'တောင်ငူ'




ပိုက်ဆံတစ်ထောင်ရှိရုံနဲ့
ထမင်းသုံးနပ်စားလို့ရတယ်။
ဗီယက်နမ်ထိရောက်ခဲ့တဲ့
မြေပုံကိုချပြ ဒါ'တောင်ငူ'ကွလို့
ပြောချင်ပြောလို့ရတယ်။

နတ်သျှင်နောင် ကဗျာရေးတယ်
ဘုရင့်နောင်က ဓားသွေးတယ်။
ဘယ်ကစမ်းစမ်း ညာကစမ်းစမ်း
စမ်းချင်သလိုစမ်းလို့ရတဲ့မြို့

ကျုံးသုံးကျုံး ကုန်းကိုးကုန်းနဲ့
တဟုန်းဟုန်းထနေတဲ့မြို့
တောင်ငူ . . . . .

ပါးစောင်မှာ ကွမ်းကိုခဲ 
သွေးတွေ ရဲလွန်းတဲ့မြို့
တစ်ယောက်ကိုထိ နောက်တစ်ယောက်က ကြည့်မနေတက်တဲ့မြို့

ကိုလိုနီခေတ် ခြောက်လမ်းမြောင်းထဲကရေလို
လူတွေရဲ့စိတ်တွေက ကြည်နေတယ်။

နန်းတော်ကိုမှောက် ဘူတာကိုဆောက်လည်
ဘယ်တော့မှ ဇာတိမာန်မပျောက်တဲ့မြို့။

တောင်ငူ . . . . .
ဗလောင်မဆူတဲ့ တောင်ငူ။


လင်းလက်အသင်္ချေ
၂ - ၁ - ၂၀၁၅

No comments:

Post a Comment