လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင်(၁၀၀)ထဲမှာပါတဲ့ ...မြန်မာ့သိပ္ပံပညာရှင်


ဓာတ်ခွဲခန်းထဲက ဘေ့စ်ဂစ်တာ (သို့) ကမ္ဘာ့အတော်ဆုံးသိပ္ဖံပညာရှင်(၁၀၀)ထဲမှ မြန်မာလူမျိုး နာနိုသိပ္ပံပညာရှင် ပရော်ဖက်ဆာဒေါက်တာစောဝေလှ 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(Real Lives Real Stories)

(၁)
Saw Wai Hla, Ph.D.
Professor,Physics and Astronomy Department
Nanoscale and Quantum Phenomena Institute
Ohio University , USA
(၂)
“တစ်နေ့နေ့ တစ်ချိန်ချိန်ကျ ဘ၀မှာ နိုင်ငံတကာက သိတဲ့ ဂစ်တာသမားတစ်ယောက်ဖြစ်ရမယ်”
၁၉၈၂ ခုနှစ်
စိန်သြဂတ်စတင်းကျောင်းသား ၊ လီယိုဟေမာန် တီးဝိုင်းရဲ့ (၁၆)နှစ်သား ဘေ့စ်ဂစ်တာသမားလေး စောဝေလှ ရဲ့ တစ်ချိန်က ရည်မှန်းချက် ။
စောဝေလှ အဖေက မဆလအစိုးရလက်ထက် စက်မှု(၂) ၀န်ကြီးဌာန မှာ ဒုဝန်ကြီးတာဝန်ယူခဲ့ဖူးသည် ။
မိခင်ဖြစ်သူ ကျောင်းဆရာမ ။

သစ်ပင်




ပူလို့လား
လာလာ ကျုပ်အရိပ်အောက်ကိုဝင်
အခက်အလက်တွေနဲ့မိုး
အရွက်တွေက ယပ်ခပ်ပေးလိမ့်မယ်
ကျုပ်အပေါ် မှီချလိုက်လေ
ကဲ! အစဉ်ပြေလား
အေးလို့လား
လာလာ ကျုပ်အခက်အလက်တွေဖြုတ်
အခွံခွာ အသားခုတ် မီးဖုတ်လိုက်လေ
ကဲ! အစဉ်ပြေလား
ဗျာ!!!! နေစရာဟုတ်လား
ကျုပ်ကိုသာအမြစ်ဖြတ်
အိမ်လုပ်လိုက်ပါတော့ ဗျာ

ရိုးသွားပြီလားးးးးးးးး.? ? ? ?


မင်းမဟော်

အိမ်ထောင်သက်နှစ်'နှစ်အကြာမှာအခင်ဆုံး သူငယ်ချင်းတစ်ယောက်က မေးလာပါတယ်. ကျွန်တော်အမှန်အတိုင်းဖြေပါတယ်.

ဒါအမှန်အတိုင်းဖြေတာပါ. အိမ်ထောင်တစ်ခုမှာ ချစ်လို့လက်ထပ်သည်ဖြစ်စေ မချစ်ဘဲနဲ့လက်ထပ်သည်ဖြစ်စေ တစ်ယောက်ကို တစ်ယောက် ရိုးအီလာတာဟာ မလွဲမသွေကြုံမဲ့ အခြေအနေတစ်ခုပါ။ အိမ်ထောင်မကျခင် ချစ်သူရည်းစားဘဝမှာ လက်ကလေးထိမိရုံနဲ့
ဓာတ်လိုက်သလိုဖြစ်ပြီး တစ်ညလုံးအိပ်မပျော်တဲ့ည
ရှိခဲ့ပါလိမ့်မယ်. အိမ်ထောင်သက်ကြာလာတာနဲ့အမျှ
သူ့အသားဟာကိုယ့်အသားဖြစ်သွားပါပြီ. 

သီလရှင် ဟူသည် (သို့) ``သီလရှင် သာသနာသမိုင်း´´ အကျဉ်းချုပ်

ငြိမ်းလဲ့


သီလရှင်တွေဟာ ဘိက္ခုနီသာသနာကွယ်ပြီး သာသနာနှစ်ကိုးရာကျော်၊
အေဒီသုံးရာစု ၀န်းကျင်လောက်မှာ သီလရှင်စတင်ဖြစ်ပေါ်လာတယ်လို့
ပြောစမှတ်ပြုကြပါတယ်။

ဘိက္ခုနီသာသနာကွယ်ပြီးနောက်ပိုင်း သာသနာနှစ် (၉၀၀)ကနေ (၁၄၀၀) အတွင်း (အေဒီသုံးရာစုကနေ အေဒီကိုးရာစု) ပျုခေတ်မှာ ပျုအမျိုးသမီးများ သီလရှင်ဝတ်လာကြပါတယ်။

အဲဒီတုန်းက သီလရှင် ကိုတော့ ပရိဗိုဇ်မယ်လို့ ခေါ်ပါတယ်။ 

ချစ်သူသိလေ - မောင်စိန်ဝင်း(ပုတီးကုန်း)

မောင်စိန်ဝင်း - ပုတီးကုန်း-ကဗျာများ



ပန်းပွင့်ရှိမှ၊ ရနံ့ရတာ
မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊
ရရှိခိုက်မှ၊ ထာဝရတည်၊
ကာလရှည်လျား၊ နှလုံးသားမှာ၊
စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊
ပျံ့ ဆွတ်စေ၏၊ ချစ်သူသိလေ ...။

မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ၊
မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊
ဘယ်လောက်ဝေးဝေး၊ အတွေးမှာရှိ၊
အကြည့်မှာမြင်၊ သူပဲထင်တယ်၊
ကောင်းကင်လိုပဲ၊ မော့ကြည့်ဆဲမှာ၊
တွေ့နိုင်ပါ၏၊ ချစ်သူသိလေ ...။

စာဖတ်ခြင်း၏အကျိုး(၇)မျိုး



၁။ဦးနှောက်ယိုယွင်းမှုကို ကာကွယ်ပေးနိုင်တယ်။
၂။စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်။
၃။မှတ်ဥာဏ်ကို တိုးမြင့်ပေးနိုင်တယ်။
၎။ဘဝနေထိုင်နည်းကို ပိုကျန်းမာပြီး အောင်မြင်စေတယ်။
၅။အာရုံစူးစိုက်စေတယ်။တွေးတောစေတယ်။
၆။မသက်မသာ ခန္ဓာကိုယ်ကို ခဏတာ အာရုံလွဲစေနိုင်တယ်။နာကျင်မှုကို ဖျေဖျောက်တယ်။
၇။စိတ်ဓာတ်ကျ အားငယ်မှုတွေကို ကုစားပေးတယ်။

ဘုန်းကြီးနှင့်ဘာသာတရားကို ကွဲကွဲပြားပြား သိရှိစေရန်



ကြိုက်လွန်းလို့ကူးသိမ်းထားခဲ့တာ စာအရမ်းရှည်တယ်
ဒါပေမယ့် ခဏခဏ ဖတ်တယ် ......
==================================
ယနေ့ခေတ် ဗုဒ္ဓဘာသာမြန်မာလူမျိုးအများစုသည် ဘုန်းကြီးနှင့်ဘာသာတရားကို ကွဲကွဲပြား ပြားမသိရှိကြဘဲ ရောထွေးလျက် မြင်နေကြသည်ကိုတွေ့ရ၏။
မကောင်းသောဘုန်းကြီးတစ်ပါးပါးကို တွေ့မြင်လျှင် ကိုယ်တော်တို့ ဗုဒ္ဓဘာသာက မကောင်းဘူး။ လုပ်ချင် တာလုပ်တာပဲဟူသော ကဲ့ရဲ့မှုမျိုး ကို ကျူးလွန်တတ်ကြ၏။
ဘာသာတရားနှင့်ဘုန်းကြီး၊ ဘုန်းကြီးနှင့်ဘာသာတရားသည် တခြားစီဖြစ်သည်ကို သဘော ပေါက်နားလည်ထားဖို့လိုပေသည်။
ထိုသို့ပုဂ္ဂိုလ်နှင့်ဘာသာတရား ကွဲပြားအောင်နားလည်ထားပါမှ ဘာသာအယူဝါဒကူးပြောင်းခြင်းမှ
ရှောင်ကြဉ်နိုင်မည်ဖြစ်ပေသည်။
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ အားလုံး ဘာသာတရား၏အနှစ်သာရကို မိမိနှလုံးအိမ်သို့ရောက်အောင် လေ့လာအားထုတ်ပြီးဘာသာအယူဝါဒကူးပြောင်းခြင်းမှ ရှောင်ကြဉ်နိုင်ကြပါစေဟု.......
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



  • Total Posts: 1205
  • Total Comments: 31
  • Total Pages: 0
အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>