လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ကိုယ်ပိုင်စီးပွားရေး စ,တင်ချင်သူများ ရှိရမည့်အရည်အချင်း


Myanmar News
ကိုယ်ပိုင်စီးပွားရေး စ,တင်ချင်သူများ ရှိရမည့်အရည်အချင်း
=====================================
တော်တော်များများက ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ငွေအရင်းအနှီးမရှိလို့ မလုပ်နိုင်ဘူးထင်ပြီး အနာဂတ်ေ၀၀ါးကြပါတယ် ..

သမားရိုးကျအမြင်ကနေ ဖောက်ထွက်ပါ .. "ငွေ" ကို "ငွေ" သက်သက်နဲ့ အောင်မြင်ချင်ရင်တော့ ငွေအရင်းအနှီးများပါလိမ့်မယ် ..

အသိ ၊ အတတ်ပညာ နဲ့ ၀ိရိယတွေ ထည့်ပေါင်းရင် "ငွေ" ဆိုတဲ့အရင်းအနှီး လျော့ကျသွားနိုင်ပါတယ် ..

.
** ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ဖို့အတွက်

- ငွေ အရင်းအနှီး

- အသိဥာဏ်၊ စိတ်ဓါတ် အရင်းအနှီး

- ပညာ အရင်းအနှီး

- အတွေ့အကြုံ အရင်းအနှီး

- လုပ်အား အရင်းအနှီး

- ၀ီရိယ အရင်းအနှီး

- လူမှုရေး အရင်းအနှီး

- စီးပွားရေးဈေးကွက် အရင်းအနှီး

- နိုင်ငံရေးမူဝါဒ အရင်းအနှီး

စတဲ့ အရင်းအနှီးတွေ လိုအပ်ပါတယ် ..

တကယ်လို့ အဲဒါတွေမပြည့်စုံသေးဘူးဆိုရင်လည်း စိတ်အရင်းအနှီးတစ်ခုတည်းနဲ့ပဲ အားလုံးပြည့်စုံလာအောင် လုပ်လို့ရပါတယ် ..

အဲဒီလို ပြည့်စုံလာဖို့အတွက် အောက်ကအရည်အချင်းတွေရှိဖို့ပဲ လိုတာပါ ..
.
.
- မိမိကိုယ်မိမိသာ အားကိုးပါ

- ဖိအားတွေအောက်မှာ အလုပ်လုပ်နိုင်ရမယ် ၊ ဖိအားတွေကြားမှာ ဆုံးဖြတ်ချက် မှန်ကန်စွာ ချနိုင်ရမယ်

- ပြိုင်ဆိုင်မှုတွေကို မကြောက်ရဘူး ၊ သာလွန်အောင် လုပ်ဆောင်နိုင်စွမ်း ရှိရမယ်

- မြင့်မြတ်တဲ့ခေါင်းဆောင်စိတ်ရှိပြီး တခြားသူတွေကို စည်းရုံးနိုင်တဲ့အရည်အချင်း ရှိရမယ်

- ရှင်းလင်းပြတ်သား တိကျတဲ့ လမ်းညွှန်မှု ပေးနိုင်ရမယ်

- လုပ်ငန်းကို စီမံခန့်ခွဲနိုင်ရမယ်

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>