ညီမလေးရေ
ဒီနေ့ နဲ့ နောင် အနာဂါတ်မှာ ကြုံလာမယ့် လောကဓံကို ကြံ့ကြံ့ခံဖို့ အားတင်းထားပါနော်
ပြောမယ့်သာပြောရတယ် ညီမလေးရဲ့ အရှုံးမပေးတဲ့ မျက်လုံးတွေကို မမတိတ်တိတ်လေး လေးစားသွားတာညီမလေးသိမယ်မထင်ဘူး။
ညီမလေးရေ
နောင် အသက်တွေကြီးသွားတဲ့အထိ ခင်မင် သံယောဇဉ်ထားရမယ့်
မမရဲ့ အနည်းငယ်သော မိတ်ဆွေတွေထဲမှာ ညီမလေးပါနေတယ်ဆိုတာလည်း ညီမလေးကို သိစေချင်လိုက်တာ။
ညီမလေးရေ
ဒိုင်ယာရီ မဟုတ်တဲ့ မမရဲ့ မှတ်စု စာအုပ်လေးထဲမှာ ညီမလေးနာမည်ကို လှလှလေး ရေးမှတ်ထားလိုက်ပြီနော်။
ညီမလေး ပျော်ရွှင်ပါစေ။
ချစ်လှစွာသော
မမ (၅၊စက်တင်ဘာ၊၂၀၁၃)
https://www.facebook.com/OnlineBurmaLibrary



No comments:
Post a Comment