရှားစွာ သိရပါစေသား။

အညမညပစ္စယော - ရုပ်မှနာမ်သို့၊ နာမ်မှရုပ်သို့ပြောင်းလဲ၍ သိရပါစေသား။

နိဿယပစ္စယော - ရုပ်နာမ်နှစ်ပါးတို့၏ တည်နေရာကိုသိရပါစေသား။

ဥပနိဿယပစ္စယော - ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။

ပုရေဇာတပစ္စယော - ရှေးကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။

ပစ္ဆာဇာတပစ္စယော - နောက်မှဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။

အာသေ၀နပစ္စယော - လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။

ကမ္မပစ္စယော - ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။

ဝိပါကပစ္စယော - ၀ဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။

အာဟာရပစ္စယော - လိုရာဆန္ဒကို ပြည့်စုံစွာ ထောက်ပံ့ နိုင်ရပါစေသား။

ဣန္ဒြိယပစ္စယော - နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။

ဈာနပစ္စယော - သူတော်ကောင်းတရား (ရ)ပါး၊ ဉာဏ်စဉ် (၅)ပါးနှင့် ပြည့်စုံရပါစေသား။

မဂ္ဂပစ္စယော - ဘာဝနာ (၂)ပါး အပေါင်းကို အာရုံပြု၍ အထွဋ်အထိပ် ပညာကိုရ, ရပါစေသား။

သမ္ပယုတ္တပစ္စယော - သူတော်ကောင်းတို့နှင့်ပေါင်း၍ (ရ)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။

ဝိပယုတ္တပစ္စယော - သူယုတ်မာနှင့်ဝေး၍ အကုသိုလ် ကင်းရှင်းရပါစေသား။

အတ္တိပစ္စယော - သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။

နတ္တိပစ္စယော - ပရမတ္တမရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။

ဝိဂတပစ္စယော - ရှေး၌ ပွင့်ပြီးကုန်သောဘုရားတို့ကို ရှိခိုးရပါစေသား။

အ၀ိဂတပစ္စယော - ပွင့်လတ္တံ.သော ဘုရားတို့ကို ရှိခိုးရပါစေသား။

ဘုရား ဂုဏ်တော်(၉)ပါး ပါဠိ+မြန်မာပြန်နှင့် ဂုဏ်တော်ပွားရကျိုး



ဘုရား ဂုဏ်တော်(၉)ပါး ပါဠိ+မြန်မာပြန်နှင့် ဂုဏ်တော်ပွားရကျိုး
^*^*^*^*^*^*^*^*^*^*^*^*^*^*^*^*^*^*^*^*^*^*^*^*^
ဣတိပိ သောဘဂဝါ
(၁)။အရဟံ
(၂)။သမ္မာသမ္ဗုဒ္ဓေါ
(၃)။ဝိဇ္ဇာစရဏသမ္ပန္တွော
(၄)။သုဂတော
(၅)။လောကဝိဒူ
(၆)။အနုတ္တရော ပုရိသဒမ္မသာရထိ
(၇)။သတ္ထာ ဒေဝမနုဿာနံ
(၈)။ဗုဒ္ဓေါ
(၉)။ဘဂဝါ

ခေတ်ကိုက


*ရှယ်သွားပေးပါဦး*

အပျိုလေးတွေဖြစ်ရဲ့သားနဲ့ Fb မှာ
မပီကလာပီကလာ ဆဲနည်းမျိုးစုံဆဲမှခေတ်မှီတယ်ထင်နေကြတယ်
အပျိုလေးတွေဖြစ်ရဲ့သားနဲ့fbမှာ
ဘဲနဲ့ပလူးပလဲပုံတွေတင်တာကိုထမင်းစားရေသောက်ဖြစ်နေကြတယ်
အပျိုလေးတွေဖြစ်ရဲ့သားနဲ့ ဘဲနဲ့hotelမှာအိပ်နေတဲ့ပုံတွေတင်ပြီးရှက်ကြောပျက်နေကြတယ်
အပျိုလေးတွေဖြစ်ပြီး မယူရသေးတဲ့ဘဲကို ယောကျာင်္းချင်းမွှန်နေအောင်ခေါ်ရတာကိုအရသာတွေ့ သူများအထင်သေးနိုင်တာကိုမေ့နေကြတယ်
အပျိုလေးတွေဖြစ်ပြီး living together နေတာကို လန့်ရမှန်းမသိ မိဘမျက်နှာ အိုးမဲသုတ်နေကြတယ်
အပျိုလေးတွေဖြစ်ပြီး ရည်းစားတွေ ဟောတယောက် ဟောတယောက်ထားတာကို ဂုဏ်ယူစရာထင်ပြီးကြော်ငြာနေကြတယ်

ကံတူအကျိုးပေးကြုံခဲ့ရသောအိမ်ရှေ့စံ ကနောင်မင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း

ကနောင်မင်းသားကျဆုံးခြင်း အနှစ်(၁၅ဝ)ပြည့်နေ့က အတွေးများ
တက္ကသိုလ်စိန်တင်
( ၁ )
တနာပုံနေပြည်တော် မန္တလေး မြို့၌ အိမ်ရှေ့စံ ကနောင်မင်း သားကြီး နတ်ရွာစံကျဆုံးသော နေ့ အနှစ်(၁၅ဝ)ပြည့်အထိမ်း အမှတ် အလှူဒါနပြုပွဲ အခမ်းအနားကို ၂ဝ၁၆ ခုနှစ် သြဂုတ် ၂ ရက် နံနက် ၉ နာ ရီခွဲတွင် ရန်ကုန်မြို့ ရှစ်မိုင် မစိုးရိမ်ရွှေကျင် ကျောင်းတိုက်၌ ကျင်းပခဲ့ရာ အိမ်ရှေ့စံ ကနောင်မင်းအနွယ်တော် 'နဂါးဗိုလ်ထိပ် တင် မင်းသမီး ဒေါ်ကေခိုင်အောင်ခင်နှင့် ဘဝရှင် သီပေါမင်းတရားကြီး၏မြစ်တော် မင်းသားဦးစိုးဝင်းအပါအဝင် ကုန်းဘောင် မင်းဆက်အနွယ်တော်များ စုံညီစွာတက် ရောက်ကြသည်။
အခမ်းအနားတွင် ကနောင် မင်း၏ အနွယ်တော်

ကလေးငယ် ဖျားနေရင်

ဖျားတယ်ဆိုတာကလဲ အရမ်းကြီး စိုးရိမ်စရာတော့မဟုတ်ပါဘူး။ ဒါပေမယ့်ကလေးက ခြောက်လထက်ငယ်သေးရင်တော့ စိုးရိမ်ရပါတယ်။ ကလေးငယ်လေးတွေက အပူချိန်အရမ်းမြင့်တာကို မခံနိုင်ကြပါဘူး။ ပုံမှန် ကိုယ်အပူချိန်က ၉၇ ကနေ ၉၈ခွဲ လောက်ထိရှိတတ်ပါတယ်။
ကလေးက သုံးလမပြည့်သေးပဲ အဖျား ၁၀၀ ရှိရင်၊ ကလေးက ခြောက်လမပြည့်သေးပဲ အဖျား ၁၀၂ ရှိရင် ဆရာဝန်ချက်ချင်းပြပါ။ အဖျားမကြီးပေမယ့် ၃ ရက်လောက်ဆက်ပြီး ဖျားနေရင်လဲ ဆရာဝန်ပြပါ။

ဘာကြောင့်ဖျားသလဲ
===========

မိမိကိုယ်ကို လိမ်လို့ မရပါဘူး



လူတစ်ယောက်ရဲ့ ဖိနပ်စီး ဖိနပ်ချွတ်ထားတဲ့ပုံကိုကြညြ့်ပီး 
ဒီလူဟာ ဘယ်လိုလူသားမျိုးလည်းဆိုတာကို အနီးစပ်ဆုံး 
ခန့် မှန်းလို့ ရပါတယ် ... ဖိနပ်ကို ရှပ်တိုက်ပြီး
တဗျန်းဗျန်းအသံမြည်နေအောင် စီးတတ်တဲ့သူတွေဟာ
စိတ်ထားကြမ်းတမ်းတတ်ကြတယ်..

နဂါးနီ (သို့မဟုတ်) ဗမာ့နိုင်ငံရေး ဦးကင်း

နဂါးနီ
ထွန်းဝင်းငြိမ်း

 နိဒါန်း

''ငါးပြား၊ ဆယ်ပြားတန်သော့နဲ့ ကမ္ဘာ့ဘဏ်တိုက်ကြီးကို ဖွင့်ကြစို့'' ဆိုသည့် စာတန်းလေးကို အမှတ်ရမိသည်။ ကြာပါပြီ။ သို့သော် မမေ့နိုင် သေး။ ထိုစာသားမှာ ၁၉၈ဝ ခုနှစ်က တံတားဦးမြို့တွင် တွေ့ခဲ့ရသော ကိုမှိုင်းလွင်၏ ''ကွမ်းနုဝါ'' စာအုပ်အငှားဆိုင် အဝင်ဝမှ နဖူးစည်း စာတန်းဖြစ်သည်။ စာပေလေ့ လာပြီး အသိပညာမြင့်မားအောင် ဆောင်ရွက်ရန် နှိုးဆော်ထားသော စာသားများဟု နားလည် မိသည်။ ကမ္ဘာ့ အသိပညာဘဏ် တိုက်ကြီးကိုဖွင့်ရန် အတွက် စာပေမွေ့လျော်ခြင်းမှာ အထိရောက်ဆုံးနှင့် ကုန်ကျစရိတ် အသက် သာဆုံး သော့တံပင် ဖြစ် ကြောင်း ဆိုချင်ပုံရသည်။

ပီမိုးနင်း - အပျိုလမ်းညွှန်

Posted by nan da 
 
ပီမိုးနင်း -  အပျိုလမ်းညွှန် စာအုပ်လေးပါ။။ မဖတ်ရသေးတဲ့သူတွေအတွက်မျှဝေလိုက်တာပါ။။ စာဖတ်ဝါသနာပါတဲ့ သူငယ်ချင်းတွေ အောက်မှာ ဒေါင်းနိုင်ပါတယ်။ RAR နဲ့ နဲ့ထည့်ထားပါတယ်။။ Extract လုပ်ပီးတော့ စာအုပ်ကိုဖတ်ရှု့နိုင်ပါပြီး
                     

ခေတ်သစ် အယ်ဒီဆင် (သို့မဟုတ်) အရှုံးပေါင်း ၉,၅၂၉ ကြိမ် ကြုံတွေ့ပြီးမှ အောင်မြင်လာသူ


သောမတ်စ့်အယ်ဒီဆင် (Thomas Edison) ဟာ လျှပ်စစ်မီးလုံးကို တီထွင်ခဲ့စဉ်က မီးလုံးအတွင်းက နန်းကြိုးမျှင်ကို လျှပ်စစ်လွှတ်လိုက်ရင် အလင်းရောင်ပေါ်လာနိုင်စေဖို့ သတ္တုအမျိုးမျိုးနဲ့ အကြိမ်ပေါင်း ၁,၀၀၀ လောက် စမ်းသပ်ခဲ့ရတယ်။ နောက်ဆုံးကျမှ တန်စတင်းသတ္တုမျှင်သုံးပြီး လျှပ်စစ်မီးလုံးကို တီထွင်နိုင်ခဲ့တယ်။ မအောင်မြင် ကျရှုံးမှုနဲ့ ကြုံတွေ့တိုင်း လက်မလျှော့ ဆက်ကြိုးစားဖို့ ပြောရင် အယ်ဒီဆင်ကို စံထားပြောလေ့ရှိကြပါတယ်။

ပညာတွန့်မှ လူမျိုးဒွန့်မည်





==============
သမီးလေးမွေးထားတော့ ခေတ်တော့မီစေချင်တာပေါ့ဗျာ။ မွေးပေါက်စတုန်းက ချိုမိုင်မိုင်ဆို ရင် လက်ကလေး ဆုတ်ချည်ဖြန့်ချည်နဲ့ ကတတ်ပါပေ့။ ခုဆို သူတို့ခေတ်က ကတတ်မှကို ဖြစ်တော့မှာ။ ကိုယ်တွေငယ်ငယ်က ဘရိတ်ဒန့်ကြ။ ဟန်းမားဆိုလားကကြသေးသကိုး။ သင်္ကြန်ဆို ဖိုးသူတော်
ယိမ်းလိုက်ကြသေး။ ခုလည်း ခေတ်အခြေအနေအရ သမီးလေး ကတတ်ဖို့လိုမယ်။

ပြောမိပြောရာ ဖေါ်ရိန်နာ !


သင်္ဃန်းကျွန်းပြဿနာကို ဘယ်လိုမြင်သလဲလို့မေးရင် ... ဒါဟာ ဦးကိုနီဖန်တီးတဲ့ ခပ်ညံ့ညံ့ပြဇာတ်
တစ်ပုဒ်လို့ဘဲ ပြောရမှာပါ ... ဒီအစိုးရရဲ့ ငါးနှစ်သက်တမ်းမှာ ပြဿနာအရှိနိုင်ဆုံးက မဘသနဲ့ အမျိုးသား
ရေးသမားတွေဘဲ ဖြစ်ပါတယ်... ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ ဘင်္ဂလီပြဿနာမှာလည်း ဒီအုပ်စုနဲ့ ထိပ်တိုက်တွေ့နေသလို ... ၂၁ ပင်လုံဆိုတဲ့ဟာမှာလဲ အစိုးရအနေနဲ့ မထော်မနန်းတွေလုပ်ခဲ့မိရင် ဒီအုပ်စုတွေနဲ့ ထိပ်တိုက်တိုးပြီး ပြသနာအကြီးကြီး တက်သွားဦးမှာပါ ...!

ဒါတောင် အခုဖြစ်နေတဲ့ ရေဘေးတို့လို ဘုန်းကြီးကျောင်း (၂၇၀) အဖျတ်ခံရတဲ့ကိစ္စတို့လို စတဲ့အခြားပြဿနာတွေမှာ ဒီအုပ်စုတွေရဲ့ ဖိအားပေးတာကို အစိုးရအနေနဲ့ အလူးအလဲ ခံနေရပါတယ် ...

သေသွားသည့် သူ ရည်စူးလှူ သေသူ ရ/မရ


(နန်းစန်ဟွမ်) မေး။ အရှင်ဘုရား သေတဲ့သူကို ရည်စူးပြီး ဆွမ်းသွပ်အမျှဝေပေးတာ သေဆုံး သွားတဲ့သူ ရနိုင် မရနိုင် သိချင်ပါတယ် ဘုရား။ တချို့လူတွေက ပြောတယ် သေသွားတဲ့သူတွေ မရနိုင်တော့ဘူး။
အလှူအတန်းလုပ်တဲ့သူတွေပဲ ရတယ်လို့ ပြောကြတယ်။ အဲဒါ အရှင်ဘုရား ဘယ်လိုမြင်ပါသလဲဘုရား။ ကျေးဇူးပြု၍ ဖြေကြားပေးပါဘုရား။

+++++++++++++++++++++++++++++
 

အစေခံကောင်းများသာ ထုတ်လုပ်နိုင်သည့် ကျွန်နိုင်ငံသာဖြစ်နေဟု ဒုဝန်ကြီး ဦးထွန်းဝင်းပြော

 Win Kabarkyaw
 




မြန်မာနိုင်ငံသည် သယံဇာတ အလွန်ပေါသည့်နိုင်ငံဟု စကားလုံးဖြင့် ပျော်မွေ့နှစ်ခြိုက်နေပြီး အမှန် 
 
တကယ်တွင် အရှေ့တောင်အာရှ၌ အစေခံကောင်းများသာ ထုတ်လုပ်ပေးနိုင်သည့် 
 
ကျွန်နိုင်ငံဖြစ် နေသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန 
 
ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းက ဇူလိုင် ၃၁ ရက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် 
 
(၁၇)ကြိမ်မြောက် နှစ်ပတ်လည်အစည်းဝေးတွင်ပြောသည်။

၎င်းက ''အရှေ့တောင်အာရှမှာမွှေးတဲ့ ဂုဏ်သတင်းကတော့ Myanmar 
 
Made ကောင်းတယ်ဆိုပြီး ဖြစ်လာတယ်။ အားလုံးကတော့ 
 
ချီးကျူးတယ်ထင်တာ ပေါ့။ မြန်မာမိတ်ဆိုတဲ့နေရာမှာ Made ကို ဘာနဲ့ပေါင်းသလဲဆိုရင် Maid နဲ့ 
 
စာလုံးပေါင်းထားတယ်။ Myanmar Maid is good ဆိုတာ

ဒန်ဒလီယွန်ပင်အမြစ်က ကင်ဆာဆဲလ်များကို ၄၈နာရီအတွင်း သတ်ပစ်နိုင်


ကင်ဆာသမားတွေအတွက်သတင်းကောင်းပါ
========================
ဒန်ဒလီယွန်ပင်အမြစ်က ကင်ဆာဆဲလ်များကို ၄၈နာရီအတွင်း သတ်ပစ်နိုင်
အော့တ၀ါ၊ သြဂုတ်-၎

ဒန်ဒလီယွန်(dandelion)လက်ဖက်မှာ ကင်ဆာဆဲလ်များကို ၄၈နာရီအတွင်း ပြိုကွဲပျက်စီးစေပြီး ထိုအချိန်အတွင်းတွင် ဖြစ်တည်လာသည့် ကျန်းမာသော ဆဲအသစ်များကိုလည်း ထိခိုက်ခြင်း အလျဉ်းမရှိပေ။ အလေ့ကျပေါက်သည့် အပင်ဖြစ်သော်လည်း ရောဂါကုသနိုင်သည့် အာနိသင် အမြောက်အများရှိသောကြောင့် အပင်များကို နှုတ်ယူစုဆောင်းပြီးပါက ညစ်ညမ်းမှု ကင်းနိုင်သမျှ ကင်းစင်အောင် သန့်သန့်ရှင်းရှင်းထားရသည်။

ယောက်ကျားမ၀င်ရ နိုက် ကလပ်ကို ရဲများ ၀င်ရောက်ဖမ်းဆီး

အမျိုးသမီးများသာ လာရောက် ပျော်ပါးနေကြတဲ့ ယောက်ကျားမ၀င်ရ နိုက်
ကလပ်ကို ရဲများ ၀င်ရောက်ဖမ်းဆီး
5August 2016


 ထိုင်းနိုင်ငံ ရယောင်မြို့ နယ်အတွင်းက Jabbar Raiders host မြင်းစီးသူများ
ညကပွဲ ရုံကို သြဂုတ်လ (၄) ရက်နေညက ရဲတွေ ၀င်ဖမ်းကြတာဖြစ်ပါတယ်၊
ထိုင်းနိုင်ငံ လူကုန်တန် အသိုင်း ၀န်းက ငွေကြေးပြည့်စုံတဲ့ အမျိုးသမီးတွေ သွားနေကြတဲ့ "ယောက်ကျားမ၀င်ရ "နိုက်က လပ်(ညကပွဲရုံ)တွေမှာ အမျိုး သမီးတွေ အများစု လာပြီးကဲနေကြတာကို ထိုင်းအမျိုးသမီးတဦးက (ကဲလိုက် တဲ့ သူတွေ ရယ် အပျိုရော အအိုရော စုံနေတာ လွန်တယ်နော် .. ဆိုပြီး အွန် လိုင်းမှာတင်လိုက်ပြီးတဲ့နောက်ပိုင်းရဲတွေက ယောက်ကျားလေးပြည့်တန်ဆာ များ တဲ့နေရာတွေကို ၀င်ဖမ်းနေကြပါတယ်။

မိန်းမမြတ်ဆိုတာ

အရမ်းကောင်းတယ် ဖတ်ကြည့်ပါ


❤❤မိန်းမမြတ်ဆိုတာ❤❤
==================

တစ်ချို့ကပြောတယ်
မိန်းမကိုပေးလိုက်ပြီးတဲ့ငွေဟာ ပြန်တောင်းဖို့အရမ်းခတ်တယ်တဲ့
အကုန်မပေးဘဲ ကိုယ့်အတွက်ချန်ပြီးဖွက်ထားရတယ်ပြောလို့
ဟိုအရင်က သူမသိဘဲ တစ်ကိုယ်ထဲ သုံးခဲ့ဖူးတာတွေက သိပ်ကိုမှားသွားခဲ့တယ်
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>