ကျေပါစေ ဒီ အလွမ်းဝဠ်


ကျေပါစေဒီ အလွမ်းဝဠ်
သံစဉ်တစ်ခု၊ ကဗျာတစ်ပုဒ်
ငြီးသွားဖတ်ဆိုတိုင်း
ငါရင်ကလှုပ်ခက်လာတဲ့ အလွမ်း
လှိုင်းတစ်ခုလို ထိမ်ချုပ်မှု ခက်ခဲ့
နက်နည်းတဲ့ အချစ်တစ်စုံကတွန်းပို့လိုက်တဲ့ အလွမ်း
မခမ်းပဲ မျက်ရည်းစမ်းတွေနဲ့
လွမ်းနေမိတယ်
 
နွှမ်းကျေ ယိုင်လဲ စိတ်တွေလည်း မခိုင်မြဲ
မှိုင်ကာငေးမိ အစဉ် အသိ မရှိ
သတိတွေ ကင်းကွာဝေးကွါနေတဲ့ ဘဝ
လွမ်းခြင်းတွေတာ ခ 
လွမ်းခြင်းတွေနဲ့ကျရပြန်လေတယ်

လှပအဆင်းနဲ့ တွေ့ဆုံးခြင်း
အလှမ်းကွာဝေးသရွေ့
ငါရင်က အလွမ်းဆိုတဲ့ ဝေဒနာ ဖြေစရာ
မရှိသာပါဘူး
 
ပူပြင်းလွန်းတဲ့ အလွမ်း
ကျွမ်းရင်မှာ မလန်းသာပါဘူး
မှန်းခါမျော်ရတဲ့ ကျင်နာသူရဲ့
အနမ်း
ကမ်းလာမဲ့နေ့ မျော်ရင် အလွမ်းတွေဆင့် အလွမ်းတွေနှင့်
အလွမ်းဝင်္ကပါမှာ အလမ်းရှာမရ
လည်နေတဲ့ ငါဘ၀ ၀ဠ်ဆိုရင်လည်း

ဒီမျှနဲ့တာ ကျေပါစေ 
ပင်လယ်ဝေ အလွမ်းကမ္ဘာ ငါ ဆက်လက်
မခံစားပါရစေနဲ့ သွေလွဲလို့ ထွက်ပါရစေ
ကျေပါစေ ဒီ အလွမ်းဝဠ်......                              
                                                                 (၂၃)(၇)(၂၀၁၃)အလင်္ကာ......

No comments:

Post a Comment