လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ငယ်ပါမှာလက်စွပ်ဝတ်ပြီး အချစ်ကိုသက်သေပြဖို့ ကြိုးစားသူရဲ့ ကြီးမားလှတဲ့ဒုက္ခ


By netsetaw - September 30, 2016
လက်စွပ်ဆိုတာ သိတဲ့အတိုင်း လက်မှာပဲ စွပ်တာ ကောင်းပါတယ်။ နာမည်ကိုကမှ လက်စွပ် ဖြစ်နေတာကိုး။ ဒါပေမယ့်
တစ်ချို့သူတွေကတော့ ရွှေဉာဏ်တော်စူးရောက်ပြီး မတော်တရော်နေရာကို အဆန်းထွင် စွပ်ကြည့်တတ်ပါတယ်။ မလုပ်ပါနဲ့။ ဒုက္ခလှလှကြီး တွေ့ပါလိ့မ်မယ်။ အထူးဖြင့် အမျိုးသားတွေ ရှောင်ကြဉ်ကြပါ … အမျိုးသမီးတွေတော့ သိပ်ပြီး ကိစ္စရှိပုံမရပါ။
အခုလည်း တရုတ်အမျိုးသားတစ်ယောက်ကို သူ့ဇနီးက လက်ထပ်လက်စွပ်ကို ငယ်ပါမှာ ၀တ်ပြရမယ်ဆိုပြီး စေခိုင်းခဲ့ပါတယ်။ ဒီလိုမှ မလုပ်ရင် သူ့ကို မချစ်လို့ဆိုပြီး စိတ်ကောက်ပစ်မယ်လို့ ဖိအားပေးခဲ့ပါတယ်။ နောက်ဆုံးတော့ အမျိုးသားလည်း ဒီကိစ္စဟာ သီတာကို ရာမက လေးတင်ပြီးပိုးသလောက်တော့ မခက်လောက်ပါဘူးလို့ ယူဆခဲ့ပုံရပါတယ်။

ဒီသတင်းစိတ်ဝင်စားဖို့ကောင်းတယ်

Nay Zin Latt

(၉/၁၁) အမေရိကန် Twin Tower အကြမ်းဖက်တိုက်ခံရမှု့မှာ (၁၉) ဦးအနက်
(၁၅) ဦးကဆော်ဒီနိုင်ငံသားဖြစ်ပြီး  စုံစမ်းစစ်ဆေးမှု့တွေအရဆော်ဒီအစိုးရနဲ့ဆက်စပ်မှု့
ရှိနေတာကြောင့် ဆော်ဒီကိုအရေးယူဖို့ လွှတ်တော်အဆုံးအဖြတ်ကို အိုဘားမားက
သမ္မတဗီတိုနဲ့ပယ်ချလိုက်တယ်၊
သမ္မတဗီတိုကို လွှတ်တော်ကပြန်ပယ်ချနှိုင်ဖို့ ၂/၃ ပုံ မဲလိုအပ်ပါတယ်၊
ထပ်ပြီးမဲခွဲလိုက်ရာမှာ

အငြင်းပွားဖွယ်ရာ ၉/၁၁ သည် ကြိုတင်စီမံမှုတစ်ခုလာ:


၉/၁၁ ဆိုတာဟာ ၂ဝဝ၁-ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့မှာဖြစ်ပွားတဲ့ အမေရိကန်က ကမ္ဘာ့ ကုန်သွယ်ရေးညီနောင်အဆောက်အဦးကို အကြမ်းဖက်တိုက်ခိုက်မှုပါ၊ ဘင်လာဒင်ရဲ့ အဖွဲ့သားတွေက စနစ်တကျ စီစဉ်ပြီး တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ပြီး အမေရိကန်တွေကို အတော် သနား သွားခဲ့ကြတယ်၊ အမွှာအဆောက်အဦးကို လေယာဉ် (၂) စီးက (၁၈) မိနစ်ခြား တစ်ကြိမ်စီ တိုက်ခိုက်ခဲ့ပြီး လူပေါင်း (၃ဝဝဝ) လောက် သေဆုံးခဲ့တယ်၊ ပင်တဂွန်စစ်ဌာနချုပ်ကို လေယာဉ်တစ်စီးတိုက်ခဲ့တယ်၊ အိမ်ဖြူတော် ကို တိုက်ခိုက်မယ့်လေယာဉ် အထမမြောက်ခဲ့ဘူး၊

စွန့်ပစ်ပစ္စည်းကနေ ၀န်ချီထရပ်ကားကို ကိုယ်တိုင်လုပ်ခဲ့တဲ့ ညီအစ်ကို



ဟေတီနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲ က နိုင်ငံတစ်ခု(အဆင့် ၂၀) ဖြစ်ပါတယ်။ ဒါကြောင့် ပညာရေးဘက်မှာလည်း နိမ့်ကျလျှက်ရှိပါတယ်။ ဒါပေမယ့် ဒီနိုင်ငံက ဆယ်ကျော်သက်ညီအစ်ကို နှစ်ယောက်က ကစားစရာ ၀န်ချီထရပ်ကားတစ်စီးကို ဖန်တီးလိုက်တဲ့အခါ အံသြကုန်ကြပါတယ်။
အသက် ၁၃နှစ် နဲ့ ၁၅နှစ် ရှိတဲ့ WeNs နဲ့ Aldin ဆိုတဲ့ညီအစ်ကိုနှစ်ယောက်ဟာ ကစားစရာအီလက်ထရောနစ် ထရပ်ကားတစ်စီးကို စွန့်ပစ်ပစ္စည်းတွေကနေ ဖန်တီးခဲ့ပါတယ်။ သူတို့ငယ်ငယ်က ကစားစရာထရပ်ကား တစ်စီးကို ၀ယ်ပေးဖို့သူတို့မိဘတွေကို ပူဆာခဲ့ကြပေမယ့် ဆင်းရဲလွန်းတဲ့အတွက်ကြောင့် ဘာမျှမ၀ယ်ပေးနိုင်ခဲ့ပါ။ တစ်နေ့ ၀န်ချီထရပ်ကား တစ်စီးသူတို့အိမ်ရှေ့လမ်းပေါ်မှာအလုပ်လုပ်နေတာကို တွေ့တဲ့အခါ သူတို့ညီအစ်ကိုဟာ ထရပ်ကားရဲ့လှုပ်ရှားပုံတွေကို ဂရုတစိုက် မှတ်သားကြပါတယ်။ အဲဒီနောက်တော့ သူတို့ကိုယ်တိုင် ၀န်ချီထရပ်ကားတစ်စီးကို ဖန်တီးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။
အစိတ်အပိုင်းအားလုံးကို စွန့်ပစ်ပစ္စည်းတွေကနေရယူပါတယ်။ ကိုယ်ထည်ကို ပလတ်စတစ်ပုံးကနေ ၊ မော်တာကိုရေဒီယိုအပျက်တစ်လုံးကနေ စသည်ဖြင့်ပေါ့။ သူတို့ဟာ ၀န်ချီစက်အရုပ်ကားကို ဖန်တီးပြီးတဲ့နောက် အဲဒီကားကို ထိန်းချုပ်ဖို့ အဝေးထိမ်း ကရိယာ တစ်ခုကို ဖန်တီးလိုက်ကြပြန်ပါတယ်။ သူတို့ညီအစ်ကိုဟာ ကိုယ်ပိုင်အတန်းကျောင်းတစ်ခုမှာတက်ရောက်နေတာဖြစ်ပြီး ဒီလိုတက်နိုင်ဖို့ အမေဖြစ်သူဟာ ပျံကျဈေးသည်လုပ်ပြီး ကျောင်းလခကိုေ ပးနေရပါတယ်။ နိုင်ငံခြားကိုထွက်ပြီး အီလက်ထရောနစ်နဲ့ ပတ်သတ်တာတွေသင်ချင်တယ်လို့ Wens က ဆိုပါတယ်။
#သုတဇုန်
Supported By လှိုင်မင်းလတ် LCCI စာရင်းကိုင် သင်တန်း
Phone; 09-510 9922

ငွေနဲ့ပေါက်လို့ ဘာသာမပျောက်စေနဲ့

ငွေဟာ လူတွေရဲ့သည်းခြေကြိုက်တစ်မျိုးဖြစ်ပါတယ်။ လူတွေရဲ့ သည်းခြေကြိုက်ဖြစ်သည့်အတွက် လူတိုင်းဟာ ငွေကို မက်မောကြပါတယ်။ ငွေကြောင့် လူတွေချမ်းသာသုခရကြသလိုငွေကြောင့်လည်း
သောကပင်လယ်ဝေနေကြရတဲ့ လူတွေလည်း အများကြီးရှိပါတယ်။
ငွေကို လူတွေ ဘာကြောင့် မက်မောနေကြတာလဲလို့ ဆိုရင် အဓိကအခြေခံအကြောင်းရင်းကတော့ စားဝတ်နေရေး၊ ကျန်းမာရေးတွေကြောင့်ပဲဖြစ်ပါတယ်။ စားဝတ်နေရေး၊ ကျန်းမာရေးအတွက် ငွေဟာ အဓိကအခြေခံပေါင်းကူးတံတားကြီး
ဖြစ်ခဲ့ရပါတယ်။

နဝတ လက်ထက် တပ်မတော်ကိုဖြိုခွဲနေသော ဗိုလ်ချုပ်ကြီးများ


ဆောင်းပါးရှင်။
ဗိုလ်မှုးဟောင်း အောင်လင်းထွဋ်
(စစ်ထောက်လှမ်းရေးဟောင်း)

၁၉၈၈ ခုနှစ် နောက်ပိုင်း ဗိုလ်ချုပ်ကြီးများ အကြောင်း ပြောရရင် အားလုံးမှတ်မိကြ လိမ့်မယ် ထင်ပါတယ်။ ၁၉၉၇ ခုနှစ် `နဝတ´ ကနေ `နအဖ´ ပြောင်းခဲ့တာ အားလုံး စိတ်ဝင်စားလိမ့်မယ်​လို့ အဓိက ပြဿ     နာက ဆရာ၊ တပည့် ​ကြောင့်​ပါ။
နဝတ ခေတ်က အဆိုးဆုံးဗိုလ်ချုပ်ကြီး တွေလို့ လက်ညှိုးထိုးရင် ဗိုလ်ချုပ် ထွန်းကြည် ဗိုလ်ချုပ် မြင့်အောင် ဗိုလ်ချုပ်ကျော်ဘ တို့ကို ​ပြေးမြင် မိကြ မှာပါ။ ဒီ (၃) ယောက်လုံးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တပည့်အရင်း ခေါက်ခေါက်တွေပါ။

ပန်းအဘိဓာန်


နှင်းဆီပန်း = ကိုယ်တော့ မင်းကို ချစ်နေမိပြီ
ကံကော်ပန်း = မပြောင်းလဲတဲ့ထာဝရအချစ်
ကြာပန်း = မိတ်ဆွေတွေရဲ့ ဖြူစင်မှု့မျိုးနဲ့ ခင်မင်ကြရအောင်
ခရေပန်း = မေ့မသွားပါနဲ့ကွယ်
ခတ္တာပန်း = အားငယ်ရတဲ့သူမို့ ညှာတာပါ
ချယ်ရီပန်း = တစ်နေ့နေ့တော ဝေးရဦးမယ်
ခေါင်းလောင်းပန်း = အမြန်ဆုံးနီးခွင့်ရချင်တယ်

Samsung mobile phone ကိုင်ဆောင်သူတွေအတွက် ဗဟုသုတ Video fileလေး

ရေတွင်း ပြန်တူးကြည့်ပါ


တစ်ခါက လူတစ်ယောက်ဟာ သူ့ရဲ့ ယာတောမှာ ရေလိုလို့ ရေတွင်းတစ်တွင်း တူးပါတယ်။ အတောင် (၂၀)လောက်လည်း ရောက်ရော လူလည်း တော်တော်ကြီးကိုမောပန်းနေပါတယ်။ ဒါပေမယ့် ရေတွေ့မယ့် အရိပ်အယောင် အနံ့အသက်တောင်မှ မရသေးပါဘူး။
ဒါနဲ့ အမောဖြေနေတုန်း လူတစ်ယောက်ရောက်လာပြီး ပြောပါတယ်။
“ခင်ဗျားဗျာ ၊ ဒီလို နေရာမှာ ရေတွင်းတူးလို့ ဘယ်ရေတွေ့မှာလဲ။ လာ ကျွန်တော်ပြတဲ့နေရာမှာသာ တူးလိုက် ၊

ဘာသာကြီး ၄-ရပ်ရဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာများ

ကျွန်တော်တို့  မြန်မာနိုင်ငံတွင် .... အဓိက ဘာသာကြီးလေးခု ရှိပါသည် …

၁။ ဟိန္ဒူဘာသာ
၂။ ဗုဒ္ဓဘာသာ
၃။ခရစ်ယာန်ဘာသာ
၎။အစ္စလာမ်ဘာသာ တို့ ဖြစ်ပါသည် ....

ဘာသာလေးခု စလုံးတွင် …မတူညီ ကွဲပြားခြားနားသော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ …
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေများ ကိုယ်စီ ရှိပါသည်.....ကိုယ့်ယဉ်ကျေးမှုနှင့် ကိုယ် ….
ကိုယ့် ကိုးကွယ်မှုနှင့် ကိုယ် ဖြစ်သဖြင့် …မည်သို့ မှ ဝေဖန်မှတ်ချက် ပြုလိုခြင်း မရှိပါ...
သို့ သော်လည်း ….

ပါရမီဖြည့်ဘက်

ပါရမီဖြည့်ဘက် ...
အသုံးအနှုန်းလေးကလည်း လှသလို အမည်ကလေးကလည်း ဆန်းပါရဲ့
မိန်းမသားတိုင်း မဖြစ်နိုင်ပေမယ့် ပါရမီဖြည့်ဘက်တိုင်းကတော့ မိန်းမသားတွေပေါ့ ...
ပါရမီဖြည့်ဘက် ...
ချစ်သူဘ၀ လျှောက်လှမ်းကြတုန်းကလည်း ကိုယ့်အတွက်အချိန်ဆိုတာ
သူမပေးနိုင်ခဲ့ပေမယ့် တိုင်းပြည်အပေါ်ပေးနိုင်ခဲ့အတွက် ကျေနပ်နှစ်သိမ့်နေခဲ့ရပြန်ရဲ့ ...
ပါရမီဖြည့်ဘက် ...

စွဲလန်းမှု နဲ့ မိုင်တိုင် ၃၀




******************

' သတ္တဝါတိုင်းကို ကယ်တင်လို့မရဘူး။ အားလုံးက ကံစီမံရာအတိုင်းပဲဖြစ်ရတယ်'

ပန်းဒေါင်းဝထ္ထုထဲမှာ တစ်ဖက်သားကို ကူညီချင်တဲ့ ခင်နွယ်စိုးကို ဦးသွေးက ဆုံးမသလို ခင်နှင်းကြည်သာကို ဆရာလကာင်္ရည်ကျော်က ဆုံးမပဲ့ပြင်ခဲ့တယ်။

အားလုံးဟာ ကံ စီမံရာခံကြရသလို အဲဒီကံကို ကိုယ်တိုင်ပဲ ဖန်တီးရပြန်ပါတယ်။

အကိုဆရာဖြစ်တဲ့ ဆရာတော်အရှင်ကုဏ္ဍလာလကာင်္ရက ယောနိသော မနသိကာရ ကို နှလုံးသွင်းပြီး ကိုယ်ချမှတ်ထားတဲ့ ပန်းတိုင်ကိုသာ အကောင်ထည်ဖော်ပါ။ ဆန်စင်ရာ ကျည်ပွေ့လိုက်ရင် နှစ်ဖက်လုံးမပြီးမြောက်ဘဲ ဆုံးရှုံးရလိမ့်မယ်လို့ သွန်သင်ခဲ့ပြန်ပါတယ်။

အဖေဆိုသည်မှာ


ဟိုး.......
ကျွန်တော်ငယ်ငယ် ကလေးဘဝ စကားပြောတတ်စ အရွယ်တုန်းကပေါ့
အဖေနဲ့ အမေကမေးတယ် ဖေဖေနဲ့မေမေ ဘယ်သူ့  ကိုပိုချစ်သလဲတဲ့
ကျွန်တော် ဖြေတယ် ''မေမေ့ကို ပိုချစ်တယ်''
အမေက ပြုံးပြီးအဖေ့ ကို ကြည့်တယ် အဖေကတော့ ကျွန်တော့်ကို ပြုံးပြုံးကြီးကြည့်နေလေရဲ့. . .
အဲ့ဒီ လူထူးဆန်းကြီးအကြောင်း ကျွန်တော့်ခေါင်း သေးသေးလေးနဲ့ စဉ်းစားလို့ မရခဲ့ဘူး. . . .

ကမ္ဘာ ပေါ်ရှိလူသားအားလုံးရဲ့  (၈၆) ရာခိုင်နှုန်း မှာ ရာသီခွင် မှားယွင်း နေ

 Pyae Phyo (MMiTD) 

NASA ရဲ့ ကြေညာချက်အသစ်အရ Ophiuchus လို့ အမည်ရတဲ့ (၁၃) ခုမြောက် ရာသီခွင် အသစ် တစ်ခု ထပ်မံ တွေ့ ရှိခဲ့တဲ့အတွက် ကမ္ဘာပေါ်က လူသား အားလုံးရဲ့  (၈၆) ရာခိုင်နှုန်းဟာ မိမိတို့ရဲ့ ရာသီခွင် ကို မှားယွင်းစွာ လက်ခံ ယုံကြည်နေကြကြောင်း သိရပါတယ် ။

ရက်စက်ပါပေ့ကွယ်


----------------------
ဒီနေ့မနက် ကြေးမုံသတင်းစာထဲမှာ “ပထမရသော်လည်း ဆုနှင့် လွဲရသူ” ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီး စိတ်မကောင်းလို့ ရေးပါတယ်။ အဲဒီ ဆောင်းပါးကို တင်ပြသူကတော့ ဦးကျော်ဇော (လှသိပ္ပံ၊ ရွှေဘို) တဲ့။ အဖြစ်က ဒီလိုပါ …
စစ်ကိုင်းတိုင်း ဒေသကြီး၊ အထက (၃) ရွှေဘိုမှာ ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဘာသာစုံ ဂုဏ်ထူး ရပြီး အမှတ်တူ နှစ်ဦးထွက်တာကို ထူးဆန်းစွာ ကြုံတွေ့ရပါတယ်။

ရွှေဘို အရှေ့ ၁၇ မိုင်ဝေးတဲ့ ကျောက်မြောင်းမြို့နယ်ခွဲက ဦးသိန်းထွန်းရဲ့သမီး မသီတာ ရွှေစင်သိမ့်ဟာ ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ခုံအမှတ် (စဘ-၆၅၈) နဲ့ ဝင်ဖြေပါတယ်။ ဘာသာစုံ ဂုဏ်ထူးရပြီး အမှတ် ပေါင်းက (၅၃၇ မှတ်) ဖြစ်ပါတယ်။

မသီတာရွှေစင်သိမ့်လိုပဲ သူ့ သူငယ်ချင်း

ဖခင်တစ်ယောက်မှ သူ၏ သမီး သို့ပေးသောစာ


သင်၏ သားသမီးများကိုလည်း ပေးဖတ်ပါ။
ဤစာကို ဟောင်ကောင် နံမည်ကြီး တီဗွီ ချယ်နယ် တွင် အသံလွှင့်သူ လည်းဖြစ် ခလေး စိတ်ပညာဆိုင်ရာ ပါရဂူ တစ်ယောက်လည်း ဖြစ်သော ဖခင်တစ်ယောက်မှ သူ၏ သမီး ဖြစ်သူထံသို့ ရေးသားခဲ့ပါသည်။
အဆိုပါ စာပါ အကြောင်းအရာများသည် အသက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သားသမီးဖြစ်စေ မိဘဖြစ်စေ ကျွန်ုပ်တို့အားလုံးအတွက် အကြုံးဝင်ပါသည်။
မိဘများမှ သားသမီးများကို ဆုံးမသည့် အခါ အဆိုပါ အကြောင်းအရာများကို ပြောဆိုသင်ကြားပေးသင့်ပါသည်။
..............................................................

နှလုံးသားအာဟာရ ရသစာစုလေးများ

Bus ကားပေါ်က ဆင်းပြီးတဲ့အချိန်မှာ သူ့ရဲ့ပိုက်ဆံအိတ် အခိုးခံလိုက်ရပြီဆိုတာ သူသိလိုက်တယ်။
အိတ်ထဲမှာ အရေးကြီးတာတွေတော့မပါပါဘူး … ပိုက်ဆံတစ်သောင်းခွဲလောက်ရယ် … သူ့အမေဆီ ပို့ဖို့စာတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ်ရယ်ပဲပါတယ် …
စာထဲမှာတော့ “ကျွန်တော်အလုပ်ဖြုတ်ခံလိုက်ရပြီ … ဒါကြောင့်ဒီတစ်လ အမေ့ဆီပိုက်ဆံပို့နိုင်မှာမဟုတ်ဘူး” ဆိုတာပဲရေးထားတာပါ …
သူ့အိတ်ထဲမှာ အဲ့ဒီစာ ရှိနေတာ တစ်ပတ်လောက်ရှိပြီ … သူ့အမေစိတ်မကောင်းဖြစ်မှာသိလို့ မပို့ဖြစ်ဘဲ သောင်တင်နေတာပါ …
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>