လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အမေ့ခံ




သဇင်ပန်းလိုလည်း နန်းမထိုက်တော်မဝင်
ပန်းစပယ်လိုလည်း နန်းအလယ်မပေါ်ထိုက်
ပန်းကြိုက်သူကြဉ်။

လေအလာ ကြွေကာကျ
မြေမှာခတော့ ကောက်သူကင်း
ရောက်သူနင်းလို့ ရင်မှာနွမ်း
အကြွေပန်းတူပေမယ့် ခရေပန်းလိုလည်း မပျော်ရွှင်။

ရနံ့မသင်းပေမယ့်
သပြေပင် သပြေရွက် သပြေခက် သပြေရိုးလို
ညောင်ရေထိုးလို့ ဘုရားမတင်
အများအမြင်မှာတော့ အပယ်ခံပွင့်။

ဒါပေမယ့်လေ သူ့ရာသီသူရောက်လျင်ဖြင့်
အငြူစူ မကြောက်ပါဘုး
ငုပိတောက်တွေ ရှုံးလောက်အောင်
အရွက်ဖုံးအောင် သူပွင့်ပါလို့
စိန်ပန်းတွေဝင့်။

       
           ''ကြင်ဖော်ရှိရေး စိတ်ငြိမ်ဆေးစာရေးဖွဲ့နွဲ့သည်''
                   
                           ကိုဖော်ဝေး မမေ့သောအညာ

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



  • Total Posts: 1205
  • Total Comments: 31
  • Total Pages: 0
အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>