လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

လောကကြီးမှာ လူတွေကို ပေးထားလို့မရတဲ့အရာ(၃)ခု



လောကကြီးမှာလူတွေကိုပေးထားလို့မရတဲ့ ဒီအရာ(၃)ခု အကြောင်းကို ပြောပြခဲ့သူကတော့ ကိုယ်တွေရဲ့ စီနီယာကြီးတစ်ယောက်။ မှတ်မှတ်ရရ လေ့ကျင့်ရေးကျောင်းတစ်ခုက စားသောက်ဆိုင်မှာ လူတွေ အားလုံး ဆုံနေခိုက်မှာ သူက စပြောသည်။

" လောကကြီးမှာ လူတွေကို ပေးထားလို့မရတဲ့ အရာ(၃) ခု ရှိတယ်ကွ။"

"ပထမတစ်ခုက အာဏာပဲ။ အခုအစိုးရအဖွဲ့ကိုပဲကြည့်၊ အရင်တုန်းက အာဏာမပေးထားတုန်းက ဘာပြောလဲ။ ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်။ အရင်အစိုးရလက်ထက်က အာဏာနဲ့လုပ်ခဲ့တာတွေ အားလုံးကို ပြည်သူ့ဆန္ဒနဲ့ လုပ်လို့ရအောင် လုပ်ပေးမယ်။ အဲလိုပဲ ပြောခဲ့ကြတယ် မဟုတ်လား။ "

"အခုအာဏာလဲ ရရော၊ သတင်းစာထဲမှာ တရားတော်တွေ ဖြုတ်ပစ်တယ်။ ဘုရားခန်းတွေ ဖျက်ခိုင်းတဲ့ ဆောင်းပါးထည့်တယ်။ ဦးဝင်းထိန် ဆေးရုံတက်တာလဲ သတင်းလုပ်ထည့်တယ်၊ သင်္ကြန်မဏ္ဍပ်မှာ ဒေါင်းအကနဲ့ဖွင့်တယ်၊ AA သူပုန်နဲ့ ဆက်သွယ်တဲ့သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတယ်၊ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် အစိုးရ အဖွဲ့ရဲ့ ထိပ်ပိုင်းရာထူးတွေ ပေးပစ်တယ်။ အာဏာဆိုတာကို ပေးလိုက်တာနဲ့ လုပ်ချင်ရာ လုပ်ကြတော့တာပဲကွ"

ကိုယ်တွေအားလုံးကတော့ မျက်လုံးလေးကလယ်ကလယ်နဲ့ စီနီယာပြောတာဆိုတော့ မထောက်ခံလို့ကလဲ မရ။ သူပြောတာကလဲ မှန်နေတော့ ဟုတ်တယ် အစ်ကိုကြီး ဘာညာ ပြောပေါ့။

"နောက်တစ်ခုက ငွေကြေး။ ပိုက်ဆံသာ လက်ထဲရှိလို့ကတော့ လောကကြီးပါ ကဗြောင်းကဗြန် ဖြစ်အောင် လုပ်ကြတယ်"

"မထက်ကြီးကိုကြည့်၊ မွေးတုန်းက ယောက်ျား၊ ခုပိုက်ဆံရှိတော့ ခွဲစိပ်လိုက်တာ မိန်းမဖြစ်သွားပြီ။ ရိုးသားပါတယ် ဆိုတဲ့ အမတ်သစ်တွေ၊ လူကြီးတွေသစ်လဲကြည့်အုံး။ မီဒီယာကြီးတစ်ခုက လူအများကြီးကို ပေးတာ တစ်ယောက်ကပဲ သိန်း ၅၀ အထုပ်လာပေးတယ်လို့ အသံထွက်တယ်။ ကျန်တဲ့သူတွေအားလုံး အလိုအလျောက် ပါးစပ်ပိတ်ပဲ"

"ဒါတင် မကသေးဘူး။ ဘယ်နိုင်ငံရေးအဖွဲ့ပဲကြည့်ကြည့်။ ငွေကြေးအထောက်အပံ့လေးသာ ရလို့ကတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရဖြစ်ဖြစ်၊ ဗိုလ်ချုပ်အောင်ဆန်းအစိုးရဖြစ်ဖြစ်၊ ဦးသန့်အစိုးရဖြစ်ဖြစ် ဆန္ဒ ပြကြမှာပဲ။ ငွေကြေးဆိုတာ လူတွေကို ဘယ်လိုမှ ပေးထားလို့မရတဲ့ အရာဆိုတာကို လက်ခံလား။ "

ကိုယ်တွေဘက်ပြန်လှည့်လာတော့ ဒီတစ်ခါလဲ ထောက်ခံရပြန်တယ်။ ဟုတ်ကဲ့ပေါ့။

"အေး...နောက်ဆုံးတစ်ခုက ဘာလဲ သိလား "

ဆက်ပြောမယ်ထင်ပေမယ့် ကိုယ်တွေဘက်လှည့်မေးလာတော့ ဟိုလူကြည့်၊ ဒီလူကြည့်နဲ့ တစ်ယောက်တစ်ပေါက် ၀ိုင်းဖြေကြပေမယ့် စီနီယာကြီးကတော့ ခေါင်းတစ်ခါခါနဲ့ မဟုတ်ကြောင်းတွေ ရှင်းပြပြန်ရော။ နောက်ဆုံး မနေနိုင်တော့ သူက ထပြောတယ်။

"အေး...နောက်ဆုံးတစ်ခုကတော့ TV Remote ပဲ။ ဟိုကောင် ..ခေါကြီး။ ရောက်ကထဲက Remote ကိုင်ထားပြီး ဟိုလိုင်းပြောင်း၊ ဒီလိုင်းပြောင်းနဲ့ ကောင်းကောင်းကို မကြည့်ရဘူး။ "

စီနီယာကြီးရဲ့စကားလဲ အဆုံး။ ကိုယ်တွေအားလုံးက ၀ိုင်းရယ်ကြ။ ခေါကြီးကလဲ ရှက်ရှက်နဲ့ Remote ကိုချပြီး ဒါပြောချင်တာများဗျာ ဆိုပြီး ခပ်တိုးတိုးပြောလေရဲ့။

ဦးတိမ်
(TV Remote ကို တစ်ယောက်ယောက်ကိုင်ပြီး ဟိုပြောင်းဒီပြောင်းလုပ်တာမြင်တိုင်း ဒီအကြောင်းအရာလေးကို ခဏခဏပြောပြမိတယ်။)

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>