လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

စနစ်တကျ ဝါး စိုက်ပျိုးခြင်း 

                     
ဝါးပင်များကို ကြံပင်များစိုက်ပျိုးသကဲ့သို့ အတန်းလိုက် စီးပွားဖြစ် စိုက်ပျိုးနှိုင်၏။
ဝါးအမျိုးအစားကိုလိုက်၍ စိုက်တန်းအကွာအဝေးကို သတ်မှတ်ပေးရပါမည်။
ဝါးရုံမှ မနုလွန်းမရင့်လွန်းသောဝါးများကိုရွေးချယ် ခုတ်ယူရပါမည်၊ ဝါးမျက်ခုံးလေးများကို ဘေးတစ်ဘက်တစ်ချက်တွင်ရှိစေရန် ဂရုပြုပြီးချပါ၊အပေါ်ဘက်မှ တစ်ဆစ်လျှင်တစ်ပေါက်နှုန်း အဆစ်၂ဆစ်ကြားနေရာများမှ လွန်/ဒါးပြတ်ပြတ်ဖြင့်ဖောက်ပါ၊
အပေါက်များအတွင်းရေအပြည့်ဖြည့်ပါ၊ ရွှံ့သို့မဟုတ် အခြားသင့်တော်ရာဖြင့်အပေါက်များကို ပြန်ပိတ်ပေးပါ၊
စိုက်မြောင်းများတွင်ချသောအခါ
အပေါက်များဖောက်ထားသောဘက်ကို အပေါ်မှထား၍ချပါ၊ပြီးလျှင် မြေပြန်ဖုံးပေးထားပါ၊ စိုက်မြောင်းအလွန်နက်ရန်မလိုပါ၊
ဝါးမြုတ်ပြီးအပေါ်တွင် မြေသား ၆ လက္မခန့်တင်ထားနှိုင်လျှင် ရပါသည်၊
ဝါးကြီးမျိုးများဖြစ်လျှင် ဝါးပေါ်၌မြေသား ၁၀ လက္မခန့်ရှိသင့်ပါသည်၊
တစ်လအကြာတွင် ဝါးပင်ပေါက်ကလေးများ ကြံပင်များကဲ့သို့ အတန်းလိုက် အတန်းလိုက်ပေါက်လာပေမည်၊
ပေါင်းပင်များရှင်းလင်းပေးရမည်၊
အသုံးပြုနှိုင်သောဝါးအဆင့်ရရန် ၃ နှစ်ကြာပါမည်၊နွေရာသီ မီးတားလမ်းများပြုလုပ်ပေးရမည်၊မီးအန္တရာယ်ကာကွယ်ရေးအစီအစဉ်များထားရှိရပေမည်။
တစ်နှစ်ပါတ်လုံးစိုက်နှိုင်ပါသည်၊
စီးပွားဖြစ်စိုက်ပျိုးလျှင် မိုးဦးကျ၌စိုက်ပျိုးသင့်ပေသည်။




from - fb

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>