Followers
သစ္စာတိုင် - ဒွေးချိုး
ပစ်မခွာ
နှစ်တရာ ရှည်မြင့်အောင်ပ
တည်ခွင့်ပါဗျ ။
မေတ္တာငယ်လှိုင်
သစ္စာတိုင် ယိုင်မကျိုးပါနဲ့
ရိုးမြေပြာကျ ။ ။
(အချုပ်တန်း ဆရာဖေ)
သင်၏မွေးနေ့ရက်ကပြောသည့် သင့်အကြောင်း
စိတ်ဝင်စားဖို့ ကောင်းပါသည်။
ပထမဦးစွာ သင်၏ မွေးလနှင့်မွေးရက်အား မည်သည့်အကောင်က ကိုယ်စားပြုသည်ကို ရှာဖွေရန်ဖြစ်ပါသည်။ ဆိုလိုသည်မှာ သင်၏ မွေးနေ့သည် မတ်လ ၂၅ ရက်နေ့ ဆိုပါစို့။ အောက်တွင် ဖော်ပြထားသည့် အချက်များထဲတွင် ရှာဖွေသောအခါ မတ်လ ၂၅ ရက်သည် ကြောင် ဟူ၍ တွေ့ရပါလိမ့်မည်။ ရှင်းလင်းချက်များမှ ကြောင်နှင့်ပတ်သက်၍ ရှင်းပြထားသည့် အချက်များကို ဖတ်ရှုပြီး သင်၏ အမူအကျင့်များ၊ အကျင့်စရိုက်များနှင့် တိုက်ဆိုင်မှုရှိမရှိ စစ်ဆေးနိုင်ပါသည်။
ပျော်ရွှင်ဖွယ် ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။
ဘဝဝဋ်ကြွေး ပေးဆပ်ခဲ့ပြီ
အလှဒေဝီဆိုပေမယ့် ဘဝမဖြေဆည်ခဲ့
သူကသူဌေးသမီး မိပဋာ။
ချစ်လာပြီဆိုမှ အမေလည်း တားမရ
အဖေလည်း ဆီးမနိုင်
အထုပ်ကိုင်ကာ ခိုးရာလိုက်
မိုက်တယ်ပဲဆိုရမလား။
ချစ်လိုက်တဲ့ ခင်ပွန်းသည်
အလုပ်သမားရယ်လို့ မေတ္တာမနည်း
အတူတွဲလို့ ဘဝတည်ထောင်
သားလေးတွေတောင် ထွန်းခဲ့ပြီ။
ကံလက်သမား မင်းဘယ်သွားမလဲ
အမီလိုက် မိုက်မိုက်ကန်းကန်းကို
အလှည့်ကျနွဲ့ချိန်မရတဲ့ မိပဋာ။
လင်သေ သားဆုံး အပူလုံးက မဆုံးသေး
မီးဘေးသင့်ခဲ့တဲ့ မိဘများ
ကဲဘယ်လိုစဉ်းစားကြမလဲ။
အပူကဆယ်ကုဋေ
နှလုံးသားတွေ ကွဲကြေမတတ်
ဝဋ်ကြွေးဇာတ်မဆုံးနိုင်ဘူး ရူးရပြီကော။
ရူးရာကမျက်ရည်သုတ် ပဝါအစုတ်ကိုချုံလွှမ်း
တရားမဏ္ဌာပ်နား လှမ်းခဲ့ပြီ။
''ချစ်နှမ ပဋာစာရီ
အတည်မကျတဲ့ ဘဝသောကတွေ
ပင်လယ်ဝေ မျက်ရည်တွေ အသာသိမ်း
မင်းထိန်းလိုက်စမ်းပါ။
သတိလေးနဲ့ဆင်ခြင် မင်းထက်အပြင် ချစ်သူမရှိ
မင်းအသိဆုံးမဟုတ်လား ပဋာစာရီ။
သံသရာနဲ့ချီပြီး ငိုခဲ့ရတဲ့ဝဋ်ကြွေး
မင်းမမုန်းသေးဘူးလား
သတိထားလိုက်စမ်းပါ ချစ်နှမ။''
မြတ်ဗုဒ္ဓရဲ့မေတ္တာရေစင် သွန်းလောင်းစဉ်ခဏအတွင်း
အသိဥာဏ်တွေလင်းလာတဲ့ မိပဋာ
အပူသံသရာ ဇာတ်ကြမ်းဆုံးခန်းတိုင်သွားခဲ့ပြီပဲ။
အားလုံးသောကငြိမ်းအေးကြပါစေ
Subscribe to:
Posts (Atom)
- Total Posts: 1205
- Total Comments: 31
- Total Pages: 0
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ