ပူလို့လား
လာလာ ကျုပ်အရိပ်အောက်ကိုဝင်
အခက်အလက်တွေနဲ့မိုး
အရွက်တွေက ယပ်ခပ်ပေးလိမ့်မယ်
ကျုပ်အပေါ် မှီချလိုက်လေ
ကဲ! အစဉ်ပြေလား
အေးလို့လား
လာလာ ကျုပ်အခက်အလက်တွေဖြုတ်
အခွံခွာ အသားခုတ် မီးဖုတ်လိုက်လေ
ကဲ! အစဉ်ပြေလား
ဗျာ!!!! နေစရာဟုတ်လား
ကျုပ်ကိုသာအမြစ်ဖြတ်
ဝန်ဇင်းမင်းရာဇာ
ဘဝတက္ကသိုလ်
No comments:
Post a Comment