- Written by မောင်တင်ဦး (မြောင်းမြ )
အလိမ္မာ စာမှာရှိ
စာဖတ်မှ အသိဥာဏ် တိုးတက်မယ်။ စာဖတ်မှ ဗဟုသုတပွားမယ်။ ဒါကြောင့် စာဖတ်ကြပါလို့ သူကပြော၊ ကိုယ်ကပြော၊ ခပ်လွယ်လွယ်လေး လမ်းညွှန်တတ်ကြပါတယ်။ အလိမ္မာ စာမှာရှိလို့ မြန်မာစကားပုံက ဆို ပါတယ်။ ပညာရွှေအိုး လူမခိုးလို့လည်း ဆိုကြပါသေးတယ်။
ဒီလိုသာ ပြောကြ၊ ဟောကြပေမယ့် လက်တွေ့မှာ စာဖတ်နှုန်း၊ စာတတ်နှုန်း အနိမ့်ဆုံးက မြန်မာပြည် ဖြစ်နေတာ လက်တွေ့ပါ။ ကျောင်းပညာရေး အဆင့်အတန်းကလည်း ထို့အတူပါပဲ။ အားရစရာမရှိလှပါ။ ထို့အတူ မလိမ္မာတဲ့သူတွေ များနေတာဟာ စာမဖတ်ကြလို့ စာမဖတ်တတ်ကြလို့ဆိုတာ ထင်ရှားနေပါတယ်။
အတားအဆီးများ


