နှောင်း ဝသန်

ပြာရီလွင်စို့
တမို့မို့လွင်
တလွင်လွင်ဆိုင်း
တမှိုင်းတွတွ
ရှိနေကြသည့်
နှောင်းဝသန်မိုး
ဘယ်အငြိုးနဲ့
ရင်ကျိုးရအောင် ပြုရတာလဲကွယ်။
ဘယ်ဆီရယ် မျှော်မှန်း
ဘယ်စခန်းသို့ လွမ်းရပါ့
လွမ်းသူဆီ ခေါ်တမ်း
ဘယ်မြိုင်တန်းသို့ လွမ်းရပါ့

                                  သြော်, . . . .လွမ်းရပါ့မလဲကွယ်။

  Thuria Ya

No comments:

Post a Comment