လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

မြန်မာမဟာဘုတ်ပညာ



ဗေဒင်ပညာကိုစတင်ရင်းနှီးခွင့်ရသော အချိန်က ၁၁ နှစ်သားအရွယ်  ၅ တန်းကျောင်းသားဘဝ။
ဗေဒင်အချူ ပ် မဟာဘုတ်ဆိုတဲ့ စကားအတိုင်း
မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးခုနှစ်ကိုတည် ၇ နဲ့စားအကြွင်းကို ဘင်္ဂအိမ်ကနေစပြီး " အောင် လံ ထူ စစ် သူ ကြီး ပွဲ " လင်္ကာအတိုင်း မဟာဘုတ်တိုင်ထူရမှန်းသိခဲ့သည်။ ကျောင်းသား ဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာ တွက်ပေးနေကြပင်။

အရက်ကို စွဲစွဲလမ်းလမ်း သောက်တတ်သူများသို့

အရက်ကိုစွဲစွဲလမ်းလမ်းသောက်တတ်သူများ ဒေါက်တာခင်မိုးဝေ တင်ပေးထားတဲ့ ဒီ post လေးကိုဖတ်ကြည့်လိုက်ပါအုန်း ဖြတ်နိုင်အောင်လဲ ကျိုးစားကြပါ ကျွန်မ ကို ချစ်တယ် ခင်ကြတယ်ဆိုရင်လေ - အရက် အကြောင်း ကို ဖတ်ကြနော် - 


မြန်ပြည်သားတွေ အသက်ရှည်ပြီး လူကောင်ထွားလာစေဖို့

မင်းကောင်းချစ်


ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ကျောင်းနေဘက်သူငယ်ချင်းတယောက် စင်ကာပူကို အလည်ရောက်လာတော့ အိမ်ကိုဖိတ်ပြီး တွေ့ဆုံစကားပြောဖြစ်ခဲ့ကြတယ်။ ဘူတာရုံကနေ အိမ်ကို သွားကြရာမှာ ဘတ်စ်ကားမစီးဘဲ ပန်းခြံကို ဖြတ်ပြီး လမ်းလျှောက်ပြန်ခဲ့ကြတယ်။

ပစ်တိုင်းထောင် တေးဥယျာဉ်


မိတ်ဆွေအနေနဲ့ ခေတ်ဟောင်း တေးသီချင်းတွေကို ရှာဖွေနေတာဆိုရင် ကျွန်တော်အနေနဲ့ တစ်ခုတော့ကူညီနိုင်ပါတယ်

ကျမတို့ဖတ်ခဲ့ရသော စာပေများ၊ ထိုမှ ကျမတို့သိခဲ့ရသော လိင်စိတ်အလွဲများ


ကျမက ငယ်ငယ်ကတည်းက စာအုပ်တွေကို အဖော်လုပ်ပြီး ပျော်အောင်နေခဲ့ရသူတစ်ယောက်ပါ။ နယ်မြို့ငယ်တွေမှာ ၀န်ထမ်းအဖြစ်တာဝန်ထမ်းဆောင်တဲ့ ကျမအဖေနဲ့ အမေက ကျမပညာရေးအတွက် ကျမကို အဘိုးအဘွားနဲ့နေစေခဲ့ပါတယ်။

(မြို့လုလင်သူကြီး) ဗိုလ်မင်းရောင်


ဗိုလ်ချုပ် အောင်ဆန်း‎ ၏အဘိုးဖြစ်ပြီး နာမည်ကျော် “ရွှေလရောင်”ဘွဲ့ခံ မြို့လုလင် မြို့သူကြီး ဦးမင်းရောင် ဖြစ်သည်။ ဦးမင်းရောင်သည် ဗိုလ်ချုပ်အောင်ဆန်း၏ အဘွား ဒေါ်သူဇာ၏မောင် တစ်ဝမ်းကွဲဖြစ်လေသေည်။

ဗိုလ်အောင်ကျော်



ဗိုလ်အောင်ကျော် (၁၉၁၅ - ၁၉၃၈)

ထောင့်သုံးရာပြည့် အရေးတော်ပုံ အတွင်းက နိုင်ငံနှင့် လူမျိုး အတွက် အသက် စွန့်သွားသော ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော် သည် အင်္ဂပူ မြို့နယ် ရုံးဇင်ရွာ ဇာတိ ဖြစ်သည်။ အမည်ရင်းမှာ ကိုအောင်ကျော် ဖြစ်သော်လည်း နိုင်ငံနှင့် လူမျိုး အကျိုး ဆောင်ရွက် ရာတွင် အသက် ကိုပင် စွန့်လွှတ်ရဲသူ ဖြစ်၍ အာဇာနည် ခေါင်းဆောင် အဖြစ် သတ်မှတ်ပြီး ကျောင်းသားထုကြီးနဲ့ တပြည်လုံးရှိ မြန်မာလူထု ကြီးက ဗိုလ်အောင်ကျော်ဟု ခေါ်ကြသည်။

သင့်ကိုသင် မေးဖို့ မေးခွန်း ၁၀၀


 
သူတပါးကို ကိုယ်က ဝေဖန်အကဲဖြတ်ရသည်မှာ လွယ်သည်။ သို့ရာတွင် ကိုယ့်ကိုယ်ကိုယ် ဝေဖန်စိစ်ရသည့်အခါ ညှာတာခွင့်လွတ်တတ်ခြင်း၊ ဘက်လိုက်တတ်ခြင်း၊ အထင်ကြီးတတ်ခြင်း၊ လက်တွန့်တတ်ခြင်း၊ စသည်တို့ကြောင့် မှန်ကန်ပြတ်သားခြင်း မရှိတတ်ပေ။ ထိုသို့ဖြစ်တတ်သောကြောင့် ပြုပြင် ရာတွင်လည်း မထိရောက်၊ အမှန်မရောက်ဘဲ ရှိတတ်ပေသည်။

ပေါ်ဦးသက်


ကျွန်ုပ် ကြိုက်နှစ်သက်သော မြန်မာ ပန်ချီဆရာများထဲမှ တစ်ဦးကို ပြပါဆိုလျှင် ပေါ်ဦးသက်ကို ပြရပါလိမ့်မည်။ ကျွန်ုပ်အတွက် သူ၏ ပန်ချီကားလေးများသည် အလွန်တရာမှ ချစ်စရာကောင်းကာ အပြစ်ကင်းလွတ် နေလေ့ရှိသည်။

ဆရာ မင်းသုဝဏ်

 
 မွေးသက္ကရာဇ် ၁၉၀၉-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၀)ရက်၊ ဗုဒ္ဓဟူးနေ့
မိဘများ ဦးလွမ်းပင်+ဒေါ်မိ
အမည်ရင်း ဦးဝန်
နိုင်ငံသား မြန်မာ
မွေးရာဇာတိ ရန်ကုန်တိုင်း၊ ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့
အလုပ်အကိုင် စာရေးဆရာ၊
ထင်ရှားကျော်ကြားမှု ထင်ရှားသော စာရေးဆရာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ

ဒေါက်တာ သန်းထွန်း

 
 ( ၁၉၂၃-၂၀၀၅ )

၁၉၂၃ ဧပြီ ၆ သောကြာနေ့တွင် အဖ ဦးဘိုးတွေ အမိ ဒေါ်သင်တို့မှ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင် ၊ ငါးသိုင်းချောင်းမြို့ ၊ ဒေါင့်ကြီးရွာ၌ ဖွားမြင်သည်။ မွေးချင်း ငါးယောက်တွင် ဒုတိယမြောက်ဖြစ်၍ အမည်ရင်း သန်းထွန်း ။

ဦးသန့်


ဦးသန့်သည် ဧရာဝတီတိုင်း ၊ ပန်းတနော် ဇာတိ ဖြစ်ပြီး ၁၉၀၉ ခုနှစ် ၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွေးဖွားသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို ၁၉၆၁ မှ ၁၉၇၁ အထိ ထမ်းဆောင်ခဲ့သည်။ ၁၉၇၄ ခုနှစ် နိုဝင်ဘာ (၂၅) ရက်နေ့တွင် နယူးယောက်မြို့၌ အဆုတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဦးသန့်၏ ရုပ်ကလပ်ကို ရွှေတိဂုံဘုရား တောင်ဘက်မုခ် ကန်တော်မင်ပန်းခြံအနီးတွင် ဂူသွင်းင်္သဂြိုဟ်ခဲ့သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၊ စုဘုရားလတ်၊ ဒေါ်ခင်ကြည် တို့၏ အုတ်ဂူများနှင့်အတူ တည်ရှိသည်။

အနာဂါမ်ဆရာသက်ကြီး


(လယ်တီဆရာတော်ဘုရားကြီး၏ တပည့်ရင်း၊ ၀န်ကြီးချုပ်ဟောင်း ဦးနု၊
ဦးသန့် နှင့် ဆရာကြီးဂိုအင်ကာ ၏ ဆရာ ဦးဘခင် ၏ ဆရာ)
ဆရာသက်ခေါ် ဦးဖိုးသက်မှာ ရန်ကုန်မြို့တဖက်ကမ်း ဒလပျော်ဘွယ်ကြီးရွာသားဖြစ်၏။ ပျော်ဘွယ်ကြီးရွာနေ ဦးကျော်တုတ်-ဒေါ်ငွေဥတို့မှ မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ် ဝါခေါင်လဆန်း ၃ ရက်၊ သောကြာနေ့တွင် မောင်ဖိုးသက်ကို ဖွားမြင်ခဲ့လေသည်။မွေးချင်းလေး ယောက်တို့တွင် မောင်ဖိုးသက်မှာ အကြီးဆုံး ဖြစ်၏။

မင်းသိင်္ခ(စာရေးဆရာ)

 
မင်းသိင်္ခ [အသံထွက်မှာ (မင်းသိန်ခ)]။ မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး၏ ကလောင်အမည်ဖြစ်သည်။ မင်းသိင်္ခသည် တီထွင်ကြိုးပမ်းမှုရှိသော / ၀တ္တု အတိုအရှည်များကို နိုင်နင်းစွာဖွဲ့နိုင်သော စာအရေးအသား ကောင်းသူတစ်ဦးလည်းဖြစ်သည်။ စိတ်ကူးအထင်အမြင် ပြောင်းလဲခြင်းမှအစပြုပြီး (အတတ်ပညာများ) (လက်တွေ့ ရုပ်ဝတ္တုများ) (အောင်မြင်ပျော်ရွှင်မှုများ) ရရှိနိုင်ပုံ ကဲ့သို့ စိတ်ပညာသဘောတရားများကို (ပုဏ္ဏားဘကွန်း) (ဖြစ်ချင်ရာဖြစ်မောင်ဘချစ်) (ပြည်ကြီးမဏ္ဍိုင်မြကြီး) စသည့်ဇာတ်လမ်းများရေးဖွဲ့ရင်း ကျွဲကူးရေပါသဘော မိတ်ဆက်ပညာပေးခဲ့သည်။

အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင်

 
ဦးတင်မောင်ကို ယခုခေတ် လူငယ်တို့ သိမီလိုက်ခြင်း မရှိ။ ဂရိတ် ဦးဖိုးစိန် မရှိသည့်နောက် သဘင် တစ်ခေတ်ကို ဦးဆောင် ထိန်းသိမ်းခဲ့သူဖြစ်သော ဦးတင်မောင်၏ လေးစားဖွယ် ဂုဏ်ရည်များကို တင်ပြလိုပါသည်။ ဇာတ်သဘင် သမိုင်းတွင် ဦးဖိုးစိန်သည် ဇာတ်သဘင်ကို လူရိုသေအောင် မြှင့်တင်ခဲ့ ကာ ဦးတင်မောင်သည် ဇာတ်သဘင်ကို ခမ်းနားအောင် လုပ်ခဲ့သည်ဟုဆိုလျှင် မည်သူမျှ ငြင်းနိုင်မည် မဟုတ်ပါ။

ဝင်းဦး

 
 
 (ဒါရိုက်တာ၊ ရုပ်ရှင်မင်းသား၊ ဇာတ်ညွှန်းဆရာ၊ အဆိုတော်၊ စာရေးဆရာ၊
ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်နှင့် မဂ္ဂဇင်းထုတ်ဝေသူ )

မြန်မာ့ အနုပညာ သမိုင်းတွင် ထူးချွန်သော ဒါရိုက်တာ၊ မင်းသား၊ ဇာတ်ညွှန်းဆရာ၊ အဆိုတော်၊ စာရေးဆရာ၊ စနစ်တကျ စီမံခန့်ခွဲ တတ်သော ရုပ်ရှင်ကုမ္ပဏီ ပိုင်ရှင်နှင့် မဂ္ဂဇင်း စာအုပ် ထုတ်ဝေသူ ပိုင်ရှင်မှာ ဝင်းဦးပင် ဖြစ်သည်။

သမိုင်းတကွေ့မှ ပြည်သူ့ဘက်မှ ထာဝစဉ်ရပ်တည်လျှက်ရှိသော အငြိမ်းစားဗိုလ်ချုပ်ကြီးသူရတင်ဦး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် သဘာပတိအဖွဲ့နာယက အဖြစ် ဆောင်ရွက်လျက်ရှိသော ပြည်သူ့ဘက်၌ အစဉ် ရပ်တည်လျက်ရှိသည့် အငြိမ်းစားဗိုလ်ချုပ်ကြီးသူရတင်ဦးကို ၁၉၂၇ ခုနှစ်၊ မတ်လ ၁၂ ရက် စနေနေ့တွင် ဧရာဝတီတိုင်း (ယခုတိုင်းဒေသကြီး) ပုသိမ်မြို့နယ် ရေ ကျော်ရွာကြီး၌ အဖဦးမောင်ကြိုင်၊ အမိဒေါ်မြတင်တို့မှ ဖွားမြင်ခဲ့သည်။

အမေ လူထုဒေါ်အမာ


 “ဒေါ်ဒေါ်”၊ “လူထုဒေါ်အမာ” ဟု 
စာပေနယ်မှ စာရေးဆရာများသာမက ပြည်သူလူထုကပါ ချစ်ခင် လေးစားစွာ တရင်းတနှီး ခေါ်ဆိုခဲ့ကြသော စာရေးဆရာမကြီး လူထုဒေါ်အမာသည် ၂ဝဝ၈ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ နံနက် ၈ နာရီ ၃၇ မိနစ်တွင် မန္တလေး ပြည်သူ့ဆေးရုံ၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်၌ အသက် ၉၃ နှစ်ရှိပြီဖြစ်သည်။ ဆရာမကြီး လူထုဒေါ်အမာသည် ကွယ်လွန်ချိန်အထိ ပြည်သူအကျိုးပြု စာရေးဆရာ၊ သတင်းစာဆရာမကြီးဖြစ်သည်။

သာဓု (စာရေးဆရာ၊ဒါရိုက်တာ)


မွေးသက္ကရာဇ် ၁၉၁၈ စက်တင်ဘာလ
အမည်ရင်း ဦးဖေသန်း 
နိုင်ငံ မြန်မာ
မိဘအမည် ဦးမြမောင် + ဒေါ်ဖွားမျှင်
ကလောင် အမည်ခွဲများ စိန်ချယ်၊ ဥသြ၊ ပေါ်လွင်၊ ဘာဘူ၊ မောင်ဒါန၊ မောင်ဖေသန်း၊ မောင်သောကြာ၊ မြတ်သူ၊ ဖေသန်း၊ သခင်ဖေသန်း
အလုပ်အကိုင် စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ
မွေးဖွားရာဒေသ ပဲခူးမြို့
ထင်ရှားကျော်ကြားမှု စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ အဖြစ်
သာဓု (၁၉၁၈ - ၁၉၉၁)
 

ကောလိပ်ဂျင် နေ၀င်း (သို့မဟုတ်) ထာဝရ ရှင်သန်နေမည့် သူ့နာမည်

 
 ၁၉၈၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ နံနက် (၀၅း၀၅) နာရီတွင် ရန်ကုန် ဆေးရုံကြီး တွင် သူ ကွယ်လွန် ခဲ့သည်။ သူ ကွယ်လွန်သည့် သတင်းက ရန်ကုန်မြို့ တွင်းသို့ ပျံ့နှံ့သွားပြီး နောက် ဆက်လက်၍ မြန်မာပြည် အနှံ့ အပြားသို့ ရောက်ရှိ သွားခဲ့သည်။
သူ့ကို ချစ်ခင် လေးစားသော ပြည်သူတို့သည် နှမျောတသ ကြသည်။ ကြေကွဲ ၀မ်းနည်းကြသည်။ သူ့အား နာနတ်တော ခရစ်ယာန် သင်္ချိုင်းတွင် ဂူသွင်း သင်္ဂြိုဟ်စဉ်က ကြက်ပျံမကျ စည်ကားလှအောင် သူ့ကို ချစ်ခင် လေးစားသော ပြည်သူတို့က လိုက်ပါပို့ ဆောင်ခဲ့ကြသည်။

နယ်ချဲ့တို့အား တော်လှန်ခဲ့သော ဆရာတော် ဦးဥတ္တမ


ရဟန်းတော်များထဲမှ နယ်ချဲ့တို့အား ရဲရဲတောက် တော်လှန်ခဲ့သူကား ဆရာတော် ဦးဥတ္တမဖြစ်သည်။ သူသည် ရခိုင်အမျိုးသား ဗုဒ္ဓဘာသာ သံဃာတော်တစ်ပါး ဖြစ်ရုံသာမက အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသော ဘာသာကိုးမျိုးကိုတတ်မြောက်သော ရဟန်းတော်တပါးဖြစ်သည်။

ပန်းချီတော် ဆရာချုံ


ကုန်းဘောင်ခေတ်မှာ မြန်မာ့ ပန်းချီပညာသည်တွေဟာ အစုအစည်း တစ်ရပ် အနေနဲ့ မြန်မာ့နန်းတွင်းကို ဝင်ရောက်လာပြီး နန်းတွင်း ဓလေ့တွေကို မှတ်တမ်းတင် ရေးဆွဲခဲ့ကြရာက စလို့ “ပန်းချီတော်” ဆိုတဲ့ ဝေါဟာရဟာ စတင် ပေါ်ပေါက်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ပန်းချီတော် များထဲမှာ ဦးကြာညွန့်၊ ဆရာစာ နဲ့ ဆရာချုံ တို့ဟာ ထင်ရှားခဲ့ပါတယ်။

ရန်ကုန်မှာ တွင်ကျယ်လာသော အငှားမယား စနစ်

 
အသားဖြူဖြူနှင့် ငယ်ရွယ်ပျိုမျစ်သည့် အလှတရားများအား ပိုင်ဆိုင်ထားသူ အသက် ၂၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သူ၏မျက်နှာပေါ်တွင် တန်ဖိုးအသင့်အတင့်ရှိသည့် မိတ်ကပ်ကို လိမ်းခြယ်ထားပြီး ကြက်ေ သွးရောင်နှုတ်ခမ်းနီကို ခပ်စိုစိုကလေး ဆိုးထားသည်။
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>