လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

စိတ်ကောင်းရှိဖို့ ပထမ


မြတ်စွာဘုရားက ဟောတယ်။ စိတ်ကလေး ညစ်နွမ်းနေလို့ရှိရင် အခြေအနေ
ဆိုးလိမ့်မယ်။ အခြေအနေဆိုးကိုပဲ မျှော်လင့်ရမယ်။
စိတ်ကလေး ဖြူစင်နေလို့ရှိရင် အကောင်းကိုပဲ မျှော်လင့်လို့ရမယ်။



ဒီလိုင်းနှစ်လိုင်းကိုပဲ ခွဲခြားထားတာ။ မကောင်းတာတွေနဲ့ ပေါင်းတဲ့စိတ်သည်
အဆိုးဘက်ကို သွားလိမ့်မယ်။ ကောင်းတာတွေနဲ့ ပေါင်းတဲ့စိတ်သည်
အကောင်းဘက်ကို သွားလိမ့်မယ်။ အဲဒါကြောင့် စိတ်ကောင်းရှိဖို့ ပထမလို့ ဆိုတာ။

ဘာဖြစ်လို့ ပထမနေရာမှာ ထားရတုန်းလို့ဆိုရင် မကောင်းတဲ့စိတ်လေး ဝင်လာလိုက်တာနဲ့
တပြိုင်နက် ဘာဖြစ်လဲ ၊ မကောင်းတဲ့အတွေး အရင်တွေးမှာပဲ။ မကောင်းတဲ့အတွေး
တွေးထားတဲ့ပုဂ္ဂိုလ်က မကောင်း တာပဲ ပြောမယ်။ သူ့လမ်းကြောင်းက ဒီဘက်ရောက်
သွားပြီ၊ မကောင်းတာပြောတဲ့လူက မကောင်းတာပဲ လုပ်မယ်ဆိုတော့
မကောင်းတဲ့လိုင်းဘက် ရောက်သွားတယ်။

စိတ်ကောင်းရှိဖို့ ပထမ၊ စိတ်ကလေးက ကောင်းတယ် ဆိုရင် ကောင်းတဲ့အတွေးတွေ
တွေးလာတယ်။ ကောင်းတဲ့အတွေးတွေ တွေးလာသည့်အတွက်ကြောင့် ကောင်း
တဲ့အပြော ပြောမှာပဲ။ ကောင်းတဲ့အလုပ်ကို လုပ်မှာပဲ။ အဲဒီလို နှစ်လိုင်းရှိတယ်ဆိုတာ
ကိုယ့်ကိုယ်ကို ဒီအမြဲတမ်းစည်းတားထားဖို့ လိုတယ်။ ငါ့စိတ်လေးဟာ အကောင်း
တွေ တွေးနေလား အဆိုးတွေ တွေးနေလား။ ငါ့စိတ်ဟာ စိတ်ကောင်းလား စိတ်ဆိုး စိတ်ယုတ်မာလားဆိုတာ ဆင်ခြင်စဉ်းစားရမယ်။ အဲဒီလို စဉ်းစားပြီး အဆိုးဘက်ကို မသွားအောင်
 အကောင်းဘက်လှည့်အောင် လုပ်ပေးရမယ်။ ဒါက practice လေ့ကျင့်တာ။

ဟုတ်ပြီ၊ စိတ်ကောင်းဆိုသည်မှာ သဒ္ဓါနဲ့ ယှဉ်တွဲလာတဲ့စိတ်၊ ဟီရိ နဲ့ သြတ္တပ နဲ့ ယှဉ်တွဲလာတဲ့ စိတ်၊ သတိနဲ့ပညာနဲ့ ယှဉ်တွဲလာတဲ့ စိတ်၊ ဒီစိတ်တွေကို စိတ်ကောင်းလို့ ဆိုရမယ်၊
သူများအပေါ် အနိုင်ကျင့်တာမျိုး မရှိဘူး။ သူများပစ္စည်း မတရားလိုချင်တာ မရှိဘူး။
သူတစ်ပါးသားမယား ပြစ်မှားချင်တာ မရှိဘူး။ ကိုယ်ချင်းစာတယ်၊ကိုယ်ချင်းစာစိတ် ရှိတယ်။

ကိုယ်ချင်းစာနာတာ မရှိဘူး၊ ကိုယ်ချင်းစာစိတ် မရှိဘူး။ " ဘယ်သူသေသေ ငတေမာ " ပြီးရောဆိုတဲ့ စိတ်ထားမျိုး၊ အရှက်မဲ့တဲ့ စိတ်ထားမျိုး၊ သဒ္ဓါတရား ကင်းမဲ့တဲ့ စိတ်
ထားမျိုး၊ ပြောချင်ရာပြော ၊ လုပ်ချင်ရာ လုပ်တဲ့ စိတ်ထားမျိုးတွေ ကိုတော့ " စိတ်ယုတ်မာ "  လို့ ဒီလိုပြောရမှာဘဲ။

မဟာဂန္ဓာရုံဆရာတော်ကြီးက " စိတ်ကောင်းရှိဖို့ပထမ " လို့ ပြောတာ။
ဒီစကားလုံးလေးက အလွန်ထိရောက်တဲ့ စကားလုံးပဲ။
အိမ်တိုင်းအိမ်တိုင်းမှာ ရေးထားဖို့ကောင်းတယ်။

#ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

#Posted_by_Words_of_Buddha
.
.
www.facebook.com/pahtanpuzawkyathumyar
https://pahtanpuzawkyathumya.blogspot.com

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>