လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ပါရမီဖြည့်ဘက်

ပါရမီဖြည့်ဘက် ...
အသုံးအနှုန်းလေးကလည်း လှသလို အမည်ကလေးကလည်း ဆန်းပါရဲ့
မိန်းမသားတိုင်း မဖြစ်နိုင်ပေမယ့် ပါရမီဖြည့်ဘက်တိုင်းကတော့ မိန်းမသားတွေပေါ့ ...
ပါရမီဖြည့်ဘက် ...
ချစ်သူဘ၀ လျှောက်လှမ်းကြတုန်းကလည်း ကိုယ့်အတွက်အချိန်ဆိုတာ
သူမပေးနိုင်ခဲ့ပေမယ့် တိုင်းပြည်အပေါ်ပေးနိုင်ခဲ့အတွက် ကျေနပ်နှစ်သိမ့်နေခဲ့ရပြန်ရဲ့ ...
ပါရမီဖြည့်ဘက် ...

ချစ်စကြင်စ ဇနီးမောင်နှံဘ၀အဖြစ် အစပြုမယ်ကျန်လေတော့ မအားလပ်တဲ့
တာဝန်တွေကြား အပြေးအလွှားနဲ့ ပြေးလာတဲ့သူကို ကျမအတွက် အချိန်
မပေးနိုင်ဘူးလားလို့ မေးချင်ပေမယ့် တာဝန်ဆိုတဲ့အရာကြီးက ပိနေလေတော့
တိုင်းပြည်အတွက်ပါလားဆိုတဲ့ အသိစိတ်ကလေးနဲ့ ဖြေသိမ့်ကာ နေတတ်အောင်ကြိုးစားခဲ့ရပြန်ရဲ့ ...
ပါရမီဖြည့်ဘက် ...
လက်ထပ်ပြီးစ အချိန်ကာလလေးမှာ ကိုယ့်အတွက် အနားမှာ အချိန်မပေးနိုင်ပဲ
တာဝန်တွေအတွက် နောက်ပြန်လှည့်ရက်တဲ့ သူ့ကို ရက်စက်လိုက်တာလို့
ရေရွတ်ချင်ပေမယ့် ကျမထက် တိုင်းပြည်တာဝန်က ပိုအရေးကြီးပါလားဆိုတဲ့
အသိစိတ်ကလေးနဲ့ ဖြေသိမ့်ကာ ကျေနပ်ကာ နေတတ်ခဲ့ရပြန်ရဲ့ ...
ပါရမီဖြည့်ဘက် ...
ရှေ့တန်းထွက်မယ့် လင်တော်မောင်ကို ကြည့်ရင်း ရှင်ကျမအနားမှာ ဘယ်တော့
များမှ နေနိုင်မှာလဲလို့ စိတ်ထဲမှာမေးချင်နေပေမယ့် စစ်သားဆိုတာ တိုင်းပြည်ကာ
ကွယ်ဖို့အတွက် တာဝန်ထမ်းဆောင်နေရတဲ့ လူထဲက လူ၊လူထဲက ယောက်ျား၊
ယောက်ျားထဲက စစ်သားပါလားလို့ အသိကလေးထားပြီး သူ့အတွက် လိုအပ်
တာလေး ပြင်ပေးရင်းနဲ့ပဲ ကျေနပ်နေတတ်ခဲ့ရပြန်ရဲ့ ...
ပါရမီဖြည့်ဘက် ...
ဘေးမှာ အတူရှိချိန် တူနှစ်ကိုယ် လက်တွေတွဲ၊ရှော့ပင်စင်တာကြီးတွေထဲလည်း
ဝင်ဖူးချင်ပေမယ့် နားရက်ကလေး နားပါစေဆိုတဲ့ စာနာစိတ်ကလေးနဲ့ကျေနပ်ခဲ့ရပြန်ရဲ့ ...
ပါရမီဖြည့်ဘက် ...
သက်ဆုံးတိုင်ပေါင်းဖက်နိုင်ဖို့ ဘုရားသွားကျောင်းတက်လုပ်ချင်ပေမယ့်
တာဝန်တွေကြား ကိုယ်ရေးကိုယ်တာထက် တိုင်းပြည်အရေးက အလေးသာခဲ့လေတော့ ကျေနပ်ခဲ့ရပြန်ရဲ့ ...
ပါရမီဖြည့်ဘက် ...
ရှေ့တန်းမှာ ရှိနေတဲ့ လင်တော်မောင်နဲ့ တိုင်းပြည်တာဝန်ကို အသက်ကိုပဓာန
မထားပဲ တိုက်ပွဲဝင်နေကြသူတွေကို အမြန်ပြန်ခဲ့ကြပါတော့လို့ ခေါ်ချင်ပေမယ့်
ကျီးလန့်စာ စား ဖြစ်နေရတဲ့ ဒေသခံတိုင်းရင်းသားတွေအတွက် တည်ငြိမ်အေးချ
မ်းရေးမို့ အများအတွက် ငါတစ်ယောက်အနစ်နာခံလိုက်ပါ့မယ်ဆိုတဲ့ အသိစိတ်
ကလေးနဲ့ ဘေးမသီရန်မခပါစေနဲ့လို့သာ ဘုရားမှာဆုတောင်းပြုရင်း ဖြေသိမ့်နေခဲ့ရပြန်ရဲ့ ...
ပါရမီဖြည့်ဘက် ...
ရှေ့တန်းတစ်ခွင် တိုက်ပွဲဝင်ရင်း နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရတဲ့
တပ်မတော်သားတွေရဲ့ ပါရမီဖြည့်ဘက်တွေကိုလည်း ညီအစ်မရင်းချာပမာ
အားပေးနှစ်သိမ့်ကာ မျက်ရည်တွေ အလိမ့်လိမ့် ကိုယ်ကိုယ်တိုင် ကျဆင်းဖူးသလို
လင်တော်မောင်ဖြစ်ခဲ့ရင်လည်း ပူဆွေးသောက ရောက်ခဲ့ကြရပေမယ့်
တိုင်းပြည်အတွက် မြတ်သောအလုပ်ကို လုပ်ရင်း အသက်ပေးလှူသွားခဲ့ရတယ်
ဆိုတဲ့ ပျောက်ပျက်မသွားမယ့် အသိနဲ့ ဂုဏ်ယူနေခဲ့ရပြန်ရဲ့ ...
ပါရမီဖြည့်ဘက် ...
အကယ်လို့များ လမ်းခုလတ်တစ်နေရာမှာ လင်တော်မောင်တစ်ယောက်
အသက်ပေးလှူသွားခဲ့ရမယ် ဆိုရင်တောင် စစ်သားမိန်းမပီသစွာနဲ့ ဘ၀လမ်းကို
ကျန်ရစ်ခဲ့တဲ့ သားသမီးတွေနဲ့အတူ အနာဂတ်အတွက် 
အားအင်တွေ မွေးလို့လျှောက်လှမ်းကြရပြန်ပါရဲ့လေ ...
သြော် ...
ပါရမီဖြည့်ဘက်...
အသုံးအနှုန်းလေးကလည်း လှသလို အမည်ကလေးကလည်း ဆန်းပါရဲ့
မိန်းမသားတိုင်း မဖြစ်နိုင်ပေမယ့် ပါရမီဖြည့်ဘက်တိုင်းကတော့ မိန်းမသား
တွေပေါ့ ...။
မိုးနတ်မင်း

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>