- (၁) အတ္တာရှာတြကောသလမင်းကြီး (ဘီစီအီး ၄ ရာစုနှစ်တွင် ပေါ်သော အိန္ဒိယကျမ်း၊ ဤကျမ်းသည် ၀ိဇ္ဇာနှင့် သိပ္ပံပညာ၊ နိုင်ငံရေး၊ အုပ်ချုပ်နည်းနှင့် စစ်ပညာတို့ အကြောင်းကို ရေးသားထားသည်။)
- (၂) အုပ်စိုးသူအတွက် မှန်တစ်ချပ် ( A Mirror for the Ruler ) ( ၁၁ ရာစုနှစ် ပါရှင်းကျမ်းပြု ဆရာ ၀ါရှမ်ဂါ ရေးသားသည်။)
- (၃) အုပ်စိုးနည်း ( The Art of Ruling) (ပါရှင်းနိုင်ငံရေး ခေါင်းဆောင် မိုဇမိအာမု(ခ်) ရေးသည်။ သူသည် ၁၁ ရာစုနှစ် စူလတန် ဘုရင်မင်းသား တစ်ပါးဖြစ်၍ အစ္စမေလိ တို့၏ လုပ်ကြံ သတ်ဖြတ် ခြင်းကို ခံလိုက်ရပါသည်။)
- (၄) ရှင်ဘုရင်လက်စွဲ (၁၄ ရာစုနှစ် အိန္ဒိယသမိုင်း ဆရာ ဇီယာဘရာနီ ရေးသည်။)
- (၅) မင်းသားစစ်ပညာကျမ်းကျယ် ( Prince The Art of War and Discourse) (၁၅ ရာစုနှစ် လောရောတို ခေါင်းဆောင် နီကိုလို ခက်ခီယာဗယ်လီ ရေးသည်။)
- (၆) စစ် (On War) ဂျာမန် မဟာဗျူဟာ ပညာရှင် ကားလ်ဂျွန်ကလော့(ဇ်) ရေးသည်။ နိုင်ငံရေး ဒဿ န နှင့် စစ်ရေးဒဿ န နှစ်ခု ပေါင်းစပ်ထားသည်။
- (၇) စစ်ပညာ ( The Art of War ) လွန်ခဲ့သော ရာစုနှစ် ၂၅ နှစ်ကျော်က တရုတ်စစ်ပညာ ပါရဂူ ဆွန်ဇု ရေးသားသည်။ ဤကျမ်းကို စစ်ရေးသဒ္ဒါကျမ်း ( Grammar for War ) ဟုလည်း ခေါ်သည်။
ခေတ်သစ်စစ်လက္ခဏာများ
ယခုအဆိုပါ ဂန္ထ၀င်စစ်ကျမ်းတို့ကို အနက်အဓိပ္ပာယ် ဖွင့်ဆိုမှု အသစ်များ
ပြုလုပ်၍ အင်္ဂလိပ်လို ဘာသာပြန် ထုတ်ဝေလျက် ရှိသည်။ မူရင်းကျမ်းတို့ကို
ဋီကာဆရာတို့က ဋီကာသစ်များ ဖြည့်စွက်ပေး၍ ပြန်လည် ထုတ်ဝေခြင်း ဖြစ်သည်။
ထိုအခါ ဤဂန္ထ၀င်စစ်ကျမ်းတို့သည် ခေတ်သစ်စစ် အခြေအနေတို့နှင့် ဘယ်လောက်
ဆီလျော် အပ်စပ် အကျုံးဝင် နိုင်ပါသနည်း ဟူသော ပြဿ နာ ပေါ်လာသည်။ ဤပြဿ နာကို
ဖြေရှင်းရန် အလို့ငှာ ၂၁ ရာစုနှစ် စစ်ပွဲတို့၏ အသွင်လက္ခဏာတို့ကို
သုံးသပ်ကြည့်သည်။ အောက်ပါအတိုင်း တွေ့ရှိထားသည်။
- (၁) ယနေ့စစ်ပွဲတို့သည် သမားရိုးကျ စစ်ပွဲမျိုးတွေမဟုတ်။ သမားရိုးကျ မဟုတ်သောစစ် (Non-conventional War fare) တွေဖြစ်သည်။
- (၂) စစ်အင်အားချင်း မတူ အချိုးမမျှဘဲ ဆင်နွှဲရသောစစ်ပွဲ ( Asymmetrical Warfare) ဖြစ်သည်။
- (၃) အင်ဖော်မေးရှင်းစစ်ပွဲ ( Information Warfare) ပုံသဏ္ဍာန် ဖြစ်သည့် ပညာစစ်ပွဲ (Knowledge Warfare) ဖြစ်သည်။ ဆိုက်ဘာဝါး (Cyber War) ဖြစ်သည်။
- (၄) ရန်သူအမျိုးအစား ကလည်း ပြောင်းလဲသွားသည်။ လူ့အသက်ကို တန်ဖိုးမထား မမြတ်နိုးသော ရန်သူဖြစ်သည်။
- (၅) ခေတ်သစ်စစ်ပွဲတွင်
- -လက်နက်စနစ် ခေတ်မီ စမတ်ကျမှု ( Weapon System )
- -တပ်အချင်းချင်း အမိန့်ပေး၊ တပ်ဖွဲ့အချင်းချင်း အင်တာနက် သုံး၍ ဆက်သွယ်မှုနှင့် ညှိနှိုင်းမှု (Communication and Coordination) (ဂေါ့ဒ်မျက်စိဖြင့် တိုက်ခြင်း - God eyed view ဟုခေါ်သည်။)
- -ထောက်ပို့စနစ် ခေတ်မီ စမတ်ကျမှု (Smart Supply Chain ) တို့ဖြင့် တိုက်ခိုက်နေသည်။
ကလော့(ဇ်)၀စ်(ဇ်) နှင့် ဆွန်ဇု
ဆိုခဲ့ပါအတိုင်း ခေတ်သစ်စစ်ပွဲ ပုံသဏ္ဍာန်ကို စိစစ် သုံးသပ်ကြည့်ပြီး သကာလ
ဂျာမန်စစ်ပါရဂူ ကလော့(ဇ်)၀စ်(ဇ်)၏ စစ်သီအိုရီသည် သမားရိုးကျ စစ်ပွဲမျိုးကို
ရည်ညွှန်းထားသည်။ ခေတ်သစ်စစ်ပွဲနှင့် အံဝင်ခွင်ကျ မဖြစ်ဟု သုံးသပ်သည်။
သို့သော် ကလော့(ဇ်)၀စ်(ဇ်) သီအိုရီမှ လှုပ်ရှားစစ် (Kinetic Warfare)
ပုံစံမျိုးကမူ အထိုက်အလျောက် ဆီလျော်မှု ရှိသည်။
ဆွန်ဇု၏ တိုက်ခိုက်ရေးမူသည် သမားရိုးကျ စစ်ပွဲမျိုးနှင့်လည်း ကိုက်သည်။
အချိုးမမျှသော စစ်ပွဲ ပုံသဏ္ဍာန်နှင့်လည်း ကိုက်ညီသည် ဟု သုံးသပ်သည်။ ဆွန်ဇု၏
သီအိုရီတွင် ရန်သူအား လှည့်စားခြင်း ၊ လှည့်ကွက်ဆင်ခြင်းနှင့် ပညာကို
အထူးအရေးပေးသည်။ ကလော့(ဇ်)၀စ်(ဇ်)နှင့် ဇွန်ဇု နှစ်ဦးစလုံးက စစ်သည်
နိုင်ငံရေး၏ အဆက်ဖြစ်သည် ဆိုသော အချက်ကို ယုံကြည်သည်။
ထိုအဖြစ်ကို အခြေခံ၍ ဆွန်ဇုက စစ်ပွဲ၌ ရန်သူအပေါ် အောင်နိုင်ရာတွင် ဥာဏ်ပညာ
(Wisdom) ဖြင့် နိုင်ရမည်။ ရန်သူ၏ မဟာမိတ်ကို ဖရိုဖရဲ ဖြစ်သွားအောင်လည်း
ဥာဏ်ပညာကို လွှာသုံးရမည်။ မတိုက်ခိုက်ရဘဲ နှင့် ရန်သူက ဒူးထောက်အရှုံးပေး
လာအောင် ဥာဏ်ပညာဖြင့် နိုင်စေရမည်ဟု ဆိုသည်။
ဆွန်ဇု၏ ဂန္ထ၀င်စစ်ကျမ်းကို တရုတ်လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်ချုပ်တစ်ဦး
ဖြစ်သူ တော်ဟန်ဇင် က ဋီကာအသစ်ကို တရုတ်ဘာသာဖြင့် ရေးသည်။ ဋီကာသစ်ကို
ယန်ရှိတင်က အင်္ဂလိပ်လို ဘာသာပြန်၍ နယူးယောက် စာအုပ်တိုက် တစ်တိုက်က
ထုတ်ဝေသည်။ ခေတ်ကဆိုက်ဘာခေတ်။ အဓိက တိုက်ရမည့် ရန်သူက အကြမ်းဖက်ဝါဒ ဆွန်ဇု၏
သီအိုရီကို တရုတ် ဗိုလ်ချုပ်တစ်ဦးက အနက်အဓိပ္ပာယ် အသစ်ဖွင့်ဆို သည်ကို
စိတ်ဝင်စားကြသည်။
အောင်ပွဲပညာ
စစ်ကျမ်းတွေ ခေတ်စားလာသလို ပထ၀ီ မဟာဗျူဟာ တွေးခေါ်ပညာရှင်
ဂရယ်ဂရီကော့(ပ်)လေး ကလည်း အောင်ပွဲပညာ ( The Art of Victory) ဆိုသော
ကျမ်းစာကို မကြာသေးမီက ရေးသား ထုတ်ဝေသည်။ သူက အောင်ပွဲသည် လူ့အဖွဲ့အစည်း
တစ်ရပ်၏ အရေးကြီးသော ပန်းတိုင်ဖြစ်သည်။ Principal Goal of Society
ဟုဆိုသည်။အောင်ပွဲသည် နိုင်ငံအစိုးရ တစ်ရပ်၏ ပထမဦးဆုံးတာဝန် ( The First
Responsibility of The State ) လည်းဖြစ်သည်။
အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်းဆိုသော် အောင်ပွဲ၌သာ လူထုတစ်ရပ်၏
အသက်ရှင်သန်မှု ၊ လူ့အဖွဲ့အစည်း၏ လူ့ယဉ်ကျေးမှု ၊ အသက်ရှင်သန်မှု ၊ လူ့တန်ဖိုး
ဘာသာစကားနှင့် လွတ်လပ်ခွင့်တို့ ၊ ရှင်သန်မှုတို့သည် တည်ရှိနေသောကြောင့်
ဖြစ်သည်။ စစ်သည် အောင်ပွဲရရှိရန် အောင်မြင်သော ဘုံဓာတ်ပေါင်း ဖြစ်နေသည်။
ထို့ကြောင့် သေသေချာချာ နားလည်ရမည့် အချက်မှာ အောင်ပွဲသည် စစ်ကြောင့်
ပျက်စီးသွားသလား ၊ သို့တည်းမဟုတ် ခံစစ်မရှိမှုကြောင့် အောင်ပွဲသည်
ပျက်စီးသွား ရသလား ဆိုသော အချက်ဖြစ်သည်။ စစ်၏ အဓိက ရည်ရွယ်ချက်သည် အမြဲတမ်း
လိုလို၌ အောင်ပွဲဖြစ်သည်။ ဤအောင်ပွဲကို မသုံး မဖြုန်းရဘဲ
ရရှိသည်ဟုဆိုလျှင် အကောင်းဆုံးဖြစ်သည်။ အင်အား မသုံးရဘဲ ရရှိသော
အောင်ပွဲကို တန်ဖိုးထား အပ်သည်ဟု ဆိုရာ၌ တရုတ်စစ်ကျမ်း ဆရာကြီး ဆွန်ဇု၏
အမြင်သည် ထိုက်သင့်သလို ဆီလျော်နေသည်။ သူက စစ်ပွဲ၏ အဓိက ဦးစားပေးမှုသည်
ရန်သူ၏ စိတ်ဓာတ်အင်အားကို ဖရိုဖရဲ ဖြစ်အောင် ပြုရေးဖြစ်သည်။
ဤအတွက် လှည့်စားချက် အလစ်အငိုက် နှင့် တွန်းအားထုတ်မှု တို့ကို
သုံးစွဲရန်လိုသည်။ စင်စစ် ထိပ်ခေါင် အကျဆုံး ပညာသည် မတိုက်လိုက်ရဘဲ နှင့်
ရန်သူက အရှုံးပေးသော နည်းဖြစ်သည်။ ဤအမြင်ဖြင့် အီရတ်စစ်ပွဲကို ရှုမြင်၍ ရ၊ မရ
စဉ်းစားစရာ ဖြစ်သည် ။ ။
မောင်စူးစမ်း
(အညွှန်း) စီးပွားရေးအတွေးအမြင်
၂၀၁၂ မြ၀တီရသစုံမဂ္ဂဇင်း
(အညွှန်း) စီးပွားရေးအတွေးအမြင်
၂၀၁၂ မြ၀တီရသစုံမဂ္ဂဇင်း
No comments:
Post a Comment