လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

နှောင်း ဝသန်

ပြာရီလွင်စို့
တမို့မို့လွင်
တလွင်လွင်ဆိုင်း
တမှိုင်းတွတွ
ရှိနေကြသည့်
နှောင်းဝသန်မိုး
ဘယ်အငြိုးနဲ့
ရင်ကျိုးရအောင် ပြုရတာလဲကွယ်။
ဘယ်ဆီရယ် မျှော်မှန်း
ဘယ်စခန်းသို့ လွမ်းရပါ့
လွမ်းသူဆီ ခေါ်တမ်း
ဘယ်မြိုင်တန်းသို့ လွမ်းရပါ့

အလောင်းစည်သူမင်း



အလောင်းစည်သူမင်းသည် ပုဂံပြည် ကျန်စစ်သားမင်း ကွယ်လွန်သည့်အခါ အကြောင်းအမျိုးမျိုးဖြင့် ၎င်း၏ သားတော် ရာဇကုမာရ် မင်းသား နန်းမရပဲ မြေးတော် အလောင်းစည်သူ က ပုဂံထီးနန်းအား ဆက်ခံခြင်းပြု လေသည်။ အလောင်းစည်သူသည် သက္ကရာဇ် ၁၁၁၂ ခုနှစ် မှ ၁၁၆၇ ခုနှစ် အ ထိ နန်းသက် ၅၅ နှစ် ဟုမြန်မာ ရာဇ၀င်များ၌ ရေးသားဖေါ်ပြ ကြသည်။ အလောင်းစည်သူမင်းသည် အနော်ရထာ ၊ ကျန်စစ်သားတို့ ကဲ့သို့  ဆောင်ရွက်ခဲ့သည်။

တကောင်းမြို့

 
တကောင်းမြို့

တကောင်းမြို့သည် မြန်မာ့သမိုင်း၊ ပုံပြင်နှင့် မိရိုးဖလာ ယုံကြည်ချက်များအရ ရှေးဟောင်းမြန်မာနိုင်ငံ၏ ထင်ရှားသော မြို့တစ်မြို့ဖြစ်ခဲ့သည်။ မန္တလေးမြို့မှ ဧရာဝတီမြစ်ကို ဆန်တက်သောအခါ မြစ်အရှေ့ဘက်ကမ်း မြေပြန့်ဒေသတွင် တည်ရှိသည်။
 

ပုဂံသည်မြန်မာ မြန်မာသည်ပုဂံ



စာရေးသူတို့နိုင်ငံရဲ့ သမိုင်းနဲ့ပတ်သက်လို့ လေ့လာတွေ့ရှိချက်ကို ရေးရမယ်ဆိုရင် ပုဂံမတိုင်မီမှာ ရှိခဲ့တာက ပျူနိုင်ငံသရေခေတ္တရာဖြစ်ပါတယ်။ ပျူမင်းတွေစိုးစံခဲ့တဲ့ အဲဒီသရေခေတ္တရာခေတ်တုန်းက မြန်မာဆိုတဲ့ နာမည်လည်း မရှိသေးသလို၊ မြန်မာစာပေလည်း မပေါ်သေးပါ။

တမ္မဒီပ (ခေါ်) ပုဂံ

 
COPY  @   Tin Maung Hlaing
 
ပုဂံ

တမ္မဒီပ(ခေါ်)ပုဂံသည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံတည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်းကောင်း၊ ကမ္ဘာလှည့်ခရီးသည်တို့ကို စွဲဆောင်ရာနေရာအဖြစ်လည်းကောင်း ကမ္ဘာကျော်သည့် နေရာတစ်နေရာဖြစ်သည်။

ကျန်စစ်သား

 
 
 အနော်ရထာမင်း(အနိရုဒ္ဓ)လွန်သော် သူ၏သားတော်စောလူးမင်း နန်းတက်သည်။ စောလူးမင်းအား သူ၏ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်း ကပုန်ကန်ဖမ်းဆီးသွားသဖြင့် ကျန်စစ်သားက သွားရောက်ကယ်တင်ရာ စောလူးမင်းက ကျန်စစ်သားသူ့အားကယ်တင် ပါသည်ဟု အော်လေသဖြင့် စောလူးမင်းကိုထားခဲ့ရလေသည်။ရန်သူလက်ချက်ဖြင့် 
 စောလူးမင်းကံကုန်သည်တွင် ပုဂံပြည်တွင် ကျန်စစ်သားမင်း နန်းတက်လေသည်။ ကျန်စစ်သားမင်းကြီးသည် ပုဂံပြည်ထီးနန်းကို ခရစ်နှစ် ၁၀၈၄ တွင်ဆက်ခံခဲ့ပါသည်။

ပထမမြန်မာနိုင်ငံတော်နှင့် အနော်ရထာ

၁၁ ရာ စု ကျော်ခန့် အနော်ရထာ မင်း နန်းတက် ချိန် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဘေးပတ်ဝန်း ကျင် အား လေ့ လော ကြည့် လျှင် အ ရှေ့ ဘက် တွင် အင်အားကြီး မား သည့် တရုတ် နိုင်ငံကြီး အား စည်း လုံး သိမ်းသွင်း ခဲ့ သည့် တန်မင်း ဆက်ပြတ်သွားပြီး ၊ ကင်း နှင့် ဆွန်မင်း ဆက်များ သည် တရုတ်ပြည် အား
တောင်ပိုင်း နှင့် မြောက် ပိုင်း တပိုင်း စီ အုပ်ချုပ် နေ ကြပြီး ၊ ယူနန်နယ် ရှိ ထိုင်းရှမ်း တို့ ၏ နန်ချို နိုင်ငံတော် သည် တရုတ် ပြည်တောင်ပိုင်း ၊ မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် အာသံနယ်များအထိ တန်ခိုး သြဇာ ပြန့် နှံ့ လျက် ရှိသည်။

ပုဂံခေတ် စောလူးမင်း၏ ကျောက်စာ


သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသော

အစောဆုံး ကျောက်စာအဖြစ် ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ပုဂံခေတ် စောလူးမင်း၏ကျောက်စာ မြစ်သားမြို့၌ တွေ့ရှိ


ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ပုဂံခေတ် စောလူးမင်း၏  ကျောက်စာအား  မြစ်သားမြို့၌ 
 တွေ့ရှိခဲ့ပြီး မြန်မာ့သမိုင်းတွင် သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသည့် ကျောက်စာများအနက် အစောဆုံး ကျောက်စာတစ်ချပ်ဖြစ်ကြောင်း ပညာရှင်များ၏ ရှာဖွေတွေ့ရှိ ချက်များအရ သိရသည်။

ပုဂံခေတ် စောလူးမင်း၏ ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ကျောက်စာကို မြစ်သားမြို့
 ပေတောကျောင်းတိုက် အတွင်းမှ

တကောင်း၊ သရေခေတ္တရာနှင့် ပုဂံခေတ်

ပထမတကောင်းမင်းဆက်၊ 
 ဒုတိယတကောင်းမင်းဆက်၊ 
 သရေခေတ္တရာပထမမင်းဆက်၊  
သရေခေတ္တရာဒုတိယမင်းဆက်၊ 
 ပုဂံမင်းဆက်၊

ပထမတကောင်းမင်းဆက်
 
 ဂေါတမဗုဒ္ဓ မြတ်စွာဘုရားသည် အိန္ဒိယမြောက်ပိုင်း နယ်စပ် နီပေါတစ်နေရာတွင် ဖွားမြင်ခဲ့သည့် သာကီဝင်မင်းသားတစ်ပါး ဖြစ်သည်။ ထိုမင်းသား၏
အဘိုးသည် သာကီဝင် မျိုးတူစုအတွင်း မကျေမနပ် ခိုက်ရန်ဖြစ်ပွား၍
ဇာတိရပ်ရွာကို စွန့်ပြီး မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ညာအရပ် တကောင်းတွင်

ပုဂံခေတ် နရပတိစည်သူမင်းကြီးလက်ထက် အဖြစ်အပြက်များ



အနန္တသူရိယအမတ်

သက္ကရာဇ် ၅၃၆ ခုတွင် ပုဂံ၌ နရပတိစည်သူသည် နောင်တော် မင်းယဉ်နရသိင်္ခကို လုပ်ကြံ၍ နန်းတက်၏။ ထိုအခါ နောင်တော်၏ အထိန်းတော်သား အနန္တသူရိယ ကိုလည်း သတ်လေဟု သူသတ်တို့အား အပ်လေ၏။

အန န္တသူရိယသည် ရဲရင့်တည်ကြည် နှလုံးရည်ရှိသူ ဖြစ်၍ သတ်မည့်ဆဲဆဲတွင် စာလင်္ကာလေးပိုဒ် ရေးဆို၍ မင်းကြီးအား ဆက်ပါဟု အပ်ခဲ့၏။ သူသတ်တို့လည်း သတ်ပြီးမှ မင်းကြီးအား စာကို ဆက်ကြ၏။

ကျစွာမင်းကြီး လက်ထက် အဖြစ်အပြက်များ


  copy @ Tin Maung Hlaing


ပညာရှိသော ကျစွာမင်းကြီး 
 

ပုဂံ၌ ကျစွာမင်းသည် ၅၉၆ မှ ၆၁၂ ခုထိ မင်းပြု၏။ ဤမင်းသည် သနားကြင်နာတတ်သော စိတ်ရှိ၏။ ပိဋကတ် သုံးပုံကို ကိုးခေါက် တိတိ ပြန်၍ သင်ကြားမိသဖြင့် စာပေကျမ်းဂန်၌ အလွန်တတ်မြောက်တော် မူ၏။ ထိုအခါ ပြိုင်ဘက်မရှိသလောက် ဖြစ်၏။ ရဟန်း ၊ သံဃာ တို့ကိုပင် တစ်နေ့လျှင် ခုနှစ်ကြိမ် စာပို့ချတော်မူ၏။ သဒ္ဒဗိန္ဒုကျမ်း ၊ ပရမတ္တဗိန္ဓုကျမ်း များကို ရေးသားတော်မူခဲ့၏။

ပယင်း အကြောင်း သိကောင်းစရာ နဲ့ ပယင်းဖြစ်ပေါ်လာပုံ အဆင့်ဆင့်


ပယင်း အကြောင်းသိကောင်းစရာ နဲ့ ပယင်းဖြစ်ပေါ်လာပုံ အဆင့်ဆင့်ပါ ။

ပယင်း ( Amber ) အကြောင်း သိကောင်းစရာ
 
ပယင်း သည် လူသား တို့၏ အဆင်တန်ဆာ အဖြစ် အသုံးပြုခဲ့ကြသော ကျောက်မျက်ရတနာ တန်းဝင် ထဲမှ ရှေးအကျဆုံး ရတနာထဲတွင် ပါဝင်သည်။ ပယင်းပတီး ၊ ဆွဲပြား ၊ ဆွဲသီး များကို ဥရောပမြောက်ပိုင်းတွင် ဘီစီ (၈၀၀၀) လောက်ကတည်းက အသုံးပြုခဲ့ကြကြောင်း တွေရှိခဲ့ရသည်။

ပယင်း သည် စင်စစ် အားဖြင့် ကျောက် မဟုတ်ပါ။ အဆီထွက်သော အပင် တစ်မျိုး

မေတ္တာတရားတွေ ခေါင်းပါးနေကြပြီလား

 MyMedia

 ဒီပုံကိုတင်လိုက်လို့ ဓါတ်ပုံထဲမှအဘိုးအိုကို သိက္ခာချသလိုဖြစ်ခဲ့ရရင်
ဦးစွာတောင်းပန်လိုပါတယ်…
ဒီဓါတ်ပုံက လှိုင်းကားတစ်စီးပေါ်မှာ ကျနော် ရိုက်လိုက်မိတာပါ။
လိုင်းကားပေါ်မှာ လူရှင်းနေတယ်ဆိုတာ ပုံကိုကြည့်ရင် သိနိုင်မှာပါ။
အသက်ရှစ်ဆယ်ခန့်ရှိပြီဖြစ်တဲ့ ဒီအဘိုးအိုက သမိုင်းမှတ်တိုင်မှ တက်လာ
တာပါ။ တုန်တုန်ချိချိနဲ့ လွယ်အိတ်လေးကိုလည်းလွယ်ထား ပါသေးတယ်။
ထိုင်ခုံ နေရာမရှိသည်မို့ အဘိုးအိုက တုန်တုန်ချိချိနဲ့ ပထမတော့ မတ်တပ်ရပ်
နေပါသေးတယ် ။ နောက်တော့ မဟန်နိုင်တော့ဘဲ

မေးရဲ ရမယ်



ကျွန်တော်တို့  လူမျိုး က တစ်ကယ်ဆို လူကြောက်တွေလို့ ပြောရမယ်ဗျ။ ဘာလို့ လည်း ဆိုတော့ မေးရမှာ ကြောက်ကြလို့ ပါ။

သူများကို မေးရမှာလည်း သိပ်ကြောက်ကြပါတယ်။ ဒီ့ထက် ဆိုးတာက ကိုယ့်ကို ကိုယ် မမေးရဲတာပဲ။

ကိုယ် ဘာတွေ တတ်ထားပြီးလဲ ၊ ဘာတွေ သိထားပြီလဲ ဆိုတဲ့ မေးခွန်းမျိုး လူတော်တော်များများ မမေးရဲကြဘူး။

ဒီတော့ မိမိ ကိုယ်တိုင်တောင် မယုံကြည်နိုင်ဘူး ဖြစ်နေတာပေါ့ ။ သူများကို မေးဖို့  ကြတော့လည်း ရှက်  တတ်နေကြတယ်။

တောကြီးမျက်မည်းထဲမှ ရှေးဟောင်းယဉ်ကျေးမှုလက်ရာများ




ခေမရဌ်တိုင်း ဂုံရှမ်းဌာနေ ကျိုင်းတုံမြေ 

ကျွန်တော်တို့ထွက်လာခဲ့တဲ့ ခရီးစဉ်က ၀မ်ညှပ်-၀မ်ရှဲန် ဆိုတဲ့ရွာလေးတွေနဲ့ အဲဒီရွာကလွယ်တိုင်းရင်းသားတို့ရဲ့ ဘုန်းကြီးကျောင်းတွေကိုလေ့လာဖို့ဖြစ်ပါတယ် ။ ပထမဆုံး ကျိုင်းတုံမြို့ ကနေ တရုတ်နယ်စပ်ဖြစ်တဲ့မိုင်းလားဘက်ကို 38 မိုင်အကွာလောက်ထွက်လာခဲ့ရပါတယ် ။ အဲဒီကမှတဆင့် တောလမ်း ( လမ်းလျှောက်ဝင်ရင် သုံးနာရီကြာ ) ခရီးအတိုင်းအနောက်ဘက်ကိုချိုးဝင်လိုက်ပြီးအတော်လေးကြာတော့ ပထမဆုံး “၀မ်ညှပ်ရွာ” လေးနဲ့ ကုန်းပေါ်က ဘုန်းကြီးကျောင်းဆီကို အရင်ရောက်တာပါ ။ ဒါပေမယ့်လည်း ရှေ့ ဆက်သွားရင် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့

နိုင်ငံခြားသားဆိုပြီး အထင်ကြီးနေသူများဖတ်ပါ



~~~~ ဖော်ရိန်နာဆိုရာဝယ် ~~~~
တစ်နေ့ညက ဟိုတယ်တွင်းသုံးဖုန်းကို အခန်းကနေ ဆက်လာတယ်။ " အခန်းကို ခဏလာခဲ့ပါ... " တဲ့
ဟိုရောက်တော့ ဧည့်သည်နိုင်ငံခြားသားတစ်ယောက်နဲ့ သူခေါ်ထားတဲ့ အမျိုးသမီးကြီးတစ်ယောက် အခန်းထဲထိုင်နေတယ်။ " ဘာကိစ္စ ရှိလို့လဲ... ကျွန်တော်ဘာကူညီပေးရမလဲ... " ဆိုတော့
ဧည့်သည်က သူ့ပိုက်ဆံကို ဒီအမျိုးသမီး ခိုးထားတယ် တဲ့။ အဒေါ်ကြီးက ငိုနေတယ်။ အသက်က ငါးဆယ်ဝန်းကျင်လောက်ရှိမယ်။ တောက်တောက်ပြောင်ပြောင်တော့ မဟုတ်ဘူး။ နွမ်းနွမ်းပါးပါး ပုံစံမျိုးပဲ။
" မယူရပါဘူး သားရယ်။ မရှိလို့လုပ်စားနေရပေမဲ့ ဒီလိုအကျင့်မျိုးမမွေးပါဘူး။ ဧည့်သည်က ပြဿနာရှာတာ..." တဲ့ ကိုယ်လည်း ဘာလုပ်ရမှန်းမသိဘူး။ " ပိုက်ဆံဘယ်မှာထားလဲ... " လို့မေးတော့
" ဘောင်းဘီအိတ်ထဲမှာ..." တဲ့
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>