Followers
ဘဝဝဋ်ကြွေး ပေးဆပ်ခဲ့ပြီ
အလှဒေဝီဆိုပေမယ့် ဘဝမဖြေဆည်ခဲ့
သူကသူဌေးသမီး မိပဋာ။
ချစ်လာပြီဆိုမှ အမေလည်း တားမရ
အဖေလည်း ဆီးမနိုင်
အထုပ်ကိုင်ကာ ခိုးရာလိုက်
မိုက်တယ်ပဲဆိုရမလား။
ချစ်လိုက်တဲ့ ခင်ပွန်းသည်
အလုပ်သမားရယ်လို့ မေတ္တာမနည်း
အတူတွဲလို့ ဘဝတည်ထောင်
သားလေးတွေတောင် ထွန်းခဲ့ပြီ။
ကံလက်သမား မင်းဘယ်သွားမလဲ
အမီလိုက် မိုက်မိုက်ကန်းကန်းကို
အလှည့်ကျနွဲ့ချိန်မရတဲ့ မိပဋာ။
လင်သေ သားဆုံး အပူလုံးက မဆုံးသေး
မီးဘေးသင့်ခဲ့တဲ့ မိဘများ
ကဲဘယ်လိုစဉ်းစားကြမလဲ။
အပူကဆယ်ကုဋေ
နှလုံးသားတွေ ကွဲကြေမတတ်
ဝဋ်ကြွေးဇာတ်မဆုံးနိုင်ဘူး ရူးရပြီကော။
ရူးရာကမျက်ရည်သုတ် ပဝါအစုတ်ကိုချုံလွှမ်း
တရားမဏ္ဌာပ်နား လှမ်းခဲ့ပြီ။
''ချစ်နှမ ပဋာစာရီ
အတည်မကျတဲ့ ဘဝသောကတွေ
ပင်လယ်ဝေ မျက်ရည်တွေ အသာသိမ်း
မင်းထိန်းလိုက်စမ်းပါ။
သတိလေးနဲ့ဆင်ခြင် မင်းထက်အပြင် ချစ်သူမရှိ
မင်းအသိဆုံးမဟုတ်လား ပဋာစာရီ။
သံသရာနဲ့ချီပြီး ငိုခဲ့ရတဲ့ဝဋ်ကြွေး
မင်းမမုန်းသေးဘူးလား
သတိထားလိုက်စမ်းပါ ချစ်နှမ။''
မြတ်ဗုဒ္ဓရဲ့မေတ္တာရေစင် သွန်းလောင်းစဉ်ခဏအတွင်း
အသိဥာဏ်တွေလင်းလာတဲ့ မိပဋာ
အပူသံသရာ ဇာတ်ကြမ်းဆုံးခန်းတိုင်သွားခဲ့ပြီပဲ။
အားလုံးသောကငြိမ်းအေးကြပါစေ
Subscribe to:
Post Comments (Atom)
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ
No comments:
Post a Comment