လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဖိအားနဲ့ အရှိတရား









ကျွန်တော်တို့မှ အရိုက်လည်း ခံရသေးတယ်၊ ရိုက်တဲ့လက် နာသွားလို့ ဆိုပြီး နစ်နာကြေး ပေးရ မလိုလည်း ဖြစ်နေတယ်။
ရခိုင်မှာ ဘင်္ဂါလီ မွတ်ဆလင် အကြမ်းဖက် သမားတွေက ဂျီဟတ်စစ် ကြေညာပြီး တိုက်ခိုက် ကြတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကျဆုံးတယ်၊

ရွာတွေ မီးရှို့ ဖျက်ဆီး ခံရတယ်၊ ဌာနေ ရခိုင်တိုင်းရင်းသားတွေ နေရပ် စွန့်ခွာ ဒုက္ခသည် ဘဝနဲ့ ပြေးလွှား ပုန်းရှောင် နေရတယ်။

ဘင်္ဂါလီ မွတ်ဆလင်တွေရဲ့ အကြမ်းဖက် ဘေးရန်ကို ခုခံ ကာကွယ် လိုက်တာနဲ့ တစ်ပြိုင်နက် ကမ္ဘာပျက် မတတ် ဝိုင်းအော် ကြတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် ဖွဲ့စည်း ထားတဲ့ ကုလသမဂ္ဂအဖွဲ့ကြီး ကလည်း မီးလောင်ရာ လေပင့်နေတယ်။

အကြမ်းဖက်သမားတွေ ဘက်က ရပ်တည် ပြောဆိုနေတယ်။

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တွေကလည်း အကြမ်းဖက်အဖျက်သမားတွေကို လူသားချင်းစာနာပါလို့ အရှက်မရှိ ယုတ္တိမတန် ဗြောင်းဆန်အောင် အော်နေကြတယ်။

နိုင်ငံတကာ သတင်းမီဒီယာ တွေကတော့ မျက်ဖြူဆိုက်လေဆရာကြိုက်လေ ဖြစ်နေတယ်။

ရခိုင်ပြည်နယ်ဟာ သတင်းမီဒီယာတွေရဲ့ ယဇ်ပလ္လင်ကြီးလို ဖြစ်နေတော့တယ်။အဆိုးဆုံးကတော့ ရခိုင်ပြည်နယ်မှာ
ဘင်္ဂါလီမွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်နေပါတယ်ဆိုတဲ့ အဆမတန် ပုံကြီးချဲ့ထားတဲ့လုပ်ကြံသတင်းကို တညီတညွတ်တည်း ဝါဒဖြန့်နေကြခြင်းပဲဖြစ်တယ်။

ဒီသတင်းကို မဟုတ်မမှန်ဘူးဆိုတာ သိပါလျက် ဟုတ်မှန်သတင်းကောက်ချက်ဆွဲပြီး မြန်မာနိုင်ငံကို အရှက်ခွဲတဲ့အနေနဲ့ ဆန္ဒပြကန့်ကွက်ရှုတ်ချတာတွေ လုပ်ကြတယ်။

ဘင်္ဂါလီမွတ်ဆလင်တွေရဲ့ မိခင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်က မြန်မာသံအမတ်ကို ဆင့်ခေါ်အသိပေးတာတွေ လုပ်ခဲ့ရုံမက ဆန္ဒပြတာတွေပါ လုပ်ခဲ့တယ်။

လောလောဆယ် အရေးအခင်းများကြောင့် ရခိုင်မောင်တောဒေသကပြန်လာတဲ့ ဘင်္ဂါလီတွေကိုကျတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တစ်ယောက်မှ လက်မခံဘဲ ပြန်မောင်းထုတ်နေတယ်။

အမေ့သားသမီးတွေအမေ့ရင်ခွင်ထဲ ခိုဝင်လာတာကို ပြန်မောင်းထုတ်တာဆိုလို့ ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံပဲ ရှိမယ်ထင်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ်နိုင်ငံကစလိုက်တဲ့ ဆန္ဒပြပွဲတွေဟာ မလေးရှားနဲ့ အင်ဒိုနီးရှားဆိုတဲ့ အစ္စလာမ်မစ်နိုင်ငံတွေကိုပါ ကူးစက်သွားတယ်။ ဗုဒ္ဓဘာသာနိုင်ငံလို့ဆိုတဲ့ ထိုင်း(ယိုးဒယား)ကပါ အဆစ်ပါသွားသေးတယ်။

ထိုင်း(ယိုးဒယား)မှာ မွတ်ဆလင်တွေ အားကောင်းကောင်းနဲ့ ဝါးမျိုသွားပြီဆိုတာ ဒီဆန္ဒပြပွဲက သက်သေခံနေတယ်။ ကျွန်တော်တို့ မခုခံမကာကွယ်နိုင်ရင် ထိုင်းလိုဖြစ်မယ်။

မလေးရှားနဲ့ အင်ဒိုနီးရှားဟာ ဘင်္ဂါလီမွတ်ဆလင်ကိုထိလို့ ဖိအားပေးကြတယ်ဆိုပေမယ့် သူတို့ပြည်တွင်းရေးမှာလည်း အကြမ်းဖက်သမား မွတ်ဆလင်အစွန်းရောက်တွေရဲ့ဘေးရန်နဲ့ ရင်ဆိုင်နေရတာပဲ။

အိုင်အက်စ်လိုအကြမ်းဖက်အဖွဲ့ကြီးနဲ့ ဆက်သွယ်တဲ့ သူတို့နိုင်ငံသားမွတ်ဆလင်တွေကို ဖမ်းဆီးနေတာပဲ။

သူတို့မွတ်ဆလင်အချင်းချင်း အခု ဆီးရီးယားမှာ ကမ္ဘာပျက်မတတ် စစ်ဖြစ်နေတာကိုကျတော့ ဘာမှမပြောကြဘဲ ရခိုင်မှာ ကိုယ့်ကိုလာတိုက်လို့ ပြန်ပြီးခုခံကာကွယ်တာကို ပုံကြီးချဲ့ကန့်ကွက်နေကြတယ်။

အခုလာမယ့် ဒီဇင်ဘာ ၄ ရက်နေ့မှာမလေးရှားမွတ်ဆလင်တွေက ဆန္ဒပြပွဲကြီးတစ်ရပ်လုပ်ကြဦးမယ်လို့ ဆိုတယ်။ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်ကိုယ်တိုင် ပါဝင်မယ်လို့သိရပါတယ်။

'တူရကီနိုင်ငံ အီပက်တက္ကသိုလ်၌ လုပ်ကိုင်နေသော မလေးရှားနိုင်ငံရေးကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဘရစ်ဂျက်ဝေးက ယခုစီစဉ်ထားသည့် လူထုဆန္ဒပြပွဲကြီးသည် မလေးရှားခေါင်းဆောင်များအတွက် နိုင်ငံရေးလေ့ကျင့်မှုကြီးသက်သက်သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

''ဒီခေါင်းဆောင်တွေက ပြည်တွင်းမှာကိုယ်ကျင့်တရားပိုင်းဆိုင်ရာ တရားဝင်မှုတွေဆုံးရှုံးနေတာမို့ သူတို့ရဲ့ အစ္စလာမ်မစ်ယုံကြည်မှုတွေကိုပြဖို့ စိတ်အားထက်သန်စွာ ကြိုးပမ်းနေတာပါ''ဟု သူကဆိုသည်။'

(ညွှန်း = ၃ဝ-၁၁-၁၆ အလဲဗင်းနေ့စဉ်)

မလေးရှားခေါင်းဆောင်တွေဟာ သူတို့ရဲ့အားနည်းချက်တွေကို ဖုံးဖိလှည့်စားဖို့ ဆန္ဒပြပွဲထဲ ပါဝင်လာတာလို့ နားလည်ရပါတယ်။

တကယ်ဆိုတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေနဲ့ အခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့်မရှိပါဘူး။

ဒါပေမယ့် မလေးရှားနိုင်ငံဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ တတိယပတ်မှာ မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ရှုတ်ချတဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

အင်ဒိုနီးရှားမှာဆိုရင်လည်းတရားရေးကောင်စီ အဖွဲ့တစ်ဖွဲ့က မြန်မာနဲ့သံတမန်ဆက်ဆံရေး ဖြတ်တောက်ဖို့အထိအင်ဒိုနီးရှားသမ္မတကို ဖိအားပေးခဲ့ကြောင်းသိရပါတယ်။

ပြီးတော့ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ညီလာခံကို အရေးပေါ်ခေါ်ယူပြီးမြန်မာကို ဖိအားပေးဖို့အထိ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

(ညွှန်း = ၁-၁၂-၁၆ ထုတ် ပြည်မြန်မာ)

အရှေ့တောင်အာရှမှာရှိတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားဆိုတဲ့ အစ္စလာမ်နိုင်ငံတွေတောင်ဒီလောက်အကဲဆတ်နေရင် အိုအိုင်စီလို အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီးက ဘယ်လိုအကွက်ချောင်းနေတယ်ဆိုတာ အထူးပြောဖို့ မလိုတော့ပါဘူး။

ဘင်္ဂါလီအရေးနဲ့ပတ်သက်ရင် အိုအိုင်စီခြေရှုပ်ခဲ့တာကြာပါပြီ။

အခုလည်း အပ်နဖားကို ဗာရာဏသီချဲ့တော့မှာ သေချာပါတယ်။

ဒီလိုအခြေအနေမှာ ကိုဖီအာနန်ကြီးတစ်ကျော့ပြန်ရောက်လာခဲ့ပြန်ပေါ့။

၁၅-၁၁-၁၆ က လုံခြုံရေးအခြေအနေမကောင်းလို့ ရခိုင်မောင်တောခရီးစဉ် ဖျက်သိမ်းပြီး လှည့်ပြန်သွားရတဲ့ ကိုဖီအာနန်ဟာနိုဝင်ဘာလကုန်ပိုင်းမှာ တစ်ခေါက်ရောက်လာခဲ့ပြန်ပါပြီ။

ဒါပေမယ့် ရခိုင်လူမှုကွန်ရက်အဖွဲ့တွေကတော့ ကိုဖီအာနန်ကို အဖက်လုပ်ပြီးတွေ့ဆုံမှာမဟုတ်ဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။

ရခိုင်က ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးခေါင်းဆောင်တွေဟာ ကိုဖီအာနန်ကော်မရှင် စတင်ဖွဲ့စည်းချိန်ကပင် အပြင်းအထန်ကန့်
ကွက်ခဲ့ကြပါတယ်။

ပြည်တွင်းရေးပြဿနာကို နိုင်ငံတကာပြဿနာဖြစ်အောင် မလုပ်မိဖို့ သတိပေးခဲ့ကြပါတယ်။ မှန်ပါတယ်။

အတွင်းမီး အပြင်မထုတ်အပ်ပါဘူး။

အပြင်မီးကို အတွင်းဆွဲသွင်းတာမျိုး ပိုပြီးတော့မလုပ်အပ်ပါဘူး။

အခုတော့အပြင်မီး သို့မဟုတ်
နိုင်ငံတကာဖိအားတွေဟာအကျပ်အတည်းတစ်ခုကို ဖြစ်စေခဲ့တာ
ကတော့ သေချာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တောင် အင်ဒိုနီးရှားခရီးစဉ်ကို ဖျက်သိမ်းလိုက်ရတယ် မဟုတ်ပါလား။

အကျပ်အတည်းဆိုတာ ရှောင်လွှဲလို့မရစကောင်းပါဘူး။

ထမင်းရေပူလာလျှာလွှဲ ဆင်ဝှေ့ရန်ရှောင်လုပ်လို့ မရပါဘူး။

ရင်ဆိုင်ဖြေရှင်းသွားရမှာပါ။ ဘင်္ဂါလီမွတ်ဆလင်တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာလို့ မဖြစ်နိုင်ပါဘူး။

ဘင်္ဂါလီတွေဟာ တိုင်းရင်းသားမဟုတ်တဲ့အတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်မှာ ပါဝင်လက်မှတ်ထိုးခွင့်မရှိပါဘူး။

ကချင်၊ တအာင်း(ပလောင်)စတဲ့ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာနိုင်တဲ့ နည်းလမ်းတွေ ရှိနိုင်ကောင်းပါတယ်။

ဘင်္ဂါလီမွတ်ဆလင်တွေဟာ လုံးဝလက်နက်အညံ့ခံပြီး ဥပဒေရဲ့အရိပ်အောက်မှာပဲ ခိုလှုံသင့်ပါတယ်။

ဒီနိုင်ငံမှာ နေချင်တယ်ဆိုရင်၁၉၈၂ နိုင်ငံသားဥပဒေအရ အစစ်ဆေးခံရပါလိမ့်မယ်။

နိုင်ငံသားဖြစ်ပြီးသူ ဘင်္ဂါလီမွတ်ဆလင်တွေဟာ ဒီနိုင်ငံရဲ့ ဥပဒေတွေ၊ ဓလေ့ထုံးတမ်းယဉ်ကျေးမှုတွေကို လေးစားလိုက်နာပြီးတိုင်းရင်းသားတို့နဲ့အတူ အေးအတူပူအမျှ နေထိုင်ခွင့်ရှိပါတယ်။

ဒါဟာ တစ်ခုတည်းသောငြိမ်းချမ်းရေးနည်းလမ်းပါပဲ။

နိုင်ငံတကာဖိအားနဲ့ လက်နက်ကိုင်အကြမ်းဖက် ဂျီဟတ်လုပ်ပြီးရခိုင်ကို မွတ်ဆလင်နိုင်ငံအဖြစ် ပြောင်းလဲပစ်မယ်ဆိုတဲ့ ဆန်ကောလောက်မှ
ဇောက်မနက်တဲ့ ယုတ်မာပက်စက်တဲ့ စီမံကိန်းတွေကို စွန့်လွှတ်ပစ်ရပါမည်။

ဘင်္ဂါလီမွတ်ဆလင်အရေးကို အလေးအနက်ထားဖြေရှင်းဖို့ အစိုးရသစ်လက်ထက်မှာဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ခေါင်းဆောင်ပြီး ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကောင်အထည်ဖော်မှုကော်မတီကို ၂ဝ၁၆ မေလ ၃၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။

ဒီကော်မတီရဲ့ခေါင်းဆောင်ဥက္ကဋ္ဌအနေနဲ့ ရခိုင်ပြည်နယ်ကိုဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာတာလည်း တစ်ခါမှ မတွေ့ခဲ့ရပါဘူး။

ဒီကော်မတီအနေနဲ့ ဘင်္ဂါလီမွတ်ဆလင်တွေကို နိုင်ငံသားပြုပေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့အတွက် ဒီနေ့ နောက်ဆက်တွဲ အကြမ်းဖက်မှုပြဿနာတွေ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ဒါဟာ ဘူးလေးရာ ဖရုံဆင့်လိုက်တာပါပဲ။

ဒေါ်အောင်ဆန်းစုကြည် တီထွင်သုံးနှုန်းလိုက်တဲ့ 'ရခိုင်ပြည်နယ်မှ မွတ်ဆလင်အသိုင်းအဝိုင်း'ဆိုတဲ့ စကားလုံးကို ဘင်္ဂါလီတွေကိုယ်တိုင်က လက်ခံချင်ပုံမရပါဘူး။

သူတို့အဖို့ အထက်ဆရာကြီးများ ညွှန်ကြားထားတဲ့အတိုင်း'ရိုဟင်ဂျာ'လုပ်ချင်နေပုံရပါတယ်။

ရိုဟင်ဂျာဆိုတဲ့နာမည်ကို မြန်မာတစ်ပြည်လုံးက သူခိုးကြမ်းပိုး ကလေကချေ မုဒိမ်းကောင်လူသတ်သမားလို စက်ဆုပ်ရွံရှာနေကြပါတယ်။

ရွှံ့ကနေ ရွှေဖြစ်လာနိုင်ပေမယ့် ဘင်္ဂါလီဟာ မြန်မာပြည်မှာတော့ ဘယ်သောအခါမှ ရိုဟင်ဂျာဖြစ်လာမှာမဟုတ်ပါဘူး။

ရိုဟင်ဂျာအဖြစ် လက်ခံအသိအမှတ်ပြုတဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ အမေရိကန်လိုနိုင်ငံတွေဆီကို ထွက်ခွာသွားတာ အကောင်းဆုံးနည်းလမ်းပါပဲ။

ခုဆို... အမေရိကန်မှာရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီတွေဝင်ရောက်လာကြတာ ၂ဝ၁၅ အောက်တိုဘာ ၁ ရက်မှ၂ဝ၁၆ ခု စက်တင်ဘာ ၁၅ ရက်အထိ တစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် သူတို့ကို 'မြန်မာဒုက္ခသည်'လို့ ဖော်ပြထားတာကတော့ အလွန်ပဲအော့နှလုံးနာစရာကောင်းပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ကိန်းဂဏန်းများအရ မြန်မာဒုက္ခသည်အမည်ခံဘင်္ဂါလီမွတ်ဆလင်တွေဟာ စစ်ဘေးစစ်ဒဏ်ခံနေရတဲ့ ဆီးရီးယားကလာတဲ့ ဒုက္ခသည်တွေထက်တောင် ပိုများတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ ပင်ရင်းမိခင်နိုင်ငံ ဘင်္ဂလားဒေ့ရှ်က လာပါတယ်လို့ မပြောဘဲ မြန်မာပြည်ကလာပါတယ်လို့ ဘာ့ကြောင့် လုပ်ဇာတ်ခင်းနေကြသလဲ။

မြန်မာပြည်ကို ခိုးဝင်ကျူးကျော်နေထိုင်လာပြီးမှ ခွဲခြားဆက်ဆံ ဖိနှိပ်ခံရပါတယ်၊ လူမျိုးတုံးသတ်ဖြတ်ခံရပါတယ်ဆိုတဲ့ မဟုတ်မဟတ် လုပ်ဇာတ်ခင်းပြီး တစ်ကမ္ဘာလုံးကို လှည့်ပတ်လိမ်ညာနေကြတာဖြစ်တယ်။

အရှေ့ပါကစ္စတန်နဲ့ အနောက်ပါကစ္စတန် မွတ်ဆလင်အချင်းချင်း စစ်ခင်းကြစဉ်က မွတ်ဆလင်တွေသန်းနဲ့ချီပြီး သေကြတယ်။

မွတ်ဆလင်နိုင်ငံတွေ ဘာပြောခဲ့ကြသလဲ။

အခုတော့ နောက်ထပ်မွတ်ဆလင်နိုင်ငံ မွတ်ဆလင်နယ်မြေတစ်ခုတိုးလာဖို့ မြန်မာပြည်ကိုပစ်မှတ်ထားလာကြတယ်။

၁၉၄၂ ကစပြီး အကြိမ်ကြိမ် ဂျီဟတ်လုပ်လာခဲ့ရာ ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူးဆိုတာ သဘောပေါက်ပါ။

ဒီတစ်ကြိမ်ဆိုပြီးတော့လည်း စိန်ခေါ်ဖို့ မကြိုးစားပါနဲ့။

ဒီတစ်ကြိမ်ဟာ မြန်မာတစ်မျိုးသားလုံး နိုးကြားနေတဲ့အချိန်ဖြစ်တယ်။

လိုအပ်ရင် မြန်မာတစ်မျိုးသားလုံး ရှေ့ထွက်ပြီး အမိမြေကိုကာကွယ်ကြမှာပဲ။

ကုလသမဂ္ဂ၊ အိုအိုင်စီ စတဲ့ အင်အားကြီးအဖွဲ့အစည်းတွေက ဘယ်လောက်ပဲဖိအားပေးကြပါစေ၊ အမိမြေကို ကာကွယ်သွားရမှာ ကျွန်တော်တို့ရဲ့ အမျိုးသားရေးတာဝန်ပါပဲ။

အရိုက်လည်းခံရသေးတယ်၊ ရိုက်တဲ့လက်နာသွားလို့ဆိုပြီး နစ်နာကြေးတောင်းနေတာမျိုး လုံးဝလက်မခံပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူကိုယ်တိုင် ခေါင်းဆောင်ဥက္ကဋ္ဌလုပ်ပြီး ရခိုင်ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပေမယ့် ရလဒ်ကောင်းမရခဲ့ပါဘူး။

ဒါနဲ့ နိုင်ငံခြားသားအားကိုးနဲ့ ကိုဖီအာနန်ကော်မရှင်ကို ထပ်ဖွဲ့ပါတယ်။

အခု ကိုဖီအာနန်တစ်ကျော့ပြန်ရောက်လာပြန်ပါပြီ။

ဘင်္ဂါလီမွတ်ဆလင်တွေရဲ့ ဂျီဟတ်အန္တရာယ်ကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်အောင်အကြံကောင်း၊ ဥာဏ်ကောင်း၊ ရလဒ်ကောင်းတွေ ပေးနိုင်ပါ့မလား။

ကျွန်တော်တို့ကတော့ကိုဖီအာနန်ကော်မရှင်အပေါ် လုံးဝမျှော်လင့်မထားပါဘူး။

ကမ္ဘာကလက်ခံတာအောင် ကမ္ဘာသိကိုဖီအာနန်ကို ကော်မရှင်ခေါင်းဆောင်ခန့်အပ်ခဲ့ပေမယ့် ကမ္ဘာကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ စောင့်ကြည့်ဝေဖန်တာတွေ လုပ်လာခဲ့ပါပြီ။

မလေးရှားမွတ်ဆလင်တွေဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတွေကို ဖိနပ်နဲ့ တက်နင်းပြီး စော်ကားနေခဲ့ကြပါပြီ။

ဒီလိုစော်ကားမှုတွေကို ကျွန်တော်တို့ လက်ပိုက်ကြည့်မနေဘဲပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်ခဲ့ကြပါတယ်။

အမျိုးကိုထိ မချိအောင်နာတဲ့ ...။သွေးက စကားပြောတယ်တဲ့။

နိုင်ငံခြားသားထက် ကိုယ့်အမျိုးသားရေးအင်အာစုများသာလျှင် စစ်မှန်တဲ့အင်အား၊ဒီအင်အားတွေစုစည်းပြီး အကျပ်အတည်းပေါင်းစုံ
ဘေးရန်အန္တရာယ်ပေါင်းစုံကနေ ရုန်းထွက်ကြပါစို့လို့ပဲ တိုက်တွန်းချင်ပါတယ်။

``မောင်သွေးချွန်´´

သာကီသွေး ဂျာနယ် အတွဲ (၄) အမှတ် (၁၃)

``မဘသ(ဗဟို)Online Media´´

From : မ.ဘ.သ-ဗဟို Online Media

Originally published at - https://www.facebook.com/mabathabahoofficia/

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>