ဒီနည်းကလည်း ရုံးမှာခိုသုံးရတဲ့ သူတွေအတွက် နည်းတစ်နည်းပါပဲ ။ ဒီနည်းကိုတော့
ကျနော်တို့ ဌာနရဲ့ Asst; Sup တွေတောင်မသိကြပါဘူး ။ မေးသုံးဖို့  User Name ကို
ရိုက်ရင် သူတို့ နာမည်တွေကျန်နေတာ။ အစ စကားလုံးရိုက်တာနဲ့  ဆင်တူတဲ့လိပ်စာ
တွေဝင်လာတာ ။ Adress bar မှာ ကိုယ်ကြည့်ခဲတဲ့ ဆိုဒ်နာမည်တွေ ကျန်နေတာ နဲ့ 
History ကိုကြည့်တာနဲ့  ဒီကွန်ပျုတာမှာ ဒီနေ့ ဘယ်ဆိုဒ်တွေ ဖွင့်ထားလည်း ဆိုတာ
ပြန်ကြည့်လို့ ရနေပါတယ်။ အဲ့တော့ Tools=Options=Privacy ကနေပြောင်းလိုက်
ပြီးရင် Clear your recent history နှိပ်ပေးလိုက်ပါ ။ အရင်လို သဲလွန်စ မရှိနေဘူး
မေးဝင်လည်း လူနံမည်အပြည့်စုံ ရိုက်ရတာပေါ့ ။ကိုယ်ပိုင်မှာတော့ ပြဿနာမရှိဘူး
Remember History ပေးထားလည်းကောင်းတာပဲ Remember Password လည်း
ပေးထားရင် z ဆိုတာလေး ရေးတာနဲ့  zwmnn ပေါ်လာမယ် ။ ပတ်စ၀ပ် ကလည်း
ထပ်ရိုက်စရာမလိုပါဘူး မြန်မြန် မေးဝင်လို့ ရတယ် ဆိုတော့ကာ ခိုးသုံးသမားတွေက
မမှတ်နဲ့ အိမ်မှာသုံးသူတွေကတော့ မှတ်ထားလည်းရတယ် အဲ့တော့ ကြုံရင်သုံးစေဖို့ 
စပ်မိသမျှ ကွိစိကွစ ပညာအသေးလေးတွေ ရေးလိုက်ပါတယ်။ ၀ါသနာတူရင်သူခိုးပဲ
အဘယ့်ကြောင့်ဆိုသော် ကျနော်လည်း ခိုးသုံးနေရပါသောကြောင့်....................

No comments:
Post a Comment