လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ကွမ်းစားခြင်းအလေ့ကို ဆင်ခြင်သုံးသပ်ကြဖို့လိုပြီ



တိုင်းပြည်နှင့်လူမျိုးကို အရုပ်ဆိုးအကျည်းတန်စေသော
 ကွမ်းစားခြင်းအလေ့ကို ဆင်ခြင်သုံးသပ်ကြဖို့လိုပြီ
**************************************
အာကာသ(သာစည်)
ကွမ်းစားခြင်းသည် လူကိုအကျည်းတန်အရုပ်ဆိုးစေ၍ ပတ်ဝန်းကျင်
ကိုလည်း ညစ်ပတ်ပေရေစေပါသည်။ လွန်လွန်ကြူးကြူးစားသုံး ခြင်းကြောင့် ကျန်းမာရေးကိုထိခိုက်နိုင်ပြီး စီးပွားရေးအရလည်း နစ်နာစေပါ သည်။ ထို့ကြောင့် ကွမ်းစားလေ့ရှိသူတို့သည် ကွမ်းကိုလုံးဝဖြတ်ပစ်မည်ဆိုပါ က လွန်စွာကောင်းမွန်ပြီး မစားရမနေနိုင်၍ မပြတ်နိုင်သေးပါက စည်းကမ်းတကျ နှင့်လျှော့ပေါ့စားသုံးကြရန် လိုအပ်ပါသည်။
ရှေးကစ၍ မြန်မာတို့ကျွေးမွေးဧည့်ခံလောကဝတ်ပြုရာတွင်
ကွမ်း၊ ဆေး၊ လက်ဖက်သည် ယနေ့အချိန်အထိ မပါလျှင်မပြီးသလောက်ဖြစ်သည်။ ကွမ်းရွက် ကို ထုံး၊ ကွမ်းသီးတို့နှင့်ရောနှောကာ ကွမ်းယာအဖြစ်စားသုံးကြ၍ ဖွယ်ဖွယ်ရာရာ အလို့ငှာ ဆေးရွက်ကြီး၊ လေးညှင်း၊ ဖာလာစေ့၊ စမုန်စပါး၊ အုန်းသီးစိတ်အစ ရှိသည်ကိုထည့်ပြီးလည်း သုံးဆောင်ကြသည်။ ကွမ်းမစားမီ ကွမ်းရွက်၏အရင်း နှင့်အဖျားတို့ကို ပယ်ဖြတ်လေ့ရှိသည်။ ကွမ်းရွက်၏အရင်းတွင် ဘီလူးစောင့်၍ အဖျားတွင် ကာလကဏ္ဏီနတ်မိစ္ဆာစောင့်ပြီး အလယ်၌မူ ကုဝေရနတ်စောင့် သည်ဆိုကာ အရင်းနှင့်အဖျားကိုပယ်ပြီး စားကြခြင်းဖြစ်သည်။
ကွမ်းစားခြင်းဓလေ့သည် မြန်မာနိုင်ငံတွင် ပုဂံခေတ်မတိုင်မီကတည်းက ရှိခဲ့ဟန်တူချေသည်။ တကောင်းမင်းများလက်ထက်တော်က ကွမ်းလောင်းကြီး၊ ကွမ်းလောင်းငယ်အဆောင်အယောင်များရှိကြောင်းနှင့်အဆိုရှိသည်။ ပုဂံခေတ် တွင်မူ သက္ကရာဇ် ၆ဝ၃ခုနှစ်၌ မိဖုရားစောစိုက်ထူခဲ့သော ကူနီဘုရားကျောက် စာတွင် စာသင်တိုက်ရှိရဟန်းတော်များအတွက် ကွမ်း၊ ကွမ်းသီးဖိုးအဖြစ် စပါး များလှူဒါန်းကြောင်း ရေးထိုးထားသည်။ အခြားသောကျောက်စာများတွင်လည်း ကွမ်းစားကြောင်း အထောက်အထားများရေးထိုးထားသည်ကို တွေ့ရသည်။ ထို့ကြောင့် ပုဂံခေတ်တွင် ကွမ်းကိုရဟန်းရှင်သူပြည်သူအများစားသုံးနေကြပြီ ဖြစ်ကြောင်း သိသာနိုင်ပါသည်။
ပုဂံပြည်တွင် သက္ကရာဇ် ၆၁၇ခုနှစ်က နန်းတက်သော ဥဇ္ဇနာမင်းလက် ထက်၌ နန်းတွင်းခစားအမတ်ကြီးတစ်ပါးဖြစ်သော ရာဇသင်္ကြံသည် သြဇာတိက္ကမ ကြီးမားလှသည်။ ကွမ်းစား၍သွားနေသော ယင်းအမတ်ကြီးသည် နောက်တွင် လာနေသော မင်းသားသီဟသူကိုမမြင်မိဘဲ ကွမ်းသွေးထွေးလေရာ မင်းသား၏ အင်္ကျီလက်တွင် ပေကျံသွားသည်။ ဒေါသူပုန်ထသွားသောမင်းသားအား အ မတ်ကြီးကတောင်းပန်သော်လည်း အခဲမကျေနိုင်သောမင်းသားက အမတ်ကြီး ရာသင်္ကြန်၏အင်္ကျီဖျင်လက်ကို ကွမ်းသွေးဖတ်နှင့် ပြန်လည်ထွေးခဲ့ဖူးလေသည်။
ရခိုင်ဘုရင်မင်းထီးသည် ကွမ်းတံတွေးများကို ပြီးကပစ်နမော်နမဲ့မစွန့်ကြ ရန် တိုင်းပြည်သို့အမိန့်တော်ထုတ်ပြန်ထားသည်။ သို့သော်လည်း မင်းကြီးကိုယ် တိုင်မေ့လျော့ပြီး ကွမ်းစားထုံးဖြင့် နန်းတော်တိုင်အားသုတ်မိရာ မိမိကိုယ်တိုင် ထုတ်သောအမိန့်ကို ကိုယ်တိုင်ဖျက်မိလေသည်ဆိုကာ ထုံးတို့မိသောမိမိလက်ညှိုး အား ကိုယ်တိုင်ဖြတ်ပစ်ခဲ့ဖူးလေသည်။
အင်းဝဘုရင်မင်းခေါင်သည် မွန်မင်းရာဇာဓိရာဇ်အားသွားရောက်တိုက် ခိုက်ရာ မွန်ပြည်တစ်နေရာတွင် စခန်းချနားနေတော်မူသည်။ ရာဇာဓိရာဇ်လည်း သူရဲကောင်းလကွန်းအိန်ကို ဘုရင်မင်းခေါင်အား တိတ်တဆိတ်သွားရောက် လုပ်ကြံရန် စေလွှတ်ခဲသည်။ လကွန်းအိန်လည်း အစောင့်အကြပ်များ ထူထပ် စွာချထားသည့်ကြားမှ ညဥ့်အချိန်တွင် ဘုရင့်တဲနန်းသို့ရောက်အောင်ဝင်သည်။ ညဥ့်တွင်စောင့်သော ကိုယ်လုပ်တော်သိရှိပြီး သူခိုးဟုအော်ရာ လကွန်းအိန် သည် ဘုရင့်ကျောက်စီပတ္တမြားဓားနှင့် ကွမ်းခွက်တော်ကိုယူပြီး ကိုယ်လွတ် ရုန်း၍ထွက်ပြေးခဲ့ရသည်။ ရာဇာဓိရာဇ်မင်း၏ရှေ့တော်မှောက် အခစားရောက် လာသော လဂွန်းအိန်သည် အခွင့်မသာ၍မလုပ်ကြံခဲ့ရသော်လည်း ဘုရင့်အနီး အထိရောက်ခဲ့ကြောင်းသက်သေကို ပတ္တမြားကျောက်စီဓားနှင့် ကွမ်းခွက်တော် ကို ဆက်သခဲ့ဖူးသည်။
မွန်တို့ပြည်မှဆုတ်ခွာလာသော ဘုရင်မင်းခေါင်အား မွန်တို့ကလိုက်လံ တိုက်ခိုက်ရာ ဘုရင်မင်းခေါင်၏တပ်များအလူးအလဲခံရပြီး ကစဥ့်ကလျားဖြစ် ကုန်ကြသည်။ မိဖုရားရှင်မိနောက်ကို ရာဇာဓိရာဇ်ရ၍တောင် မိဖုရားလည်း ချောင်းအတက်တွင် ဆင်ပေါ်ကလျှောကျကျန်ခဲ့သည်ကို ဆင်ကဲတွေ့ပြီး တင် လာရသည်။ ကာလအတန်ကြာသော် ဘုရင်မင်းခေါင်အား မိဖုရားကကွမ်း ဆက်ရာတွင် ကွမ်းကျပ်လွတ်ကျပြီး 'အို ဆင်ကဲလေ'ဟု မိဖုရားနှုတ်မှ ယောင် ယမ်းဆိုမိလေသည်။ ဘုရင်မင်းခေါင်လည်း မိဖုရားအားကယ်တင်လာသော ဆင်ကဲကို နဂိုကတည်းက သံသယဝင်နေရာ ယုံကြည်တော်မမူဘဲ ကွပ်မျက်ခဲ့ဖူး သည်။ ထို့ကြောင့် ကွမ်းစားသောဓလေ့ကား အင်းဝခေတ်တွင်ရှိခဲ့ကြောင်း ထင်ရှားလေသည်။
ခေတ်အဆက်ဆက်တွင်ရှိခဲ့သော ကွမ်းစားခြင်းဓလေ့အား ကုန်းဘောင်မင်း ဆက် ဘကြီးတော်မင်းလက်ထက်တွင်လည်း ရှိခဲ့သည်။ ဘကြီးတော်မင်း၏ မိဖုရားကြီး နန်းမတော်မယ်နုထံတွင် ဖိုးသူတော်ဦးမင်းနှင့် လူဦးမင်းတို့ ညစဉ် စာဆိုကြရသည်။ ဖိုးသူတော်ဦးမင်းကား ငယ်စဉ်တွင် ရှင်ဣန္ဒောဘာသဓဇ ဘွဲ့ဖြင့် ဖိုးသူတော်ဝတ်ခဲ့ဖူး၍ ပြင်စည်မြို့နယ် ရေဝေရွာဇာတိဖြစ်သည်။ လူဦး မင်းမှာ ရွှေဘိုမြို့မြောက်လက် ငရဲနဲမြို့တွင် ဖွားမြင်ပြီးအရွယ်ရောက်သောအ ခါ နန်းမတော်မိဖုရားကြီး မယ်နုထံတွင် ဖိုးသူတော်ဦးမင်းနှင့်အတူ ညတိုင်း စာဆိုရသည်။ ထို့ကြောင့် နန်းမတော်မိဖုရားကြီးက တစ်ယောက်နှင့်တစ်ယောက် ခွဲခြားရန် လူဦးမင်း၊ ဖိုးသူတော်ဦးမင်း ခေါ်ရမည်ဟု မိန့်တော်မူခဲ့သည်။
လူဦးမင်းသည် နေမျိုးသီရိကျော်ထင်ဘွဲ့ဖြင့် ကွမ်းဖိုးစား ကွမ်းဖိုးထိန်း အမှုတော်ထမ်းရွက်ရသည်။ စာဆိုရှင်တစ်ဦးဖြစ်သည့်အားလျော်စွာ သူကျွမ်းဝင် သော ကွမ်းနှင့်ပတ်သက်၍ ကွမ်းကို ဒွေးချိုးကဗျာတစ်ပုဒ် ဖွဲ့ဆိုထားသည်။
တံတားဦးက ကွမ်းနုဝါ
ငမြာကဆေး။
ကွမ်းသီးတောင်ငူနှင့်
ကိုင်းထုံးဖြူပြည်ရှားငယ်
သာဝါးလို့ထွေး။ ။ တဲ့ ။
ဖိုးသူတော်ဦးမင်းကလည်း လူဦးမင်းကဲ့သို့ ကွမ်းကိုဖွဲ့ဆိုသောကဗျာအား စပ်ဆိုခဲ့သေးရာ ယင်းကဗျာကား ယနေ့ထက်တိုင် ထင်ရှားရှိနေလေသည်။
ကွမ်းရွက်ကယ်ညှာကြွေ၊ ရေစိမ် တဲ့ဆေး။
သန်းခေါက်လှိုင်လှိုင်နဲ့။
ချိုင်လိုက်မယ် ထုံးဖြူခြောက် ကယ်၊ အာပေါက်မှထွေး။ ။ဟူ၍ဖြစ်သည်။
ဤအကြောင်းများကိုထောက် ရှုခြင်းအားဖြင့် ကွမ်းကို ဘုရင်မင်းမြတ် ကစ၍ သူဆင်းရဲများအထိ စားသုံး ခဲ့ကြကြောင်း သိသာထင်ရှားလေသည်။ ဘုရင်မင်းမြတ်များ၏လက်ဝဲလက် ယာ မင်းခမ်းတော်များတွင် ကွမ်းခွက် များပါရှိ၍ ကွမ်းတော်တည်သည့်ကွမ်း ခွက်များကို ဟင်္သာရုပ်ခံ၊ ကရဝိက်ရုပ်ခံ၊ နဂါးရုပ်ခံနှင့်ခြင်္သေ့ရုပ်ခံအစရှိသည် တို့ဖြင့် ထုလုပ်ပုံဖော်ထားလေ့ရှိသည်။
ရှေးမင်းများလက်ထက်တော် က ရုံးတော်တွင်တရားဖြစ်သောပစ္စည်း ၏ တစ်ဆယ်ရာနှုန်းကိုလည်းကောင်း၊ ရာဇဝတ်မှုများတွင် ဒဏ်ရိုက်သော ငွေကိုလည်းကောင်း ကွမ်းဖိုးဟုခေါ် သည်။ ကွမ်းဖိုးအခွန်တော်ငွေများ ကောက်ခံရန် ကွမ်းဖိုးထိန်းအရာရှိများ ခန့်အပ်ထားသည်။ ကွမ်းဖိုးငွေများကို ဘဏ္ဍာတော်သို့ထည့်သွင်းရသည်ရှိ သကဲ့သို့ မိဖုရားခေါင်ကြီးအား အသေး သုံးအတွက်ပေးအပ်ရသည်လည်းရှိ သည်။ တရားရုံးတော်တွင် အမှုအခင်း များစီရင်ဆုံးဖြတ်ပြီးသည့်အခါ အမှု ပြီးပြတ်သည့်အထိမ်းအမှတ်အဖြစ် နှစ်ဦးနှစ်ဖက် အမှုသည်များ ကွမ်း၊ လက်ဖက်အတူတူစားလေ့ရှိကြသည်။
အစဉ်အလာအရရှိခဲ့သော ကွမ်း နှင့်တည်ခင်းခြင်းဓလေ့သည် ယနေ့ ကာလအထိ မပျောက်မပျက်တည်ရှိ လျက်ရှိနေသေးသည်။ ထိန်းသိမ်းရ မည့်ရိုးရာယဉ်ကျေးမှုသဖွယ်ဖြစ်နေ ပြီး အိမ်တိုင်းလိုလိုတွင်ငွေကွမ်းခွက်၊ ကြေးကွမ်းခွက်၊ သစ်စေးနှင့်သရိုးကိုင် ထားသော ပန်းချီရေးခြယ်ထားသည့် ယွန်းထည်ကွမ်းခွက်များရှိကြသည်။ အသိမ်းအဆည်းကောင်းသော တချို့ အိမ်တို့တွင် သူတို့၏ဘိုးကြီးဘွားကြီးများကိုင်တွယ်ထိန်းသိမ်းလာသည့် ရှေးက ကွမ်းခွက်တို့ပင် အမြတ်တနိုးရှိကြသေးသည်။
တစ်နေရာမှတစ်နေရာသို့ ခရီးသွားလာရာတွင်ဖြစ်စေ၊ လုပ်ငန်းကိစ္စဆောင် ရွက်ရာတွင်ဖြစ်စေ ကြန့်ကြာမည့်အချိန်ကို 'ကွမ်းတစ်ယာညက်ဆေးတစ်ဆုံ ကျွမ်း'ဟူ၍ တိုင်းတာခန့်မှန်းပြောဆိုကြသည်။ သက်ရွယ်ကြီးရင့်သူများအား လည်းကောင်း၊ မိမိအားကူညီစောင့်ရှောက်သူတို့ကိုလည်းကောင်း ပေးကမ်း ထောက်ပံ့ရာတွင် နားဝင်ချိုစေရန်အလို့ငှာ ကွမ်းဖိုး၊ လက်ဖက်ဖိုးဟူ၍ ပြောဆို သုံးနှုန်းပေးကမ်းကြသည်။
ကွမ်းကိုစားသုံးရန်မျှသာမက မိရိုးဖလာအစဉ်အလာဆေးတစ်ပါးအဖြစ် လည်း တွင်ကျယ်စွာသုံးစွဲလျက်ရှိသည်။ ဆေးလိပ်နှင့်ကွမ်းအားခုံမင်နှစ်သက် သူတို့က အကောင်းဘက်ဆွဲ၍ 'ဆေးလိပ်ကျက်သရေ ကွမ်းဣနြေ္ဒ'ဟုဆိုကြသည်။ ကွမ်းစားခြင်းကို အပျော်သက်သက်အဖြစ်လည်းကောင်း၊ ပျင်းရိငြီးငွေ့၍ အ ဖော်အဖြစ်လည်းကောင်း၊ မိမိ၏ပါးစပ်မှနံစော်မည်စိုးသဖြင့်လည်းကောင်း အ ကြောင်းအမျိုးမျိုးပြကာ စားသုံးနေကြသည်။ ကွမ်းစားရာတွင်လည်း ဟိုတုန်းက လိုကွမ်း၊ ထုံး၊ ကွမ်းသီး၊ ဆေးရွက်ကြီးတို့လောက်နှင့်မပြီး။ အရက်ဦးရည်၊ ပျား ရည်တို့နှင့်စီမံထားသောနှပ်ဆေး၊ နိုင်ငံခြားမှဝင်သောဆေးရည်၊ ဆေးခြောက် အမျိုးမျိုးတို့နှင့်ရောနှောကာ ဖောခြင်းသောခြင်း သုံးစွဲလာကြလေသည်။
ကွမ်းကိုစုံရေမက်ရေကြိုက်နှစ်သက်သူတို့က 'အိမ်ကမိန်းမသာဖြတ်ချင် ဖြတ်မှာ ကွမ်းကိုတော့မဖြတ်နိုင်ပေါင်ဗျာ'ဟု စကားကုန်ပြောတတ်သေးသည်။ မဆင်မခြင်ကွမ်းစားသူတို့က ကွမ်းတံတွေးကိုပရမ်းပတာထွေးကြ၍ ပတ်ဝန်း ကျင်အားစုတ်ပဲ့ပေရေအကျည်းတန်စေသည်။ အများပြည်သူသွားရာလမ်းများ ပေါ်တွင် ကား၊ ရထား၊ ဆိုင်ကယ်အစရှိသည်တို့ပေါ်မှ ဘေးပန်းကိုဂရုမစိုက် ဘဲ ကွမ်းသွေးများလွယ်လင့်တကူစွန့်ပစ်နေကြသည်။ ကွမ်းသွေးပေကျံ၍ သည်း ညည်းမခံနိုင်သူတို့နှင့်တွေ့သောအခါ နင်ပဲငဆနှင့် ခွန်းကြီးခွန်းငယ်အပြော ဆိုခံရပြီး ရှက်ကိုးရှက်ကန်းဖြစ်ရသည်။
ကွမ်းစားခြင်းကို အရှေ့တောင်အာရှနိုင်ငံများတွင် ရှေးနှစ်ပေါင်းများစွာ ကပင်ရှိခဲ့သည်။ ပေါ်တူဂီလူမျိုးတို့သည် ကွမ်းပင်ကို မာလာယုကျွန်းဆွယ်မှ ဥရောပတိုက်သို့စတင်ယူဆောင်သွားခဲ့သည်။ ကွမ်းကိုမလေးစကားဖြင့် ဗက်တီလ ဟုခေါ်၍ ရွက်ထီးဟုအဓိပ္ပာယ်ရပြီး အင်္ဂလိပ်ဘာသာဖြင့် နြအနူ ဗီတယ်ဟု ခေါ်တွင်လာခဲ့သည်။
အိန္ဒိယနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကစ၍ ကွမ်းစားသောအထောက် အထားများရှိခဲ့သည်။ ထိုမှနေ၍ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့သို့ ဘာသာယဉ် ကျေးမှုနှင့်အတူ ကွမ်းစားခြင်းအလေ့လည်း တစ်ပါတည်းပါလာခဲ့ဟန်တူသည်။ မြန်မာနိုင်ငံမှလွဲ၍ မူလကကွမ်းစားခြင်းအလေ့ရှိခဲ့သောနိုင်ငံတို့သည် ခေတ်မီတိုး တက်လာကြသည်နှင့်အမျှ ကွမ်းကိုမစားကြတော့ချေ။ ယင်းနိုင်ငံများသို့သွား ရောက်အလုပ်လုပ်ကြသောမြန်မာများအနက် ကွမ်းစားသူမြန်မာတို့အား ကွမ်း ချိုးများချွတ်ခိုင်းပြီးမှ အလုပ်ဝင်ရသည်ဟုဆိုသည်။
ကွမ်းကို လွန်ကျွံစွာစားသုံးခြင်းကြောင့် ဆီးကျောက်တည်ရောဂါ၊ ပါးစပ် နှင့်လည်ချောင်းကင်ဆာတို့ဖြစ်စေနိုင်ပြီး လူကိုလည်း ညစ်ညမ်းစေပါသည်။ ကမ္ဘာလှည့်ခရီးသည်ဧည့်သည်တော်များ၏အမြင်တွင် ကွမ်းစားသောမြန်မာတို့ အပေါ် အထင်အမြင်သေး၍ အော့နှလုံးနာစေပါသည်။ စည်းကမ်းမဲ့စွာ ပရမ်း ပတာကွမ်းစားသောမြန်မာတစ်ဦးတလေကြောင့် တိုင်းပြည်နှင့်လူမျိုးတို့၏ဂုဏ် သိက္ခာအား များစွာကျဆင်းစေပါသည်။
ထို့ကြောင့် ကွမ်းစားခြင်းသည် ဆေးလိပ်သောက်သူများနည်းတူ ကျန်းမာ ရေးကိုထိခိုက်နိုင်သဖြင့် အလျင်အမြန်သုံးသပ်သင့်ပါပြီ။ သို့မဟုတ် ရခိုင်ဘုရင် မင်းထီးလို သံမဏိဥပဒေထုတ်ပြန်ထားဖို့ လိုအပ်နေပါသည်။

မှီငြမ်း  -  မြန်မာ့စွယ်စုံကျမ်း (အတွဲ-၂)

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>