လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

စစ်တပ် နဲ့ ကေအိုင်အေ ဘာလို့ တိုက်ပွဲဖြစ်တာလဲ







မဖော်ပြသင့်သော ကိစ္စရပ်များအား ချန်လှပ် ထားပါတယ်...


ရတ အမှတ် ( ၁၁ ) ခြေမြန်တပ်မ ဌာနချုပ်ကွပ်ကဲမှုအောက် မှူး ကျော်ဖြိုးမင်း (စတသ ၄၂ ) ဦးစီးရတ ခမရ ( ၂၁၃ ) သည် မုံးစီး ခမ မပည ( ) တွင်လည်းကောင်း ဒုမှူးကြီး ရဲမင်းထွန်း ဦးစီး ရတ ခမရ ( ၂၁၅ ) သည် အဆိုပါ နယ်မြေ အတွင်း ခမ မပည ( ) တွင်လည်းကောင်း နယ်မြေစိုးမိုးရေး နှင့် လုံခြုံရေး တာဝန်များကို သက်ဆိုင်ရာ တပ်ရင်းများအလိုက် စစ်ကြောင်း ၁ / ၂ များခွဲ၍ ထမ်းဆောင် လျက်ရှိ...

ထိုသို့ ထမ်းဆောင်စဉ် ၁၀.၁၂.၂၀၁၄ ရက်နေ့ ၁၇၀၀ ချိန်ခန့်တွင် မ (၂၁၃) မှ မှူး/ဗက ငြိမ်းချမ်းအောင် ဦးစီး စက (၂ ) နှင့် KIA , SSA , TNLA စုပေါင်းအင်အား ၂၅၀ ခန့်မှ ချုံခိုတိုက်ခိုက်ရာ တိုက်ပွဲ အပြင်းအထန်စတင်ဖြစ်ပွား... မ (၂၁၃) မှ အင်အား ၄၂ ဦး ဖြင့်၁၀.၁၂.၂၀၁၄ တစ်ညလုံး နှင့် နောက်တစ်နေ့ ၁၁.၁၂.၂၀၁၄ တစ်ရက်လုံး ရင်ဆိုင်ထားခဲ့...ရန်သူဘက်မှ မိမိနေရာသို့ ၁၀ကြိမ်ခန့် တက်ရောက် လုံးခဲ့ရာ.. မိမိစစ်သည်များမှ ကြံ့ကြံ့ခံ ခဲ့၍ အောင်မြင်မှု မရှိဘဲ ခြေကုပ်နေရာမှ ဆက်လက် ရင်ဆိုင်ခဲ့...

မိမိဘက်မှ ခဲယမ်းအင်အား နည်းပါလာချိန်တွင် စကမှူးမှ ဆုတ်မိန့်ပေး၍ တရကြမ်းထိုးဖောက်ထွက်ခဲ့... ထိုသို့ထိုးဖောက်ထွက်ချိန်တွင် ရှုပ်ထွေး၍ မိမိ နှင့် ရန်သူ ရောထွေးမှုများ ဖြစ်ခဲ့ပြီး ဖောက်ထွက် နိုင်ခဲ့... ထိုသို့လုံးထွေး ဖြစ်စဉ်အတွင်း မိမိဘက်မှ စစ်သည်နှစ်ဦး ကျဆုံးခဲ... ထိုသို့ ကျဆုံးသည်ကို ဖောက်ထွက်ပြီး ဒုတိယ အခြေုပုနေရာ ရောက်ချိန်တွင် သိရှိရ... သိလျင်သိချင်း... စက(၂) မှထုတ်နှုတ်ဖြင့် မူလ အခြေပြုရာနေရာသို့ ကျဆုံးစစ်သည် အလောင်းများပြန်လည်ရယူရန် တက်ဆွဲရာ ပထမအကြိမ် မအောင်မြင်ပဲ အကြိမ်ကြိမ် လုံးထွေးဆွဲထုတ်မှ အောင်မြင်စွာ ဆွဲထုတ်ရယူနိုင်ခဲ့.. အလောင်း လက်နက် အားလုံးပြန်လည်ရရှိခဲ့....

စက (၂) နှင့် ရန်သူစတင်ထိတွေ့မှု ဖြစ်သည်ကို သိလျှင် သိချင်း မှူးကျော်ဖြိုးမင်း ( ဒုရင်းမှူး) စတသ (၄၂ ) ဦးစီး စက (၁) မှ ညလုံးပေါက် ( night move ) စစ်ကူလိုက်ခဲ့ရာ ၁၁.၁၂.၂၀၁၄ ၀၅၀၀ ချိန်ခန့် ခမ မပည
 ( ) နေရာအရောက်တွင် ရန်သူအင်အား ၂၅၀ ခန့် မှဖြတ်တောက် တိုက်ခိုက်မှုနှင့် တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ ရန်သူအင်အားများပြားမှုကို တစ်နေကုန် တစ်ညလုံး ရင်ဆိုင် ထိန်းချုပ် ထားခဲ့ပြီး....၁၂.၁၂.၂၀၁၄ ရက် နံနက် ၀၅၀၀ ချိန်ခန့်တွင် အောင်မြင်စွာဖြင့် ထိုးဖောက်ထွက် နိုင်ခဲ့ပြီး စက (၁/၂) ပြန်လည်ပူးပေါင်း နိုင်ခဲ့....

ခမရ ( ၂၁၃ ) မှ ရန်သူ နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေစဉ်... နယ်မြေအတွင်း နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသောဒုမှူးကြီး ရဲမင်းထွန်း (တေဇ ၂၆ ) ဦးစီး ခမရ ( ၂၁၅) မှ စစ်ကူလိုက်လာစဉ် ခမ မပည ( ) အရောက်တွင် ရန်သူအင်အား ၄၅၀ ခန့်မှ ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်မှုကို ရင်ဆိုင်ကြုံတွေ့ ခဲ့.... ၁၁.၁၂.၂၀၁၄ ရက်နေ့ ညမှ ၁၂.၁၂.၂၀၁၄ ရက်နေ့တစ်နေ့လုံး ရန်သူ၏ ပြင်ထန်စွာ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ပြီး... ပြန်လည်ဖောက် ထွက်ခဲ့ရာ... ၁၂.၁၂.၂၀၁၄ ရက်နေ့ ၂၃၀၀ ချိန်တွင် ပြန်လည်ဖောက်ထွက်နိုင်ခဲ့ပြီး စစ်ကူလိုက်လာသော စစ်ကြောင်းများနှင့် ပြန်လည် ပူးပေါင်းနိုင်ခဲ့...
============================
KIA မှ ခမရ (၂၁၃) အား စောင့်ကြို တိုက်ခိုက်ရခြင်း အကြောင်းအရင်း...

၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း ယခု တိုက်ပွဲဖြစ်ပွားသော မုံးစီး ဒေသအတွင်း မုံးစီးကျေးရွာမှ ၅ မိုင်ခန့်အကွာတွင် ဘိန်းချက်စခန်း တစ်ခုရှိကြောင်း သတင်းအရ... ဒုမှူးကြီး အောင်သူရိန် ( စတသ ၄၀ ) ဦးစီး ရတခမရ (၂၁၃) သည် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြင့်တိုက်ပွဲဖြစ်ပွားခဲ့ရာ အဆိုပါလက်နက်ကိုင် အဖွဲ့ မှာ ဆုတ်ခွာထွက်ပြေးသွားခဲ့....

ဆက်လက်ရှင်းလင်းစဉ် ခမ မပည ( ) နေရာတွင် ဘိန်းချက်စခန်းတစ်ခုအား သိမ်းဆည်းရရှိခဲ့... ၎င်းသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း အကြီးဆုံး ဘိန်းချက်စခန်း တစ်ခုဖြစ်ခဲ့... အဆိုပါ စခန်းမှ လူ ၁၂ ဦး... လက်နက်ငယ် ၂၃ လက် ၊ မူးယစ်ဆေးဝါးများ၊ ချက်လုပ်ရာတွင် သုံးပစ္စည်းများ ၊ အဆောက်အဦးများ သိမ်းဆည်းရမိခဲ့... ၎င်း ဖြစ်စဉ်သည် KIA အကျိုးစီးပွားအတွက် အထိနာဆုံး ဖြစ်ကြောင်း သိရှိရ...

ထို့ပြင် မကြာခင်က ဖြစ်ပွားခဲ့သော KIA သင်တန်းကျောင်း ဖြစ်စဉ် အရ လည်းကောင်း
KIA အနေဖြင့် တပ်မတော်အား လက်စားချေရန် စီစဉ်ဆောင်ရွက်စဉ် ယခင် အထိနာထားမှုနှင့် ဆုံးရှုံး ထားရ မှုအတွက် လက်စားချေရန် ခမရ (၂၁၃ ) အား ရွေးချယ်ခဲ့ပုံရ...

ခမရ ( ၂၁၃ ) အား အလစ်အငိုက် ရယူတိုက်ခိုက် သော်လည်း အရာရှိများ စစ်သည်များ၏ ရဲစွမ်းသတ္တိရှိမှုနှင့် စွန့်လွှတ်စွန့်စားမှုများ.. စစ်ကူလိုက်သောတပ်များ ၏ ကိုယ်ကျိုးမဖက်ဆောင်ရွက်မှုများ ကြောင့် တစ်ဘက်ရန်သူမှ ထင်တိုင်းမပေါက်ဘဲ ဆုံးရှူံးမှု ကြီးမားစွာဖြင့် ကျန်ရှိခဲ့ပြီး မိမိ ဘက်မှ ၁၀ ဆ ၁ ဆ ကွာခြားလှသော ရန်သူအား ရင်ဆိုင် ထိန်းချုပ်ရင်း အကျအဆုံး အနည်းဆုံးဖြင့် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ...

လက်ရှိအချိန်တွင်လည်း အဆိုပါဒေသတွင်း အခြေပြုနေရာ တွင်ပင် ရန်သူအား ရင်ဆိုင်ထားလျက်ရှိ
တိုက်ပွဲအား အောင်မြင်စွာ ကွပ်ကဲ နိုင်ခဲ့သော...
ရတ ခမရ (၂၁၃ ) မှ
ဗိုလ်မှူး ကျော်ဖြိုးမင်း စတသ ( ၄၂ )
မှူး/ဗက ငြိမ်းချမ်းအောင် စတသ (၄၇) နှင့် အရာရှိ စစ်သည်များ..
နိုင်ငံတော်နှင့် တပ်မတော်၏ ဂုဏ်ကို အသက်နှင့်လဲ မြင့်တင်ခဲ့သော.. သူရဲကောင်းများ ဖြစ်သည့်...
ရတ ခမရ ( ၂၁၅ ) မှ
ဒုမှူးကြီး ရဲမင်းထွန်း တေဇ (၂၆) နှင့် အရာရှိ စစ်သည်များ...
တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသော စစ်သည်များ...
ရဲဝန့်စွန့်စားစွာ တိုက်ပွဲဝင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်သည်များ နှင့် ရှေ့တန်းရောက် တပ်မတော်သားများ အား အထူးပင် လေးစားဂုဏ်ပြုအပ်ပါသည်...


No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>