Posted by
စတာ့ကို ရင်းနှီးမြုပ်နှံမှူ လုပ်၇ာမှာ ကိုယ်ရင်းနှီးမြုပ်နှံမှူပြုလုပ်တဲ့ စတော့အမျိုးအစားကို သိဖို့ ဆိုတာအရေးကြီးပါတယ်။ စတော့ အမျိုးအစား(3) မျိုးရှိပါတယ်။
1.income stocks လို့ ခေါ်တဲ့ ပုံမှန်ဝင်ငွေ စတော့
2.Growth Stocks လို့ ခေါ်တဲ့ တိုးပွားနန်း စတော့
3.value stocks လို့ ခေါ်တဲ့ ဈေးနှီမ် စတော့ တို့ ဖြစ်ပါတယ်။
1.Income Stocks ( ပုံမှန်ဝင်ငွေ စတော့)
အများပိုင် ကုမ္မဏီအများစု က နှစ်စဉ် စာရင်းချုပ်ပြီး အမြတ်အရှူံး စာရင်း၊ ငွေဝင် ငွေထွက် စာရင်း တို့ ကို ပြည်သူ ကို ထုတ်ပြန်ကြေငြာ ရပါတယ်။ ကုမ္မဏီ အနေ နဲ့ ရလာတဲ့ အမြတ်ငွေကို ကုမ္မဏီ ရဲ့ လုပ်ငန်း မှာ ပြန်လည် ရင်းနှီးမြုပ်နှံ နိုင်သလို ရှယ်ယာပိုင်ရှင် တွေကို အမြတ်ငွေ ခွဲဝေပေးနိုင်ပါတယ်။ ကုမ္မဏီ ငယ်အများစု က ရရှိလာတဲ့ အမြတ်ငွေကို များသောအားဖြင့် ပြန်လည် မြုပ်နှံ လို တဲ့ အတွက် ခွဲဝေပေးလေ့မရှိပေမယ့် ကုမ္မဏီ ကြီးအများစု ကတော့ သူ့ ရဲ့ ရှယ်ယာပိုင်ရှင်တွေထံ အချိုးကျ ခွဲဝေပေးပါတယ်။ အဲဒီ ခွဲဝေပေးတဲ့ ငွေ ကို Dividend ခွဲဝေငွေ လို့ ခေါ်ပါတယ်။ အောက်ပါပုံ ကတော့ ကုမ္မဏီ ကြီးတစ်ခုဖြစ်တဲ့ Cocacola ကိုကာကိုလာ ကုမ္မဏီ ရဲ့ စတော့ရှယ်ယာ တန်ဖိုးပြ ပုံဖြစ်ပါတယ်

