လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အမေ့ခံ




သဇင်ပန်းလိုလည်း နန်းမထိုက်တော်မဝင်
ပန်းစပယ်လိုလည်း နန်းအလယ်မပေါ်ထိုက်
ပန်းကြိုက်သူကြဉ်။

လေအလာ ကြွေကာကျ
မြေမှာခတော့ ကောက်သူကင်း
ရောက်သူနင်းလို့ ရင်မှာနွမ်း
အကြွေပန်းတူပေမယ့် ခရေပန်းလိုလည်း မပျော်ရွှင်။

ရနံ့မသင်းပေမယ့်
သပြေပင် သပြေရွက် သပြေခက် သပြေရိုးလို
ညောင်ရေထိုးလို့ ဘုရားမတင်
အများအမြင်မှာတော့ အပယ်ခံပွင့်။

ဒါပေမယ့်လေ သူ့ရာသီသူရောက်လျင်ဖြင့်
အငြူစူ မကြောက်ပါဘုး
ငုပိတောက်တွေ ရှုံးလောက်အောင်
အရွက်ဖုံးအောင် သူပွင့်ပါလို့
စိန်ပန်းတွေဝင့်။

သိထားသင့်တဲ့ နိုင်ငံတွေရဲ့ ဘားကုဒ်လေးတွေ 

 ( ဗဟုသုတပေါ့ဗျာ)

           ပစ္စည်း တစ်ခုကို ထုတ်လုပ်တဲ့ နိုင်ငံ သိနိုင်ဖို့ ဘားကုဒ်ကို ကြည့်တတ်ဖို့လိုပါတယ်။ တံဆိပ်ကို တုလို့ လွယ်ပေမယ့် တံဆိပ်က ဘားကုဒ်ကို တုဖို့ ခက်ပါလိမ့်မယ်။ ဘယ်နိုင်ငံအတွက် ဘားကုဒ်က ဘာလဲ ဆိုတာ သိရင် ဘားကုဒ်ကို ကြည့်လို့ ဒီပစ္စည်းဟာ ဘယ်နိုင်ငံထွက် ပစ္စည်း ဆိုတာ အလွယ် သိနိုင် ပါတယ်။ဒါလေး ဆိုရင် ရှေ့ဆုံးသုံးလုံးကို ကြည့်ပြီး ထိုင်ဝမ် နိုင်ငံ လုပ်ဆိုတာ သိနိုင် ပါပြီ။
(မs0what မေးလ်နဲ့ ပို့ပေးတာလေးပါ)
                 ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အတုတွေ ပေါလွန်းလှ ပါတယ်။ နိုင်ငံတကာက နာမည်ကြီး ကုန် အမှတ် တံဆိပ် တွေကို အတု လုပ်ရုံမက ရက်လွန် နေ့စွဲ ခေါ်တဲ့ expired date ကိုတောင် ကြိုလုပ် ရေးထား ကပ်ထား တတ်တာ မကြာခဏ ပစ္စည်း တော်တော် များများ ပေါ်မှာ တွေ့ရ ပါတယ်။ တခါက မုန့်ဆိုင် တစ်ဆိုင်မှာ ရောင်းတဲ့ ကိတ်မုန့်ရဲ့ ထုတ်လုပ်သည့် နေ့စွဲက မနက်ဖြန် ဖြစ်နေပါတယ်။ ဒါဆို ခုရောင်း နေတာ ဂျုံလုံး လေးတွေလား လို့ မေးရင်း အဲဒီ တံဆိပ်ကို နောက်နောင် ဘယ်တော့မှ ၀ယ်မစား ဖြစ် တော့ ပါဘူး။ ဒီလို ရောင်းမှုဟာ ခိုးမှုရော လိမ်မှုပါ မြောက်ပါတယ်။စားသုံးသူ ဘက်ကလဲ ရွေးချယ်စရာ မရှိလို့ ဒီလို စီးပွားရေး ကျင့်ဝတ် ပျက်စီး နေတာ ကျယ်ပြန့် နေ တာလား။
        ဒါမှ မဟုတ် စားသုံးသူ ဘက်က ဒီလို စစ်ဆေးရ ကောင်းမှန်းကို မသိလို့ ဒါမှ မဟုတ် မေ့ လျော့ ပေါ့ဆ လွန်းလို့ မစစ်ဆေးမိ တာကို အခွင့်ကောင်း ယူပြီး စီးပွားရေး သမားတွေက ကျင့်ဝတ် ပျက်စီး ရဲနေတာလား ဆိုတာ မေးခွန်း ထုတ်စရာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် သက်ဆိုင်ရာ တာဝန် ရှိသူ ဆို တဲ့ လူတွေက လာဘ်ပေး လာဘ်ယူ ကိစ္စ တွေကြောင့် အကျင့်ပျက်ပြီး အရေးယူမှု မလုပ်ရင်တောင် စားသုံးသူ ဘက်က အသိ၊ သတိ တို့နဲ့ ဒီလို ကျင့်ဝတ် ပျက်စီးမှုကို အားမပေးဘဲ ရှောင်ခြင်းဖြင့် အရေး ယူ နိုင်ရင် အကျင့်ပျက် ထုတ်လုပ်သူ စီးပွားရေးသမား များကလဲ စီးပွားရေးကို ထိခိုက် နိုင်လို့ နောင်ကို လုပ်ရဲတော့မှာ မဟုတ်ဘူးလို့ ယူဆ မိပါတယ်။
           ကျွန်တော်တို့ ပြည်သူတွေလဲ ကိုယ့်ပါးစပ် မှာ စားမယ့် အစားအစာ၊ ကိုယ့်အတွက် သုံးမယ့် အသုံးအဆောင် ပစ္စည်း များအတွက် အလိမ် မခံရအောင် အသိ တရား လက်ကိုင်ထားနိုင်ဖို့

ယောကျာ်းလေးများအတွက် အသက် ၃၀ မတိုင်ခင် သိသင့်သော အရာများ


by - (fb)Welcome TO Peace

"ယောကျာ်းလေးများအတွက် အသက် ၃၀ မတိုင်ခင် သိသင့်သော အရာများ (တခေါက်ဖတ်ဖူး၇ုံနဲ့ အကျိုးရှိမှာပါ)"

၁ ။ စီးပွားရေးကို အလေးထားပါ

တချို့လူတွေက ပြောကြတယ် ပိုက်ဆံ၇ှိတိုင်း အကုန်လုပ်လို့မရနိုင်ဘူးတဲ့၊ဒါပေမဲ့ ပိုက်ဆံမရှိရင်ရော ဘ၀ဟာ ကျေနပ်စရာ တွေနဲ့ ပြည့်စုံပါ့မလား.... ။ဒါကြောင့် အသက် ၃၀ မတိုင်ခင် သင့်ရဲ့ အားအင် အများစုကို သင့်ဘ၀ရဲ့အလုပ်မှာ မြှုပ်နှံပါ။ အလုပ်မှာ ဘ၀တိုးတက်ဖို့အတွက် ကြံဆနေပါ။

၂။ ပိုက်ဆံမျက်နှာ သိပ်မကြည့်ပါနဲ့

 အလုပ်မှာ လစာ နည်းတယ်ဆိုပြီး စောဒက မတက်ပါနဲ့။ ဘဏ်ထဲမှာ ပိုက်ဆံပမာဏဟာ ဂဏန်း ၄ လုံးလောက်ပဲ ရှိပါလား ဆိုပြီးသောကရောက်မနေပါနဲ့။ အနာဂတ်ကို ကြိုပြီး စိတ်ပူမနေပါနဲ့....ပင်ပန်းပါတယ်။ အခုလက်ရှိလုပ်ရမှာက

ယီးလေလေ့ယီးလေလေး

ဆရာကြီးမင်းသုဝဏ်ရဲ့ရေချမ်းစဉ်ဆောင်းပါထဲက ယီးလေလေ့ကဗျာလေးပါ 

ယီးလေလေ့ယီးလေလေး
*****************

မုန်တိုင်းကထန်  ချောင်းကလျှံ
ဝဲသံကကျွေး  လှိုင်းကဖွေး
ယီးလေလေ့ယီးလေလေ့။

မိုးပေါက်ကနာ  ဖြုတ်ကလာ
လမ်းတာကဝေး  လေကအေး
ယီးလေလေ့ယီးလေလေး။

ဖော်ချင်းတို့ရေ တို့တတွေ
လှော်လေအပြေး  ယက်ဖွေးဖွေး
ယီးလေလေ့ယီး လေလေး။

                                                                                                                                                                              ဆရာကြီးမင်းသုဝဏ်(1948)
from - fb

စနစ်တကျ ဝါး စိုက်ပျိုးခြင်း 

                     
ဝါးပင်များကို ကြံပင်များစိုက်ပျိုးသကဲ့သို့ အတန်းလိုက် စီးပွားဖြစ် စိုက်ပျိုးနှိုင်၏။
ဝါးအမျိုးအစားကိုလိုက်၍ စိုက်တန်းအကွာအဝေးကို သတ်မှတ်ပေးရပါမည်။
ဝါးရုံမှ မနုလွန်းမရင့်လွန်းသောဝါးများကိုရွေးချယ် ခုတ်ယူရပါမည်၊ ဝါးမျက်ခုံးလေးများကို ဘေးတစ်ဘက်တစ်ချက်တွင်ရှိစေရန် ဂရုပြုပြီးချပါ၊အပေါ်ဘက်မှ တစ်ဆစ်လျှင်တစ်ပေါက်နှုန်း အဆစ်၂ဆစ်ကြားနေရာများမှ လွန်/ဒါးပြတ်ပြတ်ဖြင့်ဖောက်ပါ၊
အပေါက်များအတွင်းရေအပြည့်ဖြည့်ပါ၊ ရွှံ့သို့မဟုတ် အခြားသင့်တော်ရာဖြင့်အပေါက်များကို ပြန်ပိတ်ပေးပါ၊
စိုက်မြောင်းများတွင်ချသောအခါ

ပြောင်းပြန်နိုင်ငံတော် [ သရ၀ဏ်(ပြည်)]

                           
 နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနှံ့အပြားလိုက်ပြရင်း မြစ်ကမ်းနဖူးမှ မြို့ရွာများကိုရောက်သောအခါ သူတို့အံ့သြ ကြသည်။ အံ့သြရသည့်အကြောင်းမှာ မြစ်ရှုခင်းမှာအလွန် လှပပါသည်။ သို့သော်နိုင်ငံတကာတွင် မြစ်ကမ်းနဖူးစသည့် အလွန်ရှု ခင်းသာယာသောနေရာများတွင် အိမ်များသည် မြစ်ကမ်းဘက်သို့လှည့်ကာ ဆောက်ထားလေ့ရှိသော်လည်း ကျွန်တော်တို့မြန်မာနိုင်ငံတွင် အိမ်တော်တော်များများသည် မည်မျှပင်မြစ်ရှုခင်းသာယာလှပပါသော်လည်း မြစ်ကမ်းကိုမျက်နှာမူကာ ဆောက်ထားသောအိမ် မရှိသလောက်ရှားပြီး အများစုမှာ မြစ်ကိုကျောပေးပြီး ဆောက်ထားကြသောကြောင့်ဖြစ်သည်။ မြန်မာတော်တော်များများသည် မြစ်ကိုအပေါ့အလေးသွားရာ အိမ်သာဆောက်လုပ်ရန် အဓိကရွေးချယ်လေ့ရှိကြသည်။ ရှုခင်းကို ပဓာနထားလေ့မရှိပါပေ။ ဒီလောက်လှသော မြစ်ရှုခင်းကို ဘာကြောင့် ကျော ပေးထားသလဲဟု နိုင်ငံခြားသားများက အမြဲလိုပင်မေးကြပါသည်။
ဘာကြောင့်လဲဟု နိုင်ငံခြားသားများကမေးလာသောအခါ မည်မည်ရရ ဖြေစရာ ကျွန်တော်တို့မှာမရှိပါ။ သူများတွေ မြစ်ဘက်ကို ကျောပေး၊ အတွင်းဘက်ကို မျက်နှာမူဆောက်ကြသဖြင့် အများလုပ်သည်ကိုကန့်လန့်မတိုက်လိုသဖြင့် ရောယောင်ဆောက်ကြခြင်းဖြစ်သည်ဟုပဲ ဖြေရပါသည်။ နိုင်ငံတကာနှင့်ယှဉ်လျှင် ပြောင်းပြန်ဖြစ်နေသောကိစ္စ ဖြစ်ပါသည်။ ဟိုတယ်ကြီးများတွင် River View, Lake View ဟူသော မြစ်ရှုခင်း၊ ကန်ရှုခင်းကောင်းသည့် ဟိုတယ်အခန်းများမှာ သာမန်အခန်းများထက် ပို၍ဈေးကြီးပေးကြရပါသည်။ နောက်ထပ် ပြောင်းပြန် ဖြစ်နေသောကိစ္စတခုမှာ
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>