လုပ်ဖြစ်အောင် လုပ်ပါသူငယ်ချင်းတို့

Yin Khwin Oo Amone

' လုပ်ဖြစ်အောင် လုပ်ပါသူငယ်ချင်းတို့ '

သူငယ်ချင်း.....
လောကကြီး အလယ်
ရှင်သန်ဖို့ ကြိုးစားရင်း
မလွဲမသွေ ကြုံတွေ့ရမှာက
စစ်မှန်တဲ့ မေတ္တာတရား
ဆုံနိုင်ခွင့်ရရှိဖို့ စောင့်စားစဉ်
မမျှော်လင့်ပဲ ကံကြမ္မာက
အတုအယောင်နဲ့ လှည့်စားခဲ့ရင်
သင်.....
ခံနိုင်ရည်ရှိဖို့တော့ လိုလိမ့်မယ်
'ဒူး' မထောက် 'လက်' မမြှောက်
အရှူံးမခံ အနိုင်မပေး
လက်တွဲဖော် အစစ်ရပြီဆိုရင်
လောကကြီးနဲ့ ကံကြမ္မာကို
ပျက်ရယ်ပြု လှောင်ပြုံးပြုံးပြပီး
ရဲဝင့်စွာ ဟစ်ကြွေးဖို့
သင်.....
မမေ့ပါစေနဲ့နော်....

No comments:

Post a Comment