လေယာဉ်စီးရင် မြေပြင်ကနေ ပျံတက်တဲ့အချိန်နဲ့ မြေပြင်သို့ ဆင်းသက်တဲ့အချိန် လေယာဉ်မယ်တွေ ခရီးသည်တွေကို ပြတင်းပေါက်ခန်းဆီးလိုက်ကာ ' မ' တင်ကြဖို့ မေတ္တာရပ်ခံတာ သတိပြုကောင်း ပြုမိပါလိမ့်မယ်။
ဘာကြောင့်လဲ။ ပြေးလမ်းကြည့်ဖို့လား။ မြေပြင်သို့ သက်ဆင်းတာ (သို့) လေယာဉ်တောင်ပံ တဖျပ်ဖျပ်လှုပ်တာ ကြည့်ဖို့လား။ တကယ်တော့ ရိုးရှင်းတဲ့အကြောင်းရင်းတစ်ခုမှာတော
FAA စည်းမျဉ်းထဲမှာ လေယာဉ်မယ်တွေဟာ မိနစ် ၉၀ အတွင်း ခရီးသည်များအား ဘေးကင်းရာသို့ ပြောင်းရွေ့ပေးနိုင်ကြောင်း ပြဌာန်းထားပါတယ်။ အပြင်ဘက်မှာ အရေးပေါ်တစ်စုံတစ်ခုပေါ်ပေါက်ပါက လေယာဉ်မယ်တွေ အခြေအနေကို လျန်မြန်စွာ အကဲခတ်နိုင်ပြီး ဘေးကင်းလုံခြုံစိတ်ချရဆုံး ဖြစ်နိုင်တဲ့ လေယာဉ်ထွက်ပေါက်ဆီ ခရီးသည်တွေကို လမ်းညွှန်ပေးနိုင်ဖို့ လိုအပ်ပါတယ်။
ဥပမာ - လေယာဉ်ညာဘက်ခြမ်း အင်ဂျင်မီးလောင်နေပါက ခရီးသည်တွေကို လေယာဉ်ဘယ်ဘက်ဆီသာ လမ်းညွှန်ပေးပါလိမ့်မယ်။
ဒါ့ကြောင့် နောက် လေယာဉ်စီးတဲ့အခါ ပြတင်းခန်းဆီး မတင်ဖို့ မေတ္တာရပ်ခံတဲ့အခါ အားလုံး အသက်လုံခြုံဖို့အတွက်ဆိုတာ နားလည်သဘောလိုက်ပါ။
Ref: Simplemost
Victor.PaaTung - Trend Myanmar



No comments:
Post a Comment