လာလည္သူအေပါင္း မဂၤလာအေပါင္းနဲ႔ ျပည့္စံု၍ ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာ၊ ခ်မ္းသာက်ပါေစ မေကြးတိုင္း၊ နတ္ေမာက္ၿမဳိ႕နယ္၊ ေအးျမသာစည္ရြာမွ ႀကဳိဆိုပါတယ္ ခင္ဗ်ာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဒီလိုုနည္းလမ္းေတြနဲ႕ သန္းၾကြယ္သေဌး ျဖစ္လာသူေတြတကယ္ရွိပါတယ္


Gentleman Magazine
ဒီလိုုနည္းလမ္းေတြနဲ႕ သန္းၾကြယ္သေဌး ျဖစ္လာသူေတြတကယ္ရွိပါတယ္ ‪#‎Money‬
----------------------------------------------------------------------------
ကိုယ့္ထူးကိုယ္ခၽြန္ၿပီး သူေဌးတစ္ေယာက္ျဖစ္ဖို႔ကို လြယ္မယ္ထင္ပါသလား။ မလြယ္ေပမယ့္ ဒီလိုနည္းနဲ႔ သန္းၾကြယ္သူေဌးျဖစ္လာခဲ့တဲ့သူေတြ တကယ္ရွိပါတယ္။ သင္ကိုယ္တိုင္လည္း ကုိယ္ထူးကိုယ္ခၽြန္ သူေဌးတစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းေတြ ရွိပါတယ္။ ဒီစည္းမ်ဥ္းေတြက ဘယ္နယ္ပယ္မွာမဆို သင့္ကိုေအာင္ျမင္ေစဖို႔ အေထာက္အကူျဖစ္ေစမွာမွာ ေသခ်ာပါတယ္။

၁။ စိန္ေခၚၿပီး လုပ္ေဆာင္ပါ။

ကိုယ့္ထူးကိုယ္ခၽြန္ၿပီး သန္းၾကြယ္သူေဌးျဖစ္လာသူေတြကို ဘာေၾကာင့္သူတို႔ ဒီလိုေအာင္ျမင္လာတာလဲ ေမးၾကည့္ရင္ အေျဖက
ေဒၚလာသန္းခ်ီၿပီး ရရွိဖို႔လိုေျဖမွာမဟုတ္ပါဘူး။ တကယ့္အေၾကာင္းရင္းအစစ္အမွန္က သူတို႔အားလံုးက စိတ္ကူးအိပ္မက္ေတြရဲ႕ စိန္ေခၚမႈကို လက္ခံၿပီး ႀကိဳးစားခဲ့ၾကလို႔ ေအာင္ျမင္ခ်မ္းသာလာခဲ့ၾကတာ ျဖစ္ပါတယ္။

၂။ သက္သာဖို႔ မစဥ္းစားပါနဲ႔။

ထိပ္ဆံုးေရာက္ေအာင္ သြားေနတဲ့ ခရီးမွာ ဒီေလာက္ဆိုရပါၿပီလို႔ေတြးၿပီး နားေနဖို႔ အခ်ိန္မရွိပါဘူး။ ကနဦးခ်မွတ္ထားတဲ့ ရည္မွန္းခ်က္ျပည့္၀ၿပီး ၀င္ေငြသန္းခ်ီေနၿပီဆိုရင္ ေနာက္ထပ္ရည္မွန္းခ်က္တစ္ခု ခ်မွတ္ လုပ္ေဆာင္ပါ။ ဘယ္ေတာ့မွ သက္ေတာင့္သက္သာျဖစ္ဖို႔ မစဥ္းစားပါနဲ႔။
(ငယ္ငယ္ရြယ္ရြယ္ႏွင့္ ေအာင္ျမင္ေစႏိုုင္သည့္ အမူအက်င့္မ်ား
http://mmgentleman.com/2015/11/02/s-15/)

၃။ အားလံုးထက္ ပိုၿပီး ေလ့လာႀကိဳးစားပါ

သင့္မွာ ဘယ္ေလာက္ပဲအရည္အခ်င္းေတြ ရွိေနပါေစ။ အျခားသူေတြထက္ ပိုၿပီးေတာ့ ေလ့လာႀကိဳးစားခ်င္စိတ္ မရွိဘူးဆိုရင္ ေအာင္ျမင္မႈကို အျပည့္အ၀ခံစားရမွာမဟုတ္ပါဘူး။ သူမ်ားေတြထက္ ႀကိဳးစားတာက ရည္မွန္းခ်က္ေတြေအာင္ျမင္ဖို႔ တစ္ခုတည္းေသာနည္းလမ္းျဖစ္ပါတယ္။

၄။ အ႐ံႈးေတြ အမွားေတြကေန သင္ခန္းစာယူပါ။

အမွားေတြ လုပ္မိၿပီး အ႐ႈံးေတြနဲ႔ ရင္ဆိုင္ၾကံဳေတြ႕ရမွာပါ။ ဒီလို ၾကံဳေတြ႕ရတဲ့အခါမွာ ဘယ္လိုတံု႔ျပန္သလဲဆိုတာက သင့္ရဲ႕ေအာင္ျမင္မႈကို အဆံုးအျဖတ္ေပးမွာ ျဖစ္ပါတယ္။ အၿပီးတိုင္လဲၿပိဳက်သြားရင္ေတာ့ ဘာမွအဖတ္ဆယ္လို႔ ရမွာမဟုတ္ပါဘူး။ ဒါေပမယ့္ က်႐ႈံးမႈရဲ႕အေၾကာင္းရင္းကို ရွာေဖြၿပီး အေတြ႕အၾကံဳအျဖစ္နဲ႔ သင္ခန္းစာယူႏိုင္ရမွာ ျဖစ္ပါတယ္။

၅။ ေန႔တိုင္းစာဖတ္ပါ။

စာဖတ္တာကို ဘယ္ေတာ့မွမရပ္သင့္သလို ဖတ္စရာအေၾကာင္းအရာေတြ ရွာေဖြမႈကိုလည္း မရပ္တန္႔လိုက္ပါနဲ႔။ သက္ဆိုင္ရာလုပ္ငန္းနယ္ပယ္ထဲက ေနာက္ဆံုးအေၾကာင္းအရာေတြကို သတိမျပတ္ေစာင့္ၾကည့္ၿပီး အားလံုးထက္ ေရွ႕ေရာက္ေနဖို႔ လိုပါတယ္။

၆။ စိတ္ေရာကိုယ္ပါ က်န္းမာေနပါေစ။

ေအာင္ျမင္မႈလမ္းခရီးကို ေလွ်ာက္လွမ္းရာမွာ ကိုယ္ေရာစိတ္ပါ က်န္းမာၾကံ႕ခိုင္ေနဖို႔က အေရးႀကီးလိုအပ္ခ်က္ တစ္ခုျဖစ္ပါတယ္။ ေန႔တိုင္းေလ့က်င့္ခန္းလုပ္ပါ။ က်န္းမာေရးနဲ႔ညီညြတ္တာေတြ စားသံုးၿပီး အိပ္ေရး၀၀အိပ္စက္ပါ။
(စိတ္ဓါတ္ခြန္အားကိုု ျမွင့္တင္ရန္ လမ္းညႊန္
http://mmgentleman.com/2015/11/02/y-5/)

၇။ ေအာင္ျမင္လိုစိတ္ရွိသူေတြနဲ႔ ၀န္းရံထားပါ။

သင့္ရဲ႕႔ပတ္၀န္းက်င္မွာ ရည္မွန္းခ်က္ခ်င္း၊ ဦးတည္ခ်က္ခ်င္းတူညီသူေတြနဲ႔ ၀န္းရံထားပါ။ အားလံုးကလည္း သင္နဲ႔ ထပ္တူထပ္မွ်ေအာင္ျမင္ခ်င္သူေတြ ျဖစ္ပါေစ။ ဒီလို ၀န္းရံထားမွသာ သင့္ကို စိတ္အားတက္ၾကြေစၿပီး အာ႐ုံစိုက္ႏိုင္ေအာင္ ကူညီေပးႏိုင္မွာျဖစ္ပါတယ္။ အလုပ္ကို ဂ႐ုမစိုက္တတ္ပဲ အေပ်ာ္အပါး ဦးစားေပးလြန္းသူေတြကို ေရွာင္ပါ။

၈။ ေပးကမ္းစြန္႔ၾကဲပါ။ ခ်စ္သူခင္သူေတြကို ဂရုစိုက္ပါ။

စိတ္ဓာတ္ေရာ ခႏၶာကိုယ္ပါ က်န္းမာေနရုံနဲ႔ မလုံေလာက္ပါဘူး။ သင္စိတ္၀ိဉာဥ္ကိုလည္း အားျဖည့္ေပးဖို႔လိုပါတယ္။ သင့္ပတ္၀န္းက်င္နဲ႔ အကူအညီလိုအပ္ေနသူေတြကို ကူညီေပးဖို႔ ဘယ္ေတာ့မွမေမ့ပါနဲ႔။ ဒါ့အျပင္ ခ်စ္သူခင္သူေတြကို ဂ႐ုစိုက္ေပးျခင္းကလည္း ေငြေၾကးေအာင္ျမင္မႈကို ခံစားဖို႔ အေကာင္းဆံုးနည္းလမ္းျဖစ္ပါတယ္။

၉။ ႐ုိးသားၿပီး ပြင့္လင္းျမင္သာမႈရွိပါေစ။

လိမ္ညာဟန္ေဆာင္မႈေတြက သင္ထင္သေလာက္ အရာေရာက္ေစမွာမဟုတ္ပါဘူး။ အျမဲတမ္း ႐ုိးသားၿပီး ပြင့္လင္းေနဖို႔ လိုပါတယ္။ ဒီအခ်က္က သင့္ကို ေရရွည္ေအာင္ျမင္မႈကို ရရွိေစဖို႔ အေရးႀကီးပါတယ္။

၁၀။ ေရရွည္ေအာင္ျမင္ဖို႔ကို ေတြးပါ။

လူအမ်ားစုက ေရတိုေအာင္ျမင္မႈေတြနဲ႔ ရည္မွန္းခ်က္ေတြကိုပဲ အာ႐ုံစိုက္တတ္ၾကပါတယ္။ ေရတိုရည္မွန္းခ်က္ေတြကို အာ႐ုံအရမ္းမစိုက္ပါနဲ႔။ ဘ၀မွာလိုလားေတာင့္တာဆံုးအရာအျဖစ္နဲ႔ ေရရွည္ရည္မွန္းခ်က္ကို ဦးစားေပးပါ။ ဒါမွာ သင္ကိုယ္တိုင္နဲ႔ သင့္မိသားစုအတြက္ ခိုင္မာတဲ့ ဓနအင္အားကို တည္ေဆာက္ႏိုင္မွာ ျဖစ္ပါတယ္။

GM ရဲ့ တျခား စီးပြားေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/money/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။

----------------------------------------------------------------------------

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

ဒီလိုနည်းလမ်းတွေနဲ့ သန်းကြွယ်သဌေး ဖြစ်လာသူတွေတကယ်ရှိပါတယ် #Money
----------------------------------------------------------------------------
ကိုယ့်ထူးကိုယ်ချွန်ပြီး သူဌေးတစ်ယောက်ဖြစ်ဖို့ကို လွယ်မယ်ထင်ပါသလား။ မလွယ်ပေမယ့် ဒီလိုနည်းနဲ့ သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့သူတွေ တကယ်ရှိပါတယ်။ သင်ကိုယ်တိုင်လည်း ကိုယ်ထူးကိုယ်ချွန် သူဌေးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဒီစည်းမျဉ်းတွေက ဘယ်နယ်ပယ်မှာမဆို သင့်ကိုအောင်မြင်စေဖို့ အထောက်အကူဖြစ်စေမှာမှာ သေချာပါတယ်။

၁။ စိန်ခေါ်ပြီး လုပ်ဆောင်ပါ။

ကိုယ့်ထူးကိုယ်ချွန်ပြီး သန်းကြွယ်သူဌေးဖြစ်လာသူတွေကို ဘာကြောင့်သူတို့ ဒီလိုအောင်မြင်လာတာလဲ မေးကြည့်ရင် အဖြေက ဒေါ်လာသန်းချီပြီး ရရှိဖို့လိုဖြေမှာမဟုတ်ပါဘူး။ တကယ့်အကြောင်းရင်းအစစ်အမှန်က သူတို့အားလုံးက စိတ်ကူးအိပ်မက်တွေရဲ့ စိန်ခေါ်မှုကို လက်ခံပြီး ကြိုးစားခဲ့ကြလို့ အောင်မြင်ချမ်းသာလာခဲ့ကြတာ ဖြစ်ပါတယ်။

၂။ သက်သာဖို့ မစဉ်းစားပါနဲ့။

ထိပ်ဆုံးရောက်အောင် သွားနေတဲ့ ခရီးမှာ ဒီလောက်ဆိုရပါပြီလို့တွေးပြီး နားနေဖို့ အချိန်မရှိပါဘူး။ ကနဦးချမှတ်ထားတဲ့ ရည်မှန်းချက်ပြည့်၀ပြီး ဝင်ငွေသန်းချီနေပြီဆိုရင် နောက်ထပ်ရည်မှန်းချက်တစ်ခု ချမှတ် လုပ်ဆောင်ပါ။ ဘယ်တော့မှ သက်တောင့်သက်သာဖြစ်ဖို့ မစဉ်းစားပါနဲ့။
(ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်စေနိုင်သည့် အမူအကျင့်များ
http://mmgentleman.com/2015/11/02/s-15/)

၃။ အားလုံးထက် ပိုပြီး လေ့လာကြိုးစားပါ

သင့်မှာ ဘယ်လောက်ပဲအရည်အချင်းတွေ ရှိနေပါစေ။ အခြားသူတွေထက် ပိုပြီးတော့ လေ့လာကြိုးစားချင်စိတ် မရှိဘူးဆိုရင် အောင်မြင်မှုကို အပြည့်အဝခံစားရမှာမဟုတ်ပါဘူး။ သူများတွေထက် ကြိုးစားတာက ရည်မှန်းချက်တွေအောင်မြင်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။

၄။ အရှုံးတွေ အမှားတွေကနေ သင်ခန်းစာယူပါ။

အမှားတွေ လုပ်မိပြီး အရှုံးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာပါ။ ဒီလို ကြုံတွေ့ရတဲ့အခါမှာ ဘယ်လိုတုံ့ပြန်သလဲဆိုတာက သင့်ရဲ့အောင်မြင်မှုကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ အပြီးတိုင်လဲပြိုကျသွားရင်တော့ ဘာမှအဖတ်ဆယ်လို့ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျရှုံးမှုရဲ့အကြောင်းရင်းကို ရှာဖွေပြီး အတွေ့အကြုံအဖြစ်နဲ့ သင်ခန်းစာယူနိုင်ရမှာ ဖြစ်ပါတယ်။

၅။ နေ့တိုင်းစာဖတ်ပါ။

စာဖတ်တာကို ဘယ်တော့မှမရပ်သင့်သလို ဖတ်စရာအကြောင်းအရာတွေ ရှာဖွေမှုကိုလည်း မရပ်တန့်လိုက်ပါနဲ့။ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်ထဲက နောက်ဆုံးအကြောင်းအရာတွေကို သတိမပြတ်စောင့်ကြည့်ပြီး အားလုံးထက် ရှေ့ရောက်နေဖို့ လိုပါတယ်။

၆။ စိတ်ရောကိုယ်ပါ ကျန်းမာနေပါစေ။

အောင်မြင်မှုလမ်းခရီးကို လျှောက်လှမ်းရာမှာ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်နေဖို့က အရေးကြီးလိုအပ်ချက် တစ်ခုဖြစ်ပါတယ်။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တာတွေ စားသုံးပြီး အိပ်ရေး၀ဝအိပ်စက်ပါ။
(စိတ်ဓါတ်ခွန်အားကို မြှင့်တင်ရန် လမ်းညွှန်
http://mmgentleman.com/2015/11/02/y-5/)

၇။ အောင်မြင်လိုစိတ်ရှိသူတွေနဲ့ ဝန်းရံထားပါ။

သင့်ရဲ့ပတ်ဝန်းကျင်မှာ ရည်မှန်းချက်ချင်း၊ ဦးတည်ချက်ချင်းတူညီသူတွေနဲ့ ဝန်းရံထားပါ။ အားလုံးကလည်း သင်နဲ့ ထပ်တူထပ်မျှအောင်မြင်ချင်သူတွေ ဖြစ်ပါစေ။ ဒီလို ဝန်းရံထားမှသာ သင့်ကို စိတ်အားတက်ကြွစေပြီး အာရုံစိုက်နိုင်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ အလုပ်ကို ဂရုမစိုက်တတ်ပဲ အပျော်အပါး ဦးစားပေးလွန်းသူတွေကို ရှောင်ပါ။

၈။ ပေးကမ်းစွန့်ကြဲပါ။ ချစ်သူခင်သူတွေကို ဂရုစိုက်ပါ။

စိတ်ဓာတ်ရော ခန္ဓာကိုယ်ပါ ကျန်းမာနေရုံနဲ့ မလုံလောက်ပါဘူး။ သင်စိတ်ဝိဉာဉ်ကိုလည်း အားဖြည့်ပေးဖို့လိုပါတယ်။ သင့်ပတ်ဝန်းကျင်နဲ့ အကူအညီလိုအပ်နေသူတွေကို ကူညီပေးဖို့ ဘယ်တော့မှမမေ့ပါနဲ့။ ဒါ့အပြင် ချစ်သူခင်သူတွေကို ဂရုစိုက်ပေးခြင်းကလည်း ငွေကြေးအောင်မြင်မှုကို ခံစားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၉။ ရိုးသားပြီး ပွင့်လင်းမြင်သာမှုရှိပါစေ။

လိမ်ညာဟန်ဆောင်မှုတွေက သင်ထင်သလောက် အရာရောက်စေမှာမဟုတ်ပါဘူး။ အမြဲတမ်း ရိုးသားပြီး ပွင့်လင်းနေဖို့ လိုပါတယ်။ ဒီအချက်က သင့်ကို ရေရှည်အောင်မြင်မှုကို ရရှိစေဖို့ အရေးကြီးပါတယ်။

၁၀။ ရေရှည်အောင်မြင်ဖို့ကို တွေးပါ။

လူအများစုက ရေတိုအောင်မြင်မှုတွေနဲ့ ရည်မှန်းချက်တွေကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ရေတိုရည်မှန်းချက်တွေကို အာရုံအရမ်းမစိုက်ပါနဲ့။ ဘဝမှာလိုလားတောင့်တာဆုံးအရာအဖြစ်နဲ့ ရေရှည်ရည်မှန်းချက်ကို ဦးစားပေးပါ။ ဒါမှာ သင်ကိုယ်တိုင်နဲ့ သင့်မိသားစုအတွက် ခိုင်မာတဲ့ ဓနအင်အားကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

GM ရဲ့ တခြား စီးပွားရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/money/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

----------------------------------------------------------------------------

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



ေအးျမသာစည္ ရြာ မွ သင့္ကို အထူးပင္ ႀကိဳဆိုပါတယ္ ခင္ဗ်ာ
လာလည္သူအေပါင္း မဂၤလာအေပါင္းနဲ႔ ျပည့္စံု၍ ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာ၊ ခ်မ္းသာက်ပါေစ=>=>=>=>