လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အလကားရတဲ့အရာက ဈေးအကြီးဆုံးအရာဖြစ်ပါတယ်



 အကယ်၍ ကိုယ်ဟာ သူများကို အလကားပေးတတ်တဲ့သူတစ်ယောက်
ဆိုရင် လက်ခံရရှိတဲ့သူက ကိုယ့်ဆီကိုအမြဲတမ်းရဖို့
မျော်လင့်တတ်ပါတယ်
.
ဒီလိုနဲ့ တစ်ရက်ရက် ကိုယ်က မပေးနိုင်တော့တဲ့ချိန် (သို့) အသုံးစားရိတ်တစ်ခုခုလုပ်တောင်းရမယ့်ချိန်ကျရင် 
ကိုယ်ကပဲ မှားတဲ့သူတစ်ယောက်လိုမျိုးဖြစ်သွားလိမ့်မယ်
.
ကိုယ့်ကိုစိတ်အားသေးငယ်တယ် ၊ စေတနာမရှိဘူးလို့ပြောကျလိမ့်မယ် 
.
ကိုယ်လုပ်ခဲ့တဲ့ ကောင်းချက်တွေအားလုံးကို ထည့်မတွက်တတ်ပါဘူး / လူတွေက အဲ့လိုတွေပါပဲ
.
အကယ်၍ ကိုယ်က သူများဆီကနေ တစ်ခုခုအလကားရတဲ့သူဆိုရင် အဲ့ဒီအလကားက ပြန်ဆပ်ဖို့ခက်ခဲတဲ့အရာတစ်ခုဖြစ်သွားပါလိမ့်မယ် 
အဲ့ဒီ အလကားဆိုတဲ့အရာနဲ့ လဲဖို့တစ်ခုခု ရှာကိုရှာရတယ် ၊ အကယ်၍ အဲ့ဒီ အလကားက အရာတစ်ခုဆိုရင် ပြီးတော့ quality မကောင်းဘူးဆိုရင်တော့ ကိုယ်က မသုံးလည်းရတယ် / ပြစ်လိုက်လို့လည်းရတယ်
.
ဒါပေမဲ့ အဲ့ဒီအလကားက ဝန်ဆောင်မူ တစ်ခုဆိုရင် ပြီးတော့ quality မကောင်းဘူးဆိုရင် ကိုယ်က သည်းခံအောင့်ငြီးရမှာပါ / ဘာမှ သွားညည်းပြလို့မရဘူး / 
(ဘယ်ရမှာလဲ အဲ့ဒါက အလကားရတဲ့အရာလေ )
.
နန်းဒီသင်ခန်းစာတစ်ခုရပြီးတဲ့ချိန်မှာ အလကားဆိုတဲ့အရာကို လက်မခံတော့ပါဘူး
အဲ့ဒီအလကား ဆိုတဲ့အရာက ဘယ်လောက်ပဲ တန်ဖိုးကြီးပါစေ (သိန်း / သန်း) ပေါင်းများစွာပဲဖြစ်ပါစေ 
ဘာဖြစ်လို့လဲဆိုတော့ အလကားဆိုတဲ့ အရာကဈေးကြီးလေ / ကိုယ်ပြန်ပေးရမယ့်အရာက ဈေးကြီးလေပါပဲ 
.
အကယ်၍ ပိုက်ဆံနဲ့ရှင်းနိုင်ရင်တစ်ခါထဲ ရှင်းလိုက်ပါ 
ရှင်းပြီးရင် ပြီးသွားပါပြီ /
.
အကယ်၍ ပိုက်ဆံနဲ့ရှင်းလို့မရဘူးဆိုရင် အဲ့ဒီအရာကို လက်မခံသေးပါနဲ့ အဲ့ဒီအရာက ကိုယ့်အတွက်အရာမဟုတ်သေးဘူးလို့ဆိုလိုပါတယ် 
.
ပေးတဲ့သူဆိုရင်လည်း သင့်တော်တဲ့ ပမာဏနဲ့ပဲ 
ပေးပါလို့ပြောချင်ပါတယ်
လက်ခံတဲ့သူကို အကျင့်စွဲသွားအောင် မလုပ်ပါနဲ့
.
လက်ခံတဲ့သူကလည်း ကျေးဇူးကတော့ ဆပ်သင့်ပါတယ် / ဒါပေမဲ့ အလကားဆိုတဲ့အရာကို သိပ်မမျော်မှန်းပါနဲ့ရှင့် 
.
.
တည့်တည့်ပြောရမယ်ဆိုရင် 
.
အလကားဆိုတဲ့အရာက လောကမှာမရှိပါဘူး
အလကားလို့တွေ့တာက ပေးဖို့တန်ဖိုးများလို့ပါ / ဒါပေမဲ့ အဲ့ဒီတန်ဖိုးကိုမတွေ့တာက တန်ဖိုးများလွန်းလို့ပါ 
.
.
အလကားဆိုတဲ့အရာကို ပေးလည်းမပေးတဲ့ / ယူလည်းမယူတဲ့သူဖြစ်ဖို့ သတိရှိဖို့ လေ့ကျင့်ကျမယ်……

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>