လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အလွယ်ကူဆုံး Add Elemic Grape Purple Menu ( Grape Purple )

 ဘလော့ခရီးသည် 
မင်္ဂလာပါ  ဘလော့ချစ်သောပရိတ်သတ်အပေါင်းတို့... သည်နေ့ ရေးဖြစ်တဲ့ အကြောင်းရာလေးကတော့
ဘလော့တစ်ခုမှာ မရှိမဖြစ် လိုအပ်ချက်ဖြစ်တဲ့  ခေါင်းစဉ်လို့ ခေါ်တဲ့ Menu လေးတွေ ဖန်တီးနည်းပါ။
သည်နည်းလေးကို အလွယ်ဆုံးနဲ့ မရှင်းဆုံး ဖြစ်အောင် ရေးသား တင်ပြပေးထားပါတယ်... သူကတော့
Animated ပုံစံလေးနဲ့ တမျိုးတော့ လှပါတယ်... စိတ်ဝင်စားမယ်ဆို အောက်မှာ လုပ်နည်းနဲ့  လိုအပ်သော
ကုဒ်တွေကို ညွှန်ပြ ရှင်းလင်းထားပါတယ်... အရမ်းလွယ်ကူပါတယ်...
နည်းလမ်းကတော့
   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ

ပီမိုးနင်းရေးတဲ့ မိန်းမစိတ်ကျမ်း ကာမသိဒ္ဒိကျမ်းလိုပဲ အသုံးတည့်မယ့်ဆော့ဝဲကောင်း



ဒီဆော့ဝဲလေးကတော့ 18 နှစ်အထက် အပျို  လူပျို  အိမ်ထောင်ရှင်တွေအတွက်

ငယ်ငယ်က ပီမိုးနင်း စာအုပ်တွေဖတ်ဖူးရင် ဒါက ဆောင်သင့်တဲ့ဆော့ဝဲလေးပါ

သိထားသင့်တဲ့ ဗဟုသုတ လင်နဲ့ မယားကြား နားလည်ထားရမယ် ပညာမလို့ 

တင်ပေးလိုက်တယ် ။ ယူချင်တဲ့သူ အောက်ကလင့်မှာ ယူလိုက်-

Window Firewall ကို restore ပြန်လုပ် ထားမယ်

ခေါင်းစဉ် ကို ကြည့် ပြီးတော့ လဲ အထင် မကြီး ပါ နဲ့ ဗျာ ... တကယ်တော့ လွယ်လွယ်လေး ပါ .... ဘာတွေ ကောင်း သွား မှာ မို့ လို့ လဲ ဆိုတော့ .... ကို မသိဘဲ စက် ထဲမှာ ရောက်နေတဲ့ ကီးလော့ ကာ လို မျိုး ကောင်တွေ ကို မောင်းထုတ် နိုင်ပါ တယ် ...... :D :D

ကဲ စလိုက် ရအောင် ဗျာ ..... အရင် ဆုံး ...... control panel ကို သွား လိုက်ပါ ဗျာ ....





 ကဲ Control Panel ထဲ ကို ရောက်ပြီ ဆိုရင် .....    System And Security ဆိုတဲ့ ထဲကို ဆက် ၀င် လိုက်ပါ ........

ဒီဆောင်းပါးလေးနဲ့ မေမေနဲ့တကွ အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။ (ဖတ်ပြီးလို့ကောင်းတယ်ထင်ရင်တော့ ရှယ်ပေးဖို့မမေ့ပါနဲ့)

Posted by drmyochit


ဂျပန်နိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့ နောက်တစ်နေ့မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်..။ ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ အိမ်ကိုရောက်တဲ့အခါမှာ.. အဆောက်အဦ အပုံပျက်များကြားထဲက သေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို တွေ့ရှိခဲ့ရပါတယ်..။ ဒါပေမယ့် သူမသေဆုံးနေတဲ့ပုံစံက ထူးခြားလို့နေပါတယ်..။ သူမဟာ မြေပေါ်ကိုဒူးထောက်ထားပြီး ၀တ်ပြုနေတဲ့ ပုံစံရှိပါတယ်..။ သူမရဲ့ ခန္ဓာကိုယ်ဟာ ရှေ့သို့ ညွှတ်ကိုင်းနေပြီး လက်နှစ်ဘက်ကတော့ ပစ္စည်းတစ်ခုကို ထောက်မထားပါတယ်..။

အခက်အခဲပေါင်းများစွာနဲ့.

HTML အခြေခံဥပမာများ

HTML အခြေခံဥပမာများ

ဥပမာပြထားတဲ့ Tag တွေက သိထားခဲ့တာတွေမပါဘူးဆိုရင်လည်း စိတ်မညစ်ပါနဲ့။ နောက်လာမယ့် အခန်းမှာ အဲဒါတွေ အကြောင်း ရှင်းပြ ထားပါတယ်။

HTML ခေါင်းစဉ်များ

HTML ခေါင်းစဉ်တွေကို <h1> ကနေ <h6> အထိ tag တွေနဲ့ သတ်မှတ်ကြပါတယ်။
ဥပမာ
<h1> ခေါင်းစဉ် ၁ ဖြစ်ပါတယ်။</h1>
<h2> ခေါင်းစဉ် ၂ ဖြစ်ပါတယ်။ </h2>
<h3> ခေါင်းစဉ် ၃ ဖြစ်ပါတယ်။ </h3>
<h4> ခေါင်းစဉ် ၄ ဖြစ်ပါတယ်။ </h4>
<h5> ခေါင်းစဉ် ၅ ဖြစ်ပါတယ်။ </h5>
<h6> ခေါင်းစဉ် ၆ ဖြစ်ပါတယ်။ </h6>

Command Prompt Basics (Ethical Hacking)

 
Hacking ပိုင်းလေ့လာလိုသူများအတွက် အဓိက CMD Basic 
 
များကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်... 
 
အားလုံးပဲ တနေ့ကို ၅ကြောင်းလောက်သာ မှတ်သွား၊ ၂၁ရက်ဆို အားလုံးကို အလွတ်ရပီ။ Hacking 
 
သမားများအတွက်သာမက Technician များအတွက်ပါ အကျိုးရှိပါတယ်။

1. Accessibility Controls - access.cpl
 
2. Accessibility Wizard - accwiz
 
3. Add Hardware Wizard - hdwwiz.cpl
 
4. Add/Remove Programs - appwiz.cpl
 
5. Administrative Tools - control admintools
 
6. Automatic Updates - wuaucpl.cpl
 
7. Bluetooth Transfer Wizard - fsquirt
 
8. Calculator - calc
 

သေမိန့် ကျပြီးသူ တစ်ဦးနှင့် တွေ့ဆုံခြင်း..( မြသန်းစံ)

Posted by drmyochit

တစ်လောကပင် သူနှင့် ကျွန်တော်ဆုံတွေ့ ခဲ့သေးသည်။ သည်တုန်းက သူသည် ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွ၊ သူ့ မှာ ညှိုးငယ်နေသည့် သဏ္ဍာန် အလျဉ်းမရှိ၊ သူ့ သူငယ်ချင်းတွေနှင့် ပြန်ဆုံသည့် အထိမ်းအမှတ် ယမကာဝိုင်းသို့  ကျွန်တော်တက်ခဲ့ရသေးသည်။ ကျွန်တော့်ရှေ့ ဖန်ခွက်ထဲမှ အချိုရည်တွေ ကို ကြည့်ကာ သူကပင် ရယ်ပွဲဖွဲ့ လိုက်သေးသည်။

"ဟား-ဟား၊ ငါ့သူငယ်ချင်းကြီး ပြောင်းလဲသွားတာကတော့ မယုံနိုင်လောက်အောင်ပါပဲ"

သူက အရက်ခွက်ကို မော့ချရင်းမှ ကျွန်တော့်ကို ပြောနေသည်။ ကျွန်တော့မှာ သူတို့ ကြားထဲတွင် သင်းကွဲငှက် တစ်ကောင်လို ဖြစ်နေသည်။ ကြာတော့ သူ အားနာလာပုံရသည်။ ကျွန်တော် တည်းခိုရာ နေရာအရောက် သူအသံတွေ လေးတွဲ့ နေလေပြီ။

"ငါတို့  ၀ိုင်းထဲမှာ မင်းတစ်ယောက်တည်း အချိုရည်သမားဖြစ်နေတော့ မင်းအနေရခက်နေမှာပဲ၊ ငါ့တော့ သူငယ်ချင်းတွေနဲ့ ဆက်ဆွဲလိုက်ဦးမယ်ကွာ၊ ကျောင်းပြီးကတည်းက မဆုံဖြစ်တော့တာ၊ အခုဆုံတုန်းလေး လုပ်လိုက်ဦးမယ်"

ကျွန်တော်က အလိုက်သင့်နေပေးသော်လည်း သူတို့ အနေဖြင့်

ဘယ်လိုဆုတောင်းကြမလဲ (ဗုဒ္ဓဘာသာဝင်နှင့် ဆုတောင်းခြင်း အလေ့အထ)



 By ရိုးရာလေး

ဆုတောင်းတယ်ဆိုတာ ဗုဒ္ဓဘာသာမှာလည်း တော်တော်လေး တွင်ကျယ်တဲ့ ဓလေ့ တစ်ခု ဖြစ်ပါတယ်။
သို့ပေမဲ့ ဆုတောင်းတဲ့အခါမှာ ဗုဒ္ဓဘာသာဝင်တို့ ဘယ်လိုစိတ်ထားရမယ်ဆိုတာ သေချာ မသိသူတွေများပါ တယ်။
လောဘနဲ့ဆုတောင်းခြင်းကတော့ တော်တော်တွင်ကျယ်ပါတယ်။ ယင်းလောဘနဲ့ဆုတောင်းခြင်းကြောင့်လည်း နတ်ကိုးကွယ်တဲ့ ယဉ်ကျေးမှု ဖြစ်တည်လာခြင်း ဖြစ်ပါတယ်။ ကြောက်စိတ်ကြောင့်ဆုတောင်းခြင်းလည်း ပါပါတယ်။
ဗုဒ္ဓဘာသာဝင်တို့ဆုတောင်းတယ်ဆိုတာ ကုသိုလ်အလုပ် ကောင်းကျိုးအလုပ်တွေလုပ် ရာမှာ အန္တရယ်အနှောင့်အယှက်ကင်းစေဖို့နဲ့ ပိုမိုကောင်းမွန်လာစေဖို့ ဖြစ်ပါတယ်။ အခြား ရည်ရွယ်ချက်လည်း ရှိပါသေးတယ်။ အသေးစိတ်ရှင်းလင်းပါ့မယ်။
ဥပမာ- ညတိုင်းသြကာသကန့်တော့ကျိုးရှိခိုးတဲ့အခါမှ ဤသို့ ကန်တော့ရသော အကျိုး အားကြောင့် အပါယ်လေးပါး နဲ့စပြီး----------------- နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား နဲ့ အဆုံးသတ်တဲ့ ဆုတောင်းကန်တော့ကျိုးလေးဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ နိဗ္ဗာန်မရောက်သေးသဖြင့် ကြိုးစားပွားများ

ပအိုဝ်းသမိုင်း -Pa oh

Ohn Mar Oo
ပအိုဝ်းသမိုင်း -Pa oh

ပအိုဝ်းတိုင်းရင်းသားတို့သည် သထုံပြည်မှနေ၍ ထွက်ခွါလာရာတွင် တောင်အရပ်မှ မြောက်အရပ်သို့ထွက်ခွာလာခြင်းဖြစ်၍အခြားတိုင်းရင်းသားများ
ပအိုဝ်းတိုင်းရင်းသားတို့ကိုတောင်သူ ပအိုဝ်းဘာသာစကားဖြင့်တောင်စုအသံထွက်၏အဓိပ္ပါယ်မှာ ရိုးသားခြင်းလူရိုးလူဖြောင့် ရိုးသားဖြောင့်မှန်သူဟူ၍ဖြစ်သည်။ယင်းကိုမြန်မာကတောင်သူ ဟု သ နှင့် အသံထွက်လိုက်သောကြောင့် တောင်သူ၊ယာခုတ်၊တောသား၊တောင်သူဆို
သည့်အဓိပ္ပါယ်မျိုးဖြစ်လာသည်။ပအိုဝ်းဘာသာနှင့် ပပေးယို တောင်စူမှတောင်စူ ဟုပြောလိုက်သောအခါဒီကလေးရိုးမှရိုး ဟူသောအဓိပ္ပါယ်မျိုးဖြင့် ရှေးမြန်မာများက ပအိုဝ်းတိုင်းရင်းသားတို့ကို တောင်စူ (လူရိုး) ရိုးသားဖြောင့်မတ်သူဟုဆိုလိုသော်လည်း သ သံကြောင့်အဓိပ္ပါယ်တစ်မျိုးဖြစ်သွားလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ကိုယ်ကို ပအိုဝ်းဟုခေါ်ဝေါ်ကြခြင်းမှာ ယခုမှသာမဟုတ်ဘဲ လူမျိုးပေါ်ပေါက်လာစကတည်းကခေါ်ဆိုခဲ့ကြဟန်တူပေသည်။ပအိုဝ်းဘာသာဖြင့်ရေးသားထားသော
သုဝဏ္ဏပကာသနီကျမ်းတွင် ပအိုဝ်းကို ပအူ၊ပအို၊တောင်သူ ဟူ၍ဖော်ပြထားလေသည်။
ဦးဘသန်း မြန်မာရာဇ၀င် (စာမျက်နှာ ၂၃) တွင် ဆာဂျွန်ဂျာဒင်း၏ အလိုအရ မွန်လူမျိုးတို့မြို့ပြတည်ထောင်ရန်အတွက်ရှိနှင့်ပြီးသားတောင်သူလူမျိုးတို့ကိုနှင်ထုတ်ရသည်။ သထုံမြို့ကားယခုအခါတောင်သူလူမျိုးတို့၏အချက်အချာဖြစ်သည်။ သထုံရွှေစာရံဘုရားကြီးသမိုင်းတွင် သထုံ၌ တောင်သူပအူလူမျိုးများ စိုးစံကြောင်းနှင့်ဆိုသည် ဟုရေးသားဖော်ပြထားသည်။
မွန်ရာဇ၀င်နှင့်စေတီတော်သမိုင်း ပေါင်းချုပ်တွင်လည်းသထုံတွင်ခြင်း၏

စိတ်ညစ်ရင် ဘာလုပ်မလဲ

စိတ်ညစ်လာရင် ခါးကို ဖြောင့်ဖြောင့်ထား ...
မျက်လုံးလေးမှိတ် ...လက်အုပ်ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ
တစ်ဆက်တည်းပဲ -
“မြတ်စွာဘုရား၊ ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံးတော်မူ ပါဘုရား”လို့ ပင့်လိုက်ပါ ...

ကိုယ်က အမျိုးသမီး ဖြစ်နေလို့ ပင့်ရမှာ အားနာနေရင်လည်း ဦးခေါင်းထက် ကို ပင့်လိုက်ပါ ...

စိတ်ထဲမှာလည်း မြတ်စွာဘုရား ကိုယ့်ခန္ဓာကိုယ်ထဲ၊ ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားပါ ...

မြတ်စွာဘုရား ကတော့ ပရိနိဗ္ဗာန် စံပြီးပြီဆိုတော့ တကယ်တော့ဘယ်ကြွလာ မှာ လဲ ?

စိတ်ဓာတ် အင်အားကို ယူတာပါ ... စိတ်ထဲမှာ မြတ်စွာဘုရားတကယ်ကြွလာ တယ်လို့ နှလုံးသွင်း ထားရမှာပါ ...

အားလုံးပြီးရင် လက်အုပ်ချီ ထားတာလေးချပြီး အရဟံ ဂုဏ်တော်ကို ငါးမိနစ် ... မေတ္တာကို ငါးမိနစ် ... ၀ိပဿနာကို ငါးမိနစ် ပွားနေလိုက်ပါ ...

ဒါဆိုရင် စိတ်ချမ်းသာ လာပါလိမ့်မယ် .....မယုံရင်စမ်းကြည့်ပါ .....

စာရေးသူလည်း စိတ်ညစ်လာရင် ဒီနည်းအတိုင်းပဲ လုပ်တာပါ ...

ဒါဆို စိတ်ညစ်တာ ပျောက်သွားတာ များပါတယ် ... ကိလေသာ မကင်း သရွေ့တော့ စိတ်တွေက အခါအားလျှော်စွာ ညစ်နေရဦးမှာပါ ...

စိတ်ညစ်တာကို ညစ်တဲ့ အတိုင်းမထားဘဲ ကိုယ်နှစ်သက်တဲ့ နည်းတစ်ခုခုနဲ့ ပယ်ပစ်လိုက်နိုင်ဖို့ပါ ...

ဒီနည်းလေးကို ကိုယ်က အထုံအကျင့်လေးတစ်ခုလုပ်ထား လိုက်ဖို့ပါ ...

"ဂုဏ်တော် မေတ္တာလေး ပွားလိုက်စိတ်ညစ်လာတာနဲ့ ဂုဏ်တော် မေတ္တာလေး ပွားလိုက်”နဲ့ကျင့်ပါများသွားရင် အထုံ ဖြစ်သွားပါလိမ့်မယ် ...

အထုံဖြစ်သွားရင် စွဲသွားတာများပါတယ် ...ကောင်းတဲ့ အထုံလေးတွေဆို စွဲနေအောင် လုပ်ထားရပါတယ် ...

အဲဒီလိုမှ မဟုတ်ဘဲ စိတ်ညစ်လာရင် ထွက်ပေါက် အနေနဲ့ အကုသိုလ် မကင်း တဲ့ တခြားတစ်ခုခုကို သွားလုပ်မယ် ဆိုရင်တော့ ကိုယ်ပြုတဲ့ အပြုအမူက စွဲ သွား တတ်ပါတယ်...

မကောင်းတာ စွဲသွားရင် ဖြတ်ရတာ ခက်ပါတယ် ... စိတ်ညစ်တာကို အကြောင်းပြုပြီး အကုသိုလ် မကင်းတဲ့ အပြုအမူတွေ စွဲသွားတဲ့ သူတွေ အများကြီးပါ ...တွေ့ဖူး မြင်ဖူးကြမှာပါ .....

တချို့ကျတော့ စိတ်ညစ်လာရင် တစ်ယောက်ယောက်ဆီကိုဖုန်း ဆက် ပြောေ လ့ ရှိပါတယ် ...
ကိုယ်ဖုန်းဆက် ပြောတဲ့သူက ကောင်းမြတ်တဲ့ အကြံပေး ရင် တော်ပါရဲ့ .....
“ဘယ်လို ကဲလိုက်ပါလား၊ ဘယ်လိုလုပ်လိုက် ပါလား”

စသည်ဖြင့် အကုသိုလ် မကင်းတဲ့အကြံတွေပေးလိုက်ရင် ကိုယ့်အတွက် အများကြီး နစ်နာ သွားနိုင်ပါတယ် ...

ကဲထားပါတော့ ............

တစ်ယောက်ယောက်ဆီ ဖုန်းဆက်အကြံဉာဏ်တောင်းလို့ ကိုယ်အကြံတောင်း တဲ့ သူက
“လာခဲ့၊ ဘယ်ဆိုင်မှာ ဘယ်ကလပ်မှာ သွားကဲရအောင်၊ လုံးဝ လန်းသွားစေ ရမယ်”ဆိုပြီး လှမ်းခေါ်ပါပြီတဲ့ .....

ခေါ်တဲ့အတိုင်း နေရာတစ်ခုခု မှာ ကဲပါပြီတဲ့ ...ကဲနေတုန်းမှာ လန်းတယ် လို့ ထင်ရပေမယ့် ကဲပြီးတော့လည်း ညစ်လက်စ စိတ်က ပြန်ညစ်ရဦးမှာ ပါ ...

နောက်ဆုံး ကိုယ့်မှာ အကုသိုလ် အပိုဖြစ်ရတာပဲ အဖတ်တင်တာပါ ... စိတ် ညစ်တဲ့အခါ ထွက်ပေါက် မျိုးစုံတော့ ရှိနေကြမှာပါ ...

အဲဒီအထဲကမှာ ကောင်းတဲ့ ထွက်ပေါက် လည်းဖြစ်၊ ကိုယ်နဲ့ သပ္ပါယသင့်တဲ့ ထွက်ပေါက်လည်း ဖြစ်တဲ့ ထွက်ပေါက် တစ်ခုကို အလေ့အကျင့် လုပ်ထား လိုက်ဖို့ပါ ...

စိတ်ညစ်ရင် အခြား တစ်ဖက်မှာ ဆိုးကျိုးတွေ ရှိနေတဲ့အတွက် ကောင်းတဲ့ ထွက်ပေါက် လေးတွေကို အထုံတစ်ခု အနေနဲ့ စွဲနေအောင် လေ့ကျင့် ထားနိုင်ရပါမယ် ...

တကယ်တော့လည်း တရား သဘောအရ -
ဘယ်အရာမှ မမြဲပါဘူး ...စိတ်ညစ်တာလည်း အမြဲတည်မနေနိုင် ပါဘူးးး ကာလတစ်ခုပါပဲ ...

ကိုယ်က မမြဲတဲ့ သဘော တရားလေးကို သေချာ သဘောပေါက်ပြီး စိတ်ညစ် တာကို အကြောင်း ပြုပြီး ထွက်ပေါက် အနေနဲ့ အကုသိုလ် မပြုလိုက်မိဖို့ပါ ...

စိတ်ညစ်နေတဲ့ ကာလတိုလေးမှာ ကုသိုလ်တွေကို လုပ်ချင် သည် ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ ပေတေလုပ် နေလိုက်ပါ ...

ဘုရား ပန်းအိုးလဲတာ ဘုရား သောက်တော် ရေလဲတာ ကိုယ်ကြိုက် တဲ့ အစားအစာလေး တွေကို မြတ်စွာဘုရားကို ကပ်တာ စသည်ဖြင့် လုပ်လို့ လည်း ရပါသေးတယ် ...

စိတ်ညစ်တာကို အမှီပြုပြီး ကုသိုလ် အမြတ်ထွက်အောင်လုပ်ပစ် ရမှာပါ ...

ကာလ တစ်ခုကြာလို့ စိတ်ညစ်တာလည်း ပျောက်သွားရော၊ ကိုယ့်ရင်ထဲကို ပြန်ကြည့်လိုက်တဲ့အခါ ကုသိုလ်တွေ တစ်လှေ ကြီး ဖြစ်နေတော့တာပါ ...

ဒီ ကုသိုလ်တွေဟာ နောက်ဘ၀အထိ အထုံဓာတ် တွေအနေနဲ့  ပါသွားတော့ မှာပါ ...

အထုံဝါသနာဆိုတာနောက်ဘ၀အထိလိုက်တတ်တာဆိုတော့ နောက်ဘ၀မှာလည်း ကုသိုလ် ပါရမီတွေ ပြုဖြစ်နေဦးမှာပါ ...

ဒါဆိုရင် နိဗ္ဗာန်နဲ့လည်း တဖြည်းဖြည်း နီးသွားတော့မှာပါ ...
အဓိကကတော့ ဘယ်လို အာရုံပဲ ကြုံလာကြုံလာ၊ ကြုံလာတဲ့ အာရုံကို အကြောင်းပြုပြီး ကုသိုလ် ဖြစ်သွား ဖို့ပါ ...

ဒါကို ကိုယ်က အလေ့အကျင့် ဖြစ်အောင် လေ့ကျင့် ထားဖို့ပါ။ လေ့ကျင့်ထားရင်စွဲသွားတတ်ပါ

စိတ်ညစ်လာရင် ခါးကို ဖြောင့်ဖြောင့်ထား ... မျက်လုံးလေးမှိတ် ...လက်အုပ်ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ တစ်ဆက်တည်းပဲ - “မြတ်စွာဘုရား၊ ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံးတော်မူ ပါဘုရား”လို့ ပင့်လိုက်ပါ ... ကိုယ်က အမျိုးသမီး ဖြစ်နေလို့ ပင့်ရမှာ အားနာနေရင်လည်း ဦးခေါင်းထက် ကို ပင့်လိုက်ပါ ... စိတ်ထဲမှာလည်း မြတ်စွာဘုရား ကိုယ့်ခန္ဓာကိုယ်ထဲ၊ ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားပါ ... မြတ်စွာဘုရား ကတော့ ပရိနိဗ္ဗာန် စံပြီးပြီဆိုတော့ တကယ်တော့ဘယ်ကြွလာ မှာ လဲ ? စိတ်ဓာတ် အင်အားကို ယူတာပါ ... စိတ်ထဲမှာ မြတ်စွာဘုရားတကယ်ကြွလာ တယ်လို့ နှလုံးသွင်း ထားရမှာပါ ... အားလုံးပြီးရင် လက်အုပ်ချီ ထားတာလေးချပြီး အရဟံ ဂုဏ်တော်ကို ငါးမိနစ် ... မေတ္တာကို ငါးမိနစ် ... ၀ိပဿနာကို ငါးမိနစ် ပွားနေလိုက်ပါ ... ဒါဆိုရင် စိတ်ချမ်းသာ လာပါလိမ့်မယ် .....မယုံရင်စမ်းကြည့်ပါ ..... စာရေးသူလည်း စိတ်ညစ်လာရင် ဒီနည်းအတိုင်းပဲ လုပ်တာပါ ... ဒါဆို စိတ်ညစ်တာ ပျောက်သွားတာ များပါတယ် ... ကိလေသာ မကင်း သရွေ့တော့ စိတ်တွေက အခါအားလျှော်စွာ ညစ်နေရဦးမှာပါ ... စိတ်ညစ်တာကို ညစ်တဲ့ အတိုင်းမထားဘဲ ကိုယ်နှစ်သက်တဲ့ နည်းတစ်ခုခုနဲ့ ပယ်ပစ်လိုက်နိုင်ဖို့ပါ ... ဒီနည်းလေးကို ကိုယ်က အထုံအကျင့်လေးတစ်ခုလုပ်ထား လိုက်ဖို့ပါ ... "ဂုဏ်တော် မေတ္တာလေး ပွားလိုက်စိတ်ညစ်လာတာနဲ့ ဂုဏ်တော် မေတ္တာလေး ပွားလိုက်”နဲ့ကျင့်ပါများသွားရင

Windows 8 ၏ အသုံးဝင် Shortcuts များ (မြန်မာလို Ebook)

YGNBlogger 


ဒီတစ်ခါတော့ 2013 အတွက် Windows 8 အသစ် မှာ အရမ်း လန်းတဲ့ Shortcuts ပေါင်း ၅၀ကျော်ကို ဝေမျှထားပါတယ်။ အခြား Windows တွေနဲ့မတူတဲ့ တစ်မူထူးပြီး ပေါင်းချုပ် ထည့်ပေးထားပါတယ်။ ပိုပြီး သိချင်ရင်တော့ အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲလိုက်ပါ။ အဆင်ပြေပါစေ။

Button Style လှလှလေးတွေ လာပြီနော် ( Blogger Only )

 
မင်္ဂလာပါ  ဘလော့ခရီးသည် ပရိတ်သတ်ကြီးးရေ...ခုတင်တဲ့နည်းလမ်းလေးကတော့  မိမိတို့ဘလော့ပေးမှာ   Button  လန်းလန်းလေးတွေ သုံးခြင်သေူတွအတွက် နည်းလမ်းကောင်းလေးပါ..
ဒါလေးကတော့ ၄ မျိုးတင်ပေးထားပါတယ်...  အကြီး...အလတ်...အသေး..သေးဝိုင်း...ဆိုတဲ့
ဆိုဒ်အရွယ်အစား  တွေကို ခွဲခြားတယ်ပြပေးလိုက်ပါတယ်နော်... လိုအပ်သူများသုံးဆွဲ နိုင်ပါတယ်..
ကဲ အောက်မှာ နည်းလမ်းနဲ့အတူ.... လိုအပ်သောကုဒ်တွေကို လေ့လာ လိုက်ပါ
 ►1-  Blogger Singin ၀င်လိုက်ပါ။
►2-  Dashboard  ကိုသွားလိုက်ပါ။
►3-  Template    ကိုကလစ်ပါ..။
►4-  Edit  Html   ကိုဝင်ပါ..
►5- Ctrl+F  (သို့မဟုတ်) F3  အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။
]]></b:skin>   သည်ကုဒ်ကိုရှာလိုက်ပါ..
 တွေ့ပြီဆိုတာနဲ့ သူ့အပေါ်ကကပ်ပြီး  အောက်ကပေးထားတဲ့ကုဒ်တွေကိုထည့်လိုက်ပါ။

မြန်မာ့ဆေးဖက်ဝင် ခွေးလှေးယားပင်



Item Name ---- Cowhage or Cowitch Plant (ခွေးလှေးယားပင်)
Category : Raw Material
Botany Term : Mucuna prurita Hook
Species Family : Papiionaceae

မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။

အပင်

တစ်နှစ်ခံနွယ်ပင်မျိုးဖြစ်၍ သေးသွယ်သော အကိုင်းအခက်များတွင် အမွေးများ ရှိသည်။ အပင်ကြီးရင့်လာသောအခါ ပြောင်ချော၏ ။

အရွက်

ရွက်လွှဲထွက်သည်။ သုံးရွက်မြွှာပေါင်းဖြစ်၍ အောက်နှစ်ရွက်သည် လိပ်ပြာတောင်ပုံသဏ္ဍာန်ရှိပြီး ရွက်ရင်း ရွဲ့စောင်းနေသည်။ ထိပ်ရွက်မြွှာသည် ဘေးရွက်မြွှာ နှစ်ခုထက်သေးငယ်ပြီး ရွက်ထိပ်ရွက်ရက်းသွယ်၍ အလယ်ပိုင်း ကျယ်သည်။ အရွက်ထက်အောက် မျက်နှာပြင်နှင့်ရွက်ညှာတွင် အမွေးများရှိသည်။ ရွက်မြွှာများ၏ ရွက်ညှာရင်းတွင် ရွက်စွယ်၂ ခုရှိ၏။

အပွင့်

ပဲပုစွန်ပွင့်နှင့်တူ၏ ။ ပွင့်ညှာတို၍ ပန်းခိုင်အောက်ဘက်သို့ ငိုက်ကျနေသည်။ အပွင့် ခရမ်းရောင်ဖြစ်သည်။ ပွင့်ချပ် အညိုရောင်ပေါ်တွင် အနက်စက်ကလေးများ ရှိ၍ မီးခိုးရောင် အမွေးကလေးများ ရှိ၏။

အသီး

ညိုဝါရောင်ရှိ၏ ။ အသီးတောင့်မှာ ၂ လက်မ ၃ လက်မ ရှည်၍ ထိပ်ဘက်တွင် ကောက်နေ၏ ။ အစေ့အိမ်ဘေးတွင် ယားယံစေသော အမွေးများ ရှိသည်။ အစေ့ ၅-၆စေ့ ခန့်ပါသည်။ တပို့တွဲလ တပေါင်းလတွင်သီးသည်။

အစေ့

ဘဲဥပုံဖြစ်သည်။ ပြားချပ်နေသည်။ အညိုရောင်တွင် အနက်စက်များ ပါရှိ၏ ။

► အသုံးဝင်ပုံ

Google ရဲ့ ပျော်စရာ ကစားနည်း (11) ခု



 Google.com ရဲ့ မူလ Home Page မှာ ပျော်စရာလေးတွေထည့်ပေးထားတာ တွေ့ရပါတယ်.။ ဒီပို့စ်မှာ အဲဒီ Tricks လေး (၁၁) ခု ကျနော်ရေးပြချင်ပါတယ်.။ မိတ်ဆွေများလဲ ကျနော်နဲ့အတူတူ လိုက်လုပ်ကြည့်ကြည့်ပါ.။ (Google.com မှာပဲရမှာပါ.. Google.com.mm လို Local Domain မှာ မရနိုင်ပါဘူး)
(1) Do a Barrel Roll
www.google.com ကို သွားပြီး Search Bar ပေါ်မှာ Do a လို့ ရိုက်ကြည့်ပါ.။ ဒါမှမဟုတ်ရင် Do a Barrel Roll လို့ ရိုက်ပြီး I’m Feeling Lucky ခလုတ်ကို နှိပ်ကြည့်ပါ.။

(2) Zerg Rush
www.google.com ကိုသွားပြီး Zerg Rush လို့ရိုက်ပြီး ရှာကြည့်ပါ.။

(3) elgooG
 http://elgoog.im/ ကိုသွားပါ.။ သင်ရှာသမျှအားလုံး မှန်ထဲက ပုံရိပ်တွေနဲ့ မြင်ရမှာပါ.။

(4)Google Sphere
Google.com ကိုသွားပါ.။ Search Bar မှာ Google Sphere လို့ ရိုက်ပြီး I’m Feeling Lucky (သို့) ပထမဆုံး Search Result ကို

အညာဒေသ ပျော်စရာလေး အရောက်လာလို့ပေး.........



မကွေးတံတားဖြတ်ကာလာ မင်းဘူးမြေသို့ရောက်အောင်သာ
ရှင်ပင်စက္ကိန်းတဲစေတီလေး ဖူးမြှော်မ၀နိုင်သေး
 
ဘုရားပေါ်ကကြည့်မယ်နော် ဧရာဝတီမြစ်အလှအလွန်ထင်ပေါ်
တစ်ဖက်ကမ်းကိုမြင်နိုင်သေး မြသလွန်စေတီလေး

ဘာကြောင့် ခင်ဗျား Blog ကို လူကြိုက်နည်းတာလဲ

  Sa U Thu


ဘာကြောင့် ခင်ဗျား Blog ကို လူကြိုက်နည်းတာလဲ
သူရ (ရေစကြို)


၁၉၉၇ ခုနှစ်က ရိုဘော့ဝစ်စဒမ့်ကွမ် ၀က်ဘ်ဆိုက်မှာ စတွေ့ရတဲ့ ဝေါဟာရတစ်ခုလို့ အဆိုရှိခဲ့တဲ့ Blog 
ဆိုတဲ့ အသုံးအနှုန်းဟာ ဒီနေ့ မသိ့တဲ့သူ မရှိသလောက်ပဲ။ သူ့ကို စတင်အသုံးပြုခဲ့တဲ့ နာမည်က weblog 
ပါ။ ဒါပေမဲ့ နောက်ပိုင်းတော့ အတိုချုံးခေါ်ရာကနေ blog လို့ပဲ လူသိ့များလာခဲ့တယ် ဆိုပါတော့။ အဲဒီလိုနဲ့ 
blog ကိုရေးသားတဲ့ Blogger တွေဆိုတာ ဒီနေ့ခေတ်မှာ မရေမတွက်နိုင်အောင် များပြားလွန်းလှပါတယ်။ 
မိုးပေါ်မှာ စာရေးတဲ့ blogger တွေ များလာလေ အောင်မြင်တဲ့ Blogger ကောင်းတစ်ယောက်ဖြစ်ဖို့ 
မလွယ်ကူလေပေါ့။ ဒီနေရာမှာ အောင်မြင်တဲ့ Blogger ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုလို့ စာဖတ်သူ 
အမြင်မမှားစေချင်ပါ။ အွန်လိုင်းမှာ ပိုက်ဆံရှာနေတဲ့ Blogger တွေရှိသလို စေတနာ မေတ္တာ အပြည့်နဲ့ 
တက်သလောက် သိ့သလောက် ပြန်လည်မျှဝေပေးနေတဲ့ blogger တွေလဲ ရှိပါတယ်။ 
ကျွန်တော်ဆိုလိုတဲ့ အောင်မြင်တဲ့ blogger ဆိုတာ ငွေကြေးဥစ္စာပစ္စည်းရရှိမှု ကို 
ရည်ရွယ်ပြောဆိုခြင်းမဟုတ်ပါ။ ပရိတ်သက် လက်ခံအားပေးမှုကို ဆိုလိုပါတယ်။ အများအားဖြင့်တော့ 
မိုးပေါ်မှာ စာရေးတဲ့ blogger တစ်ယောက်အနေနဲ့ ပီတိကို စားရပါတယ်။ စာဖတ်သူတွေ 
လာရောက်လည်ပတ်ကြည့်ရှု့သူတွေရဲ့ စေတနာ မေတ္တာစကား ၊ အားပေးစကားတွေနဲ့ ပီတိ ဖြစ်ရပါတယ်။
ဒီနေ့ ငါ့ဆိုဒ်ကလေး လူဘယ်နှစ်ယောက် ၀င်တယ်။ ဘယ်နှစ်ယောက် Commands ပေးသွားတယ်” ။ 
“ငါ့ Facebook Page လေးကို ဘယ်နှစ်ယောက် Like ပေးသွားတယ်”။ စသည်ဖြင့် အွန်လိုင်းပေါ်က 
ဘယ်သူဘယ်ဝါမှန်းမသိ့တဲ့လူတွေ ၊ ဘယ်ကလာပြီးဘယ်လို စိတ်နဲ့ ကြည့်သွားမှန်း မသိ့တဲ့ သူတွေရဲ့ 
အားပေးထောက်ခံမှုကို အရသာ ခံရပါတယ်။ တစ်ချို့ကျပြန်တော့လဲ ရယူလိုစိတ် 
တစ်ခုကို ရှေ့တန်းတင်ပြီး ရေးကြပါတယ်။ Site မှာ လည်ပတ်တဲ့လူများဖို့၊ နာမည်ကြီးဖို့ စသည်ဖြင့် 
ရည်ရွယ်ပြီး ရေးသားကြတာကိုလည်း တွေ့ရပါတယ်။ ဒီခေတ်ကြီးထဲမှာ ကိုယ်ပိုင် website တစ်ခု ၊ blog 
တစ်ခုမှ မရှိရင် နည်းပညာသမားဖြစ်ရတာ လူရာမ၀င်သလိုတောင် ခံစားလာရတယ်။ ဒါပေမဲ့ blog 
တစ်ခုထောင်ပြီး စာရေးမယ်ဆိုပြန်တော့လဲ ကိုယ့် blog လေးကို အတိုင်းအတာ 
တစ်ခုထိတော့ ကျေနပ်နှစ်သက်အားပေးမှုကို ခံချင်ကြတဲ့ လူမျိုးတွေကြီးပါပဲ။ ကျွန်တော် ပေးထားတဲ့ 
နာမည်က “ ဘာကြောင့် ခင်ဗျား blog ကို လူကြိုက်နည်းတာလဲ” တဲ့ ။ ခေါင်းစဉ်ကိုက ကိုးလို့ကန့်လန့် 
။ ရေးထားတဲ့ အချက်တွေနဲ့ ခင်ဗျား blog နဲ့ တိုက်ဆိုင်မှုရော ရှိရဲ့လား ဖတ်ကြည့်လိုက်ပါဦး ။

ဟင်းချက်တာ ၀ါသနာပါသူအတွက် တိုင်းရင်းသား ရိုးရာအစားအစာ ချက်နည်းဆော့ဝဲ



ဒီဆော့ဝဲလေးကတော့ တိုင်းရင်းသား ရိုးရာ အစားအစာကဘာတွေလဲဆိုတာ

ဗဟုသုတ သိနိုင်မယ်။ ဥပမာ- ရှမ်းအစားအစာ ရှမ်းခေါက်ဆွဲဆို ပြုလုပ်နည်း

အထဲမှာ ရေးထားတယ် အဲ့တော့ ဒီဆော့ဝဲရှိရင် တိုင်းရင်းသားတွေရဲ့ ရိုးရာ

အစားစာတွေ ချက်တတ်မယ် ဗဟုသုတရချင်ရင် အောက်ကလင့်မှာယူလိုက်

6Paနာက်ဆက်တွဲစီမံချက်အတွက် မြန်မာသံရုံး၏ကြော်ငြာချက်အပြည့်အစုံ (အထူး )


6Paနာက်ဆက်တွဲစီမံချက်အတွက် မြန်မာသံရုံး၏ကြော်ငြာချက်အပြည့်အစုံ (အထူး )
**********************************************************


မလေးရှားရောက် မြန်မာနိုင်ငံသားများအတွက် ယနေ့မြန်မာသံရုံးမှကြော်ငြာချက်တစ်စောင်ထုတ်ဝေခဲ့သည် ။

ကျွန်တော်တို့မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာမှ တင်ဆက်ခဲ့သည့်အတိုင်း ယခု ပါမစ်ပြုလုပ်ဆောင်ရွက်ပေးမည့် 6P နောက်ဆက်တွဲ Amnesty စီမံချက်သည် ယခင် 6P တွင် ပါမစ်မရရှိသေးသော သူများအတွက် သာဖြစ်ကြောင်း ထည့်သွင်းကြော်ငြာထားသည်။ ကြော်ငြာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည် ။

ကြော်ငြာချက်
_________

မလေးရှားနိုင်ငံတွင် ပြည်ပနိုင်ငံများမှ လာရောက်လုပ်ကိုင်လျှက်ရှိကြသည့် တရားမဝင်ရွေ့ပြောင်းအလုပ်သမားများ နှင့်ပတ်သက်၍

windows (7 & 8) နှစ်ခုလုံးမှာဖြစ်တတ်တဲ့  no disk in drive error message ဖြေရှင်းနည်း

 sai thu 
computer မှာ windows (7 &amp;   8) နှစ်ခုလုံးမှာဖြစ်တတ်တဲ့   no disk in drive error messageလေးပါ။
ဒီကောင်လေးကိုမနေ့ က မှ ညီလေးတစ်ယောက်မေးတာကိုပြန်ဖြေပေးရင်း နောက်လူတွေ လေ့ လာလို့ ရအောင် မှတ်တမ်းလေးလုပ်ထားလိုက်တာပါ။ဒီကောင်လေးဖြစ်ပြီဆိုရင် မိမိတို့ ကွန်ပျူတာမှာ ခဏခဏပေါ်လာပြီး တစ်ချက်ထည်းနှိပ်လို့ လည်းမရပဲ (ဆယ်ချက်လောက်နိပ်မှ) ပျောက်တတ်ပါတယ်။ကွန်ပျူတာရှိသူတိုင်းကြုံလာရင် ဖြေရှင်းနိုင် အောင်
 ပြန်လည်မျှ
ဝေပေးလိုက်ပါတယ်ခင်ဗျာ။ဖြေရှင်းနည်းလေး
ကတော့ လွယ်ပါတယ်အောက်မှာ လိုက်လုပ်ကြည့် ပေးပါ။
အဆင့် ( ၁ ) 
-------------------------------------
win + R ကိုနိပ်ပြီး run box ကိုခေါ်လိုက်ပါ။ပြီးရင် regedit လို့ ရိုက်ထည့် ပေးလိုက်ပါ။
အဆင့် ( ၂ ) 

ကျွန်တော်တို့အမြဲချစ်တဲ့ ` အမေ ´




နေဆယ်စင်းထက် လင်းခဲ့တယ်

ခေတ်သစ် ရေစီးကြောင်းမှာ

`သူမ´ ဟာ ဇာမဏီ ငှက်

တရှိန်ထိုး . . . တရှိန်ထိုး . . . . .

ဟိုး အစွန်းဆုံးထိ ပျံသန်း

ဘယ်တော့မှ မရပ်တန့်မဲ့

စိတ်ဓါတ်စွမ်းအင်တွေ သယ်ပိုးလို့ . . .


တည်ကြည်ခံ့ညားခြင်းနဲ့

လေးမြတ်မွန်ရည်ခြင်းကို

သူမ ကိုယ်ပေါ် လွှမ်းခြုံရစ်သိုင်းလို့

လေပြည်ကလေးတွေ တိုက်ခတ်

သူမ ရဲ့ရင့်ကျက်ခြင်းတွေ

ပေါ်လွင်သွားစေယုံကလေး . . .

“တို့ ... အဖေ”


မြန်မာဆန်ပါသည့် ပိုးကတ္တီပါ
လုံချည်မှာ ချည်ချောရယ်နဲ့
အပေါ်မှာ တိုက်ပုံဝတ်ပါလို့
ယဉ်ကျေးမှု ရိုးယဉ်သူ .....။
အထင်အမြင်ကလည်း မသေးပေဘု
မြန်တစ်ခွင် သာယာလှစေဖို့
မြန်စေချင် စိတ်ဓါတ်များရယ်ကြောင့်
နေ့ညမအား ထမ်းရွက်ကာဖြင့်
ကမ်းလက်များကိုလည်း လှမ်းကြိုဆို။
ပြည်သူ့အသံ တစ်ကယ်နားထောင်
ကြားယောင်ရင်ဖြင့် သူမနှေး
လက်တွေ့ များဖြင့် ချေပသူ ........ ။
ဟိုလူကအော် ဒီလူကဆော်
အော်သဲမစဲ ဆော်သံကွဲလည်း
အပြုံးလေးတစ်ခုဖြင့် အေးမြသူ ....။
အို ... သိပ်မဝေးတော့ပါဘူး
တိုးတက်ချင် ခဏတော့စောင့်ပါဘိ
သိပ်မကြာခင် ... သြ .. စရာ အံ့ကုန်မခန်းပေမို့
ရွက်ကုန်စွာဖွင့်လို့ အားရယ်နဲ့
ရှေ့ ဆက်ကာ ခရီးမှာလ

ဗီဒီယိုကင်မရာဖြင့် ခိုးရိုက်ခံရပြီး အွန်လိုင်းမှတစ်ဆင့် ပျံ့နှံ့နေခြင်းတို့ကြောင့် အမျိုးသမီးငယ်များ သွားလာနေထိုင်မှု ပိုမိုသတိပြုလာရ


ယခုဈေးကွက် အတွင်း၌ စားသောက်ကုန်ပစ္စည်းများ အသွင် ကာမစိတ်ကြွဆေးများ ရှိနေခြင်း၊ ညစ်ညမ်း ဗီဒီယိုခွေများ အလွယ်တကူ ၀ယ်ယူရရှိနိုင်ခြင်းနှင့် စုံတွဲများကို ဗီဒီယိုကင်မရာဖြင့် ခိုးယူရိုက်ကူးပြီး ညစ်ညမ်းခွေအဖြစ် ဖြန့်ချိခြင်းများ ရှိလာသောကြောင့် အမျိုးသမီးများ ပိုမို သတိထားလာရကြောင်း သိရသည်။

စားသောက်ကုန်ပစ္စည်း အသွင်သဏ္ဌာန်ဖြစ်သည့် ကာမစိတ်ကြွဆေးဟူ၍ သတင်း ထွက်ပေါ်နေသည့် ပစ္စည်း များမှာ ကော်ဖီမစ်၊ ပီကေ၊ သကြားလုံးတို့ဖြစ်ပြီး ယခုနောက်ပိုင်းတွင် မိန်းကလေး အချို့သည် ယောက်ျားလေး မိတ်ဆွေများက ကျွေးသည့် ပီကေ၊ သကြားလုံး၊ ကော်ဖီမစ်များအား မစားသုံးမိရန် ပိုမို သတိထားလာရကြောင်း မိန်းကလေးများထံမှ သိရသည်။

“ဒီပစ္စည်းတွေက အပြင်မှာ တကယ်ရှိ မရှိတော့မသိဘူး။ သတင်းတွေက ထွက်နေတော့ အခုနောက်ပိုင်း  ပိုပြီးသတိထား လာရတယ်။ ယောက်ျားလေး မိတ်ဆွေတွေ ကျွေးရင် အားနာနာနဲ့ပဲ ငြင်းပြီးမစားတော့ဘူး။ မကောင်းတတ်ရင် ယူထားလိုက်တယ်။ ပြီးမှ လွှင့်ပစ်လိုက်တယ်”ဟု ဆယ်ကျော်သက် မိန်းကလေးတစ်ဦးက ဆိုပါသည်။

ဈေးကွက်အတွင်းရှိ ကာမစိတ်ကြွစေသည့် သကြားလုံး၊ ပီကေ၊ ကော်ဖီမစ်များအား အရည်အတွက်များများ စားသုံးမိပါက မူးဝေခြင်း၊ ရင်တုန်ခြင်း၊ ကတုန်ကရင်ဖြစ်ခြင်း၊ အမူးလွန်ခြင်းကြောင့် သတိလွတ်ခြင်း စသည့် ခံစားချက်များကို ခံစားရနိုင်ကြောင်းနှင့် အချို့လူငယ်များသည် တစ်ခုတလေ

မိတ်ကပ် လိမ်းမထားသော် လည်း ကြည့်ကောင်းစေမည့် နည်းလမ်းများ



မိတ်ကပ် လိမ်းမထားပေမယ့် မျက်နှာ အသားအရေ ကြည်လင်ပြီး ကြည့်ကောင်း နေတယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် အမြဲယုံကြည်မှု ရှိနေမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ လှပကြည့်ကောင်း စေဖို့ အောက်ပါ နည်းလမ်းများကို လိုက်နာ သင့်ပါတယ်။

ကိုယ်တွင်းမှ အားဖြည့်ပါ
အသားအရေ တင်းရင်းလှပစေဖို့ တစ်ညမှာ အိပ်ချိန် အနည်းဆုံး ရှစ်နာရှိသင့်ပါ။ ပြီးရင် ရေကို တစ်နေ့ ၅ - ၈ ဖန်ခွက်ခန့် သောက်ပါ။ ဒီနည်းလမ်း နှစ်ရပ်စလုံးဟာ မျက်ဝန်းတစ်ဝိုက် အ ရေးကြောင်း မထင်ဖို့နဲ့ မျက်ကွင်းမညိုဖို့ ကာကွယ်ပေးပါတယ်။

တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ
အသားအရေ ထိန်းသိမ်းတာဟာ မိတ်ကပ်မပါဘဲ ကြည့်ကောင်းစေမယ့် အဓိကသော့ချက် ဖြစ်ပါတယ်။ မျက်နှာ အသားအရေ လှပကြည့်ကောင်းစေဖို့ အ ခြေခံ အသားအရေ ထိန်းသိမ်းနည်းဖြစ် တဲ့ မျက်နှာကို မနက်တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီး တစ်ကြိမ် သန့်စင်တာ၊ နေ့လိမ်းခရင်မ်၊ ညလိမ်းခရင်မ်လိမ်းတာ၊ အိုင်းခရင်မ်လိမ်းတာ စတဲ့ နည်းတွေကို

windows 8 အသုံးပြုနည်း ( ebook ) မြန်မာလို

sai thu

windows 8 အသုံးပြုနည်း ( ebook ) မြန်မာလို  စာအုပ်လေးပါ။windows (0s ) ကိုလေ့ လာခြင်း။ windows တင်ခြင်း ။ windows 8 ကိုစတင်အသုံးပြုခြင်း။ windows 8 ကို အင်တာနက်နှင့် တွဲဖက်လေ့ လာခြင်း။ windows နှင့် လုံခြုံရေးဆိုင်ရာအသုံးပြုပုံများ အဆင့် မြင့် သင်ခန်းစာများကို လည်းပို့ ချထားပါတယ်။စာမျက်နှာပေါင်း ( ၁၅၀ ကျော်ကျော်ပါဝင်ပြီး ဖိုင်ဆိုဒ်ကတော့  ( 45 MB ) ပါခင်ဗျာ ။ မဖတ်ရသေးသောမိတ်ဆွေများနှင့်  ebook စုစောင်းတာဝါသနာပါသောမိတ်ဆွေ များအားလုံး ဒေါင်းယူလိုပါကအောက်မှာယူပေးပါ။

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)


27th Sea Games, Myanmar 2013

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)

_/\_ _/\_ _/\_ _/\_ _/\_ _/\_ _/\_ _/\_ _/\_

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက် လေးဟာဖြင့်
မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်ရဲ့သီတင်းကျွတ်လပြည့်နေ့ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ၀ါကျွတ်တဲ့နေ့လည်း ဖြစ်ပါတယ်။
ပိုပြီးထူးခြားတာက ဒီနေ့ဟာ မြတ်စွာဘုရားရှင် ၀ါတွင်းသုံးလ ကာလပတ်လုံး တာဝတိံသာ နတ်ပြည်မှာ
အဘိဓမ္မာ ဒေသနာတော် ဟောကြားတော်မူပြီး လူ့ပြည်ကို ပြန်လည်ဆင်းသက်ကြွရောက်တော်မူတဲ့ နေ့လည်းဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကို ဗုဒ္ဓဘာသာမြန်မာများက အဘိဓမ္မာ အခါတော်နေ့လို့ ထူးထူးခြားခြား အမည်ထားကြခြင်းဖြစ်ပါတယ်။

မြန်မာပြည်မှာ ဆိုရင်တော့ အခုလို သီတင်းကျွတ်လပြည့်နေ့ ညမှာ ကျောင်းတိုင်း၊ အိမ်တိုင်းနီးပါး
ဆီးမီးဖယောင်းတိုင်လေးတွင် ထွန်းညှိထားတတ်ကြပါတယ်။ ဒီအလေ့အထဟာ နတ်ပြည်ကဆင်းသက်တော်မူလာတဲ့
ဗုဒ္ဓမြတ်စွာကို ကြိုဆိုတဲ့ အနေနဲ့ ဆီးမီးဖယောင်းတိုင်စသဖြင့်
ထွန်းညှိကာ ပူဇော်ကြတဲ့ အလေ့အထပဲ ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးနောက် ခုနှစ်ဝါမြောက်ဝါကို တာဝတိံသာ နတ်ပြည်မှာကပ်ဆိုတော်မူပါတယ်။
ဝါဆိုရတဲ့ အကြောင်းရင်းကတော့ မယ်တော်ဖြစ်ခဲ့ဖူးတဲ့
သန္တုသိတနတ်သား အမှူးပြုတဲ့ နတ်ဗြဟ္မာအပေါင်းကို အဘိဓမ္မာ ဒေသနာတော်ဟောတော်မူလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ဘုရားရှင်ရဲ့မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဟာ ဘုရားလောင်းကို မွေးဖွားပြီး(၇)ရက်မြောက်မှာ နတ်ရွာစံကာ
တာဝတိံသာ နတ်ပြည်မှာ

Folder တွေကိုအရောင်မျိုးစုံပြောင်းမယ်

Folder တွေကိုအရောင်မျိုးစုံပြောင်းမယ်
Friday, October 18, 2013

Folder တွေအရမ်းများလာတဲ့အခါ Folder name တွေနဲ့ခွဲရတာရိုးနေပြီလား? ဒါဆို နာမည်တွေနဲ့ မခွဲဘဲ အရောင်တွေနဲ့ခွဲကြမယ်။ ဘယ်အရောင်ဆိုရင် စာနဲ့ပတ်သတ်တာ ဘယ်အရောင်ဆိုရင် ဗီဒီယိုတွေ စသဖြင့်ပေါ့ခင်ဗျာ။

Folder Colorizer
***********

ဒီကောင်လေးကတော့ Folder တွေကိုအရောင်ပြောင်းဖို့အတွက် ကူညီမယ့်ကောင်လေးပါခင်ဗျာ။ သူ့ကိုအောက်မှာပေးထားတဲ့ လင့်လေးမှာ ဒေါင်းလိုက်ပါ။ File Size သေးလို့ ဒေါင်းရတာအဆင်ပြေမယ်ထင်ပါတယ်။ ဒေါင်းပြီးလို့ သွင်းပြီးသွားရင်ဆိုရင်တော့ ကိုပြောင်းချင်တဲ့ Folder အပေါ်မှာ Right Click ပြီးရင် Colorize ဆိုတာလေးကိုရွေးပြီး ပြောင်းချင်တဲ့အရောင်ကို သာစိတ်ကြိုက်ပြောင်းလိုက်ပါခင်ဗျာ။ သူပေးတဲ့အရောင်ကိုမှ မကြိုက်သေးဘူး ကို့ဘာသာ အရောင်ထွင်မယ်ဆို၇င်လည်း Colorize >>> Colours ဆိုတာလေး ရွေးပြီး စိတ်ကြိုက် အရောင်ဖန်တီးနိုင်ပါတယ်ခင်ဗျာ။

ဒီဟာလေးအသုံးပြုပြီး အရောင်တွေပြောင်းထားရင် အနည်းဆုံးတော့ အမြင်ဆန်းပြီး ကို့ Folder တွေကိုမှတ်သားရာမှာ လွယ်ကူသွားတာပေါ့ခင်ဗျာ။

ဆော့ဝ်ဒေါင်းရန်လင့် (မှတ်ချက်.. အောက်ပါလင့်အားသွားရောက်ပြီး ပထမဆုံးတွေ့ရသော Folder Colorizer ကိုသာဒေါင်းပါရန်)

http://softorino.com/products/

ကျနော်တို့ပေ့ခ်ျလေးမှ တစ်စုံတစ်ခုရသွားတယ်ဆိုလျှင်ကျေနပ်နေတဲ့
IT4M
Folder တွေကိုအရောင်မျိုးစုံပြောင်းမယ်


Folder တွေအရမ်းများလာတဲ့အခါ Folder name တွေနဲ့ခွဲရတာရိုးနေပြီလား? ဒါဆို နာမည်တွေနဲ့ မခွဲဘဲ အရောင်တွေနဲ့ခွဲကြမယ်။ ဘယ်အရောင်ဆိုရင် စာနဲ့ပတ်သတ်တာ ဘယ်အရောင်ဆိုရင် ဗီဒီယိုတွေ စသဖြင့်ပေါ့ခင်ဗျာ။

Folder Colorizer
***********

ဒီကောင်လေးကတော့ Folder တွေကိုအရောင်ပြောင်းဖို့အတွက် ကူညီမယ့်ကောင်လေးပါခင်ဗျာ။ သူ့ကိုအောက်မှာပေးထားတဲ့ လင့်လေးမှာ ဒေါင်းလိုက်ပါ။ File Size သေးလို့ ဒေါင်းရတာအဆင်ပြေမယ်ထင်ပါတယ်။ ဒေါင်းပြီးလို့ သွင်းပြီးသွားရင်ဆိုရင်တော့ ကိုပြောင်းချင်တဲ့ Folder အပေါ်မှာ Right Click ပြီးရင် Colorize ဆိုတာလေးကိုရွေးပြီး ပြောင်းချင်တဲ့အရောင်ကို သာစိတ်ကြိုက်ပြောင်းလိုက်ပါခင်ဗျာ။ သူပေးတဲ့အရောင်ကိုမှ မကြိုက်သေးဘူး ကို့ဘာသာ အရောင်ထွင်မယ်ဆို၇င်လည်း Colorize >>> Colours ဆိုတာလေး ရွေးပြီး စိတ်ကြိုက် အရောင်ဖန်တီးနိုင်ပါတယ်ခင်ဗျာ။

ဒီဟာလေးအသုံးပြုပြီး အရောင်တွေပြောင်းထားရင် အနည်းဆုံးတော့ အမြင်ဆန်းပြီး ကို့ Folder တွေကိုမှတ်သားရာမှာ လွယ်ကူသွားတာပေါ့ခင်ဗျာ။

ဆော့ဝ်ဒေါင်းရန်လင့် (မှတ်ချက်.. အောက်ပါလင့်အားသွားရောက်ပြီး ပထမဆုံးတွေ့ရသော Folder Colorizer ကိုသာဒေါင်းပါရန်)

သေမင်းထံပါး ငါမသွားမီ

Golden Land Myanmar
*** သေမင်းထံပါး ငါမသွားမီ *** 

အလုပ်ခွင်မှာ
အထုပ်ပြင်ရင်း စောင့်ဦးမည် 
ကြီးကြီးငယ်ငယ် မရွေးချယ်ဘူး
ဘယ်နေ့ဘယ်ရက် သူမတွက်ဘူး
ချိန်းချက်မလုပ် ရုတ်တရက်ဖြစ်စေ
ချိန်းကာချက်ကာ ကြာမှဖြစ်စေ
ပုံသေမရှိ လာတတ်၏ ....

အခေါ်လာလျှင်
ငါ့မှာ ငြင်းပယ်ခွင့်မရှိ
ရှင်ခြင်းမမြဲ သေခြင်းမြဲသော
သည်ဝဲသြဃ ရုန်းမရချေ ....

အချိန်ကျလျှင်
လောဘ ဒေါသ မောဟထုပ်များ
ပါးထက်ပါးအောင်
တရားမျက်ပွင့် မြတ်အကျင့်ကို
လွယ်လင့်တကူ ငါယူနိုင်အောင်
ကြံဆောင်ကြိုးစားရဦးမည် ...

သေမင်းအဖော် သူမခေါ်မီ
ပျော်ပျော်နေရင်း ငါ့ယာခင်းတွင်
သီးကင်းဝေအောင် ပျိုးဦးမည် ......

တင်မိုး ( ၁၉၉၈  ဇွန် )
*** သေမင်းထံပါး ငါမသွားမီ ***

အလုပ်ခွင်မှာ
အထုပ်ပြင်ရင်း စောင့်ဦးမည်
ကြီးကြီးငယ်ငယ် မရွေးချယ်ဘူး
ဘယ်နေ့ဘယ်ရက် သူမတွက်ဘူး
ချိန်းချက်မလုပ် ရုတ်တရက်ဖြစ်စေ
ချိန်းကာချက်ကာ ကြာမှဖြစ်စေ
ပုံသေမရှိ လာတတ်၏ ....

အခေါ်လာလျှင်
ငါ့မှာ ငြင်းပယ်ခွင့်မရှိ
ရှင်ခြင်းမမြဲ သေခြင်းမြဲသော
သည်ဝဲသြဃ ရုန်းမရချေ ....

အချိန်ကျလျှင်
လောဘ ဒေါသ မောဟထုပ်များ
ပါးထက်ပါးအောင်
တရားမျက်ပွင့် မြတ်အကျင့်ကို
လွယ်လင့်တကူ ငါယူနိုင်အောင်
ကြံဆောင်ကြိုးစားရဦးမည် ...

ကျန်းမာရေးနှင့် ၀ူရှူးပညာ




By Ko Yan Lin
(ခုတစ်လော ebook အသစ်တွေ မတင်နိုင်သေးတာနဲ့ ဆောင်းပါးလေးတွေပဲ တင်ပေးဖြစ်နေတယ်ဗျာ။ ဒီကနေ့တော့ ကိုရန်လင်း ရေးခဲ့တဲ့ ကျန်းမာရေးနှင့် ၀ူရှူးပညာ ဆိုတဲ့ ဆောင်းပါးလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ရေးထားတာတော့ ကြာပါပြီ။ ၂၀၁၁ တုန်းက ning website တစ်ခုမှာ ဖတ်ဖူးခဲ့တာပါ။ ကိုရန်လင်းဆီမှာ Thaing Wizard မှာ ပြန်တင်ဦးမယ်လို့ ခွင့်တောင်းထားတာတောင် အတော်ကြာပါပြီ။  တင်မယ်၊ တင်မယ်နဲ့ ခုမှပဲ လုပ်ဖြစ်တော့တယ်ဗျာ။ ဒီဆောင်းပါးလေးကို နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။)
ကျန်းမာရေးနှင့် ၀ူရှူးပညာ
- ဒီပို့စ်လေးကိုရေးရတာလည်း   သူငယ်ချင်းများ ၀ူရှူးပညာနှင့် ကျန်းမာရေးကို ပျော်ရွှင်စွာ လေ့လာ လိုက်စားပြီး အသက်ရှည်ကာ အနာကင်းစေဖို့ ရည်ရွယ်ချက်နဲ့ပါ။ ၀ူရှူးပညာဟာ လူပျင်းတို့ လေ့ကျင့်လို့မရတဲ့ပညာမျိုးပါ။ အင်အားသည် ကွန်ဖူး၏ရေသောက်မြစ် အင်အားမဲ့သော သိုင်းပညာသည် ဟန်ရေးပြပဲရှိပါမည်။ ၀ူရှူးလေ့ကျင်ခြင်းသည် အင်အားနှင့် လျှင်မြန်ကျွမ်းကျင်မှုကို တိုးမြှင့်ပေးခြင်းဖြစ်သည်ဟု ကွန်ဖူးဘုရင် လီရှောင်လုံ (Bruce Lee) က ပြောခဲ့ပါသည်။
Wushu For Health
Wushu For Health
- ၀ူရှူးဆိုတာကတော့ ကိုယ်ခံပညာရပ်အားလုံးကို ပြောတာပါ။ တိုက်ခိုက်ရေး အတတ်ပညာလို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမယ့် တိုက်ခိုက်ရေးအတွက်သက်သက်လည်း မဟုတ်ပါဘူး။ လေ့ကျင့်ခန်းရဲ့ လှုပ်ရှားမှုက ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။
- တရုတ်ကွန်ဖူးကိုမှ ၀ူရှူးပညာလို့ ပြောတာမဟုတ်ပါဘူး အားလုံးသော ကိုယ်ခံပညာရပ်များကိုပြော တာပါ။ ကိုယ်ခံပညာဆိုတာလည်း ကိုယ်ခံရတာသက်သက်တော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ ခံတပ်ဖြစ်တဲ့ပညာရပ်ပါ။
- ၀ူရှူးမှာ

ပုံလေးတွေနဲ့ လင့်ညွှန်နည်းလေးပါ

ဘလော့ခရီးသည်

ဒါလေးကတော့ ညီလေးတယောက် တောင်းဆိုထားလို့ တင်ပေးလိုက်ပါတယ်နော်...
 လူမိုက်: အကိုရေ ... အကိုစာတွေဖတ်ပြီး လိုက်လုပ်တာတော်တော်လေးအဆင်ပြေတယ်။တစ်ခု ကျနော်သိချင်တာလေးက ဘေးမှာ လင့်ခ်ချိန်တဲ့အခါ logo တွေနဲ့တွဲချိတ်တာလေး တင်ပေးပါဦး

မသိသူများလဲ ယူပြီးသုံးကြပါ..

 <div style="text-align: center;">
<a href="သည် နေရာမှာ ကိုယ်ညွှန်မဲ့ဆိုဒ်ရဲ့လိပ်စာURL ထည့်ပေးပါ" style="background-color: white;"
 target="_blank"><img style="width: 263px; height: 207px;"
 src="သည်နေရာကတော့ ကိုယ်ထည့်တဲ့ ပုံရဲ့ လင့်ကိုထည့်ပေးပါ" /></a></div>

 အဲကုဒ်လေးပါဘဲဗျာ  လွယ်ပါတယ်.. ပုံတွေကိုတော့ စိတ်ကြိုက် လုပ်နိုင်ပါတယ်..
ပုံ ရဲ့လင့် နဲ့ ကိုယ်သွားစေလိုတဲ့ ညွှန်လိုတဲ့ နေရာရဲ့လင့်လေး နှစ်ခုကိုဘဲ အသုံးပြုလိုက်ပါ..
ဥပမာ  ။     ။ ကျနော်ဆိုဒ်ကို ပုံလေးနဲ့ လမ်းပြမယ်ဆိုပါတော့..

ဖိုင်တွေ-ပုံတွေတင်ဖို့ Hosting ဆိုဒ်များ

ဘလော့ခရီးသည်
 ဒါလေးးကတော့ မိတ်ဆွေတို့ မရှိမဖြစ်လိုအပ်တဲ့ ဆိုဒ်လေးတွေမို့ လိုအပ်ရင် သုံးနိုင်အောင်
တင်ပြပေးလိုကတာပါ... ဖိုင်တွေ  ပုံတွေ ကို HOSTING တင်လိုပါက  သည်ဆိုဒ်တွေမှာတင်လိုက်ပါ...

Blog ၀က်ဆိုဒ်တွေမှာ Link တစ်ခုခုကိုနှိပ်ရင် စာမျက်နှာအသစ်တစ်ခုပွင်ဖို့ 

  Setting = Template - Edit Template ကနေသွားပါ

အထဲရောက်ရင် Ctrl နဲ့  F ကိုတွဲနှိပ်ပြီး  <head> ကိုထည့်ပီး Enter နှိပ်

တွေပြီဆိုရင် အရောင်တစ်ခုခုနဲ့   ကိုယ်ရှာတဲ့ဟာကို ပြပါလိမ့်မယ်
 



<head> အောက်မှာ အခုပေးတဲ့စာလေးကို ကော်ပီယူထည့်လိုက်


<base target='_blank'/>

 
အဲ့လိုထည့်လိုက်ပီးရင် Save Template နှိပ်လိုက်ရပါပြီ

အားဆေး(လူတိုင်းဖတ်သင့်သည်)

  ကိုပဲလေး 

nyinyi


“အားဆေး အညိုတောင့်ကြီးတွေ နေ့တိုင်း စားတယ်”
“ရေဆူ အားဆေးပြားကြီး တနေ့ နှစ်လုံး အမြဲစားတယ်လေ”
“ထမင်းစားပြီးတိုင်း အားဆေးပြား နှစ်မျိုး၊ သုံးမျိုးတော့ နေ့တိုင်း စားနေတာပဲ”
“စာအုပ်ထဲမှာပါတဲ့ အားဆေးတွေ ဖတ်ပြီး စားကြည့်နေတယ်”
အဆိုပါ “အားဆေး” ဆိုသည်မှာ အလွန် ရေပန်းစားနေပါသည်။ အရွယ်မရွေး အားဆေးစားသင့်သည်။ အားဆေးစားမှ ကျန်းမာမည်ဟု ယူဆထားလေ့ရှိကြပါသည်။
“ကျွန်တော်တို့ တင်သွင်းတဲ့ အားဆေးဟာ ဗီတာမင်၊ သတ္ထုဓာတ် ဆေးမြစ်တွေ အကုန်လုံး ပါဝင် ဖော်စပ်ထားပါတယ်။ အခု ရောင်းချနေတဲ့ တခြားအားဆေးတွေ နဲ့ နှိုင်းယှဉ်ပြထားပါတယ်။ ကျွန်တော်တို့ ဆေးက အများကြီး သာတယ်ဆိုတာ တွေ့ရပါမယ်။ ဒါကြောင့် ဒီဆေးကို သုံးကြည့်ပါ။ ညွှန်ပေးပါ” စသည်ဖြင့်လည်း ဆေးကုမ္ပဏီ အများအပြားက အလုအယက် ကြော်ငြာအားကောင်းနေသော အချိန်လည်း ဖြစ်ပါသည်။ အရောင်အသွေး စုံလင်စြွာ
ဖင့် ဝယ်ယူသောက်ချင့်စဖွယ် ဆွဲဆောင်အားလည်း အလွန်ကောင်းပါသည်။
ထိုကဲ့သို့သော အခြေအနေမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင်သာ ဖြစ်နေခြင်း မဟုတ်ပါ။ ကမ္ဘာနိုင်ငံ အသီးသီးတွင် ခေတ်မီ တိုးတက်ဖွံ့ဖြိုးလာသော ဆေးဝါးများ ထုတ်လုပ် ရောင်းချခြင်း၊ ဝယ်ယူ

ခါးဆစ်ရိုး ထိခိုက်စေသည့် အမူအကျင့်များ





- ထိုင်ခြင်းသည် မတ်တတ်ရပ်ခြင်းထက် ခါးဆစ်ရိုးပေါ် (၄၀) ရာခိုင်နှုန်း ဖိအားပိုမိုသက်ရောက်သည်။ 

ထို့ ကြောင့် နာရီဝက်တိုင်း မတ်တတ်ရပ်ပါ။ အညောင်းဆန့်ပါ။
 

- လေ့ကျင့်ခန်းပြုလုပ်သူများ၏
 (၄၀) ရာခိုင်နှုန်းသည် ခါးနာသည့်အခါ လေ့ကျင့်ခန်းပြုလုပ်ခြင်းရပ
ဆိုင်းတတ်ကြသည်။ လမ်းလျှောက်ခြင်း၊ အကြောဆန့်ခြင်း၊ ယောဂလေ့ကျင့်ခြင်းဖြင့် ခါးနာရောဂါကို 
အမြန်သက်သာစေသည်။
 
- လေးလံသည့်အိတ်များလွယ်ခြင်း၊ ဆွဲခြင်းသည် ပုခုံးကို အနိမ့်အမြင့်မညီ ဖြစ်စေသောကြောင့် 
ခါးဆစ်ရိုးစောင်းစေသည်။ ဘေးကင်းစွာလွယ်နိုင်၊ ဆွဲနိုင်သည့် အများဆုံးအလေးချိန်သည် 
လူ့ခန္ဓာကိုယ်အလေးချိန်၏ (၁၀) ရာခိုင်နှုန်းသာရှိသင့်သည်။
 
- ကျန်းမာရေးနှင့်ညီညွတ်အောင် အစာမစားသည့်အခါ အ၀လွန်လာစေပြီး ခါးဆစ်ရိုးကို 
အားပြုရမှုလွန်ကဲစေသည်။
 
- မွေ့ရာဟောင်းများသည် လူ့ခန္ဓာ ကိုယ်အလေးချိန်ကို အပြည့်အ၀ ထောက်ပံ့မပေးနိုင်ဘဲ 
အိပ်ချိန်ကြာလာသည်နှင့် ပျော့အိလာပြီး ကျောရိုး ဆစ်ကိုကျွံဝင်သွားစေသည်။ ထို့ကြောင့် 
အိပ်ရာနိုးလာသည့်အချိန်တွင် ခါးနာဝေဒနာခံစားရတတ်သည်။ ထို့ကြောင့်မွေ့ရာများကို အနည်းဆုံး 
ငါးနှစ်တစ်ကြိမ် လဲလှယ်ပါ။
 
- ဒေါက်ဖိနပ်အမြင့်စီးလျှင် ကျောရိုး ကြွက်သားများ အလုပ်ပို

Wi-Fi လိုင်းကောင်းမွန်စွာမိစေနိုင်မယ့်နည်းများ

 


ဒီနေ့ခေတ်မှာ Wi-Fi ဆိုတာ ရေပန်းစား တဲ့စကားလုံးတစ်ခုဖြစ်ပါတယ်။ Wi-Fi ဆို တာ ထူးဆန်းတဲ့ အရာမဟုတ်ဘဲ Radio Waves တွေသာဖြစ်ပါတယ်။အဲဒီ Radio Waves တွေ မရောက်ရှိနိုင်တဲ့ “Dead Zone” or “Dead Spots” နေရာတွေရှိပါတယ်။အဲဒီနေရာတွေမှာသင့် ရဲ့ Wireless Device တွေဖြစ်တဲ့ Smartphones,Tablet,Windows စတာတွေကိုအသုံးပြုရင် Wi-Fi Signal မရရှိနိုင်ပါဘူး။Wireless Dead Zone တွေကို သိရှိနိင်ဖို့ သင့်အိမ်၊ရုံး တွေမှာ နေရာအနှံ့လမ်းလျှောက်သွားပြီး စမ်းသပ်သိရှိနိုင်ပါတယ်။ Wireless Dead Zone တွေကို တွေ့ရှိပြီဆိုရင်တော့ အဲဒီ Dead Zone တွေ မဖြစ်အောင် ပြုလုပ်နိုင်တဲ့ နည်းတွေ ရှိပါတယ်။

Wireless Dead Zone ဆိုတာဘာလဲ?

Wireless Dead Zone ဆိုတာ Wi-Fi လိုင်းမိရမယ့်နေရာဖြစ်ပေမယ့် အဲဒီနေရာမှာ

Rainbow မောင်းသူမဲ့လေယာဉ်ပျံများ

(အခုတလော မောင်းသူမဲ့လေယာဉ်ပျံများအကြောင်း စိတ်ဝင်စားတဲ့ ညီ၊အစ်ကိုတွေများလာတာနှင့် အညီ မကြာသေးခင်ကမှ ပြုလုပ်သွားတဲ့ တရုပ်နိုင်ငံလေကြောင်းပြပွဲမှာ စိတ်ဝင်စားမှုအခံရဆုံးသော CH အမျိုးစား မောင်းသူမဲ့လေယာဉ်ပျံများအကြောင်း ကျွှန်တော်တို့ရဲ့ အစ်ကိုတစ်ယောက်ရေးထားတာတွေကို ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ...။)


Rainbow မောင်းသူမဲ့လေယာဉ်ပျံများကို အမေရိကန်လေတပ်၏ သရုပ်ခွဲစဉ်အရ 

ပထမအမျိုးအစား အသေးစားမောင်းသူမဲ့လေယာဉ်များ (ခြေလျင်အထူးတပ်ဖွဲ့သုံး၊ အရပ်ဘက်သုံး)
ဒုတိယအမျိုးအစား အလတ်စားထောက်လှမ်းရေး အမျိုးအစား (အမြင့်ပေ ၅၀၀၀အောက်၊ အရပ်ဘက်သုံး)
တတိယအမျိုးအစား အလတ်စား တိုက်ခိုက်ရေးအမျိုးအစား ( ဘက်စုံသုံး အမြင့်ပေ ၂သောင်းအောက် ၊ ထောက်လှမ်းရေးသုံး)
စတုထ္ထအမျိုးအစား အကြီးစား တာဝေးထောက်လှမ်းရေးသုံး အမျိုးအစား (အမြင့်ပေ ၇သောင်းအောက်)
ပဥွမအမျိုးအစား တာဝေးထောက်လှမ်းရေး သုံးရယ်လို့ အမျိုးအစား

အရှင်အာနန္ဒာ (သို့မဟုတ်) တစ်လောကလုံးကို ရွှင်ပြုံးနှစ်သက်စေသူ

 
"အရှင်အာနန္ဒာ (သို့မဟုတ်) တစ်လောကလုံးကို ရွှင်ပြုံးနှစ်သက်စေသူ" အရှင်အာနန္ဒာမထေရ်ဟာ လွန်လေပြီးသော ကမ္ဘာတစ်သိန်းထက်ကပွင့်တော်မူခဲ့တဲ့ ပဒုမုတ္တရရှင်တော်ဘုရားထံတော်မှစပြီး ဘုရားရှင်ရဲ့အမြတ်ဆုံး အလုပ်အကျွေးရာထူးကို ရည်မှန်းတောင့်တကာ ဒါန သီလ စတဲ့ ပါရမီကောင်းးမှုတွေကို ဖြည့်ဆည်းအားထုတ်တော်မူခဲ့တာပါ။ နောက်ဆုံးဘ၀မှာ မြတ်စွာဘုရားအလောင်းတော်နဲ့အတူ တုသိတာနတ်ပြည်မှ စုတေခဲ့ပြီး အမတောဒနသာကီဝင်မင်းရဲ့ အိမ်တော်မှာ ပဋိသန္ဓေတည်နေခဲ့ပါတယ်။ ဆွေတော်မျိုးတော်အားလုံးကို ရွှင်ပြုံးနှစ်သိမ့်စေကာ ဖွားမြင်တော်မူလာတာမို့ "အာနန္ဒာမင်းသား"လို့ နာမည်မှည့်ခေါ်ခဲ့ကြတာပါ။ အာနန္ဒာမင်းသားဟာ ရှင်တော်ဘုရားရဲ့ ဖွားဖက်တော် ၇-ဦးထဲမှာ တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ ရှင်တော်ဘုရားရဲ့ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးနဲ့ အရှင်အာနန္ဒာရဲ့ ခမည်းတော် အမိတောဓနမင်းကြီးဟာ ညီအစ်ကိုအရင်းဖြစ်တာမို့ ရှင်တော်ဘုရားနဲ့ အရှင်အာနန္ဒာ တို့ဟာ
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>