လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အဖိုးကြီးတစ်ယောက် ရဲ့ သောက


ငါ့ အသက်က ငါးဆယ့် ငါး
မာဆယ်တွေ ပျော့တော့တော့
အရေပြားတွေ..တွဲပျော့ပျော့
testosterone ကျား ဟော်မုန်းတွေ ရော့
ဆံပင်တွေ လည်း ပါးပြီ ဆိုတော့
ဘုရား ဘုရား
ဗိုက်ကြီး ကား။
အရက်ပူ အဆီထူ မျက်နှာ
မှန်ထဲ မနက် အိပ်ယာ ထကြည့်
အံမယ်မင်း
ငယ်မယားတောင် လင်စိတ်သားစိတ်မရှိဖူး။

တသက်လုံး ရှာသမျှ
ငွေယားလေးများကြွကြွ
သေရင် ငါ့နောက် ဘာမှမပါလျှင်
ဒီအဖိုးကြီး မသေခင် ဘာလုပ်ရမလည်း။
MId life crisis ဟိုဒီမြောက်ကြွ
ငါ့ဟဲ့  ယောက်ျား..မအိုသေးပါဖူး။

ငယ်ပေါင်း မိန်းမတွေ ကျ
ဒီိအချိန် ကြွားကောင်းတဲ့အရွယ်ပေါ့။
ငါ့လင် ဘာလည်းရာထူးပြ။
ငါ့လင် ရှာတာ ဒီလိုနေနိုင်တယ်ကွ။
အိမ်ကြီးပြ။ ကားကြီးပြ။
သားသမီးပြ။ မြေးတွေပြ။
တရားဝင်ပြ။ ရေစက်ချပြ။
ခွေးတွေပြ။ ပန်းပင်တွေပြ။
ဟင်းခွက်တွေပြ။ ဖုံးတွေ ပွတ်ကြ
ရွှေတွေ တကိုယ်လုံးသီပြ
မျက်နှာတွေ ဆေးခြယ်သ
ဆင်ခန္ဓာ နဲ့ ဝက်ကိုယ်လုံး
"လှ" မဆုံးတဲ့ မယားကြီးတို့ ရဲ့ ဂုဏ်ကျက်သရေ။

ငယ်တုန်းကတော့။ လူတိုင်းလှ
၅၀ ကျော်က လူတိုင်းကျတဲ့ အရွယ်
လေထိုးသလို ပူဖောင်း။
အရစ်တက်လာတဲ့ လည်ချောင်း
အစာဝလာ.. ပိုမြင့်လာတဲ့ မာန။
အနားကပ်မယ် ပြင်
ဟွန်း.... အဖိုးကြီးနော်
ကလေးကလား မနေနဲ့တဲ့
ကဲ ကျုပ် ဘာလုပ်ရမလည်း။

ယောက်ျား မာန..ငွေစ ကြွကြွ
ဟွန်း.... ဖွဲတဆုတ်တောင် မချဖူး
ဒင်းတို့  အနားမနေ ဘာဖြစ်လည်း
ရုံးမှာတော့ ညွှန်မှူးး
လှေခါးသုံးထစ်ဆင်းရင် ကိုယ်ပုရစ်ဖူး
သားတောင် မ၀တ်ရဲသော
ဆယ်ကျော်သက် ကြောင်ကြားစပ်ဖြဲအင်္ကျီ
ကာရာအိုကေသွားရင် ကိုယ်ဝတ်မည်။

အကိုကြီးအယားဖြေ ဒီမာဆတ်
အတန်င်္ကြီးတွေ တဖျတ်ဖျတ်
အလကားရတဲ့ငွေတွေ၊ အလကားပဲတင်းသွား
ကိုယ် ပျော်ဖို့ သာအရေးကြီးတယ်။
ကောင်မလေးတွေ ညု တတ်ပစေ။
ဘဘ အပြုံးမရပ်ဖူး
ကိုကိုခေါ်သူ ရော့ ပိုများများယူ။
အကိုကြီး အချော့ ကြိုက်သူ။

ဒီလိုနဲ့ ဒီလိုနဲ့ ..
ကိုကိုရယ် ဦးရယ် မထပ်
ဆယ်ကျော်သက်လေးတွေ မနူးမနပ်
ဘဘ အကဲဆတ်လိုက်တာ
ထောင်ချောက်ထဲ ဘဘမိတဲ့ကြွက်
ခုမှ ဒုက္ခ
ပိုက်ဘောနဲ့ ဂွကျပြီ။

မိန်းမကြီးရေ..
မင်းကြိုက်တာတွေ မင်းယူတော့
ငါ့ကိုသာ ကွာပေးပါတော့
ငါ့ရာထူးတခုဘဲ ငါယူမယ်။
ကဲ့ထားတာလေးတွေ ဖွက်ထားပါသေးတယ်။

အခု နောက်ဆုံးကောင်မလေး
ကွာခြားတဲ့ အသက်က သုံးဆယ်ကျော်။
မယားကြီးလို ပညာအရည်အချင်း မလို
မယားကြီးလို သားဖောက်ပေးဖို့ မလို
အဖုအဖောင်း ဘဲ လိုတယ်။
မသေခင် ကိုယ်လုပ်ချင်တဲ့ ကလေးကလား
ဟီးဟီး... ဟားဟား... ဦးဦး..ကိုကို...
အဟင့် အဟင့်
ဒါဘဲ များများလို
ဘဘမျောက်မင်း မြီးတံတို။

အဘိုးကြီး ခါချဉ်ကောင်မသန် ဆေးဝါးနဲ့ ဆက်
အခုတော့ ဆေးသောက်များချက် နှလုံးပျက်
မယားဆယ်ကျော်သက် နဲ့ လင်အို
လေသင်ဓုန်းဖြတ် ပက်လက်ငိုတယ်။

မယားငယ်ငယ် အရွယ်ကောင်း
လှေကြီးပေါ် လှေငယ်ဆင့်တဲ့ အကြောင်း
အသံတွေ ကြား မလှုပ်နိုင်တဲ့ဘဝ
တိတ်တိတ် မျက်ရည်ကျ ကိုယ်မှားပြီ။

အော်... ခုတော့ သိပြီ
ငယ်မယားရေ…
မင်းကသာ ငါ့အတွက် မယားကောင်း
အခုတော့ ရော်ကြေးရ
စည်းစိမ်တွေနဲ့နေလို့ ကောင်းပြီပေါ့။
အများရဲ့ဂရုဏာ ရ မင်းက နံမည်ကောင်းသူပေါ့

ခုတော့
ငါ့ဘ၀ချောင်မှာငို သွေးပျက်
သစ္စာစူးသူရဲ့ ဒီမျှားချက်
အဖိုးကြီးမိုက် တစ်ယောက်ရဲ့ ရာဂ တဏှာ
လေဖြတ်တော့မှဘဲ ခါးသီးခဲ့တဲ့ ဒီဝေဒနာ။

မသဒ္ဓါ( ၅။၃၁။၂၀၁၆)

သူငယ်ချင်း အဖိုးကြီးများအတွက် နောက်ပြောင်တာပါ။ တိုက်ဆိုင်သူတွေ အတွက်ကျ ဘွာတေး..ဘွာတေး..

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>