ကျွန်တော်တို့  လူမျိုး က တစ်ကယ်ဆို လူကြောက်တွေလို့ ပြောရမယ်ဗျ။ ဘာလို့ လည်း ဆိုတော့ မေးရမှာ ကြောက်ကြလို့ ပါ။
သူများကို မေးရမှာလည်း သိပ်ကြောက်ကြပါတယ်။ ဒီ့ထက် ဆိုးတာက ကိုယ့်ကို ကိုယ် မမေးရဲတာပဲ။
ကိုယ် ဘာတွေ တတ်ထားပြီးလဲ ၊ ဘာတွေ သိထားပြီလဲ ဆိုတဲ့ မေးခွန်းမျိုး လူတော်တော်များများ မမေးရဲကြဘူး။
ဒီတော့ မိမိ ကိုယ်တိုင်တောင် မယုံကြည်နိုင်ဘူး ဖြစ်နေတာပေါ့ ။ သူများကို မေးဖို့  ကြတော့လည်း ရှက် တတ်နေကြတယ်။