ငါးကျည်းမန်ကျည်းနှစ်အစပ်ချက်

 
ဒီရက်ပိုင်းမှာ အိမ်မှာရောက်နေတဲ့ မောင်တစ်ဝမ်းကွဲလေးက 
ငါးတို့၊ ကဏန်းတို့ အရမ်းကြိုက်ပါတယ်။ သူ့အဒေါ် ကျွန်မအမေ
ဒေါ်ခင်မျိုးချစ် (နာမည်အရင်းမဟုတ်ပါ ရွဲ့ရေးတာပါ)ကလည်း
Internet ကနေ ကျွန်မဒီလောက်ချက်ကျွေးနေပါရဲ့နဲ့ မနက်ဆို 
ဘာဟင်းချက်တာတုန်း မောင်လေးကြိုက်တာချက်ရဲ့လား
ငါးဟင်းချက်ရဲ့လား၊ ကဏန်းချက်ပြီးပြီလားနဲ့ လာလည်တဲ့
ကလေးတောင် ကျွန်မကို အားနာလာရတဲ့အထိပါပဲ။ 
အခု ဒီငါးဟင်းလေးက အိသက်မမကြီးချက်တဲ့ပုံစံအတိုင်း ချက်တာပါ။ 
အရည်လေးဆမ်းစားရတာကို အရမ်းကြိုက်ပါတယ်။ ချဉ်ချဉ်စပ်စပ်လေးပေါ့။

ပါဝင်ပစ္စည်းများ
......................
• ငါးကျည်း - ၁၅ ကောင်
• ကြက်သွန်နီ - ၁ လုံး
• ကြက်သွန်ဖြူ - ၃ မြွှာ
• ငရုတ်သီးခွဲခြမ်း - စားပွဲဇွန်း ၂ ဇွန်း
• မန်ကျည်းသီးနှစ် - စားပွဲဇွန်း ၃ ဇွန်း
• စပါးလင် - ၁ ချောင်း
• ချင်း - စားပွဲဇွန်း ၁ ဇွန်း
• မဆလာ - စားပွဲဇွန်း ၂ ဇွန်း
• နနွင်း - စားပွဲဇွန်း ၁ ဇွန်း
• ကြက်သားမှုန့် - စားပွဲဇွန်း ၃ ဇွန်း
• ဆား - အနည်းငယ်
• ငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• နံနံပင်

ချက်ပြုတ်နည်း
.....................
၁။ ငါးကျည်းလေးများကို သန့်စင်ပြီး ချင်း၊ နနွင်းတို့နဲ့ ကြက်သားမှုန့် 
စားပွဲဇွန်း ၁ ဇွန်း၊ ဆားအနည်းငယ်ဖြင့် နယ်ထားပါ။ 
ကြက်သွန်ထောင်းများကို စပါးလင်၊ ငရုတ်သီးခြမ်းများထည့်ကာ ဆီသတ်ပါ။
ကြက်သားမှုန့် ၂ ဇွန်း၊ မဆလာထည့်ပါ။ အနံ့မွှေးလာပါလိမ့်မယ်။
ကြက်သွန်နွမ်းရင် ငါးများထည့်ကာ ခပ်ဖြည်းဖြည်း မကြေအောင်လုံးပါ။
၁ မိနစ်ခန့်လုံးပြီး မန်ကျည်းရေထည့်ပါ။ 
ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ အဖုံးခဏအုပ်ထားပါ။

၂။ ဆီပြန်ရေကျန်အနေမှာ ငါးလေးများနူးလာပြီဆိုရင် နံနံပင်များထည့်ပါ။ 
မဆလာအနံ့ သင်းသင်း ငါးကျည်းဟင်းချဉ်စပ်လေးရပါပြီ။

..................................
Htet Family's Creation
..................................

www.htetfamily.com
FOOD Magazine
Myanmar Online News

No comments:

Post a Comment