လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

Business Plan တစ်ခုရေးဆွဲ တည်ဆောက်ခြင်း


အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း တစ်ခုကို ပိုင်ဆိုင်လိုတယ်ဆိုရင်တော့ အရင်ဆုံး သင်လုပ်ဆောင်ရမှာကတော့
Business Plan တစ်ခု ရေးဆွဲဖို့ ပါပဲ။
ဘာPlan မှမရှိပဲ ကြုံသလို ဖြစ်ကတက်ဆန်းလုပ်မယ်ဆိုရင်တော့ အရင်းအနှီးဘယ်လောက်ကောင်းကောင်း သင်ရည်မှန်းထားတဲ့
လုပ်ငန်းဟာ အောင်မြင်မှာမဟုတ်ပါဘူး..ဒီတော့ စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်အောင် Business Plan တစ်ခု ရေးဆွဲသင့်ပါတယ်..Business Plan တစ်ခုရေးဆွဲတဲ့အခါ လိုအပ်တဲ့ အချက်အလက်တွေကို လေ့လာမိသလောက် ဝေမျှလိုက်ပါတယ်....


၁။သုတေသနလုပ်ခြင်း
..................................
သင်ရည်ရွယ်မယ့် လုပ်ငန်းနဲ့ သက်ဆိုင်မယ့် အချက်အလက်မှန်သမျှကို သုတေသန လုပ်သင့်ပါတယ်။ဥပမာ IT Business လုပ်မယ်ဆိုရင် လက်ရှိအောင်မြင်နေတဲ့ IT Companyတွေကို လေ့လာသင့်ပါတယ်။ သူတို့ ရဲ့ ဝန်ဆောင်မှုတွေ၊၀န်ထမ်းဖွဲ့ စည်းပုံ၊ဈေးကွက်အနေအထား၊
Customer တွေရဲ့ တုံ့ ပြန်မှု စတာတွေကို စနစ်တကျ သုတေသနပြု လေ့လာသင့်ပါတယ်။အတွေ့ အကြုံရှိသူ ကျွမ်းကျင်ပညာရှင်တွေနဲ့ လည်း တိုင်ပင်သင့်ပါတယ်။ Google Search ကလည်း သင့်သုတေသနလုပ်ငန်းအတွက် အကောင်းဆုံးကူညီ နိုင်ပါတယ်။သင့်သုတေသနအတွက် လိုအပ်တဲ့ အချက်အလက်တွေကို Google ကနေရှာဖွေနိုင်ပါတယ်။

၂။အစီအစဉ်တွေကို စာရွက်ပေါ်တွင်ချရေးခြင်း
.................................................................
သင်သုတေသန လုပ်ထားတဲ့ အချက်အလက်တွေကို စာရွက်ပေါ်မှာချရေးထားသင့်ပါတယ်။
ဦးနှောက်ထဲမှာပဲ သိမ်းထားရင် တချို့ အရေးကြီးတဲ့ အချက်အလက်တွေ မေ့သွားနိုင်ပါတယ်။စာရွက်ပေါ်မှာ ချရေးခြင်းဟာ
စေ့စပ်သေချာတဲ့ အလုပ်ဖြစ်ပြီး Business Plan တစ်ခု တည်ဆောက်ဖို့ ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။

၃။ဦးတည်ချက်
........................................
သင့်လုပ်ငန်းရဲ့ ဦးတည်ချက်နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို စာရင်းပြုစုသင့်ပါတယ်။
ဥပမာ သင်က အမျိုးသမီးသုံးအလှကုန်ထုတ်မယ့် စီးပွားရေး လုပ်မယ်ဆိုရင် ကျွန်တော်တို့ ရဲ့  Target က အမျိုးသမီးတွေဖြစ်ရမယ်ပေါ့။
ဒီလောက်နဲ့ ဦးတည်ချက်က မလုံလောက်သေးပါဘူး။ အမျိုးသမီးတွေမှာမှ အသက်အပိုင်းအခြား ဘယ်နှနှစ်ကနေ ဘယ်နှနှစ်အတွင်းကို ဦးတည်မှာလဲ စသဖြင့် သင့်လုပ်ငန်းရဲ့ ဦးတည်ချက် အလိုက် စနစ်တကျလေ့လာပြီး အစီအစဉ်ဆွဲထားသင့်ပါတယ်။

၎။ပြိုင်ဘက်များ
........................................
သင်ဟာ စီးပွားရေး လုပ်ငန်း လုပ်နေပြီဆိုမှတော့ ပြိုင်ဘက်နဲ့ မကင်းနိုင်ပါဘူး။
ဒါဆို ပြိုင်ဘက်တွေကို ရင်ဆိုင်ဖို့  Plan တစ်ခု ကြိုတင်ရေးဆွဲ ထားသင့်ပါတယ်။သင့်စီးပွားရေး နယ်ပယ်ထဲမှာ ရှိနှင့်ပြီးသား ပြိုင်ဘက်တွေသာမက နောင်အနာဂတ်မှာ ရင်ဆိုင်ရဖွယ်ရှိတဲ့ ပြိုင်ဘက်အသစ်တွေကိုပါ ကြိုတင်တွက်ဆထားရပါမယ်။
ပြိုင်ဘက်တွေရဲ့  အားသာချက်၊အားနည်းချက်တွေကိုပါ ကြိုတင်စဉ်းစားထားရပါမယ်။

၅။ဈေးကွက်မဟာဗျူဟာ
...........................................
စီးပွားရေးလုပ်ငန်းတစ်ခုရဲ့  အသက်သွေးကြောကတော့ ဈေးကွက်မှာနေရာရဖို့ ပဲဖြစ်ပါတယ်။
သင့်လုပ်ငန်းရဲ့ အောင်မြင်မှု၊မအောင်မြင်မှုဟာ သင့်ဈေးကွက် ကျယ်ပြန့် မှုဘယ်လောက် အတိုင်းအတာရှိသလဲဆိုတဲ့ အချက်ပေါ် မူတည်ပါတယ်။
ဥပမာ သင်က Mobile Application ရေးဆွဲတဲ့ ၀န်ဆောင်မှုလုပ်ငန်း လုပ်တယ်ဆိုပါစို့ ။
အရင်ဆုံး သင့် ၀န်ဆောင်မှုကို ဈေးကွက်မှာ နေရာရဖို့  Customer တွေရဲ့ စိတ်ဝင်စားမှုလိုအပ်ပါတယ်။
Free Service တွေ၊ကံစမ်းမဲတွေ၊ ကြော်ငြာ အဆန်းအပြားတွေနဲ့ သင့်လုပ်ငန်းကို လူသိများအောင် လုပ်ပြီး ဈေးကွက်ကို ကျယ်ပြန့် အောင်လုပ်နိုင်ပါတယ်။ဒီထက် ကောင်းတဲ့ အစီအစဉ်တွေလည်း သင်စိတ်ကူးပေါ်ရင် ပေါ်သလောက် ချဲ့ ထွင်နိုင်ပါတယ်။ဒါကြောင့်မို့ သင့်စီးပွားရေး လုပ်ငန်းအတွက် ကောင်းမွန်တဲ့ မဟာဗျူဟာတစ်ခု ချမှတ်ဖို့ လိုအပ်ပါတယ်။

၆။လိုအပ်ချက်များပြင်ဆင်ခြင်း
..............................................
စီးပွားရေး လုပ်ငန်းလုပ်ပြီဆိုရင် သင်ဟာ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ရပါတော့မယ်။ရှယ်ယာ၊၀န်ထမ်း၊Company လိုင်စင် စသဖြင့်ပေါ့။
ဥပမာ Wesite Creation ၀န်ဆောင်မှုလုပ်ငန်း လုပ်မယ်ဆိုရင်အဓိက လိုအပ်ချက်တွေက Designer တွေ၊ဖုန်း၊ရုံးခန်း၊ ၀န်ထမ်း စသဖြင့် လုပ်ငန်းပေါ်မူတည်ပြီး လိုအပ်ချက်တွေကို ပြင်ဆင်ထားသင့်ပါတယ်။

၇။အဟန့် အတားများ
...........................................
အတားအဆီး အဟန့် အတားတွေကိုလည်း ကျော်ဖြတ်တတ်ဖို့ လိုပါတယ်။
ဥပမာ အတူလက်တွဲ လုပ်ဆောင်ခဲ့တဲ့ ရှယ်ယာရှင်၊ဒါမှမဟုတ် ပညာရှင်တွေ၊ ၀န်ထမ်းတွေ၊သင်နဲ့ အတူတူလုပ်ကိုင်နေရင်း အကြောင်းအမျိုးမျိုးကြောင့် သင့်လုပ်ငန်းက ထွက်ခွာသွားရင် လုပ်ငန်းကို မရပ်တန့် ပဲ ဘယ်လို လည်ပတ်မလဲ စသဖြင့် ကြိုတင်တွေးဆထားသင့်ပြီး ဖြစ်နိုင်စရာ ဖြေရှင်းချက်တွေကို ရှာဖွေထားသင့်ပါတယ်။

၈။လူ့ စွမ်းအားနှင့် ပေါင်းသင်းဆက်ဆံရေး
.............................................................
သင့်မှာ ၀န်ထမ်းကောင်းတွေရှိဖို့ လိုအပ်ပါတယ်။ထို ၀န်ထမ်းတွေရဲ့ လုပ်ကိုင်နိုင်စွမ်းအားကိုလည်း အမြဲမပြတ်လေ့လာ ဆန်းစစ်နိုင်ရပါမယ်။သူတို့ ရဲ နောက်ခံအခြေအနေ၊အားနည်းချက်၊အားသာချက်တွေကိုလည်း သိရှိထားရပါမယ်။သူတို့ ရဲ့ ကြိုးစား အားထုတ်မှုတွေကိုလည်း ချီးမွမ်း အသိအမှတ်ပြုသင့်ပါတယ်။
အမှားအယွင်းတွေ့ ရင်တောင် ရင်းမြစ်ကို သေချာ စုံစမ်းသင့်ပါတယ်။ပေါင်းသင်းဆက်ဆံရေးဆိုတာ Customer တွေရဲ့ ပေါင်းသင်းဆက်ဆံရေး သာမက ၀န်ထမ်းတွေနဲ့ ပေါင်းသင်း ဆက်ဆံရေးပါ ပါဝင်ပါတယ်။ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးက သင့် လုပ်ငန်း အောင်မြင်ဖို့  များစွာ အထောက်အကူပေးနိုင်ပါတယ်။

၉။ရှေ့ သို့ ချီတက်ခြင်း
.................................................
ရှေ့ ကို ဘယ်လို ချီတက်ကြမလဲ။
သင်ရဲ့ လုပ်ငန်းကို လမ်းပြမြေပုံတစ်ခုလို့ သဘောထားကြည့် လိုက်ပါ။
သင်စီစဉ်ထားတဲ့လုပ်ငန်းတစ်ခုခု အောင်မြင်ပြီးမြောက်သွားရင် နောက်တစ်ခုကို ဘယ်လို ဆက်အကောင်အထည်ဖော်မလဲပေါ့ စသဖြင့် အစီအစဉ်ချထားဖို့ လိုအပ်ပါတယ်။
ဒါတွေကတော့ Business Plan တစ်ခုတည်ဆောက်ဖို့ ပါဝင်သင့်တဲ့အချက်တွေ ဖြစ်ပါတယ်။တစ်ယောက်နဲ့ တစ်ယောက် စိတ်ကူးစိတ်သန်းချင်း မတူတဲ့ အတွက် Plan ဆွဲပုံချင်းကလည်း ကွာခြားနိုင်ပါတယ်။သင့် စိတ်ကူးရှိရင်ရှိသလို ကွန့် မြူးနိုင်ပြီး လိုနေတဲ့အချက်တွေကို ထပ်ဖြည့် နိုင်ပါတယ်။အောင်မြင်သော Businees Plan တစ်ခုကို မှန်ကန်ကောင်းမွန်စွာရေးဆွဲနိုင်ပါစေ။

Ref:How To Make A Business Plan by Vera Hughes
Written by Tin Ko Ko (CEO @ HHK Group)

@@@@@@@@@@@@

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>