လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ပုံပြုပြင်နည်း(၁)

@@@@  မောင်စေတနာ


မင်္ဂလာပါ ဒီနေ့ ကျွန်တော် photoshop နဲ့ပါတ်သတ်ပြီး ပုံပြင်နည်းလေးကို အလွယ်ဆုံးလေးတင်ပေးလိုက်ပါတယ် photoshop လေ့လာနေတဲ့ဘော်ဘော်တွေ အတွက် အသုံးဝင်မယ်လို့ထင်ပါတယ်၊ ဒီတော့ ကျွန်တော် အောက်မှာပုံလေးတွေနဲ့ တဆင့်ချင်းပြထားပေးပါတယ်၊ နားမလည်သေးရင်တော့ video လေးပါကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်...
(၁) ကဲလိုက်ကြည့်ရအောင်နော်..အရင် အောက်ပုံမှာပြထားတဲ့အတိုင်း file>open ကနေလုပ်မယ်ပုံသွားယူထည့်ပါ..ပြီးရင်(၂)ပုံလေးဆက်ကြည့်ပါ၊ ရောက်လာရင် မျှားပြထားတဲ့နေရာလေးမှာ စလက်ပေးထားမှာဖြစ်ပါတယ်၊ ပြီးရင်ပုံလေးကိုပွားရမှာဖြစ်ပါတယ် ပွားဖို့ အတွက် ctrl+j ကိုကီးဘုက်ပေါ်မှာတွဲနိုပ်ပေးလိုက်ပါ (၂)ပုံယူရမှာဆိုတော့ (၂) ခါနိုပ်ပါ..(၃) ပုံမှာပြထားသလိုဖြစ်သွားမှာပါ အောက်က (၂)မျှားမှာပြထားတာက ဘာလဲဆိုတော့  ctrl+j မနိုပ်ချင်ရင် ပုံကိုမောက်ထောက်ပြီးဆွဲထည့်လဲရပါတယ် မျှားပြထားတဲ့နေရာလေးမှာ...

(၂)  အောက်ကပုံလေးတွေဆက်ကြည့်ပါ ပုံ(၂) ပုံပွားထားတဲ့ အပုံဆုံးက layer 1 copy မှာ စလက်ပေးထားပါ၊ ပြီးရင် filter>blue>motion blue ကိုမျှားပြထားတဲ့တိုင်းသွားပြီးနိုပ်ပေးလိုက်ပါ၊ (၂)ပုံလေးတိုင်ဘောက်လေးတက်လာမှာပါ၊ တက်လာတဲ့ ဘောက်မှာ ပုံကိုကြည့်ပြီးချိန်ယူရမှာဖြစ်ပါတယ်၊ ကျွန်တော်ချိန်ထားတာတော့(၂)မျှားပြထားတဲ့နေရာမှာ 45% ပါ (၃)မျှားပြထားတဲ့နေရာမှာတော့ 35% ပါ ပြီးရင် ok ဖြေပေးလိုက်ပါ၊
(၃)အောက်ကပုံလေးမှာခုဏအပေါ်မှာလုပ်ခဲ့သလိုလုပ်ရမှာပါ နည်းနည်းလေးကွာသွားပါတယ် ဘာတွေကွာသွားလဲကြည့်ရအောင် (၁) မျှားမှာပြထားတဲ့ပုံကို စလက်ပေးပါ မပေးခင် အပေါ်ပုံလေးကို မျက်လုံးပုံလေးကိုမောက်နဲ့နိုပ်ပြီးအရင်ပိတ်ပါ ပြီးမှာ layer 1 ကို စလက်ပေးပါ၊ ပြီးရင် အပေါ်မှာသွားလိုက်သလိုပဲ မျှားပြထားသလိုထပ်သွားပါ ခုဏလိုလေးပဲ ဘောက်တက်လာမှာပါ (၂) မျှားမှာ အပေါ်တုန်းက 45% ထည့်ခဲ့ရင် ဒီမှာ -45% ပါ - လေးပဲ ပိုလာတာပါ ကျန်တာတွေ အပေါ်ကတိုင်းပါပဲ ပြီးရင် ok ပေါ့...
(၄) အောက်ကပုံ(၁)မျှားပြထားတဲ့နေရာကအပေါ်ဆုံးပုံစလက်ပေးပြီး (၂)မျှား(၃)မျှားပြထားသလိုအဆင့်လိုက်သွားပါ၊ (၂) ပုံတိုင်းမြင်ရမှာပါ ပြီးရင် (၁)မျှားပြထားသလိုစလက်ပေးပြီး(၂)မှားနေရာမှာဘေးမျှားအသေးလေးနိုပ်ပြီး (၃) ပုံကပြထားတဲ့ screen လေးနိုပ်ပေးလိုပါ။
(၅) အပေါ်ကလိုအဆင့်ဆင့်ပြီးရင်တော့ အောကပုံမှာပြထားသလို (၁)မျှားနေရာစလက်ပေးထားပါ ပြီးရင်(၂)မျှားနေရာမှာနည်းနည်း ကိုယ်လိုသလိုချိန်ပါ လိုသလောက်ပေါ့ ဒါဆိုပြီးပါပြီ ပုံလေးကို သိမ်းဖို့ အောက်မှာဆက်ကြည့်ရအောင်....
(၆) အောက်ပုံလေးတွေကိုကြည့်ပါ (၁)က (၁) မျှားနေရာကိုသွား (၂) မျှားနိုပ် ပြီးရင် (၂) ပုံလေးတိုင်ပေါ်လာရင် (၂)ပုံက(၁)မျှားပြထားတဲ့ အနီကွပ်မှာ နမည်ပေး (၂)မျှားနေရာက အစိမ်းကွပ်မှာ ရွေးပေးလိုက်ပါ jpeg (3)မျှားပြထားတဲ့နေရာပါ၊ ဒီလောက်ဆိုအားလုံးနားလည်လောက်ပါပြီ နားမလည်သေးရင်တော့ video ဆက်ကြည့်လိုက်နော်.....

 ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..မောင်စေတနာ မှ 
နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>