ဝါသနာကွဲ၍ စရိုက်ကွဲ၏။
စရိုက်ကွဲ၍ ခံယူချက်ကွဲ၏။
ခံယူချက်ကွဲ၍ ရည်မှန်းချက်ကွဲ၏။
ရည်မှန်းချက်ကွဲ၍ လုပ်ဆောင်ချက်ကွဲ၏။
လုပ်ဆောင်ချက်ကွဲ၍ နေထိုင်မှုကွဲ၏။
နေထိုင်မှုကွဲတာနဲ့ပဲ လက်တွဲ၍မရ
လက်တွဲမရပါဘူးဆိုမှတော့
ဘဝအဖော်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။
ဒီအချိန်မှာ
ဂစ်တာတလက်သာ ငါ့အနားမှာရှိနေရင်
ဘဝကိုသာဂစ်တာကြိုးညှိသလိုမျိုး ညှိယူလို့ရမယ်ဆိုရင်
ဂစ်တာအိုပင်ဖြစ်ပါစေ ပျိုရွယ်နေတဲ့သီချင်းတွေ
ငါရေးနေမိမှာ အမှန်ပဲ
လူမှန် နေရာမှန်ဆိုတာ မရောက်သေးဘူးထင်ရဲ့
အာဇာနည်မြေသား
No comments:
Post a Comment