အနိုင်ယူနည်း

သုခုမရဲ့စာမျက်နှာလေးများ


သင့်ကိုလူတယောက်ကရိုင်းစိုင်းရင
ပြန်မရိုင်းစိုင်းပါနဲ့
သူရဲ့ရိုင်းစိုင်းမှုကတချိန် သူ့ကိုယ်သူရှက်စရာကောင်းမှန်း
သူသိသွားပါလိမ့်မယ်

သင့်ကိုတစုံတယောက်ကဒေါသထွက်တဲ့အခါ
အပြန်အလှန်မထွက်ပါနဲ့
သူ့ရဲ့ဒေါသက သူ့ကိုတချိန်နောင်တရစရာကောင်းမှန်း
သူသိသွားပါလိမ့်မယ်


ရိုင်းစိုင်းတဲ့လူတယောက်ကိုအနိုင်လိုချင်ရင်
အဆုံးစွန်ဆုံး သင်ယဉ်ကျေးလိုက်ပါ
ဆဲရေးတဲ့လူတယောက်ကို အနိုင်လိုချင်ရင်လည်း
အသိမ်မွေ့ဆုံးစကားလုံးတို့ကိုသုံးပါ

အဲဒါကိုယ့်ကိုတိုက်ခိုက်လာတဲ့လူတယောက်ကို
အကောင်းဆုံးအနိုင်ယူနည်းပါပဲ

No comments:

Post a Comment