လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

သီလရှင် ဟူသည် (သို့) ``သီလရှင် သာသနာသမိုင်း´´ အကျဉ်းချုပ်

ငြိမ်းလဲ့


သီလရှင်တွေဟာ ဘိက္ခုနီသာသနာကွယ်ပြီး သာသနာနှစ်ကိုးရာကျော်၊
အေဒီသုံးရာစု ၀န်းကျင်လောက်မှာ သီလရှင်စတင်ဖြစ်ပေါ်လာတယ်လို့
ပြောစမှတ်ပြုကြပါတယ်။

ဘိက္ခုနီသာသနာကွယ်ပြီးနောက်ပိုင်း သာသနာနှစ် (၉၀၀)ကနေ (၁၄၀၀) အတွင်း (အေဒီသုံးရာစုကနေ အေဒီကိုးရာစု) ပျုခေတ်မှာ ပျုအမျိုးသမီးများ သီလရှင်ဝတ်လာကြပါတယ်။

အဲဒီတုန်းက သီလရှင် ကိုတော့ ပရိဗိုဇ်မယ်လို့ ခေါ်ပါတယ်။ 

သာသနာနှစ် ``၉၀၀-၁၄၀၀´´ အတွင်းမှာ အမျိုးသမီးတွေ သာသနာတွင်း ဝင်ရောက်လာခြင်းမှစ၍ `သီလရှင် သာသနာ´´ 
စတင် ပေါ်ထွန်းခဲ့ပါတယ်။ 

ကုန်းဘောင်ခေတ် အရောက်မှာတော့ သာသနာပိုင် ရှမ်းကလေးကျွန်းဆရာတော်ရဲ့ ညီမအရင်းဖြစ်ပြီး အလွန်နာမည်ကြီးတဲ့ သီလရှင် ``မယ်ကင်း´´(ဘွဲ့အမည်ကတော့ ``မယ်ခေမာ´´)ရဲ့ ကြိုးစားအားထုတ်မှုကြောင့် မြန်မာနိုင်ငံ သီလရှင် သာသနာဟာ ထွန်းတောက်လာခဲ့ပါတော့တယ်။
ဒါဟာ ``သီလရှင် သာသနာသမိုင်း´´ အကျဉ်းချုပ်ပါ။

အမျိုးသမီးတွေဟာ သီလရှင် ဝတ်ပြီဆိုတာနဲ့ ရဟန်းတော် တစ်ပါးပါးထံမှာ ရှစ်ပါး သို့မဟုတ် ကိုးပါးသီလကို ခံယူ ဆောက်တည်ကြရပါတယ်။ 
သီလရှင် အချင်းချင်းထံမှာ သီလရှင်ဝတ်လို့ မရပါဘူး။ သီလရှင်ဖြစ်ပြီ ဆိုတာနဲ့ လိင်ဆယ်ပါး ဒဏ်ဆယ်ပါး သေခိယ(၇၅)ပါးစတဲ့ ကျင့်ဝတ်တရားတွေကို စောင့်ထိန်းကြဖို့ ဆရာတော်က မိန့်ကြားရပါတယ်……

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>