လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

မန်ယူဖန်စစ်စစ် ဆိုရင်

မန်ယူဖန်စစ်စစ်
မန်ယူအသင်းရဲ့ တရားဝင် Website နဲ့ Facebook Page တွေမှာ သင့်အနေနဲ့ မန်ဘာ အကောင့် ရဂျစ်စတာ လုပ်ခြင်း ..... Page Like များ ပြုလုပ်ခြင်းဖြင့် မန်ယူဖန်အဖြစ် တရားဝင် အသိအမှတ်ပြု ထဲ့တွက်တဲ့ စာရင်းမှာ ပါဝင်လာမှာ ဖြစ်ပါတယ် ....
အခါအားလျော်စွာ မန်ယူ Website က ပြုလုပ်တဲ့ ကံစမ်းမေးခွန်းများ အစီအစဉ်မှာ ၀င်ရောက် ဖြေဆိုခြင်းများ ပြုလုပ်နိုင်သလို ..... မန်ယူဆိုဒ်ကပေးမယ့် ကံစမ်းမဲ အထူးအခွင့်အရေး များကိုလည်း
ရယူ ပိုင်ဆိုင် နိုင်ပါလိမ့်မယ် ....
အမြဲတမ်း ဖန်အဖြစ်နဲ့ ဘောပွဲလက်မှတ်များ .... အသုံးအဆောင် ပစ္စည်းများ ၀ယ်ယူပါကလည်း ဒစ်စကောင့်တွေ ရရှိပါလိမ့်မယ် .... ကမ္ဘာပတ်တဲ့ ရာသီကြို မန်ယူလှူပ်ရှားမှု့တွေက အထူးအစီအစဉ် တွေမှာလည်း ပါဝင်ခွင့် ရနိုင်ပါလိမ့်မယ် ....
အသင်းအောင်မြင်နေချိန်မှာ လက်သီးလက်မောင်းတန်းပြီး အခြားအသင်းဖန်တွေ အထက်က မော်ကြွား ဟစ်ကြွေးနိုင်ခဲ့တဲ့ မန်ယူဖန် တစ်ယောက်ဟာ ..... အသင်း နိမ့်ကျနေချိန်မှာလည်း ရရှိလာမယ့် ဆိုးကျိုးတွေ .... မျက်နာငယ်စရာတွေကို မန်ယူအသိုင်းအ၀န်းကြီးနဲ့ အတူ ကြံ့ကြံ့ခိုင် လက်တွဲ ရင်ဆိုင်နိုင်မှ သာလျင် မန်ယူဖန် စစ်စစ် တစ်ယောက် အဖြစ် သတ်မှတ် နိုင်မှာ ဖြစ်ပါတယ် ....
ကမ္ဘာ့ဘော်လုံး အသင်းဖန်တွေအထဲမှာ လက်ရှိ စာရင်း ဇယားများအရ မန်ယူဖန် အရေအတွက်က အများဆုံး ဖြစ်နေတာကို တွေ့ရပေမယ့် .... အရေအတွက် ဆိုတာထက် ပိုတန်ဖိုး ရှိရအောင် ..... မိတ်ဆွေ
 သင့်အနေနဲ့ မန်ယူဖန် စစ်စစ် တစ်ယောက် ဖြစ်နေရတာကို စိတ်သန့်သန့်နဲ့ ဂုဏ်ယူ လိုက်စမ်းပါ
Rose Net
official Website >>> http://www.manutd.com/

@@@@@@@@@@@@@

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>